Friday, August 31, 2012

ခိုးကူးခွေရောင်းချသူများအား သက်ဆိုင်ရာနှင့် ပေါင်းဖမ်းမည်ဟု ရုပ်ရှင်အစည်းရုံးဥက္ကဌပြောကြား

Posted by drmyochit Friday, August 31, 2012, under | No comments



 
 မြန်မာနိုင်ငံရုင်ရှင် အစည်းရုံးအနေဖြင့် ခိုးကူးခွေ ရောင်းချသူများအား  တိုက်ရိုက် ဖမ်းဆီးပိုင်ခွင့်  မရှိသော်လည်း ရုပ်ရှင်လောကကို  ကာကွယ်လို သည့်အတွက် ခိုးကူးခွေ ရောင်းချသည်ဟု သတင်းရရှိပါ ကသက်ဆိုင်ရာ အာဏာပိုင်များသို့ တိုင်ကြား၍ ပူးပေါင်းဖမ်း ဆီးမည်ဟု မြန်မာနိုင်ငံ ရုပ်ရှင်အစည်းရုံး ဥက္ကဌ ဦးဇင်ဝိုင်းက သတိပေး ပြောကြားလိုက်သည်။
 “ ခိုးကူးခွေဖမ်း ဆီးခြင်းအတွက် အထိုက်လျောက် အောင်မြင်မှုရပါတယ် အရင်တုန်းက ဖြန့်ချီလိုက်လို့ ဆိုင်အရေအတွက် ရှစ်ဆိုင်လောက်ပဲ ယူတဲ့အချိန်မှာ အခုဆို တစ်ထောင့်လေးရာ ကနေ တစ်ထောင့်ငါးရာ တစ်ထောင့် ခြောက်ရာလောက်အထိ တက်လာပါပြီ'ဟု ဦးဇင်ဝိုင်းကပြောသည်။ မြန်မာနိုင်ငံရုပ်ရှင် အစည်းရုံးအနေနှင့် လမ်းဘေးတွင် ရောင်းချနေသော နိုင်ငံခြားကားများ ကိုပစ်မှတ်မထား ကြောင်းနှင့် မိမိရုပ်ရှင်လောက သားများအား ထိခိုက်စေသော မြန်မာရုပ်ရှင်ကားများ ဗွီဒီယိုအငြိမ့် ဂီတခွေများကို ရောင်းချသူများကိုသာ ဖမ်းဆီးကြောင်း မြန်မာနိုင်ငံရုပ်ရှင် အစည်းရုံးမှပြောသည်။ ခိုးကူးခွေ ဖဖ်းဆီးနေသည့် ကိစ္စနှင့်ပတ်သက်၍  နိုင်ငံခြားအခွေများကို ပစ်မှတ်ထား ဖမ်းဆီးနေခြင်း မဟုတ်ကြောင်းနှင့်  အဆိုပါအခွေများမှာ မြန်မာနိုင်ငံရုပ်ရှင် အစည်းရုံ့းနှင့် တိုက်ရိုက်မပတ် သက်ကြောင်းနှင့် နိုင်ငံခြားခွေများသည် လိုင်စင်မဲ့ရောင်း ချခြင်းဖြစ်ကြောင်းနှင့်  နိုင်ငံခြားခွေများအား တရားမဝင် ရောင်းချနေခြင်းမှာ  ၁၉၉၆ ခုနှစ်ဗွီဒီယို ဥပဒေနှင့် ညိစွန်းကြောင်းကိုလည်း  ၄င်းကဆက်ပြောသည်။  ၁၉၉၆ ခုနှစ်ဗွီဒီယိုဥပဒေမှာ   ပြန်ကြားရေး ဝန်ကြီးဌာနနှင့် နိုင်ငံတော်မှ ထုတ်ပြန်ထားသော ဥပဒေတစ်ရပ်သာ   ဖြစ်ကြောင်းကိုလည်း သိရှိရသည်။  “ ထုတ်ပြန်ထား တဲ့သူတွေက ခွင့်ပြုမယ်ဆိုရင် ကျွန်တော်တို့နဲ့ ဘာမှမဆိုင်ပါဘူး ကျွန်တော်တို့က ဖမ်းဆီးပိုင်ခွင့်လည်းမရှိပါဘူး” ဟု မြန်မာနိုင်ငံရုပ်ရှင် အစည်းရုံးဥက္ကဌ ဦးဇင်ဝိုင်းက   ရှင်းပြသည်။ မိမိတို့ အနေနှင့်  နိုင်ငံခြားကား များကိုသာ  ရောင်းချလိုခြင်းဖြစ်ပြီး  မြန်မာဇာတ်ကားအချို့နှင့်  မြန်မာဂီတ သီချင်းခွေ   ရောင်းချသူများကို ဖမ်းဆီးမည်ဆိုပါက မိမိတို့သည် မြန်မာနိုင်ငံရုပ်ရှင်အစည်းရုံးနှင့် ပူးပေါင်း ဆောင်ရွက်မည် ဖြစ်ကြောင်း ခိုးကူးခွေရောင်းသူများကပြောသည်။ “ ကျွန်တော်တို့က မိသားစု စားဝတ်နေရေးအတွက် လမ်းဘေးမှာ အခွေရောင်းတဲ့ အလုပ်ကို လုပ်ကိုင်တဲ့အတွက် ကိုရီးယား ကားနှင့် နိုင်ငံခြားကားများကိုတော့ အောက်ခြေလူတန်းစားများ စားဝတ်နေရေးအတွက် ရောင်းချဖို့ ခွင့်ပြုစေချင်ပါတယ်” ဟု ယုဇနပလာဇာတွင် ခွေရောင်းချသူ ကိုဇော်မိုးက ပြောသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်