Friday, August 10, 2012

အစိုးရမှ အင်အားသုံးပြီး KIO ဌာနချုပ်ကို စစ်ဆင်နေ

Posted by drmyochit Friday, August 10, 2012, under | No comments


From -ကချင်နေ့စဉ်သတင်း Facebook


ကချင်ပြည် လွတ်မြောက်ရေး အဖွဲ့ (KIO) ဌာနချုပ်ကို အစိုးရက အင်အားသုံးပြီး စစ်ဆင်နေသည်ဟု (KIA) စစ်ရုံးချုပ်က အရာရှိတဦးက ပြောပါသည်။ အင်အား ဖြည့်တင်းထားသော အစိုးရ တပ်ဖွဲ့ များ သည်၊ ကချင် လွတ်မြောက်ရေး တပ်မ တော် (KIO) ရှေ့တ န်း ချု ပ်နှင့် (၁၀) မိုင်ခန့် သာ ဝေးေ သာ ဒေါ့ဖုန်ယ န်မြို့နယ် ခွဲဘက် သို့ ရော က် ရှိနေပြီြး ဖစ်ပါသည်။“ အစိုးရ တပ်ဖွဲ့တွေက လိုင်ဇာ ကို စ စ်ဆ င်နိုင် ဖို့ ဗန်း မော်ကတဆင့် တာပိန် ရေအား လျှပ်စစ်ဖက်ကို လမ်းေ ကြာ င်း (၁) အနေနဲ့ တကြောင်း အင် အားဖြည့်တယ်။ ပြီးတော့ လမ်းကြောင်း (၂)အနေနဲ့ ဒေါ့ဖု န်ယန် မြို့နယ်ခွဲ ဘက် ကို အင်အား ဖြည့်ပါတယ်။ ကျနော်တို့နဲ့ (၃) ရက်အတွင်းမှာ အပြင်း အထန် တိုက်ပွဲတွေ (၁၂) ခါဖြစ်ခဲ့တယ်။ သူတို့ဖက်က အကျအဆုံး မသိပေမဲ့ ဒါဏ်ရာရသူတွေကိုတော့ မြောက်ပိုင်းတိုင်း စစ်ဌာ နချုပ်ဖက်ကို ပို့လိုက်တယ်” ဟု ဆိုပါသည်။
သြဂုတ်လ ၉ ရက်နေ့နေ့လည်ပိုင်းတွင် တာပိန်ရေအား လျပ်စစ်အနီး၌ အစိုးရခမရ ၃၁၉ နှင့်ပြင်းထန်စွာ တိုက်ပွဲဖြစ်ပွားခဲ့ ပါသည်။ အစိုးရတပ်ဖွဲ့သည် ကေအိုင်အေ ရှေ့တန်း ဌါနချုပ် (ယာယီ) ရုံးစိုက်ထားသော လိုင်ဇာဘက်ကို စစ်ဆင်နိုင်ရန်၊ ၀၇-၀၈-၂၀၁၂ ရက်နေ့တွင် မြစ်ကြီးနား ဘက်မှ၎င်း၊ (၀၈-၀၈-၂၀၁၂) ရက်နေ့တွင် မြစ်ကြီးနား-လိုင်ဇာလမ်းပေါ်

ရှိ ဒဘတ်ယန် တွင်လည်းကောင်း အင်အား ထပ်ဖြည့်ထားပါသည်။ဗန်မော်ဘက်မှ စစ်အင်အားများကိုလည်း ၀၇-၀၈-၂၀၁၂ ရက်နေ့တွင် ပြန်လည်အင်အားဖြည့်တင်းထားပြီး (လမ်းကြောင်း နှစ်ခုဖြင့် လိုင်ဇာဖက်ကို ချီတက် နေခြင်းဖြစ်ပါသည်။
လိုင်ဇာ စစ်ဆင်ရေးကို ပြီးခဲ့သည့် သြဂုတ်လ (၇) ရက်နေ့မှ စပြီး ပြင်းထန်သော ထိုးစစ်ဖြင့် စတင် ဆင်နွှဲလာနေပါသည်။ ဤ သို့ကြောင့် (၃) ရက်အတွင်း တိုက်ပွဲပေါင်း (၁၂) ကြိမ် ပြင်းထန်စွာ ဖြစ်ပွားခဲ့ခြင်းဖြစ်ပါသည်။ဤကဲ့သို့သော အခြေ အနေ၌ တရုတ်ပြည်ဖက်၌ ရောက်ရှိနေသော ကချင် စစ်ပြေး ဒုက္ခသည် များကိုလည်း တရုတ်အစိုးရက နှင်ထုတ် နေသည်ဟု ကချင်ဒုက္ခသည် အရေးကို ကူညီနေသော အဖွဲ့အစည်းများက ဆိုပါသည်။ မြန်မာ အစိုးရသည် အပစ်အ ခတ်ရပ်စဲရေးအတွက်KIO နှင့် အပစ် အခတ်ရပ်စဲရေးအတွက် အဆိုပြုမှုရှိသော်လည်း KIO မှလက်မခံဘဲ ပယ်ချခဲ့ပြီးမှ လိုင်ဇာစစ်ဆင်ရေး တိုက်ပွဲများ ပြင်းထန်လာခဲ့ခြင်းဖြစ်ပါသည်။

လွှတ်တော်ဂျာနယ် ထုတ်တော့မည်

Posted by drmyochit Friday, August 10, 2012, under | No comments



 From -ElevenMedaiGroup 

လွှတ်တော်ဂျာနယ်ကို သြဂုတ်လ ဒုတိယပတ်အတွင်း ထုတ်ဝေရန် စီစဉ်နေကြောင်း ယင်းဂျာနယ် ထုတ်ဝေနိုင်ရေးတွင် ပါဝင် ဆောင် ရွက်နေသည့် တာဝန်ရှိ လွှတ်တော်ကိုယ် စားလှယ်တ စ်ဦး၏ ပြောကြားချက်အရ သိရသည်။ ယင်းဂျာနယ်ကို နှစ်ပ တ်တစ်ကြိမ် ထုတ်ဝေမည်ဖြစ်ပြီး စတ င် ထုတ်ဝေချိန်တွင် လွှတ်တော်ကိုယ်စားလှယ်များအတွက်သာ ထု တ်ေ ၀သွားမည်ဖြစ်ကာ နောက်ပိုင်းတွင် တစ်နိုင်ငံ လုံး ဖြန့်ချိမည်ဟု သိရသည်။ ယင်းဂျာနယ်ထဲတွင် လွှတ်တော်ကို ယ်စားလှယ်များ ပြည်ပသို့ သွား ရောက်ခဲ့သည့် ခရီးစဉ်များ တွင် လေ့လာခဲ့သည့်အချက်အလက်များကို ဂျာနယ်တွင် ထည့်သွင်းဖော်ပြသွားမည်ဖြစ်ကြောင်း သိရ သည်။

ကျောက်တော်မြို့နယ်မှာ ပုဒ်မ ၁၄၄ ထုတ်ပြန်

Posted by drmyochit Friday, August 10, 2012, under | No comments


ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်မှာ ဒေသခံ ရခိုင်တိုင်းရင်းသားတွေနဲ့ ဘင်္ဂါလီ ရိုဟင် ဂျာတွေအကြား ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုတွေအတွင်း သေဆုံးသူ (၇) ဦးအထိရှိခဲ့ပြီး၊ ကျောက်တော်မြို့နယ် တစ်ခုလုံးကို မနေ့က ပုဒ်မ-၁၄၄ ညမထွက်ရအမိန့် ထုတ်ပြန်လိုက်တယ်လို့ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ ပြန်ကြားရေး တာဝန်ခံ ဦးဝင်း မြိုင်က RFA ကိုပြောပါတယ်။

"ကျောက်တော်မြို့ပေါ်မှာ ဖြစ်တာမဟုတ်ဘူး။ အဲဒီဘေး ပတ်ဝန်းကျင်တွေမှာ ဖြစ်တာ။ မြို့ပေါ်ကို ကူးလာပြီး ဖြစ်လာ မှာစိုးလို့ ကြိုတင်ကာကွယ်တဲ့ အနေနဲ့ လုပ်တာ။ လောလောဆယ် ကျွန်တော်တို့က ၇ ယောက် သေဆုံးတယ်လို့တော့ သတင်းရထား ပါတယ်။ ကျန်တောတွေကတော့ လောလောဆယ် ကျွန်တော်တို့ဆီ တက်မလာသေးတော့လေ၊ ကျွန်တော် တို့ အတည်ပြုရခက်သေးလို့ပါ။ ဖမ်းဆီးထားတာတော့ မရှိသေးပါဘူးခင်ဗျ။ အခု ကျွန်တော်တို့ သိရတဲ့ အချိန်အထိတော့ ဖမ်းဆီး ထားတာ မရှိသေးပါဘူး"
ကျောက်တော်မြို့နယ်မှာ ပြီးခဲ့တဲ့ သြဂုတ်လ ၈ ရက်နေ့က စတင်ဖြစ်ပွားခဲ့တဲ့ နေအိမ်မီးရှို့ အကြမ်းဖက်မှုတွေကြောင့် နေအိမ် ၂၀၀ ကျော်ခန့် မီးလောင်ဆုံးရှုံးခဲ့ရပြီး လုံခြုံရေးတွေ ချထားတာကြောင့် ကျောက်တော်မြို့မှာ အခြေအနေတွေ လတ်တလော ငြိမ်သက်နေပါတယ်။ ဒါပေမယ့် နယ်တွေနဲ့ ဆက်သွယ် သွားလာရေးမှာတော့ စိုးရိမ်ရတဲ့ အခြေအနေမျိုး ရှိနေ သေးတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒါ့အပြင် ရခိုင်ပြည်နယ်ရဲ့ အနောက်ဘက် နယ်စပ်မြို့ဖြစ်တဲ့ မောင်တောမြို့မှာ မနေ့က အကြမ်းဖက်သမားတွေ ဗုံးဖောက် ခွဲမယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်ခဲ့တာကြောင့် လုံခြုံရေးတွေကို တင်းကျပ်စွာ ချထားပြီး ပုဒ်မ-၁၄၄ ညမထွက်ရအမိန့် ကိုလည်း မနေ့က ၂ လသက်တမ်း ထပ်တိုးလိုက်တယ်လို့ မောင်တောမြို့ခံ တစ်ဦးက RFA ကို အခုလို ပြောပါတယ်။
ဒါ့အပြင် ဒီကနေ့ ညနေ ၄ နာရီခန့်အချိန်က မင်းပြားမြို့မှာ မြစ်ထဲကနေ ခမရ ၃၇၇ က စစ်သားတွေနဲ့အတူ စီးနင်း လိုက်ပါလာတဲ့ သမ္ဗာန်ပေါ်က ဘင်္ဂါလီ ရိုဟင်ဂျာအချို့နဲ့ ထောင်နဲ့ချီတဲ့ မင်းပြားမြို့ခံတွေအကြား တင်းမာမှုတွေ ဖြစ်ပွား ခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။ ဒါပေမယ့် ဒေသခံ အာဏာပိုင်တွေက လူစုခွဲလိုက်တဲ့အတွက် တစ်စုံတစ်ရာ ပဋိပ က္ခတွေ ဖြစ်ပွားတာမျိုးတော့ မရှိခဲ့ဘူးလို့ သိရပါတယ်။

အကြမ်းဖက်မှုတွေနဲ့ ပတ်သက်သူ လိုက်လံဖမ်းဆီး

Posted by drmyochit Friday, August 10, 2012, under | No comments


ပြီးခဲ့တဲ့ ဇွန်လ ၁၀ ရက်နေ့က စစ်တွေမြို့မှာ ဖြစ်ပွားခဲ့တဲ့ နေအိမ်မီးရှို့ အကြမ်းဖက်မှုတွေနဲ့ ပတ်သက်ပြီး ပါဝင် တယ်လို့ ယူဆရသူတွေကို စစ်တပ်နဲ့ အာဏာပိုင်တွေက လိုက်လံ ဖမ်းဆီးနေတယ်လို့ သိရပါတယ်။

