Bangkokpost.com;Aug-30(Thu)
အစိုးရအဖွဲ့ အပြောင်းအလဲ ပြုလုပ်ရန်အချိန်မ ရောက်သေးကြောင်း
ဝန်ကြီးချုပ် ရင်လပ်ရှင်နာဝပ်ထရာ က အခိုင်အမာ ပြောကြားခဲ့ပြီး မဟာမိတ်ပါတီ များအနေဖြင့်
စက်တင်ဘာလအတွင်း၌ အစိုးရသစ် တစ်ရပ်ဖွဲ့စည်းရန် လုပ်ဆောင်လျက် ရှိသည်ဆိုသည့် ထုတ်ပြန်ချက်မှာ
မမှန်ကန်ကြောင်း ပြောကြားခဲ့ပါသည်။ အစိုးရအဖွဲ့ အပြောင်းအလဲပြု လုပ်မည့်အချိန်နှင့်
ပတ်သက်၍ မေးမြန်းရာတွင် အစိုးရအဖွဲ့ အပြောင်းအလဲ ပြုလုပ်မည့်အချိန် ရောက်ရှိပါက အသိပေးထုတ်ပြန်
သွားမည်ဖြစ်ကြောင်း ရင်လပ်က သြဂုတ်လ ၂၉ ရက်နေ့တွင် ပြောကြားခဲ့ ပါသည်။ ပြည်ပတင်ပို့မှု
စီမံကိန်းများနှင့် ပတ်သက်၍ စေတနာမုသား ပြောကြားခဲ့သည်ဟု ဒုတိယဝန်ကြီးချုပ် Kittiratt Na-Ranong
၏ဝန်ခံချက်နှင့် ကာကွယ်ရေး အမြဲတမ်း အတွင်းဝန် ဗိုလ်ချုပ်ကြီး Sathian Phoemthongin အား
ပြောင်းလဲရေးနှင့် ပတ်သက်သည့် ကာကွယ်ရေးဝန်ကြီး Sukumpol
Suwanatat ၏အမိန့်ထုတ်ပြန် မှုများသည် အစိုးရအဖွဲ့ပြောင်းလဲ ရန်အတွက်
အကြောင်းရင်းခံ များမဟုတ်ကြောင်း ဝန်ကြီးချုပ် ရင်လပ်က ပြောကြားခဲ့ပါသည်။
၎င်း၏ယူဆချက်မှာ ဝန်ကြီးများ အားလုံးအနေဖြင့် ၄င်းတို့၏လုပ်ပိုင်
ခွင့်အတွင်းမှ အကောင်းဆုံးလုပ်ကိုင် ခဲ့ကြောင်း၊ သို့ရာတွင် အချို့မူဝါဒများအား အပြည့်အဝ
အကောင်အထည်ဖော် နိုင်ခြင်းမရှိသေးကြောင်း ရင်လပ်က ပြောကြားခဲ့ပါသည်။ ဝန်ကြီးများ အားလုံးအနေဖြင့်
၎င်းတို့၏ လုပ်ငန်းများအား အောင်မြင်မှုရရှိ အောင်လုပ်ဆောင် လျက်ရှိကြောင်း၊ ပြည်သူများအနေဖြင့်
၎င်းတို့၏ ဆောင်ရွက်မှုများတွင် ပါဝင်လုပ်ဆောင် ရန်လိုအပ်ကြောင်း ၄င်းမှ ထပ်လောင်းပြောကြားခဲ့ပါသည်။
ပြည်ပရင်းနှီး မြှုပ်နှံသူများအကြား ယုံကြည်မှုအား မြှင့်တင်ရန်အတွက် နိုင်ငံ၏ ပြည်ပတင်ပို့မှု
ရည်မှန်းချက်နှင့် ပတ်သက်၍ မှန်ကန်သည့် အချက်များအား ပြောကြားရန် ခွင့်ပြုခဲ့သည့် Mr Kittiratt
အပေါ်စွပ်စွဲ ချက်များအား စဉ်းစားသုံးသပ်ရန် Ombudsman ၏ရုံးသို့ Green Group
နိုင်ငံရေးအဖွဲ့မှ သြဂုတ်လ ၂၉ ရက်နေ့တွင် မေတ္တာရပ်ခံခဲ့ပါသည်။
ပြည်ပတင်ပို့မှု ရည်မှန်းချက်များနှင့် ပတ်သက်၍ လိမ်ညာမှုအပေါ်
၎င်း၏ဝန်ခံချက်အား ပြည်သူများကို လှည့်စားရန်အတွက် အစိုးရ အေဂျင်စီများ၏ မမှန်ကန်သော
သတင်းအချက်အလက် များအဖြစ်မှတ်ယူရန် Green Group နိုင်ငံရေးအဖွဲ့ ကိုယ်စားလှယ် Jaturon Boonbenjarat က ပြောကြားခဲ့ပါသည်။ ပြည်ပတင်ပို့မှု ရည်မှန်းချက် နှင့်ပတ်သက်၍ လိမ်ညာမှုအား
စေတနာမုသားအဖြစ် Kittiratt
က
အခိုင်အမာ ပြောကြားလျက် ရှိသော်လည်း ထိုသို့ဆောင်ရွက်မှုသည် နိုင်ငံအပေါ် ဆိုးကျိုးများ
သက်ရောက်စေမည့် လက်မခံနိုင်သော အပြုအမူပင်ဖြစ်ကြောင်း Green Group နိုင်ငံရေးအဖွဲ့မှ
ထင်မြင်ယူဆ ပြောကြားခဲ့ပါသည်။ Kittiratt အား ဖွဲ့စည်းပုံ အခြေခံဥပဒေအခန်း (၂၇၉)အရ Ombudsman ရုံးမှ
စွဲချက်တင်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။
Time in Rangoon

0 comments:
Post a Comment