Friday, August 10, 2012

တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဒုတိယ ဗိုလ် ချုပ် မှူးကြီး မင်းအောင်းလှိုင်၊ ဦးဆောင်သော မြန်မာ့ တပ်မတော် အဆင့်မြင့် ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့ မြန်မာနိုင်ငံ သို့ပြန်လည် ရောက်ရှိ

Posted by drmyochit Friday, August 10, 2012, under | No comments


From - မြ၀တီ

 
တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်ေ သာ မြန်မာ့တပ်မတော် အဆင့်မြင့် ချစ် ကြည်ရေး ကိုယ်စားလှယ်အဖွဲ့ဝင်များသည် အိန္ဒိယသမ္မတနိုင်ငံ စစ်ဦးစီးချုပ်များကော်မတီ ဥက္ကဠနှင့် ရေတပ်ဦးစီးချုပ် Asmiral Nirmal Verma (PVSM, AVSM, ADC) ၏ ဖိတ်ကြားချက်အရ သြဂုတ် ၁ ရက်မှ ၈ ရက်အထိ အိန္ဒိယသမ္မတနိုင်ငံတွင် ချစ်ကြည်ရေးခရီးလည်ပတ်ခဲ့ပြီး သြဂုတ် ၈ ရက်၊ ညပိုင်းတွင် မြန်မာ့တပ်မတော် အထူးလေယာဉ်ဖြင့် အိန္ဒိယသမ္မတနိုင်ငံမှ ပြည်ထောင်စု သမ္မတမြန်မာ နိုင်ငံတော်သို့ ပြန်လည်ရောက်ရှိခဲကြသည်။ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော မြန်မာ့တပ်မတော် အဆင့်မြင့်ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့ဝင်များအား ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၊ ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဗိုလ်ချုပ်ကြီး စိုးဝင်းနှင့်ဇနီး အမှူးပြုသော တပ်မတော် အရာရှိကြီးများနှင့် ၄င်းတို့၏ ဇနီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူးတို့က နေပြည်တော်လေဆိပ်တွင် ကြိုဆိုနှုတ်ဆက် ကြသည်။ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဦးဆောင်သောအဖွဲ့တွင် အဖွဲ့ဝင်အဖြစ် လိုက်ပါသွားသော တပ်မတော် ကာ ကွယ်ရေးဦးစီးချုပ်၏ဇနီး ဒေါ်ကြူကြူလှ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများ ပြန်လည် လိုက်ပါ လာခဲ့ကြကြောင်း သတင်းရရှိသည်။


0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်