အာဏာပိုင်တွေဟာ ပြီးခဲ့တဲ့ အင်္ဂါနေ့ ညပိုင်းက စတင်ပြီး နေအိမ်တွေမှာ လိုက်လံ ဖမ်းဆီးနေတာဖြစ်ကြောင်း ဘာကြောင့် ဖမ်းဆီးတယ်၊ ဘယ်ကိုခေါ်သွားတယ် ဆိုတာကို မသိရကြောင်း အင်္ဂါနေ့ မနက် ၂ နာရီလောက်က အဖမ်းခံခဲ့ရတဲ့ စစ်တွေမြို့ ကသဲရပ်ကွက်က ကိုစံရွှေထွန်းရဲ့ ဇနီးဖြစ်သူ မဆန္ဒမေက RFA ကိုပြောပါတယ်။ ဖိနပ်မပါ အဝတ်မပါ ခေါ်ဆောင်သွားတယ်လို့ ဆိုပါတယ်။
"သူတို့ဖမ်းဆီးသွားတဲ့ အချိန်မှာ ဘာကိုခေါ်သွားတယ်။ ဘာလုပ်တယ် အဲတာကို ကျွန်မတို့ မမြင်ရပါဘူး။ ကျွန်မတို့က မိုးလင်းပြီးတော့မှ တပ်ကိုရောက်နေတယ်လို့ သတင်းကြားပါတယ်။ အဲဒီအချိန်မှာ ကျွန်မတို့ သွားကြည့်ပါတယ်။ ပထမဆုံးအနေနဲ့ ကြည့်ခွင့်မပေးပါဘူး။ နေ့လည် ၂ နာရီ ၃ နာရီလောက်မှပဲ သူတို့ တွေ့ခွင့်ပေးပါတယ်"
စစ်တပ်နဲ့ အာဏာပိုင်တွေက ပထမဦးဆုံး ကသဲရပ်ကွက်ထဲမှာ ကူလီလုပ်နေတဲ့ ဟိန္ဒူချေ ဆိုသူကို ဖမ်းဆီးပြီး သူ့ရဲ့သ တင်းပေးချက်အရ ပဋိပက္ခကာလအတွင်း နေအိမ် မီးရှို့တာတွေမှာ ပါဝင် ပတ်သက်တယ်ဆိုပြီး လိုက်လံ ဖမ်းဆီးနေတာ ဖြစ်တယ် လို့ ကသဲရပ်ကွက်သားတွေက ဆိုပါတယ်။
စစ်တွေမြို့ ကသဲရပ်ကွက်ထဲမှာ ဒီကနေ့အထိ စစ်တပ်နဲ့ အာဏာပိုင်တွေ ဖမ်းဆီးထားတာ စံရွှေထွန်း၊ ကျန်အေးမောင်နဲ့ ညီညီ(ခ) ဇော်မင်းထွန်းတို့ (၃) ဦး ဖြစ်ပြီး တစ်ခြား သူတွေကိုလည်း လိုက်လံ ဖမ်းဆီးနေဆဲ ဖြစ်တယ်လို့ သိရပါတယ်။ အခုလက်ရှိ ဖမ်းဆီးထားသူတွေကို လာမယ့် တနင်္လာနေ့မှာ ရုံးတင် စစ်ဆေးမယ်လို့လည်း အဖမ်းခံရတဲ့ ကိုစံရွှေထွန်းရဲ့ဇနီး မဆန္ဒမေက ပြောပါတယ်။
ပဋိပက္ခတွေနောက်ပိုင်း စစ်တွေမြို့ရဲ့ အခုလက်ရှိ အခြေအနေအရ တည်ငြိမ်စပြုနေပြီလို့ ဆိုနိုင်ပေမယ့် အာဏာပိုင်တွေက အခုလို လိုက်လံ ဖမ်းဆီးနေတာနဲ့ ပတ်သက်ပြီး မြို့ခံလူထုတွေအကြား မကျေနပ်မှုတွေ ဖြစ်ပေါ်နေတယ်လို့ စစ်တွေမဲဆန္ဒနယ်မှ ပြည်နယ် လွှတ်တော်အမတ် ဦးအောင်မြကျော်က ပြောပါတယ်။

တူရကီ နိုင်ငံခြားရေး ၀န်ကြီး စစ်တွေ ဒုက္ခသည် စခန်းများကို သွားရောက်ကြည့်ရှု့

Posted by drmyochit Friday, August 10, 2012, under | No comments


တူရကီ နိုင်ငံခြာရေး ၀န်ကြီးလည်းဖြစ်၊ အစ္စလာမ်နိုင်ငံများ ပူးပေါင်းရေး OIC အဖွဲ့ဝင် တစ်ဦးလည်း ဖြစ်တဲ့ Ahmet Davutoglu ဟာ ဒီကနေ့ နံနက်က စစ်တွေကို လေယာဉ်နဲ့ အတူ ရောက်ရှိလာပါတယ်။
သူရောက်လာတာနဲ့ ချက်ချင်း သဲချောင်းရှိ မန်ဇီ မွတ်ဆလင်တွေရဲ့ ဒုက္ခသည် စခန်းကို ထွက်ခွာ သွားတယ်လို့ သိရပါတယ်။
အဲဒီက ပြန်အထွက်မှာ မင်းဂံရပ်ကွက်ရှိ ရခိုင် ဒုက္ခသည်တွေကို ၀င်ရောက် ကြည့်ရှု့မယ်လို့ ဆိုပါတယ်။
အခု မျက်မြင်တွေရဲ့ အပြောအရ လုံခြုံရေးကတော့ တော်တော့ကို တင်းကြပ်ထားတယ်လို့ ဆိုပါတယ်။
စစ်တွေမြို့နယ် ပြည်နယ် လွှတ်တော် အမတ် ဦအောင်မြကျော် ပြောတာက ခုလို လာရောက်တာကို ကြိုဆိုကြောင်းနဲ့ ပြည်ပက မွတ်ဆလင် အဖွဲ့အစည်းတွေ မဟုတ်မမှန် စွပ်စွဲ ပြောဆို နေသလိုမျိုး လူမျိုးတုန်း သတ်ဖြတ်မူ ရှိ မရှိကို သူကိုယ်တိုင် မြင်ရမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
ခုလို တူရကီ နိုင်ငံခြားရေး ၀န်ကြီး လာကြည့်တာ ကောင်းတယ်လို့ ပြောပါတယ်။
တူရကီ နိုင်ငံခြားရေး ၀န်ကြီးဟာ စစ်တွေကို သီးသန်း စင်လုံးဌား လေယာဉ် (၂) စီးနဲ့ အတူ ရောက်ရှိလာပြီး စစ်တွေဟိုတည်မှာ နေ့လည်စာ စားသုံးမယ်လို့လည်း သတင်း ရပါတယ်။
သူဟာ မနေ့က မြန်မာနိုင်ငံ သမ္မတ ဦးသိန်းစိန်နဲ့လည်း နေပြည်တော်မှာ တွေ့ဆုံခဲ့ပြီး စီးပွားရေး ပူးပေါင်း ဆောင်ရွက်ရေးနဲ့ ရခိုင်အရေး ကိစ္စတွေကို ဆွေးနွေးခဲ့ကြပါတယ်။
တူရကီနိုင်ငံက အလှူရှင်တွေ ပေးအပ်လှူဒါန်းလိုက်တဲ့ အလှူငွေ အမေရိကန်ဒေါ်လာ သန်း ၅၀ ကို ရခိုင်ဒေသက ဘေးဒဏ်သင့်သူတွေအတွက် အကူအညီပေးချင်တဲ့ အကြောင်းလည်း ပြောတယ် လို့ သိရပါတယ်။
သူနဲ့ အတူ တူရကီ ၀န်ကြီးချုပ်နဲ့ ဇနီးနဲ့ သမီး၊ သူရဲ့ ဇနီးလည်း လိုက်ပါလာတယ်လို့ ဆိုပါတယ်။
တူရကီ နိုင်ငံခြားရေးဝန်ကြီးရဲ့ အခုခရီးစဉ်ဟာ တူရကီနိုင်ငံက အဆင့်မြင့် တာဝန်ရှိသူ တဦး မြန်မာနိုင်ငံဆီ ပထမဆုံး လာရောက်တဲ့ ခရီးစဉ်ဖြစ်ပါတယ်။ သူဟာ စစ်တွေကနေ ဒီကနေ့ ညနေပိုင်းမှာ ရန်ကုန်ပြန်မယ်လို့ သိရပါတယ်။

ရခိုင်ပြည်နယ် တွင်ညမထွက် ရအမိန့်၁၄၄ ထုတ်ပြန်

Posted by drmyochit Friday, August 10, 2012, under | No comments


 from..ဧရာဝတီ

ရခိုင်ပြည်နယ် ကျောက်တော်၊ မင်းပြား၊ မြောက်ဦး မြို့များတွင် ယမန်နေ့ညက စတင်၍ ပုဒ်မ ၁၄၄ ညမထွက်ရအမိန့် ထုတ်ပြန် လိုက်ကြောင်း သိရသည်။ကျောက်တော်မြို့၌ ည ၇ နာရီမှ နံက် ၅ နာရီ အထိ ညမထွက်ရ ထုတ်ပြန်ထားပြီး မင်းပြားနှင့်မြောက်ဦး မြို့များတွင် ည ၁၀ နာရီမှ နံက် ၄ နာရီအထိ အသီးသီး ထုတ်ပြန် ထားကြောင်း၊ ထိုအမိန့်အား ဗဟိုမှ လမ်းညွန်ချက်အရ ဒေသဆိုင်ရာ အာဏာ ပိုင်များက မြို့အနှံ့ လိုက်လံကြေ ညာခဲ့ကြောင်း ဒေသခံများ က ဧရာဝတီကို ပြောသည်။ “စစ်တပ်ဗျူဟာမှူး က ညွန်ကြားတယ် ဆိုပြီး မြို့နယ်မှူးနဲ့ အဖွဲ့ဝင်တွေက စပီကာ နဲ့ကြေညာတယ်၊ အိမ်မှာရှိတဲ့ တုတ်တွေ၊ ဓား တွေ၊ ဂျင်ကလိ၊ လေးခွ က အစပေါ့ ရှိရင် သက်ဆိုင်ရာကို လာအပ်ပေးဖို့၊ စစ်ဆေးတွေ့ရှိရင် အရေးယူမယ် လို့ကြေညာတယ်” ဟု မင်းပြား မြို့ခံနှင့်ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးသာကျော် က ပြောသည်။ကျောက်တော်မြို့၌ ပြီးခဲ့သည့် ရက်ပိုင်းအ တွင်းဖြစ်ပွားခဲ့သည့် မီးရှို့မှု၊ အုပ်စုဖွဲ့ တိုက်ခိုက်မှု စသည့်ပဋိပက္ခများဖြစ်ပွားခဲ့သည့် အတွက် ထပ်မံ မဖြစ်စေရန် ယင်းအမိန့်ထုတ်ပြန် ရခြင်းကြောင်း ရခိုင်ဒေသတွင်း ဖြစ်ပွားခဲ့သည့် ပဋိပက္ခများနှင့်ပတ်သက်၍ ဖွဲ့စည်းထားသော ပြန်ကြားရေး အဖွဲ့ဝင် ဦးမျိုးသန့် က ပြောပြသည်။ ကျောက်တော်မြို့၌ သြဂုတ်လ ၅ ရက်နေ့က စတင်ခဲ့သော ပဋိပက္ခများတွင် ဒေသခံရခိုင် တိုင်းရင်း သားများနှင့်ဘင်္ဂါလီ လူမျိုးများ အကြား အပြန်အလှန် မီးရှို့မှုများကြောင့် ကျေးရွာတချို့ မီးလောင်ကျွမ်းခဲ့ရာ အိမ်ခြေ ၃၀၀ ကျော် မီးလောင်သွားကြောင်း၊ သေ ဆုံးသူ တချို့နှင့်ထိခိုက် ဒဏ်ရာရသူ အနည်းငယ် ရှိကြောင်း ၎င်းက ဆက်ပြောသည်။ ဦးမျိုးသန့်က“သေဆုံးသူ တချို့ရှိပေမယ့် အလွန်နည်းပါတယ်၊ ဘယ်သူ ဘယ်ဝါ ဆိုတာ စာရင်းအ တိအကျ မရသေးပါဘူး၊ အတိအကျ စိစစ်ပြီးတော့ ထုတ်ပြန်ပေးသွားမှာပါ၊ ဒီနေ့တော့ တည်ငြိမ် အေးချမ်းနေပါပြီ”ဟုလည်း ဆိုသည်။

