Monday, January 27, 2014

အမျိုးသားများက အမျိုးသမီးများထက် မှတ်ဉာဏ်ပိုင်း အားနည်းလေ့ရှိ

Posted by drmyochit Monday, January 27, 2014, under | No comments


အမျိုးသမီးများမှာ အများအားဖြင့် ရုတ်တရက် မှတ်မိရန် ခက်ခဲနိုင်သည့် နေ့စွဲများ၊ အမည်များကိုပင် ပြန်ပြောင်းသတိရနိုင်လေ့ ရှိကြောင်း သုတေသီများက မှတ်ချက်ပြုခဲ့

ယေဘုယျအားဖြင့် အမျိုးသားများသည် အမျိုးသီးများထက် မေ့မေ့လျော့လျော့ ပိုရှိတတ်ကြောင်း သုတေသီများက ဖော်ထုတ် တွေ့ရှိခဲ့သည်။ ယင်းအချက်သည် ယောက်ျားတစ်ဦး၏ အသက်အရွယ် ကန့်သတ်ချက်မျိုးနှင့် မသက်ဆိုင်ဘဲ ခြုံငုံ၍ သက်ရောက်ခြင်းမျိုးဟု ဆိုသည်။ အမျိုးသမီးများမှာမူ အများအားဖြင့် ရုတ်တရက် မှတ်မိရန် ခက်ခဲနိုင်သည့် နေ့စွဲများ၊ အမည်များကိုပင် ပြန်ပြောင်းသတိရနိုင်လေ့ ရှိကြောင်း သုတေသီများက မှတ်ချက်ပြုခဲ့သည်။ မှတ်ဉာဏ်ဆိုင်ရာ လေ့လာမှုများကို နော်ဝေး သိပ္ပံနှင့် နည်းပညာ တက္ကသိုလ်တွင် ပြုလုပ်ခဲ့ပြီး အခြေအနေ၊ အကြောင်းတရားအလိုက် မှတ်ဉာဏ်ကွာခြားမှုများကို နှိုင်းယှဉ် လေ့လာခဲ့ခြင်း ဖြစ်သည်။

"ယောက်ျားတွေက အမျိုးသမီးတွေနဲ့ ယှဉ်လိုက်ရင် အများအားဖြင့် အလွယ်တကူ မေ့လျော့လေ့ ရှိတယ်ဆိုတာကို ကျွန်တော်တို့ ရှာဖွေတွေ့ရှိခဲ့ပါတယ်"ဟု ယင်းတက္ကသိုလ်မှ ပါမောက္ခ ဂျိုစတိန်းဟိုလ်မန်က ဆိုသည်။ "ဒီအချက်ကို အရင်က မှတ်တမ်းမှတ်ရာ လေ့လာသုံးသပ်ထားတာ မရှိပါဘူး။ နောက်တစ်ချက်က အမျိုးသား အများစုဟာ အသက်(၃၀)နဲ့ (၆၀)အတွင်းမှာ မှတ်ဉာဏ်ပိုင်း အားအနည်းဆုံး ဖြစ်နေတတ်တယ်။ ဒီတွေ့ရှိချက်တွေကတော့ ရှင်းရှင်းလင်းလင်းကြီး အတည်ပြုနိုင်ပါတယ်"ဟုလည်း ၎င်းက ပြောကြားခဲ့သည်။

ယခုလေ့လာမှုကို HUNT3ဟု အမည်ပေးခဲ့ပြီး လူပေါင်း(၄၈၀၀၀)ကို သုတေသနပြု မေးမြန်းမှုများ ပြုလုပ်ကာ အချက်အလက် စုဆောင်းခဲ့ခြင်း ဖြစ်သည်။ တွေ့ရှိချက်များအရ ကောင်းစွာ ပညာသင်ကြားထားသူများသည် ပညာသင်ယူမှုအပိုင်း အားနည်းသူများထက် ပိုမို၍ မှတ်မှတ်သားသား ရှိလာတတ်သည်။ ထို့အပြင် စိတ်ပိုင်းဆိုင်ရာ ဖိအားရှိသူများသည် မှတ်ဉာဏ်အပိုင်းတွင် သာမန်ထက် ပြဿနာများ ပိုမိုကြုံရလေ့ ရှိကြောင်းလည်း သိရှိရသည်။

Planet Myanmar Network

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်