ကြေးနီစီမံကိန်း လုံးဝ ရပ်ဆိုင်းပေးရန် နှင့် အခကြေးငွေယူ၍ ဆန္ဒထုတ်ဖော်သည်ဟု သမ္မတမှ ပြောကြား ခဲ့သည့် အပေါ် ကျေနပ်မှုမရှိသဖြင့် ယနေ့ ညနေ ၃ နာရီ ခန့်တွင် လူဦးရေ ၂၀ ခန့် စီတန်းလှည့်လည် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။
“ဒီနေ့ ဆန္ဒထုတ်ဖော်ရတာက သမ္မတကြီးက အမေရိကန် ခရီးစဉ်မှာ ဆန္ဒထုတ်ဖော်သူတွေက ၃၀၀၀ ၊ ၅၀၀၀ ရလို့ ဆန္ဒထုတ်ဖော် ကြတာလို့ ပြောခဲ့တယ် ၊ အဲ့ဒီအချက်ကို မကျေနပ်လို့ ဆန္ဒထုတ်ဖော်တာပါဟု” ဆန္ဒ ထုတ်ဖော် ရာ၌ ပါဝင်သူ နော်အုန်းလှ ကပြောသည်။
အဆိုပါ ဆန္ဒထုတ်ဖော်ခွင့်ကို တရားဝင် လျှောက်ထားမှု မရှိဟု ၄င်းက ပြောသည်။
ဆန္ဒထုတ်ဖော်ပွဲကို တာမွေမြို့နယ် မင်္ဂလာတောင်ညွန့်  မြို့နယ် ၊ ပုဇွန်တောင်...