အရာရှိကြီးတွေ ပိုင်ဆိုင်မှု ကြေညာရေး လွှတ်တော် ပယ်ချ

Posted by drmyochit Friday, August 10, 2012, under | No comments



 မြန်မာ
  
မြန်မာနိုင်ငံမှာ အစိုးရအဖွဲ့ ဝင်တွေရဲ့ ပိုင်ဆိုင်မှုတွေကို လူသိရှင်ကြား ထုတ်ပြန်ပေး ရေးအဆိုကို ဒီကနေ့ ပြည်သူ့လွှတ်တော်မှာ မဲခွဲဆုံးဖြတ်ခဲ့တာမှာ ကန့်ကွက်မဲ အရေအတွက် များတဲ့အတွက် အတည်မပြု နိုင်ခဲ့ဘူးလို့ အဆိုတင် သွင်းခဲ့တဲ့ ပုသိမ်မြို့နယ်၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့်က ပြောပါတယ်။ အခုလို သူ့ရဲ့ အဆို မအောင်မြင်ပေမဲ့ နောင် အခွင့်အရေး ရတဲ့အခါ ဒီကိစ္စကို ထပ်ပြီး ကြိုးစား သွားမယ်လို့ ဆိုပါတယ်။ အပြည့်အစုံကိုမစုမြတ်မွန်ကတင်ပြပေးထားပါတယ်။

အာဏာပိုင်တွေ တောထဲစွန့်ပစ်ခဲ့တဲ့ မိန်းကလေးရဲ့အမေ ဒဏ်ငွေချခံရ

Posted by drmyochit Friday, August 10, 2012, under | No comments


  မြန်မာဌာန၊သတင်းများ

ပြည်မြို့မှာ အခြေအနေမဲ့ ကလေးတွေကို ဒေသခံ အာဏာပိုင်တွေက တောထဲသွား စွန့်ပစ်တဲ့ကိစ္စ မီဒီယာတွေကို ပြောလိုက်တဲ့ ဇင်မာလှိုင်ဆိုသူ မိန်းကလေးရဲ့အမေ ဒေါ်တင်တင်ထွေးနဲ့ အမျိုးသမီးငယ် တစ်ဦးကို ပြည်ဘူတာရုံမှာ ရဲက မနေ့ ညက ဖမ်းလိုက်တဲ့ အမှုအတွက် ပြည်မြို့နယ် တရားရုံးက ဒီနေ့ နေ့လည်မှာ အပြစ်ရှိကြောင်း အမိန့်ချပြီး ဒဏ်ငွေ ၅၀၀ ကျပ်စီ အသီးသီးချမှတ် လိုက်ပါတယ်။ ဒီအမှုမှာ သူတို့ မကျူးလွန်တဲ့ အတွက် ဝန်မခံနိုင်ဘူးလို့ ဒေါ်တင်တင်ထွေးတို့က ခုခံတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ဆက်လက် တရားရင်ဆိုင် မယ်ဆိုရင် အကြိမ်ကြိမ် တရားရုံး လာရမယ့်ကိစ္စနဲ့ နောက်ဆက်တွဲ ကုန်ကျစရိတ် အခက်အခဲ၊ အချိန်အခက် အခဲတွေကြောင့် ပြစ်မှု မကျူးလွန် ပေမယ့် အခုလို ဒဏ်ငွေ ရိုက်တာကို လက်ခံဖို့ ဆုံးဖြတ်လိုက် ရတယ်လို့ သူတို့အမှုကို ကူညီပေးနေတဲ့ ဂရုဏာ လက်များ ကွန်ယက်အဖွဲ့  ခေါင်းဆောင် ရှေ့နေ ဦးမြင့်အေးက RFA ကိုပြောပါတယ်။

မြန်မာနိုင်ငံမှာ မူးယစ်ဆေးဝါး ပြဿနာ ထိမ်းချုပ်ရ ခက်ခဲနေကြောင်း မြန်မာအစိုးရက သတိပေးပြောဆို

Posted by drmyochit Friday, August 10, 2012, under | No comments


From -RFA



မြန်မာနိုင်ငံမှာ မူးယစ်ဆေးဝါး ပြဿနာ ထိမ်းချုပ်ရ ခက္ခဲေ နေ ႀကာ င်း  မြန်မာအစိုးရက မနေ့က သတိပေးပြော ဆိုတယ် လို့ အေအက်ဖ်ပီ သတင်းက ရေးသားပါတယ်။စိတ်ကြွဆေးပြား Amphetamine အလုံးရေ ၁ သန်း ၄ သိန်း နဲ့ ဘိန်းဖြူ ပိ ဿာ ၇၀ ကျော် ဖမ်းဆီးရမိချိန်မှာ အဲဒီလို စိုးရိမ်မှုတွေ ဖြစ်လာရတာလို့ ဆိုပါတယ်။အဲဒီဖမ်းဆီးမိတဲ့ မူးယစ်ေ ဆးဝါးတွေ အ များ စုဟာ မြန်မာနိုင်ငံ အရှေ့ပိုင်း ရှမ်းပြည် မှာ ဖြစ်ေ ပမယ့် ဖြန့်ဖြူးေ ရာင်းချမှုတွေဟာ ရန်ကုန်မြို့အထိ ပြန့်နှံ့နေ တာဖြစ်ကြောင်း ၊ စိတ်ကြွဆေးပြားတွေကို
အလွယ်တကူ ၀ယ်ယူလို့ ရနေတာဖြစ်တဲ့အတွက် ထိမ်းချုပ်ရ ခက်ခဲနေတာဖြစ်ကြောင်း သိရပါတယ်။အမည်မဖေါ်လိုတဲ့ အစိုးရ မူးယစ်ဆေးဝါး နှိမ်နင်းရေးဌာန ၀န်ထမ်းတစ်ဦးက မြန်မာနိုင်ငံမှာ မူးယစ်ဆေးဝါး ပြဿနာဟာ အန္တ ရာယ်အလွန်ကြီးမားနေပြီ ဖြစ်ကြောင်း နဲ့ အခုနောက်ပိုင်း ပိုဆိုးလာတာ တွေ့ရကြောင်း ပြောဆိုတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လ တစ်လတည်းတင် မူးယစ်ဆေးဝါး အမှုပေါင်း ၃၄၂ မှု ရှိခဲ့ပြီး ပါဝင်ပတ်သက်သူပေါင်း ၄၇၃ ဦးကို ဖမ်း ဆီးလိုက်တယ်လို့ ဆိုပါတယ်။မြန်မာနိုင်ငံက နယ်ခြားဒေသတွေမှာ မူးယစ်ဆေးဝါး ထုတ်လုပ်မှု များပြားလာနေပြီး တိုင်း ရင်းသား လက်နက်ကိုင်အဖွဲ့တွေဟာလည်း မူးယစ်ဆေးဝါး ထုတ်လုပ်ရောင်းချမှုနဲ့ ဘဏ္ဍာငွေ ရှာဖွေနေတာတွေ ရှိနေ တယ်လို့ဆိုပါတယ်။ ကုလသမဂ္ဂ စာရင်းအရ မြန်မာနိုင်ငံမှာ မူးယစ်ဆေးဝါး ထုတ်လုပ်မှုဟာ ၁၉၉၈ ခုနှစ်ကနေ ၂၀၁၀ ခုနှစ်အတွင်း ၃ဆများလာတယ်လို့ ပြောထားပါတယ်။
(ဓါတ်ပုံ မူးယစ်ဆေးဝါးအများသယ်ဆောင်ဖြန်ဖြူးရာဟု အမည်ကျော်ကြားနေသော မြန်မာတရုတ်ယူနန်ပြည်နယ် နယ်စပ်ဒေသ)

တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဒုတိယ ဗိုလ် ချုပ် မှူးကြီး မင်းအောင်းလှိုင်၊ ဦးဆောင်သော မြန်မာ့ တပ်မတော် အဆင့်မြင့် ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့ မြန်မာနိုင်ငံ သို့ပြန်လည် ရောက်ရှိ

Posted by drmyochit Friday, August 10, 2012, under | No comments


From - မြ၀တီ

 
တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်ေ သာ မြန်မာ့တပ်မတော် အဆင့်မြင့် ချစ် ကြည်ရေး ကိုယ်စားလှယ်အဖွဲ့ဝင်များသည် အိန္ဒိယသမ္မတနိုင်ငံ စစ်ဦးစီးချုပ်များကော်မတီ ဥက္ကဠနှင့် ရေတပ်ဦးစီးချုပ် Asmiral Nirmal Verma (PVSM, AVSM, ADC) ၏ ဖိတ်ကြားချက်အရ သြဂုတ် ၁ ရက်မှ ၈ ရက်အထိ အိန္ဒိယသမ္မတနိုင်ငံတွင် ချစ်ကြည်ရေးခရီးလည်ပတ်ခဲ့ပြီး သြဂုတ် ၈ ရက်၊ ညပိုင်းတွင် မြန်မာ့တပ်မတော် အထူးလေယာဉ်ဖြင့် အိန္ဒိယသမ္မတနိုင်ငံမှ ပြည်ထောင်စု သမ္မတမြန်မာ နိုင်ငံတော်သို့ ပြန်လည်ရောက်ရှိခဲကြသည်။ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော မြန်မာ့တပ်မတော် အဆင့်မြင့်ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့ဝင်များအား ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၊ ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဗိုလ်ချုပ်ကြီး စိုးဝင်းနှင့်ဇနီး အမှူးပြုသော တပ်မတော် အရာရှိကြီးများနှင့် ၄င်းတို့၏ ဇနီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူးတို့က နေပြည်တော်လေဆိပ်တွင် ကြိုဆိုနှုတ်ဆက် ကြသည်။ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဦးဆောင်သောအဖွဲ့တွင် အဖွဲ့ဝင်အဖြစ် လိုက်ပါသွားသော တပ်မတော် ကာ ကွယ်ရေးဦးစီးချုပ်၏ဇနီး ဒေါ်ကြူကြူလှ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများ ပြန်လည် လိုက်ပါ လာခဲ့ကြကြောင်း သတင်းရရှိသည်။


ကျောက်တော်မှာ စစ်တပ် လုံခြုံရေး ယူထား

Posted by drmyochit Friday, August 10, 2012, under | No comments


 From - ElevenMediaGroup


ကျောက်တော်မြို့၌ ပုဒ်မ ၁၄၄ ညမထွက်ရ အမိန့်ကို ယမန်နေ့က ထုတ်ပြန်ခဲ့ပြီးနောက် ပဋိပက္ခ ဖြစ်ပွားခဲ့သော နေရာများတွင် ခမရ ၃၇၄၊ ခမရ ၃၇၅ ၊ ခမရ ၃၇၆ ၊ ခမရ ၃၇၇၊ ခမရ ၃၇၈ တပ်ရင်း (၅) ခု က လုံခြုံရေးကို တာဝန်ယူထားကြောင်း သိရှိရသည်။

ရန်ကုန်တက္ကသိုလ်အတွင်းသို့ လာရောက်လေ့လာကြသူများ ပြန်လည်စည်ကား

Posted by drmyochit Friday, August 10, 2012, under | No comments


 From - မြ၀တီ
အရှေ့တောင်အာရှ၏ သက်တမ်းအရင့်ဆုံး တက္ကသိုလ်တစ်ခုဖြစ်သော ရန်ကုန်တက္ကသိုလ်သို့ လာရောက် လေ့လာကြသူများနှင့် တက္ကသိုလ်ဝင်းအတွင်း ပြန်လည်စည်ကားလျက်ရှိကြောင်း သိရသည်။ ယခုနှစ် သြဂုတ် ရက်မှ စတင်၍ တက္ကသိုလ်ဝင်းအတွင်း မော်တော်ယာဉ် များ အတားအဆီးမရှိ ပြန်လည်ဝင် ထွက်ခွင့်ပြုလိုက်ခြင်းနှင့် တက္ကသိုလ်ဝင်းအတွင်းသို့လည်း ဒီပလိုမာ၊ ဘွဲ့လွန် ကျောင်းသား၊ ကျောင်းသူများ၊ သင်တန်းသားများ၊ ဆရာ၊ ဆရာမများမှလွဲ၍ ဝင်ထွက်ခွင့် ကန့်သတ်ထားသည်ကို ဖယ်ရှားလိုက်သည့် နောက်ပိုင်း သမိုင်းဝင် ရန်ကုန်တက္ကသိုလ်ဝင်းအတွင်းသို့ လာရောက်လေ့လာသူများ၊ ဓာတ်ပုံရိုက်သူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်

မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ၂၀၁၁ -၂၀၁၂ ဘဏ္ဍာရေးနှစ် ထုတ်ချေးငွေမှ ရရန်ရှိ ကြွေးကျန် ငွေကျန် သန်းပေါင်း လေးထောင်ကျော် ရှိနေ

