ယခုနှစ် ဇွန်လ အတွင်း ကလေးစစ်သား ပပျောက်ရေး ပူးပေါင်းဆောင်ရွက်
မှုလက်မှတ်ရေး ထိုးထားသည့် မြန်မာ့တပ် မတော်က အသက် ၁၈ နှစ်အောက် စစ်မှုထမ်းကလေး ၄၂ ယောက်ကို စက်တင်ဘာလ ၃
ရက်နေ့တွင် တပ်မတော်မှ တရားဝင် နုတ်ထွက်ခွင့်ပြု လိုက်ခြင်းသည် ကလေးစစ်သား မြန်မာ့တပ်မတော်
တွင်ရှိကြောင်း ၀န်ခံလိုက် ခြင်းဖြစ်ကြောင်း ယူနီဆက်(မြန်မာ)မှ ဌာနေကိုယ်စားလှယ် မစ္စတာ ရာမက် (ရှ်)ရှရသာ က ပြောကြားသည်။
အဆိုပါ စစ်မှုထမ်းကလေး များကို ရန်ကုန်မြို့တော် ဘုရင့်နှောင် လမ်းမပေါ်ရှိ စစ်ကျောရေးနှင့်တည်းခိုရေး ၄၂ တွင် မိဘများထံ တရားဝင်အပ်နှံမည်ဟု ကာကွယ်ရေး ၀န်ကြီးဌာနဘက်မှ သိရသော်လည်း နေရာအတိအကျကိုမူ မသိရှိရသေးကြောင်း နိုင်ငံတကာ အလုပ်သမားအဖွဲ့ချုပ် ရန်ကုန်ရုံး ၏စီမံကိန်း အရာရှိ ဦးချစ်တင်က သြဂုတ်လ ၂၉ ရက်နေ့က The Voice Weekly သို့ပြောသည်။

Time in Rangoon

0 comments:
Post a Comment