Monday, January 27, 2014

ရခိုင် ဒုချီးရာတန် ကျေးရွားကိစ္စ နိုင်ငံခြား သံတမန်တွေကို မြန်မာက ရှင်းပြမယ်

Posted by drmyochit Monday, January 27, 2014, under | No comments


Monday, January 27, 2014

ရခိုင်ပြည်နယ် ဒုချီးရာတန် ကျေးရွာမှာ ဖြစ်ခဲ့တဲ့ ပဋိပက္ခအတွင်း မွတ်စလင် အနည်းဆုံး ၄၈ ယောက် သေဆုံးခဲ့ရတယ်ဆိုတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး သံတမန်တွေကို အင်္ဂါနေ့မှာ ရှင်းပြပြောဆိုမယ်လို့ မြန်မာအစိုးရက ပြောလိုက်ပါတယ်။
အရင်တုန်းက ဖြစ်ခဲ့တဲ့ ပဋိပက္ခတွေအတွင်း နှစ်ဖက် မီးတင်ရှို့မှုတွေ၊ သတ်ဖြတ်မှုတွေ ရှိခဲ့ပါတယ်။

ပဋိပက္ခအတွင်း သေဆုံးမှု ရှိခဲ့တာနဲ့ ပတ်သက်ပြီး မြန်ဆန်ပြီး ပွင့်လင်းမြင်သာ ဘက်မလိုက်တဲ့ စုံစမ်းစစ်ဆေးမှုတွေ လုပ်ဖို့ ကုလသမဂ္ဂနဲ့ လူ့အခွင့်အရေး အဖွဲ့အစည်းတွေအပြင် အမေရိကန် သံရုံးကပါ ဖိအားပေး တောင်းဆိုမှုတွေ ပြုလုပ်ပြီးနောက်ပိုင်း ဒီကိစ္စနဲ့ ပတ်သက်ပြီး မြန်မာအစိုးရရဲ့ တွေ့ရှိချက်တွေကို ရှင်းလင်း ပြောပြသွားမယ်လို့ ဒုဝန်ကြီး ဦးရဲထွဋ်က မနေ့က ပြောကြားလိုက်ပါတယ်။

ကုလသမဂ္ဂအပါအဝင် အမေရိကန် သံရုံးနဲ့ တခြား လူ့အခွင့်အရေး အဖွဲ့တွေရဲ့ အဆိုအရ ရခိုင်ပြည်နယ် ဒုချီးရာတန် ကျေးရွာ ပဋိပက္ခအတွင်း မြန်မာလုံခြုံရေးတပ်နဲ့ ရခိုင်လူမျိုးတွေရဲ့ လက်ချက်ကြောင့် မွတ်စလင်အယောက် ၄၀ ကျော် အသတ်ခံရတယ်ဆိုတာကို ယုံကြည်ရလောက်တဲ့ သက်သေတွေ ရရှိထားတယ်လို့ ဆိုပါတယ်။

Medicins Sans Frontieres လို့ခေါ်တဲ့ နယ်ခြားမဲ့ ကျန်းမာရေး အဖွဲ့ကလည်း အဲဒီ ပဋိပက္ခအတွင်း ဒဏ်ရာရရှိခဲ့သူ လူပေါင်း ၂၂ ယောက်ကို ဆေးကုသမှု ပေးခဲ့တယ်လို့ ပြောပါတယ်။

မြန်မာအစိုးရကတော့ ပဋိပက္ခဖြစ်ခဲ့တာ မှန်ကန်ပေမယ့် သေဆုံးမှုတွေမရှိတဲ့အကြောင်း အဲဒီ ပဋိပက္ခဖြစ်ပေါ်ပြီးနောက် မြန်မာရဲတစ်ဦးသာ ပျောက်ဆုံးနေကြောင်း ပြောပါတယ်။

ရဲတစ်ဦး ပျောက်ဆုံးမှုနဲ့ ပတ်သက်ပြီး ရိုဟင်ဂျာ မွတ်စလင် အယောက် ၈၀ ကို ဖမ်းဆီးစစ်ဆေးခဲ့ပေမယ့် နောက်ပိုင်းမှာ ပြန်လွတ်ပေးလိုက်တယ်လို့လည်း သိရပါတယ်။

ABC

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်