Posted by drmyochit Friday, August 10, 2012, under | No comments


 From : ခေတ်လူငယ်
 
မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်အတွက် တောင်သူများထံသို့ ထုတ်ချေးငွေမှ ရရန်ရှိ ကြွေးကျန်ပမာဏမှာ ငွေကျပ်သန်းပေါင်း လေးထောင်ကျော်အထိ ကျန်ရှိနေကြောင်း သိရသည်။ ပြီးခဲ့သည့် ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်တွင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ စပါးသီးနှံ တစ်ဧကလျှင် ငွေကျပ် လေးသောင်းနှုန်းဖြင့် လည်းကောင်း၊ အခြားသီးနှံ တစ်ဧကလျှင် ငွေကျပ် တစ်သောင်းနှုန်းဖြင့် လည်းကောင်း၊ မိုးရာသီစိုက်ပျိုးစရိတ် ချေးငွေစုစုပေါင်း ငွေကျပ်သန်းပေါင်း သုံးသိန်းကျော်ကို တောင်သူများထံသို့ ထုတ်ချေးခဲ့ပြီး ၂၀၁၂ ခုနှစ် ဇူလိုင်လနှောင်းပိုင်းအထိ တောင်သူများထံမှ ပြန်လည်ရရှိငွေမှာ ရခိုင်နှုန်းအားဖြင့် ၉၈ ဒသမ ၆၂ ရာခိုင်နှုန်း (ငွေကျပ်အားဖြင့် သန်းပေါင်း ၃၀၇၇၉၃ ဒသမ ၈၆) သာ ပြန်လည်ရရှိသေးကြောင်း၊ ကျန်ငွေမှာ ၄၃၁၈ ဒသမ ၈၂ သန်းဖြစ်ကြောင်း သိရသည်။ “ပုံမှန်နှစ်တွေဆို မတ်လကုန်တာနဲ့ ချေးငွေအကုန် ပြန်သိမ်းလို့ ရနေပါပြီ။ ဒီနှစ်တော့ မတ်လ၊ ဧပြီလအထိ ချေးငွေသိမ်းလို့ မရသေးဘူး။ အခု ဇူလိုင်လကုန်အထိလည်း ချေးငွေတွေက ကျန်နေပါသေးတယ်။ မြန်မာတစ်နိုင်ငံလုံးမှာ ကျန်နေတာတော့ မဟုတ်ပါဘူး။ ဧရာဝတီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနဲ့ ရခိုင်ပြည်နယ်က တောင်သူတွေဆီမှာ ကြွေးကျန်တွေ ရှိနေတာ ဖြစ်ပါတယ်” ဟု မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်မှ အရာရှိတစ်ဦးက ပြောကြားခဲ့ကြောင်း ၂၀၁၂ ခုနှစ် သြဂုတ်လ ၉ ရက်နေ့ထုတ် မြဝတီ သတင်းစာတွင် ဖော်ပြထားပါသည်။

မြန်မာနိုင်ငံ လူမျိုးတုံး သတ်ဖြတ်နေခြင်းများ မရှိကြောင်း အမေရိကန်ပြည်ထောင်စု ငြင်းဆန်

Posted by drmyochit Friday, August 10, 2012, under | No comments


From : .Hmuu Zaw
 
အမေရိကန်ပြည်ထောင်စုအနေနဲ့ မြန်မာနိုင်ငံအနောက်ပိုင်း လူမျိုးရေးတင်းမာမှုတွေ မြင့်တက်လာခြင်း အပေါ် စိုးရိမ်မှုတွေ မြင့်တက် နေသော်လည်းပဲ OIC က ပြောကြားတဲ့ လူမျိုးတုံး ရှင်းလင်းသုတ်သင်မှု စွပ်စွဲချက်တွေကို လက်ခံဖို့ ငြင်းဆန် လိုက်ပါတယ်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ခေတ္တ ပြောခွင့်ရပုဂ္ဂိုလ် ဖြစ်တဲ့ Patrick Ventrell ရဲ့ ပြောကြားချက် ဖြစ်ပါတယ်။

QUESTION: Some of the Muslim organizations are claiming – saying that this is some kind of ethnic cleansing going on against Muslims in Burma. Do you agree with the assessment?

MR. VENTRELL: What I would say is that we continue to monitor ethnic and sectarian tensions in Burma, in Rakhine state in particular. And as we said before, we continue to urge all parties to exercise restraint, to refrain from further violence, and to uphold principles of nondiscrimination, tolerance, and religious freedom.

Source-http://www.state.gov/r/pa/prs/dpb/2012/08/196205.htm


မေးမြန်းချက်နဲ့ဖြေကြားချက်ဖြစ်ပါတယ်။

OIC Secretary General Ekmeleddin Ihsanoglu က ဘင်ဂါလီတွေ လူမျိုးတုံး သုတ်သင်ခံနေရမှုနဲ့ ပတ်သက်ပြီး နိုင်ငံတကာက ဆောင်ရွက်မှုမရှိတဲ့အပေါ် မကျေနပ်ကြောင်း ပြောကြားချက် ထွက်ပေါ်လာပြီးတဲ့နောက်မှ အမေရိကန် ပြည် ထောင်စုအခုလိုငြင်းဆန်လိုက်တာဖြစ်ပါတယ်။

ဆိုလိုတာကOIC နိုင်ငံတွေက စွပ်စွဲ ပြောကြားနေကြသလို မြန်မာနိုင်ငံမှာ ဘင်ဂါလီတွေကို လူမျိုးတုံး သတ်ဖြတ်မှုတွေ ပြု လုပ်နေတယ်ဆိုတာမဟုတ်ဘူးဆိုတဲ့ သဘော ငြင်းဆန်သွားတာ ဖြစ်ပါတယ်။မကြာသေးခင်ကပဲ အင်ဒိုနီး ရှားသမ္မ တကိုယ်တိုင် ငြင်းဆန်ပြောကြားခဲ့ပါသေးတယ်။

ပြည်လုံးကျွတ် သန်းခေါင်စာရင်း ရလဒ် ၂၀၁၅ ခုနှစ်တွင် ထုတ်ပြန်မည်

Posted by drmyochit Friday, August 10, 2012, under | No comments



From:ခေတ်လူငယ်

နှစ်ပေါင်း ၃၀ အတွင်း ပထမဆုံး အကြိမ်ပြန်လည်ကောက် ခံမည့်ပြည်လုံးကျွတ် သန်းခေါင် စာရင်းမှ ရရှိလာသည့် အချက်အလက်များကို ၂၀၁၅ ခုနှစ်အတွင်း ထုတ်ပြန်ပေး သွားမည်ဖြစ်ကြောင်း လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ဝန်ကြီးဦးခင်ရီက ဇူလိုင်လ ၂၆ ရက်နေ့တွင် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ပြောသည်။  ရေနံချောင်း မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဝင်းမော်ထွန်း၏ မေးခွန်းကို ထိုကဲ့သို့ ဖြေကြား ခဲ့ခြင်းဖြစ်သည်။

မြန်မာ့ပထမဆုံး ပို့ဆောင်ရေး နည်းပညာတက္ကသိုလ် ဂျပန်-မြန်မာ ပူးပေါင်းဖွင့်လှစ်မည်

Posted by drmyochit Friday, August 10, 2012, under | No comments


From : ခေတ်လူငယ်
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhwo-oMugYhanHxZSxZilCSmomLG0LkbCqFMN9-Ty21hUGG3jDewKgCyEUErtZ4HrlatHR06z0iIPOIm17048o7lszrhgPYaxM4pj5g7oMJ5uDigKXpK0xqbvbs1j_U0RmbmXJt6bgIPLqY/s1600/www.myanmarexpress.net+%252833%2529.jpg
မန်မာ့ပထမဆုံး ပို့ဆောင်ရေး နည်းပညာဆိုင်ရာ တက္ကသိုလ် ဖွင့်လှစ်နိုင်ရေးအတွက် ကုန်းလမ်းပို့ဆောင်ရေး ညွှန် ကြား မှုဦးစီးဌာနနှင့် ဂျပန်ကားကုမ္ပဏီ တစ်ခုတို့ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ ယင်းကဲ့သို့ လုပ်ဆောင် ရခြင်းမှာ ပို့ဆောင်ရေးကဏ္ဍ တိုးတက်စေလိုသည့်အတွက် ဖြစ်ပြီး တက္ကသိုလ် အပါအဝင် ယာဉ်မောင်း သင်တန်းကျောင်းနှင့် မော်တော်ယာဉ် ပြုပြင်ထိန်းသိမ်းရေး ကျောင်းများပါ ဖွင့်လှစ် သင်ကြားသွားရန် အစီအစဉ်ရှိကြောင်း ဂျပန်ကားကုမ္ပဏီလီမိတက် (JCCL) မှ ဥက္ကဋ္ဌ မစ္စတာကာဇူဟီစာ အီဝါမိုတိုက ပြောသည်။ အဆိုပါ ကားကုမ္ပဏီမှ ဒါရိုက်တာ ဦးတင်အောင်မြင့်ကလည်း “တက္ကသိုလ်ဖွင့်နိုင်ဖို့ သက်ဆိုင်ရာ ဝန်ကြီးဌာနကို တင်ပြပြီး ဌာနရဲ့ မူဝါဒနဲ့အညီ ဆောင်ရွက်သွားမှာပါ” ဟု ဆိုသည်။ တက္ကသိုလ်နှင့် သင်တန်းကျောင်းများ ဖွင့်လှစ်နိုင်ရေးအတွက် လုပ်ငန်းစတင် ညှိနှိုင်းချိန်သာ ရှိသေးပြီး စတင်ဖွင့်လှစ်နိုင်မည့် ခုနှစ်ကိုမူ အတိအကျ မသိရှိရသေးပေ။ “သင်တန်ကျောင်းကို ရန်ကုန်၊ မန္တလေးနဲ့ နေပြည်တော်မှာ အရင်ဖွင့်နိုင်အောင် လုပ်မယ်။ အဲဒီကျောင်းတွေမှာ အမျိုးသား အမျိုးသမီး မခွဲခြားဘဲ တက်ရောက်ခွင့်ရှိအောင် ဆောင်ရွက်သွားမှာပါ” ဟု ဒါရိုက်တာ ဦးတင်အောင်မြင့်က ဆက်လက်ပြောသည်။ သင်တန်းကာလမှာ နှစ်နှစ်ဖြစ်ပြီး ယာဉ်မောင်း သင်တန်းကျောင်း တက်ရောက်လိုသူများအား နိုင်ငံတကာ အဆင့်မီ သင်ကြားပေးမည် ဖြစ်သလို မော်တော်ယာဉ် ပြုပြင်ထိန်းသိမ်းရေးကျောင်း အနေဖြင့်လည်း မော်တော်ကားများကို အ ဆင့်မီ ပြုပြင်ပေးနိုင်သည်အထိ သင်ကြားပေးသွားမည်ဖြစ်သည်။ တက္ကသိုလ် တက်ရောက်လိုသူများမှာ လေးနှစ် ပညာ သင်ကြားရမည်ဖြစ်ပြီး ဘွဲ့လွန်နှင့် ပါရဂူဘွဲ့အထိပါ သင်ကြားနိုင်မည် ဖြစ်ကြောင်း၊ တက္ကသိုလ် အောင်မြင်ပြီးပါက ဂျပန်နိုင်ငံရှိ မည်သည့်မော်တော်ယာဉ် အလုပ်ရုံတွင်မဆို သွားရောက် အလုပ်လုပ်ကိုင်နိုင်မည်ဖြစ်ကြောင်း ၎င်းတို့ထံမှ သိရသည်။ အဆိုပါ သင်တန်းကျောင်းများ ဖွင့်လှစ်နိုင်ရေးအတွက် ဂျပန်ကားကုမ္ပဏီမှ ၎င်းတို့နိုင်ငံတွင် ဖွင့်လှစ်ထားသော ကျောင်းများမှ သင်တန်းသုံး ကားများကို မြန်မာနိုင်ငံသို့ တင်သွင်းလာမည် ဖြစ်သည်ဟု ဦးတင်အောင်ြမင့်က ပြောကြားခဲ့ကြောင်း ၂၀၁၂ ခုနှစ် သြဂုတ်လ ၉ ရက်နေ့ထုတ် Popular News ဂျာနယ်တွင် ဖော်ပြထားပါသည်။


ဒေါ်လာသန်း ၁၁၀ ကျော် ကုန်ကျမည့် တံတားများ အလုံဆိပ်ကမ်းတွင် ဆောက်မည်

Posted by drmyochit Friday, August 10, 2012, under | No comments



ရန်ကုန် (မဇ္ဈိမ)

