Monday, January 27, 2014

အခုထိတော့ ရုပ်ရှင်ရိုက်ဖို့ စိတ်ကူး မရှိသေးပါဘူး ဆိုတဲ့ နန်းသူဇာ

Posted by drmyochit Monday, January 27, 2014, under | No comments

မော်ဒယ်လ်တစ်ဦး အဖြစ်သာမက အဆိုပိုင်းကိုပါ ခြေချစပြု လာပြီဖြစ်တဲ့ နန်းသူဇာက ''အခုထိ ရုပ်ရှင် ရိုက်ဖို့ စိတ်ကူး မရှိသေးပါဘူး'' ဟု ပြောပြခဲ့သည်။ ''နန်းသူဇာ အနေနဲ့ ရုပ်ရှင်ရိုက် ဖို့တော့ အခုထိ စိတ်ကူး မရှိသေးပါဘူး။ ဘာဖြစ် လို့လဲဆိုတော့ သရုပ်ဆောင် မော်ဒယ်လ် တိုင်း ရုပ်ရှင်ရိုက်တာ မဟုတ်ဘူးလေ အဲဒီထဲမှာ နန်းသူဇာ ပါချင်ပါနေမှာပေါ့'' ဟု သူမက ပြောပြခဲ့သည်။

သူမ၏လတ်တလော အနုပညာလှုပ်ရှားမှုများကို မေးကြည့်သည့်အခါ ''ပြင်ဦးလွင်မှာ သီချင်းဆိုဖို့ ရှိတယ်။ Valentime ကျရင် ကိုဘိုစန်းရှိုးပွဲမှာ သီချင်းဆိုဖို့ ရှိတယ်။ Valentime အမှတ်တရကတော့ ငယ်ငယ်က သူငယ်ချင်းတွေ အချင်းချင်း ချောကလက်တွေ ကျွေးကြတယ်။ အဲဒါတော့ ခုထိ အမှတ်ရနေတုန်းပါပဲ။ နောက်မ၀ိုင်းစုတို့ မင်္ဂလာဆောင်မှာ ပန်းကြဲပေးဖို့ ရှိတယ်။ မ၀ိုင်းစုက နန်သူဇာတို့ရဲ့ စီနီယာ တစ်ယောက်လဲ ဖြစ်သလို သူ့သီချင်း တွေဆို နန်းသူဇာ အရမ်းကြိုက်လို့ အားပေးခဲ့ရတဲ့ အဆိုတော် တစ်ဦးလဲ ဖြစ်တဲ့အတွက် သူ့မင်္ဂလာဆောင်မှာ ဒီလိုပန်းကြဲခွင့် ရတာလဲ ဝမ်းသာမိပါတယ်''ဟု သူမက ဆက်လက်ပြောပြ ခဲ့သည်။

နန်းမြတ်ဖြိုးသင်းနှင့် အတူ ရိုက်ထားသည့် MTV ကို ၂ဝ၁၄ ခုနှစ်တွင် ထွက်ဖြစ်အောင် ကြိုးစားလျက် ရှိပြီး ပရိသတ်များ အနေဖြင့်လည်း သူ့ကိုမေ့မသွားဘဲ ဆက်လက်အားပေး ကြပါလို့ ပြောပြခဲ့သည်။

Aသူ
မြ၀တီ

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်