Friday, August 10, 2012

မြန်မာ့ပထမဆုံး ပို့ဆောင်ရေး နည်းပညာတက္ကသိုလ် ဂျပန်-မြန်မာ ပူးပေါင်းဖွင့်လှစ်မည်

Posted by drmyochit Friday, August 10, 2012, under | No comments


From : ခေတ်လူငယ်
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhwo-oMugYhanHxZSxZilCSmomLG0LkbCqFMN9-Ty21hUGG3jDewKgCyEUErtZ4HrlatHR06z0iIPOIm17048o7lszrhgPYaxM4pj5g7oMJ5uDigKXpK0xqbvbs1j_U0RmbmXJt6bgIPLqY/s1600/www.myanmarexpress.net+%252833%2529.jpg
မန်မာ့ပထမဆုံး ပို့ဆောင်ရေး နည်းပညာဆိုင်ရာ တက္ကသိုလ် ဖွင့်လှစ်နိုင်ရေးအတွက် ကုန်းလမ်းပို့ဆောင်ရေး ညွှန် ကြား မှုဦးစီးဌာနနှင့် ဂျပန်ကားကုမ္ပဏီ တစ်ခုတို့ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ ယင်းကဲ့သို့ လုပ်ဆောင် ရခြင်းမှာ ပို့ဆောင်ရေးကဏ္ဍ တိုးတက်စေလိုသည့်အတွက် ဖြစ်ပြီး တက္ကသိုလ် အပါအဝင် ယာဉ်မောင်း သင်တန်းကျောင်းနှင့် မော်တော်ယာဉ် ပြုပြင်ထိန်းသိမ်းရေး ကျောင်းများပါ ဖွင့်လှစ် သင်ကြားသွားရန် အစီအစဉ်ရှိကြောင်း ဂျပန်ကားကုမ္ပဏီလီမိတက် (JCCL) မှ ဥက္ကဋ္ဌ မစ္စတာကာဇူဟီစာ အီဝါမိုတိုက ပြောသည်။ အဆိုပါ ကားကုမ္ပဏီမှ ဒါရိုက်တာ ဦးတင်အောင်မြင့်ကလည်း “တက္ကသိုလ်ဖွင့်နိုင်ဖို့ သက်ဆိုင်ရာ ဝန်ကြီးဌာနကို တင်ပြပြီး ဌာနရဲ့ မူဝါဒနဲ့အညီ ဆောင်ရွက်သွားမှာပါ” ဟု ဆိုသည်။ တက္ကသိုလ်နှင့် သင်တန်းကျောင်းများ ဖွင့်လှစ်နိုင်ရေးအတွက် လုပ်ငန်းစတင် ညှိနှိုင်းချိန်သာ ရှိသေးပြီး စတင်ဖွင့်လှစ်နိုင်မည့် ခုနှစ်ကိုမူ အတိအကျ မသိရှိရသေးပေ။ “သင်တန်ကျောင်းကို ရန်ကုန်၊ မန္တလေးနဲ့ နေပြည်တော်မှာ အရင်ဖွင့်နိုင်အောင် လုပ်မယ်။ အဲဒီကျောင်းတွေမှာ အမျိုးသား အမျိုးသမီး မခွဲခြားဘဲ တက်ရောက်ခွင့်ရှိအောင် ဆောင်ရွက်သွားမှာပါ” ဟု ဒါရိုက်တာ ဦးတင်အောင်မြင့်က ဆက်လက်ပြောသည်။ သင်တန်းကာလမှာ နှစ်နှစ်ဖြစ်ပြီး ယာဉ်မောင်း သင်တန်းကျောင်း တက်ရောက်လိုသူများအား နိုင်ငံတကာ အဆင့်မီ သင်ကြားပေးမည် ဖြစ်သလို မော်တော်ယာဉ် ပြုပြင်ထိန်းသိမ်းရေးကျောင်း အနေဖြင့်လည်း မော်တော်ကားများကို အ ဆင့်မီ ပြုပြင်ပေးနိုင်သည်အထိ သင်ကြားပေးသွားမည်ဖြစ်သည်။ တက္ကသိုလ် တက်ရောက်လိုသူများမှာ လေးနှစ် ပညာ သင်ကြားရမည်ဖြစ်ပြီး ဘွဲ့လွန်နှင့် ပါရဂူဘွဲ့အထိပါ သင်ကြားနိုင်မည် ဖြစ်ကြောင်း၊ တက္ကသိုလ် အောင်မြင်ပြီးပါက ဂျပန်နိုင်ငံရှိ မည်သည့်မော်တော်ယာဉ် အလုပ်ရုံတွင်မဆို သွားရောက် အလုပ်လုပ်ကိုင်နိုင်မည်ဖြစ်ကြောင်း ၎င်းတို့ထံမှ သိရသည်။ အဆိုပါ သင်တန်းကျောင်းများ ဖွင့်လှစ်နိုင်ရေးအတွက် ဂျပန်ကားကုမ္ပဏီမှ ၎င်းတို့နိုင်ငံတွင် ဖွင့်လှစ်ထားသော ကျောင်းများမှ သင်တန်းသုံး ကားများကို မြန်မာနိုင်ငံသို့ တင်သွင်းလာမည် ဖြစ်သည်ဟု ဦးတင်အောင်ြမင့်က ပြောကြားခဲ့ကြောင်း ၂၀၁၂ ခုနှစ် သြဂုတ်လ ၉ ရက်နေ့ထုတ် Popular News ဂျာနယ်တွင် ဖော်ပြထားပါသည်။


0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်