 အလုံသင်္ဘောကျင်း ဆိပ်ကမ်းတွင် အမေရိကန်ဒေါ်လာ သန်း ၁၁၀ ကျော် ကုန်ကျမည့် ဆိပ်ခံတံတား သုံးခုကို တည်ဆောက်နိုင်ရန် ပို့ဆောင်ရေး ဝန်ကြီးဌာနက မြန်မာ့အဏ္ဏဝါ စွမ်းအားရှင်အုပ်စု ကုမ္ပဏီအား သြဂုတ်လ ၄ ရက်နေ့တွင် လုပ်ကိုင်ခွင့်ပြုလိုက်သည်။ ရန်ကုန်မြို့၊ ဆီဒိုးနား ဟိုတယ် တွင်ပြုလုပ်သည့် လုပ်ငန်းလုပ် ကိုင်ခွင့်ပြုကြောင်း လက်မှတ် ရေးထိုးခြင်း အခမ်းအနားတွင် “ပို့ဆောင်ရေး ဝန်ကြီးဌာန အနေနဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲမှု လုပ်တဲ့အနေနဲ့ အစိုးရသစ် သက်တမ်း ဒုတိယနှစ် မှာမြန်မာ့ဆိပ်ကမ်း အာဏာပိုင်နဲ့ ပုဂ္ဂလိကနဲ့ ပူးပေါင်းပြီး ပထမဆုံး အကြိမ် လက်မှတ်ရေးထိုးခြင်း ဖြစ်တယ်” ဟု ပို့ဆောင် ရေးဝန်ကြီး ဦးဉာဏ်ထွန်းအောင် က ပြောကြားသွားသည်။

စာနယ်ဇင်းသမား ၅၅၂ဦး လက်မှတ်ရေးထိုးထားသော တောင်းဆိုချက် ၇ ချက် သမ္မတနှင့် လွှတ်တော်ဥက္ကဌများထံ ပေးပို့မည်

Posted by drmyochit Friday, August 10, 2012, under | No comments


From -TheVoiceWeekly


သတင်း လွတ်လပ်ခွင့်ကော်မတီ (ယာယီ) က သြဂုတ်လ ၁ ရက်နေ့တွင် ထုတ်ပြန်တောင်းဆိုသည့် အချက်များအား ထောက် ခံကြောင်း စာနယ်ဇင်းသမား ၅၅၂ ဦး လက်မှတ်ရေးထိုးထားခြင်းကို သြဂုတ်လ ၁၃ ရက်နေ့တွင် သမ္မတနှင့် လွှတ် တော်ဥက္ကဋ္ဌများထံသို့ ပေးပို့မည်ဖြစ်ကြောင်း သတင်း လွတ်လပ် ခွင့်ကော်မ တီ(ယာယီ) ၏ ယနေ့တွင်ကျင်းပသော အထူး အစည်း အဝေးသ တင်းထုတ်ပြ န် ချ က်အရ သိရသည်။

ယင်းအပြင် သတင်းမီဒီယာ သမားများ၏သဘောထားဆန္ဒမပါဘဲ ရေးဆွဲ ထားသော ပြန်ကြားရေး ၀န်ကြီးဌာန၏ ပုံနှိပ်မီ ဒီယာဥပဒေကို ကန့်ကွက်ရေးနှင့် သတင်းမီဒီယာများအပေါ်အစိုးရ၏တရားစွဲဆိုမှုများ ရုပ်သိမ်းပေးရေး ဆန္ဒထုတ် ဖော်ရေး ကိစ္စ များကို သြဂုတ်လ ၁၅ ရက်နေ့တွင် ထပ်မံကာ အစည်းအဝေးပြုလုပ်မည်ဖြစ်ကြောင်း၊ သတင်း လွတ်လပ်ခွင့်ကော်မတီ၏ တောင်းဆိုချက်များ ရရှိသည်အ ထိ ဆက်လက်အရေး ဆိုလှုပ်ရှားသွားမည်ဖြစ်ကြောင်း အဆိုပါ သတင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

သတင်းလွတ်လပ်ခွင့်ကော်မတီကသြဂုတ်လ၁ရက်နေ့တွင်ထုတ်ပြန်ခဲ့သောတောင်းဆိုချက်၇ချက်မှာ

၁။ ပိတ်ပင်ခံထားရသော The Voice Weekly , Envoy ၊ လျှပ်တပြက်ဂျာနယ်တို့ကို ချက်ချင်းထုတ်ဝေခွင့်ပေးရန်။
(မှတ်ချက်-အစည်းအဝေးပြီးဆုံးချိန်တွင် လျှပ်တပြက်ဂျာနယ်ကို ပြန်လည်ထုတ်ဝေခွင့်ပြုလိုက်ပြီဟု သိရှိရပါသည်)

၂။ ပြုပြင်ပြောင်းလဲမှုများကို ထိခိုက်စေသည့်နောက်ပြန်ဆွဲသော မည်သည့်ပုဂ္ဂိုလ်၊ မည်သည့်လုပ်ရပ်မျိုးကိုမဆိုအရေးယူဖယ်ရှားပေးရန်။

၃။ ၁၉၆၂ ခုနှစ် ပုံနှိပ်အက်ဥပဒေနှင့်မီဒီယာများ
ကို ဖိနှိပ်ကန့်သတ်ထားသော ဥပဒေများကို ချက်ချင်းဖျက်သိမ်းပေးရန်။

၎။ သတင်းမီယာများအပေါ် အရေးယူမှုများကို ထပ်မံလုပ်ဆောင်ခြင်းမပြုရန်။

၅။ ကျင့်ဝတ်နှင့်အညီရေးသားဖော်ထုတ်
သော မည်သည့်ရေးသားမှုကို အစိုးရက ဥပဒေကြောင်းအရ တရားစွဲမှုများကို ချက်ချင်းရပ်ဆိုင်းရန်။

၆။ မီဒီယာသမားမ်ားသေဘာဆႏၵမပါ၀င္ဘဲေ
ရးဆွဲထားသည့် မည်သည့်မီဒီယာဥပဒေကိုမဆို လက်မခံပါ။

၇။ လတ်တလောဖြစ်ပွားနေသော စာပေလွတ်လပ်ခွင့်ဆုံးရှုံးမှုများ
အတွက် မီဒီယာသမားများအား နိုင်ငံတော်၏ တာဝန်အရှိဆုံးပုဂ္ဂိုလ်က အမြန်ဆုံးတွေ့ဆုံဖြေရှင်းပေးရန် တို့ဖြစ်သည်။ 

ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ အထွေထွေ အတွင်းရေးမှူး ဦးလှစောမှ ရခိုင်အခြေအနေကို နိုင်ငံတကာ က လာရောက် စုံစမ်းတာကို ကြိုဆိုကြောင်းပြော

Posted by drmyochit Friday, August 10, 2012, under | No comments


KNG

 မန်မာနိုင်ငံကို ရောက်နေတဲ့ တူရကီ နိုင်ငံခြားရေး ဝန်ကြီး မစ္စတာ Ahmet Davutoglu ဟာ သမ္မတ ဦးသိန်းစိန်ကို ဒီကနေ့ မနက် ပိုင်းက နေပြည်တော် သမ္မတ အိမ်တော်မှာ သွားရော က် တွေ့ဆုံခဲ့ပါတယ်။ ဒီတွေ့ဆုံပွဲမှာ နှစ်နိုင်ငံ ဆက်ဆံရေး၊ စီးပွားရေးနဲ့ ရခိုင်ပြည်နယ်မှာ ဖြစ်ခဲ့တဲ့ လူမျိုးရေး ပဋိပက္ခတွေကို အဓိက ထား ဆွေးနွေးခဲ့ကြတယ်လို့ မြန်မာနိုင်ငံ သမ္မတရုံးက သတင်း ထုတ်ပြန် ပါတယ်။
တူရကီ နိုင်ငံခြားရေးဝန်ကြီးရဲ့ အခုခရီးစဉ်ဟာ အစ္စလာမ် ဘာသာဝင် နိုင်ငံ ၅၇ နိုင်ငံနဲ့ ဖွဲ့စည်းထားတဲ့ OIC အဖွဲ့ကိုယ်စား လာ ရောက်တဲ့ ခရီးစဉ်ဖြစ်ပါတယ်။
ရခိုင်ပြည်နယ်က အသိုင်းအ၀ိုင်း နှစ်ခုကြား ဖြစ်ခဲ့တဲ့ ပဋိပက္ခ အခြေအနေတွေကို တူရကီ နိုင်ငံခြားရေး ၀န်ကြီးကိုယ်တိုင် အခုလို လာရောက် စုံစမ်း လေ့လာတာဟာ အရေးကြီးပြီး နိုင်ငံတကာ အသိုင်းအ၀ိုင်းကို မှန်မှန်ကန်ကန် တင်ပြ နိုင်လိမ့်မယ်လို့ မျှော်လင့်ကြောင်း မြန်မာ မူဆလင်လူငယ်များ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးမြင့်ထွန်းက ပြောပါတယ်။
"ကျွန်တော်တို့ကတော့ အကောင်းဘက်ကပဲ မြင်ပါတယ်ခင်ဗျ။ နိုင်ငံခြားရေးဝန်ကြီး ကိုယ်တိုင်က လာမယ်ဆိုရင် သူတို့မျက်မြင် အခြေအနေကို ထိတွေ့ပြီး ခံစားပြီးတော့ ဆုံးဖြတ်ပြီးတော့ နိုင်ငံတော်ကို တုံ့ပြန်ပြီး ပြောပြတာ ပိုပြီးတော့ ကျွန်တော့် အနေနဲ့ ပိုကောင်းမယ်လို့ ထင်ပါတယ်ခင်ဗျ"
အလားတူ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ အထွေထွေ အတွင်းရေးမှူး ဦးလှစောကလည်း ရခိုင်ပြည်နယ်က အခြေအနေတွေကို နိုင်ငံတကာ အသိုင်းအ၀ိုင်းက အခုလို ကိုယ်တိုင်ကိုယ်ကျ လာရောက် စုံစမ်းတာကို ကြိုဆိုကြောင်း ပြောပါတယ်။
"ကျွန်တော်တို့က လာကြည့်တာ ဘယ်သူမဆို လာကြည့်စေချင်တယ်။ ကျွန်တော်တို့က အဲဒီ မူဆလင် comunity လည်း တွေ့စေချင်သလို ရခိုင် comunity က တကယ့် ရခိုင်နိုင်ငံရေး အဖွဲ့အစည်းတွေနဲ့လည်း တွေ့စေချင်တယ်။ အဲဒီအခါမှ တကဲ့ Reality ကို မျှမျှတတ သိနိုင်အောင် ကြိုးစားဖို့လိုပါတယ်။ ဘာလို့လည်းဆို အခုဟာက နိုင်ငံတကာ မီဒီယာလောကမှာ ကကျတော့ တော်တော့်ကို တစ်ဖက်စောင်းနင်း ဖြစ်နေတဲ့ အတွက်ကြောင့်ပါ။ အဲတော့ ကျွန်တော်ကတော့ ရခိုင်ကို ဘယ်သူပဲလာလာ လာတယ်ဆိုရင် ကောင်းပါတယ်။ ကြိုဆိုပါတယ်"
တူရကီ နိုင်ငံခြားရေး ဝန်ကြီးဟာ မနက်ဖြန်မှာ ရခိုင်ပြည်နယ်ကို သွားရောက်မှာဖြစ်ပြီး ဒီခရီးစဉ်အတွင်း ရခိုင်ပြည်နယ်က ပဋိပက္ခ ဖြစ်စဉ်တွေနဲ့ ပတ်သက်လို့ အဖြစ်မှန်တွေကို ကိုယ်တိုင် ကိုယ်ကျ လေ့လာမယ်လို့ သိရပါတယ်။ နိုင်ငံခြားရေးဝန်ကြီးနဲ့ အတူ တူရကီ ၀န်ကြီးချုပ်ကတော်နဲ့ သမီးဖြစ်သူတို့လည်း လိုက်ပါလာပါတယ်။
ဒါအပြင် တူရကီ နိုင်ငံခြားရေးဝန်ကြီး ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ရဲ့ မြန်မာနိုင်ငံခရီးစဉ်ဟာ နှစ်နိုင်ငံကြား ပထမဆုံးအကြိမ် အဆင့်မြင့်ဆုံး သံတမန်အဖွဲ့ ခရီးစဉ်လည်း ဖြစ်ပါတယ်။ ဒီခရီးစဉ်က ရရှိတဲ့ အချက်အလက်တွေကို လာမယ့် OIC အစည်းအဝေးမှာ အဖွဲ့ဝင် နိုင်ငံတွေကို ပြန်လည်တင်ပြမယ်လို့ သိရပါတယ်။(ဓတ်ပုံမြန်မာနိုင်ငံ သမ္မတရုံး)

ကချင်ဖက်သို့ အစိုးရထိုးစစ်ဆင်မှု များလာ KIA နေရာတခု ဆုတ်လိုက်ရ

Posted by drmyochit Friday, August 10, 2012, under | No comments


 
ကချင်ပြည်နယ် မြစ်ကြီးနား ဝိုင်းမော်မြို့နယ်ရှိ ကချင်လွတ်ြေ မာက်ေ ရး တ ပ်ဖွဲ့ (KIA)မှ နေရာယူထားသော လုထောန် (Lu Htawn) တွင် မြန်မာ အ စိုးရ တပ်ပေါင်းစုမှ ထိုးစစ်ဝင်ေ ရာက် လာသောေ ကြာင့် သြဂုတ် ၇ ရက် ယမန်နေ့ ညနေ တွင် နောက်ဆု တ်လိုက်ရကြောင်း KIA ရှေ့တန်းမှပြောသည်။ ၀ိုင်းမော်မြို့နယ် ဆဒုန်း (Sadung) ဒေသ ကန်ပိုင်တီ (Kambaiti) လမ်းမ ရေတံခွန်ဝန်းကျင်တွင် တပ်ချထားသော KIA တပ်မဟာ (၅) လက်အောက် တပ်ရင်း (၃)ကို အစိုးရတပ်များ အင်အားနှင့် လက်နက်ကြီးများဖြင့် ထိုးစစ်ဆင်ခဲ့သောကြောင့် အင်္ဂါနေ့က နောက်ဆုတ်ခဲ့ရခြင်းဖြစ်သည်။

တိုက်ပွဲများနှင့် ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ပြီး ယနေ့တွင်လည်း တဘတ်ခချောင်း (Dabak Hka Nam) အောက်ဘက်တွင် အစိုးရတပ်များ ထပ်မံထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ KIA ထောင်ထားသော မှိုင်းနင်းမိသော ကြောင့် ပေါက်ကွဲ မှုဖြစ်ပွားခဲ့ကြောင်းသိရသည်။သို့သော်သေဆုံးဒဏ်ရာရမှုကိုမသိရကြောင်းKIAအရာရှိများပြောသည်။

ကချင်ပြည်နယ်ထဲ ကုလသမဂ္ဂ လူ့အခွင့်အရေးအထူးစုံစမ်း စစ်ဆေးရေးမှူး တောမတ်စ် အိုဟေးကင်တားနား လာရောက်ခဲ့ပြီးနောက် မြန်မာအစိုးရတပ် စစ်ကြောင်းများသည် ပိုမိုတိုးချဲ့လာသည်ဟု ယူဆမိကြောင်း ဗဟိုဌာန ချုပ လိုင်ဇာမှKIAအရာရှိတဦးဆိုသည်။

“သူပြန်သွားတာနဲ့ တိုက်ပွဲပြန်စတယ်လို့ပြောရမယ်။ ၄၊ ၅ ရက်နေ့မှာ တိုက်ပွဲတွေဖြစ်တယ်…ကျွန်တော်တို့ကို အမြစ် ပျက်ချေးမှုန်းဖို့အတွက်ရှေးတန်းတွေမှာညွှန်ကြားတယ်ထင်တယ်။”

သြဂုတ် ၅ ရက် တနင်္ဂနွေနေ့ ၉ နာရီချိန်တွင် KIA တပ်မဟာ (၅) နယ်မြေ မုန်မူနှင့် နောင်နန့်ကြားတွင် မြန်မာအစိုးရတပ် ခလရ ၃၂၀ နှင့် KIA တပ်သားများ ဗုံးဖြင့်ပစ်ခတ်တိုက်ခိုက်ရာ မြန်မာအစိုးရတပ်မှ ၆ ဦးသေဆုံးပြီး ၁၂ ဦးဒဏ်ရာရရှိကြောင်းရှေ့တန်းမှKIAတပ်သားများပြောသည်။

“ကျွန်တော်တို့ ထိခိုက်ဒဏ်ရာ ရတာမရှိဘူး။ ကျွန်တော်တို့က နေရာယူထားပြီးသား ကဒုတ်ကျင်းတူးပြီးပစ်တယ်ဆိုတော့ မထိဘူး။ သူတို့က တောလမ်းအတိုင်းလျှောက်လာတယ်ဆိုတော့ ထိတယ်” ဟု ရှေ့တန်းမှ တပ်သားတစ်ဦးပြောသည်။

ထို့ပြင် KIA တပ်ရင်း ၁၁ ဘက်သို့ မိုးကောင်း-နမ္မတီးလမ်းမှ မြစ်ကြီးနားဖက်သို့ မြန်မာစစ်တပ် အင်အား ၂၀၀ ကျော် စစ်ကား ၁၂ စီးဖြင့် သြဂုတ် ၄ ရက်၊ စနေနေ့ ညနေတွင် တိုးချဲ့ရောက်ရှိလာကြောင်း ဗဟိုဌာနချုပ် လိုင်ဇာ မှအရာရှိများပြောသည်။

နန်မော(Nang Mau) မှ မြန်မာအစိုးရစစ်တပ် ခမရ ၃၈၃ တပ်မှ စစ်အင်အားများ ၄၀ ကျော်သည် နားလုံးအောက် စခန်းသို့ သြဂုတ်လ၅ရက်နေ့တွင်ထပ်မံတိုးချဲ့ထားကြောင်းသိရသည်။

ထို့အတူ မြစ်ကြီးနား- ဗန်းမော်လမ်း ဒေါ့ဖုန်းယန် (Dawhpumyang) ဘက်တွင်လည်း မြန်မာအစိုးရစစ်တပ်များ စစ်အင် အား ၁၀၀၀ ကျော်ရှိနေပြီး ယခုချိန် ထိုးစစ်ဆင်လှုပ်ရှားနေသော နေရာများသည် ဒေါ့ဖုန်းယန်၊ လွယ်မောက်၊ နားလုံ၊ မန်မော၊ တိန့်ကျန်း၊ ဘွမ်ဆောန်၊ မုန်လိုင်ခ (မုန်းလွဲ) ချောင်းအောက်ပိုင်း ဒေသများတွင် နှစ်ဖက် လှုပ်ရှားနေ သောနေ ရာဖြစ်ကြောင်းလိုင်ဇာဗဟိုဌာနချုပ်မှစစ်အရာရှိများပြောသည်။

ယခုချိန်တွင် ကချင်ပြည်နယ် KIA တပ်ချထားသည့် နေရာများသို့ မြန်မာအစိုးရစစ်တပ်များ လက်နက်၊ ရိက္ခာ၊ စစ်အင်အား နေ့စဉ်တိုးချဲ့လာပြီး ၄င်းတို့သည် ညအချိန်တွင် လျှို့ဝှက်လှုပ်ရှားနေသောကြောင့် KIO မှလည်း သတိနှင့် စောင့်ကြည့် ချိန်ဖြစ်ကြောင်းသိရသည်။

KNG

မန္တလေး၌ ဟိုတယ်ဇုန် တည်ဆောက်ရန် အတွက် တံတားဦး မြို့နယ်ကို ရွေးချယ်

Posted by drmyochit Friday, August 10, 2012, under | No comments


From : .mrtv4

မန္တလေးတိုင်း ဒေသကြီး အတွင်းရှိ တံတားဦး မြို့နယ်မှာ ဟိုတယ်ဇုန် အသစ် ဖော်ထုတ်ဖို့ အတွက် မန္တလေးတိုင်း ဒေသကြီး ၀န်ကြီးချုပ်ရုံးက အတည်ပြု ပေးလိုက်ပြီ ဖြစ်တယ်လို့ ဟိုတယ်နှင့် ခရီးသွား လာရေး ၀န်ကြီး ဌာနမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ သိရပါတယ်။ အဆိုပါ ဟိုတယ် ဇုန်သစ် တည်ဆောက်ဖို့ အတွက် မြေနေရာမှာ ဧက ၅၈၄၀ ခန့်ရှိတယ်လို့ သိရပါတယ်။ အဲ့ဒီ ဟိုတယ် ဇုန်သစ် တည်ဆောက်ဖို့ အတွက် ယခင်က မြေဧက ၃၅၀၀ မှာ လုပ်ငန်း လုပ်ကိုင်ခွင့် ရရှိပြီးသား ဖြစ်ပြီး မြေဧက ထပ်မံ လိုအပ် တာကြောင့် ဧက သုံးထောင်ကို ထပ်မံတင်ပြ ရာမှာ ဧက တစ်ထောင်မှာ ရှေးဟောင်း ယဉ်ကျေးမှု ဇုန်များထဲမှာ ပါဝင်နေတဲ့ အတွက် ဧက နှစ်ထောင်ခန့် ထပ်မံရရှိခဲ့တာ ဖြစ်ပြီး စုစုပေါင်း ဧက ငါးထောင် ငါးရာ နီးပါး ရှိတာ ဖြစ်ပါတယ်။
အဆိုပါ နေရာ မှာတော့ ဟိုတယ်များ အပြင် ကျောင်း၊ ဆေးရုံ၊ ရဲစခန်း အစရှိတဲ့ မန္တလေး မြို့မှာ ရရှိနိုင်တဲ့ ၀န်ဆောင်မှုများ အားလုံးကို ထားရှိသွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ရင်းနှီး မြှုပ်နှံရာ မှာလည်း ဧက အလိုက် ရင်းနှီးမြှုပ်နှံမှု များကို ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။ အဆိုပါ အကြောင်းအရာ များနဲ့ ပတ်သက်ပြီး သြဂုတ်လ ၁၀ ရက်နေ့ မှာတော့ မန္တလေးတိုင်း ဒေသကြီးမှာ ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်း ၀န်ကြီးဌာန၊ မန္တလေးတိုင်း ဒေသကြီး အဆင့် ဟိုတယ်နှင့် ခရီးသွား လုပ်ငန်း ဖွံ့ဖြိုး တိုးတက်ရေး ဆွေးနွေးပွဲကို ကျင်းပပြုလုပ် သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

The Voice နှင့် သတ္တုတွင်း အမှု သြဂုတ် ၂၃ ရက်နေ့ လျှောက်လဲမည်

Posted by drmyochit Friday, August 10, 2012, under | No comments



ချင်းမိုင်(မဇ္စျိမ) 

သတ္တုတွင်း ဝန်ကြီးဌာန အပါအဝင် ဝန်ကြီးဌာန အချို့တွင် ငွေကြေး အလွဲသုံးစားပြုမှုများ ရှိနေသည်ဟု ရေးသားဖော်ပြသည့် အပတ်စဉ်ထုတ် The Voice Weekly ဂျာနယ်အား တရားစွဲဆိုထားသော အမှု စွဲချက်တင်သင့် မတင်သင့် လာမည့် ၂၃ ရက်နေ့တွင် နှစ်ဖက် ရှေ့နေများ လျှောက်လဲ ချက်ပေးမည် ဖြစ်ကြောင်း သိရသည်။ 

ပြည်လုံးကျွတ် သန်းခေါင်စာရင်း ရလဒ် ၂၀၁၅ ခုနှစ်တွင် ထုတ်ပြန်မည်

Posted by drmyochit Friday, August 10, 2012, under | No comments


From:ခတ်လူငယ်


နှစ်ပေါင်း ၃၀ အတွင်း ပထမဆုံးအကြိမ် ပြန်လည်ကောက်ခံမည့် ပြည်လုံးကျွတ် သန်းခေါင်စာရင်းမှ ရရှိလာသည့် အချက်အလက်များကို ၂၀၁၅ ခုနှစ်အတွင်း ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ဝန်ကြီးဦးခင်ရီက ဇူလိုင်လ ၂၆ ရက်နေ့တွင် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ပြောသည်။ ရေနံချောင်း မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဝင်းမော်ထွန်း၏ မေးခွန်းကို ထိုကဲ့သို့ ဖြေကြားခဲ့ခြင်းဖြစ်သည်။ ၁၉၈၃ ခုနှစ် နောက်ပိုင်းတွင် အကြောင်းအမျိုးမျိုးကြောင့် ကောက်ခံနိုင်ခြင်း မရှိခဲ့သည့် ပြည်လုံးကျွတ် သန်းခေါင်စာရင်းကို ယခုနှစ်မှ စတင်ကောက်ယူမည်ဖြစ်ရာ သုံးနှစ်နှင့် ၁၀ လခန့် အချိန်ရရှိသည်။ ထိုသို့ ကောက်ခံရာတွင် အဆင့်လေးဆင့်ဖြင့် ကောက်ခံသွားမည်ဖြစ်ပြီး ကြိုတင်ပြင်ဆင်ခြင်း၊ စာရင်းကောက်ခံခြင်း၊ စာရင်းပြုစုခြင်း၊ လေ့လာဆန်းစစ်ခြင်းနှင့် အစီရင်ခံစာ ပြုစုထုတ်ပြန်ခြင်းတို့ ပါဝင်မည်ဖြစ်သည်။ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ကောက်ယူရမည် ဖြစ်သောကြောင့် ဝန်ထမ်းများအား အဆင့်မြင့်သင်တန်းများ ပို့ချပေးခြင်း၊ သန်းခေါင်စာရင်းအတွက် အသုံးပြုမည့် နည်းပညာရပ်များအတွက် လိုအပ်သော စက်ကိရိယာများ တပ်ဆင်ခြင်း၊ ကွန်ပျူတာ နည်းပညာရပ်ပိုင်းဆိုင်ရာများကို အဆင့်မြှင့်တင်ခြင်းများ ဆောင်ရွက်မည်ဖြစ်သည်။ ထို့ပြင် ပြည်သူလူထုသို့ မေးမြန်းကောက်ခံရမည့် မေးခွန်းများအတွက် အချက်အလက်များရရှိရန် အလုပ်ရုံဆွေးနွေးပွဲများ ကျင်းပခြင်းများလည်း ပါဝင်မည်ဖြစ်သည်။ “သန်းခေါင်စာရင်း ကောက်ယူဖို့အတွက် လွှတ်တော် လူမှုဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ ဖွဲ့စည်းထားရှိပြီး မိမိတို့ဌာနနဲ့ စတင်ပူးပေါင်း ဆောင်ရွက်နေပါတယ်” ဟု ဦးခင်ရီက ပြောသည်။ ထိုသို့ ကောက်ခံပြီးသည့် နောက်ပိုင်းတွင် လူဦးရေဆိုင်ရာ ပေါ်လစီများ ထွက်ပေါ်လာနိုင်ပြီး ကိန်းဂဏန်းများလည်း မှန်မှန်ကန်ကန် ရလာနိုင်မည်ဖြစ်သည်။ မြန်မာနိုင်ငံတွင် လက်ရှိ အောက်တိုဘာ ၁ ရက်နေ့က ထုတ်ပြန်ခဲ့သည့် လူဦးရေ စာရင်းမှာ ၆၀ ဒသမ ၃၈ သန်းဖြစ်ကြောင်း ဦးခင်ရီက ပြီးခဲ့သည့် ဇန်နဝါရီလအတွင်းက ပြောသည်။ လက်ရှိ မြန်မာနိုင်ငံတွင် လူဦးရေတိုးနှုန်းမှာ ယခင် ၁၉၈၈ နောက်ပိုင်းက ၂ ဒသမ ၀၂ ရာခိုင်နှုန်းမှ ယခု နောက်ဆုံးနှစ်တွင် ၁ ဒသမ ၀၁ ရာခိုင်နှုန်းသို့ ကျဆင်းသွားကြောင်း ၂၀၁၂ ခုနှစ် သြဂုတ်လ ၁၀ ရက်နေ့ထုတ် မြန်မာတိုင်း(မ်) ဂျာနယ်တွင် ဖော်ပြထားပါသည်။

စာနယ်ဇင်းသမား ၅၅၂ဦး လက်မှတ်ရေးထိုးထားသော တောင်းဆိုချက် ၇ ချက် သမ္မတနှင့် လွှတ်တော်ဥက္ကဌများထံ ပေးပို့မည်

Posted by drmyochit Friday, August 10, 2012, under | No comments



From -TheVoiceWeekly

သတင်း လွတ်လပ်ခွင့်ကော်မတီ (ယာယီ) က သြဂုတ်လ ၁ ရက်နေ့တွင် ထုတ်ပြန်တောင်းဆိုသည့် အချက်များအား ထောက်ခံကြောင်း စာနယ်ဇင်းသမား ၅၅၂ ဦး လက်မှတ်ရေးထိုးထားခြင်းကို သြဂုတ်လ ၁၃ ရက်နေ့တွင် သမ္မတနှင့် လွှတ်တော်ဥက္ကဋ္ဌများထံသို့ ပေးပို့မည်ဖြစ်ကြောင်း သတင်း လွတ်လပ် ခွင့်ကော်မ တီ(ယာယီ) ၏ ယနေ့တွင်ကျင်းပသော အထူးအစည်းအဝေးသ တင်းထုတ်ပြ န် ချ က်အရ သိရသည်။

ယင်းအပြင် သတင်းမီဒီယာ သမားများ၏သဘောထားဆန္ဒ
မပါဘဲ ရေးဆွဲ ထားသော ပြန်ကြားရေး ၀န်ကြီးဌာန၏ ပုံနှိပ်မီဒီယာဥပဒေကို ကန့်ကွက်ရေးနှင့် သတင်းမီဒီယာများအပေါ်အစိုးရ၏တရား
စွဲဆိုမှုများ ရုပ်သိမ်းပေးရေး ဆန္ဒထုတ်ဖော်ရေး ကိစ္စများကို သြဂုတ်လ ၁၅ ရက်နေ့တွင် ထပ်မံကာ အစည်းအဝေးပြုလုပ်မည်ဖြစ်ကြောင်း၊ သတင်းလွတ်လပ်ခွင့်ကော်မတီ၏ တောင်းဆိုချက်များ ရရှိသည်အ ထိ ဆက်လက်အရေး ဆိုလှုပ်ရှားသွားမည်ဖြစ်ကြောင်း အဆိုပါ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

သတင်းလွတ်လပ်ခွင့်ကော်မတီက သြဂုတ်လ ၁ ရက်နေ့တွင် ထုတ်ပြန်ခဲ့သော တောင်းဆိုချက် ၇ ချက်မှာ

၁။ ပိတ်ပင်ခံထားရသော The Voice Weekly , Envoy ၊ လျှပ်တပြက်ဂျာနယ်တို့ကို ချက်ချင်းထုတ်ဝေခွင့်ပေးရန်။
(မှတ်ချက်-အစည်းအဝေးပြီးဆုံးချိ
န်တွင် လျှပ်တပြက်ဂျာနယ်ကို ပြန်လည်ထုတ်ဝေခွင့်ပြုလိုက်ပြီဟု သိရှိရပါသည်)

၂။ ပြုပြင်ပြောင်းလဲမှုများကို ထိခိုက်စေသည့်နောက်ပြန်ဆွဲသော မည်သည့်ပုဂ္ဂိုလ်၊ မည်သည့်လုပ်ရပ်မျိုးကိုမဆို အရေးယူဖယ်ရှားပေးရန်။

၃။ ၁၉၆၂ ခုနှစ် ပုံနှိပ်အက်ဥပဒေနှင့်မီဒီယာများ
ကို ဖိနှိပ်ကန့်သတ်ထားသော ဥပဒေများကို ချက်ချင်းဖျက်သိမ်းပေးရန်။

၎။ သတင်းမီယာများအပေါ် အရေးယူမှုများကို ထပ်မံလုပ်ဆောင်ခြင်းမပြုရန်။

၅။ ကျင့်ဝတ်နှင့်အညီရေးသားဖော်ထုတ်
သော မည်သည့်ရေးသားမှုကို အစိုးရက ဥပဒေကြောင်းအရ တရားစွဲမှုများကို ချက်ချင်းရပ်ဆိုင်းရန်။

၆။ မီဒီယာသမားမ်ားသေဘာဆႏၵမပါ၀င္ဘဲေ
ရးဆွဲထားသည့် မည်သည့်မီဒီယာဥပဒေကိုမဆို လက်မခံပါ။

၇။ လတ်တလောဖြစ်ပွားနေသော စာပေလွတ်လပ်ခွင့်ဆုံးရှုံးမှုများ
အတွက် မီဒီယာသမားများအား နိုင်ငံတော်၏ တာဝန်အရှိဆုံးပုဂ္ဂိုလ်က အမြန်ဆုံးတွေ့ဆုံဖြေရှင်းပေးရန် တို့ဖြစ်သည်။ 

တရုတ်ဖိအားကြောင့် အာဆီယံစိတ်ဝမ်းကွဲ

Posted by drmyochit Friday, August 10, 2012, under | No comments


နိုင်ငံတကာ

ဒေသတွင်းမှာ တရုတ်အစိုးရရဲ့ သြဇာပိုပြီး ကြီးထွားလာ နေတာကြောင့် တောင်တရုတ် ပင်လယ်အတွင်း နယ်မြေ အငြင်းပွားမှုနဲ့ ပတ်သက်ပြီး အရှေ့တောင် အာရှနိုင်ငံ တွေက တစုတစည်း တည်းဖြေရှင်းဖို့ လုပ်ဆောင် နေတာဟာ ပိုပြီးတော့ ရှုပ်ထွေးလာ ခဲ့တယ်လို့ အကဲခတ်တွေက ပြောလိုက်ပါတယ်။

ကုလဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ်သစ် ခန့်အပ်

Posted by drmyochit Friday, August 10, 2012, under | No comments


မြန်မာ

ကုလသမဂ္ဂဆိုင်ရာ မြန်မာ အမြဲတမ်းကိုယ်စားလှယ် ဦးသန့်ကျော်က သူ့ရဲ့ သံအမတ်ခန့်အပ်လွှာကို သြဂုတ်လ ၈ ရက်နေ့က ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဆီ ပေးအပ်ခဲ့တယ်လို့ ကုလသမဂ္ဂက သတင်း ထုတ်ပြန်ထားပါတယ်။

လူမျိုးတုံး သတ်ဖြတ်မှုစွပ်စွဲချက် မဟုတ်မမှန်ကြောင်း အမေရိကန်ပြည်ထောင်စု ပြောကြား

Posted by drmyochit Friday, August 10, 2012, under | No comments


ဦးအောင်သိန်းလင်း ဆွေးနွေးချက်

Posted by drmyochit Friday, August 10, 2012, under | No comments


From -ပြည်သူ့လွှတ်တော် Facebook

(Migrant Workers)အတွက် ဘဝအာမခံချက် လုံခြုံမှုရရှိရေးအတွက် Migration Policy ချမှတ်ဆောင်ရွက်နိုင်ပါရန် အဆိုနှင့် ပတ်သက်ပြီး ဦးအောင်သိန်းလင်း(တောင်ဥက္ကလာပမဲဆန္ဒနယ်) က ဆွေးနွေးခြင်း-ကျွန်တော့်အနေနဲ့ ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဌေးဦးတင်သွင်းတဲ့ အဆိုနဲ့ ပတ် သက်ပြီးတော့မှ ထောက်ခံဆွေးနွေးသွားမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံ ရွှေ့ပြောင်း အလု ပ်သ မားတွေအနေနဲ့ တခြားနိုင် ငံများမှာ ဘဝအာမခံချက်မရှိဘဲ ပြဿနာများနှင့် ရင် ဆိုင်း နေရတာနဲ့ပ တ် သက်ပြီးတော့မှ ကျွန်တော်တို့တတွေ အရင်ခံအကြောင်းတရားတွေကို စိစစ် တဲ့ နေရာမှာ မိမိတို့နိုင် ငံကို အနောက် အင်အာြး ကီးနိုင် ငံ တစ္စုကေ န ၿ ပီးေ တာ့ ဦးေ ဆာင်ပြီး စီးပွား ရေးပိတ်ဆို့ ဒဏ်ခတ်အရေးယူမှုက အဓိကအကြောင်းအရင်းတစ်ခုဖြစ်တယ်ဆိုတာ တွေ့ရှိရပါ တယ်။ အနောက်အင်အားကြီးနိုင်ငံတစ်ခုအနေနဲ့ မိမိတို့နိုင်ငံအပေါ်မှာ နိုင်ငံရေးအကြောင်း အရင်းခံများနှင့် ချမှတ်ခဲ့ တဲ့ပိတ် ဆို့မှုများဟာ ပြည်တွင်းစီးပွားရေးလုပ်ငန်းတွေကို ဆိုးဆိုး ရွားရွားထိခိုက်ပျက်ဆီးစေပြီး လူ့အဖွဲ့အစည်းရဲ့ ဆင်းရဲဆုံး အလွှာမှာ အလုပ်လက်မဲ့များ တိုးပွားလာအောင် တွန်းအားပေးရာရောက်ခဲ့ပါတယ်။ ဤစီးပွားရေးပိတ်ဆို့ဒဏ်ခတ်မှု များကြောင့် မိမိတို့နိုင်ငံဟာ အထီးကျန်တာဖြစ်ပြီး ချစ်ကြည်ရင်းနှီးတဲ့ နိုင်ငံတကာဆက်ဆံရေး ပါပျက်ယွင်းတဲ့ ဘေးထွက် ဆိုးကျိုးတွေ ဆက်တိုက်ဆိုသလို ကြုံတွေ့ခံစားရပါတယ်။ ဒီလို အထီးကျန်ဖြစ်ခဲ့မှုနဲ့အတူ ပိတ်ဆို့အရေးယူများနှင့် ရင်ဆိုင် ခဲ့ရတဲ့ မိမိတို့နိုင်ငံဟာ ဆင်းရဲတဲ့ နိုင်ငံတစ်ခုလည်း ဖြစ်ခဲ့ရပါတယ်။ အလုပ်အကိုင်အခွင့်အလမ်းတွေလည်း ရှားပါးခဲ့ ရပါတယ်။ အဲဒီရဲ့ အကျိုးဆက်တွေကတော့ အချို့သောနိုင်ငံသားတွေဟာ အလုပ်အကိုင်အခွင့်အလမ်း တွေအတွက် ပြည်ပထွက်ရွှေ့ပြောင်း အလုပ်သမားဘဝကို ခံယူခဲ့ကြရပါတယ်။ ပိတ်ဆို့ရေး သက်တမ်းပိုရှည်လာတာနဲ့အမျှ ရွှေ့ပြောင်းလုပ်သားအရေအတွက်တွေကလည်း ပိုမိုပိုလာနိုင် ဦးမယ်လို့ ကျွန်တော့်အနေနဲ့ ထင်မြင်ယူဆနေပါတယ်။ ရွှေ့ပြောင်းအလုပ်သမားများအနက် တရားဝင်သွားရောက်လုပ်ကိုင်သူများရှိသလို အချို့ဟာလည်း ပြည်ပသို့ တရားမဝင် ထွက်ခွာ ပြီး တရားမဝင်ရွှေ့ပြောင်းလုပ်သားအဖြစ် လုပ်ကိုင်နေကြတာကိုတွေ့ရပါတယ်။ တရားဝင် သွားရောက် လုပ်ကိုင် သူများထဲမှာလည်း အဆင်မပြေသူ အလုပ်သမားများစွာ ရှိပါတယ်။ ပွဲစား ကုမ္ပဏီများရဲ့ အပြောနှင့် အလုပ် မညီညွှတ်မှုကြောင့် ပြည်ပအလုပ်ရှင်ရဲ့ ဖိနှိပ်မှု၊ အနိုင်ကျင့်မှု၊ လစာမမှန်မှုတို့ကြောင့် ဒဏ်မခံနိုင်ကြတော့ပဲ အခြားအလုပ် ကိုပြောင်းရွှေ့လုပ်ကိုင်ကြရသူများ လည်းရှိပါတယ်။ ထိုအခါမှာ အလုပ်ရှင်က နိုင်ငံကူးလက်မှတ်ကိုသိမ်းထားတဲ့အတွက် အလုပ် ပြောင်းတာနဲ့ အဲဒီအလုပ်သမားဟာ တရားမဝင်အလုပ်သမားဘဝကို ရောက်ကြရပါတယ်။ ဒါကြောင့် ပြည်ပ ကိုသွားရောက်ကြတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ ဘဝဟာ အချိန်မရွေး လူဝင်မှုဥပဒေအရ အရေးယူ ခံရနိုင်တဲ့ အခြေအနေမှာရှိခြင်း၊ တန်ရာတန်ကြေးလုပ်ခမရဘဲ လုပ်ခအနှိမ်းခံရခြင်း၊ တစ်ခါတစ်ရံ လစာမပေးဘဲ အနိုင်ကျင့်‌ခံရခြင်း၊ အလုပ်အကိုင်နေရာ ဒေသမတည်မြဲဘဲ မကြာခဏပြောင်းရွှေ့နေထိုင်လုပ်ကိုင်ရခြင်း၊ ကျန်းမာရေး၊ လူမှုရေးတို့နှင့် ပတ်သက် ပြီး အာမခံချက်မရှိခြင်း၊ လူ့အခွင့်‌အရေးများဆုံးရှုံးခြင်း စတဲ့အခက်အခဲတွေ ကြုံတွေ့ ရပါတယ်။ တရားမ ဝင်ဥပဒေအရ အဖမ်းခံကြရတဲ့သူတွေမှာ အခြားနိုင်ငံတွေရဲ့ လူဝင်မှု ကြီးကြပ်ရေးအကျဉ်းစခန်းတွေမှာ ထိန်းသိမ်း ခံထားရပြီး ပြန်လွှတ်တဲ့အခါမှာလည်း နယ်စပ် ဒေသများကို၊ တိရစ္ဆာန်များကို လွှတ်ပေးသကဲ့သို့ လွှတ်ပေးလေ့ရှိတာကို ကြားသိရပါတယ်။ အဲဒီလို လွှတ်ပေးလိုက်သူတွေထဲကလည်း တချို့ပွဲစားတွေက ငါးဖမ်းစက်လှေများကို ရောင်းစားခံရပြီး ပင်လယ်ပြင်မှာ လူမသိသူမသိဘဝနဲ့ ဇာတ်သိမ်းသွားရသူတွေလည်း ရှိနေ ကြောင်းကြားသိနေရပါတယ်။ မိမိတို့ရဲ့ အိမ်နီး နားချင်း ထိုင်းနိုင်ငံမှာ ရွှေ့ပြောင်းလုပ်သား ၂.၅ သန်းနဲ့ မလေးရှားနိုင်ငံမှာ ရွှေ့ပြောင်းလုပ်သား ၅ သိန်းခန့်ရှိပြီး ထိုရွှေ့ ပြောင်းလုပ်သား တွေအတွက် အလုပ်ခွင်တည်မြဲရေး၊ ရသင့်ရထိုက်တဲ့ လုပ်ခလစာရရှိရေး၊ ဘေးကင်း လုံခြုံရေး၊ အလုပ် ခွင်နှင့်အလုပ်ခွင်ပြင်ပမှာ ဘေးအန္တရာယ်ကင်း အေးချမ်းလုံခြုံစွာ နေထိုင်ခွင့်ရရေး၊ ကျန်းမာစောင့်ရှောက်မှုဆိုတဲ့ အခြေ ခံအချက်တွေကို လိုအပ်နေတယ်ဆိုတာ ခိုင်လုံတဲ့ သတင်း အချက်အလက်များနှင့် အထောက်အထားများအရ သိနိုင်ကြမှာပဲဖြစ်ပါတယ်။ ဖွံ့ဖြိုးပြီးနိုင်ငံ တွေအနေနဲ့ကတော့ ပြည်ပကိုထွက်ခွာပြီး စီးပွားရေးအရင်းအမြစ်တွေ ရှာဖွေ လုပ်ကိုင်ရာမှာ အန္တရာယ်အာမခံကြေးဥပဒေ၊ ငွေကြေးတည်ငြိမ်မှု၊ နိုင်ငံရေးတည်ငြိမ်မှု၊ လူမှုရေးအာမခံချက် များဖြင့် ဥပဒေများပြဋ္ဌာန်းပြီး မိမိနိုင်ငံသားများအတွက် အကာအကွယ်ပေးမှုများနှင့် Migration Policy များချမှတ် ဆောင်ရွက်နေမှုများကိုလည်း မိမိတို့အနေနဲ့ လေ့လာသင့်ပါ တယ်။ ဒီနေ့ မိမိတို့နိုင်ငံအနေနဲ့ ဒီမိုကရေစီ စနစ်ကိုဖော်ဆောင်ရာမှာ ပြည်သူတွေရွေးချယ် တင်မြှောက်တဲ့ ပြည်သူ့ကိုယ်စားလှယ်များဖြင့် ထင်သာမြင်သာ ပွင့်လင်း မှုရှိတဲ့ လွှတ်တော် နိုင်ငံရေးပေါ်ပေါက်လာပြီး နိုင်ငံသားများရဲ့ အကျိုးစီးပွားကို ဖော်ဆောင်လျက်ရှိတာကို အားလုံး သိရှိကြပြီဖြစ်ပါတယ်။ ဒီမိုကရေစီပိုမိုပီပြင်လာတာနဲ့အမျှ မိမိတို့နိုင်ငံအနေနဲ့ ဒေသ အတွင်းမှာ ဂုဏ်သိက္ခာရှိတဲ့ နိုင်ငံ တစ်နိုင်ငံအဖြစ် ကမ္ဘာ့နိုင်ငံများနဲ့ ရင်ပေါင်တန်းလာနိုင်တော့ မှာဖြစ်ပါတယ်။ မိမိတို့နိုင်ငံမှာ အစိုးရသစ် တာဝန် ယူပြီးတဲ့နောက် ရွှေ့ပြောင်းလုပ်သားတွေနဲ့ ပတ်သက်ပြီး ယာယီနိုင်ငံကူးလက်မှတ်တွေ ထုတ်ပေးနိုင်အောင် ဆောင် ရွက်မှုတွေ၊ တရားဝင် အလုပ်သမားမှတ်ပုံတင်များ ထုတ်ပေးနိုင်အောင်ဆောင်ရွက်မှုတွေ၊ အလုပ်သမားရေး ဆောင်ရွက် ပေးနေတဲ့ အစုအဖွဲ့တွေကို ထိတွေ့ဆက်ဆံမှုတွေ တချို့ကဏ္ဍတွေမှာ အဲဒီ အစုအဖွဲ့ တွေနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကို စတင်ဆောင်ရွက်လာတာကို တွေ့ရှိရတဲ့အတွက် လူသား ချင်းစာနာထောက်ထားစိတ် အခြေခံပြီး လုပ်သင့် လုပ်ထိုက် တာကို ဆောင်ရွက်ပေးတဲ့ အစိုးရ အဖွဲ့ရဲ့ ရွှေ့ပြောင်းလုပ်သားများအတွက် ဤဆောင်ရွက်မှုမျာကို ကြိုဆိုထောက် ခံပါကြောင်း တင်ပြလိုပါတယ်။ ဒီဆောင်ရွက်ချက်တွေကြောင့် ရွှေ့ပြောင်းလုပ်သားများအတွက် ယခင်ကနဲ့ စာရင် ဘဝအာမခံချက်နှင့် လုံခြုံမှုတွေ အထိုက်အလျောက်ရရှိလာမှာ မလွဲဧကန်ဖြစ်ပါတယ်။ ဒါပေမယ့် ပြီးပြည့်စုံတဲ့ ဖြစ်သင့် ဖြစ်ထိုက်သော တာဝန်ခံဆောင်ရွက်မှုများဖြစ်ဖို့အတွက် နှစ်နိုင်ငံအစိုးရတာဝန်ရှိသူများ အဆင့်ဆင့်တို့အနေနဲ့ ထိထိ ရောက် ရောက် ညှိနှိုင်းဆောင်ရွက် တဲ့အနေအထားရောက်အောင် တိုးမြှင့်ဆောင်ရွက်ရေးမှာ ရွှေ့ပြောင်း လုပ်သား များဆိုင်ရာ မူဝါဒတစ်ရပ်ကို မိမိတို့နိုင်ငံမှာ ချမှတ်ဆောင်ရွက်နိုင်ရန် လိုအပ်နေပါတယ်။ ဒီလိုရွှေ့ပြောင်း လုပ်သားများ ဆိုင်ရာ မူဝါဒတစ်ရပ် ချမှတ်ဆောင်ရွက်နိုင်မှသာ ရွှေ့ပြောင်းလုပ်သားတွေရဲ့ လုံခြုံရေးအာမခံချက်ကို ခိုင်မာစွာ တည် ဆောက်နိုင်မှာဖြစ်တဲ့အတွက် ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဌေးဦးအဆိုပြုတင်သွင်းတဲ့ နိုင်ငံ ရပ်ခြားသွားရောက်အလုပ်လုပ်ကိုင်နေကြသော မြန်မာနိုင်ငံသား ရွှေ့ပြောင်း အလုပ်သမားများ အတွက် ဘဝအာမခံချက်နှင့် လုံခြုံမှုရရှိရေးအတွက် ရွှေ့ပြောင်းလုပ်သားများဆိုင်ရာ မူဝါဒ ချမှတ် ဆောင်ရွက်နိုင်ရန် အဆိုကို လေးနက်စွာထောက်ခံပါကြောင်းတင်ပြအပ်ပါတယ်။ 

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်