Wednesday, March 20, 2013

မိတ္ထီလာ ပဋိပက္ခ မြင်ကွင်း ရုပ်/သံ

Posted by drmyochit Wednesday, March 20, 2013, under | No comments

မိတ္ထီလာမြို့ရှိ မြို့မဈေးကြီးတွင် ပဋိပက္ခ ဖြစ်ပွါးမှုကြောင့် ရွှေဆိုင် တခုပျက်ဆီးခဲ့ ပြီး လူတချို့ ဒဏ်ရာရ ခဲ့ပါ တဲ့ မိတ္ထီလာ ပဋိပက္ခ မြင်ကွင်း ရုပ်/သံ ဖြစ်ပါတယ်။ အပိုင်း (၁) အပိုင်း(၂) ...

မိတ္ထီလာမြို့ဈေးကြီးမှ ရုန်းရင်းဆန်ခတ် ဖြစ်ပွါး ရွှေဆိုင်တဆိုင် ပျက်စီးပြီး လူတချို့ ဒဏ်ရာရ

Posted by drmyochit Wednesday, March 20, 2013, under | No comments

မိတ္ထီလာမြို့ဈေးကြီးအနားက ရွှေဆိုင် တဆိုင်ကို လင်မယားနှစ်ယောက် ရွှေလာရောင်း ရာက အရောင်း အ၀ယ်မှာ ပြဿနာ တက်ပြီး ဆိုင်ရှင်က ရိုက်နှက်ခဲ့လို့ ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့ပေမယ့် အခုတော့ အခြေ အနေတွေကို ရဲတွေက ထိန်းသိမ်းထားလိုက်တယ်လို့ ဘီဘီစီက စုံစမ်းသိရပါတယ်။ မိတ္ထီလာမြို့က နယူးဝိန့်စိန်ရွှေဆိုင်ကို မွတ်ဆလင်က ပိုင်တယ်လို့ သိရပြီး၊ မိတ္ထီလာမြို့နား ပြွန်ကောက် ရွာက ကိုခင်မောင်ဝင်းတို့ လင်မယားက အလှူအတွက် ဒီမနက်က ရွှေလာရောင်းရာက ဈေးနှိမ်တဲ့အပြင် ရွှေလက်ကောက် လည်း...

မိတ္ထီလာမြို့တွင် ရွှေဆိုင်ဖျက်

Posted by drmyochit Wednesday, March 20, 2013, under | No comments

မိတ်ထီလာမြို့ မိတ္ထီလာ ဈေးအတွင်းရှိ ရွှေဆိုင် တခုမှာ ၂၀-၃-၂၀၁၃ ရက်နေ့ မနက် ၁၀ နာရီဝန်းကျင်က ရွှေ အရောင်း အ၀ယ်ပြုလုပ် ရာကနေ မကျေမလည် ဖြစ်ပြီး ရွှေဆိုင်ဖြိုဖျက်မှု ဖြစ်ပွားခဲ့တယ်လို့ အမှတ် ၂ ရဲစခန်းက ပြောပါတယ်။ ဓာတ်ပုံ - လူထု မောင်ကာဠု “ဖြစ်တာက ရွှေလာရောင်းတဲ့ လင်မယား ၂ ယောက်။ ရွှေဆိုင်မှာ ရှိတာက ၃ ယောက်။ အဲမှာ ရွှေ ရောင်းရွှေဝယ်လုပ်နေရင်း အချင်းများပြီး ရန်ဖြစ်ကြတာ။ လာရောင်း တဲ့သူ (ယောက်ျား) က အရိုက် ခံလိုက် ရတယ်။ ဒဏ်ရာကတော့ မစိုး ရိမ်ရဘူး၊ ခေါင်း...

ညီအစ်ကိုချင်း ဓါးထိုးမှု ဖြစ်ပွါး တစ်ဦးသေ တစ်ဦး ဒဏ်ရာရ

Posted by drmyochit Wednesday, March 20, 2013, under , | No comments

ဟင်္သာတ၊ မတ် ၂၀။ ဧရာဝတီတိုင်း ဒေသကြီး၊ ဟင်္သာတမြို့ လယ်တီ ကွင်းရပ် အောင်ချမ်းသာလမ်းတွင် (၁၉-၃-၂၀၁၃) နေ့၊ ည (၁၀း၁၅) အချိန်ခန့်၌ ညီအစ်ကိုချင်း စကားများ ရာမှ ဓားထိုးမှု ဖြစ်ကာ အစ်ကိုကြီး ဖြစ်သူ မှာ ပွဲချင်းပြီး သေဆုံးပြီး၊ အစ်ကိုလတ်မှာ ဆေးရုံ တွင် အတွင်းလူနာအဖြစ် ကုသမှု ခံယူလျက် ရှိသည် ဟု သတင်းရရှိ သည်။ ဖြစ်ပွားပုံမှာ အောင်ချမ်းသာလမ်းတွင် နေထိုင်သော အဖ ဦးစိုးမြင့်၊ အမိ ဒေါ်ရင်မြင့်တို့မှ မွေးဖွားသော ညီအစ်ကို အရင်းများသည် သီရိအောင်မြေရပ် အတွင်း အရက်ဖြူဆိုင်တွင်...

တီးတိန်မြို့နှင့် တမူးမြို့များတွင် အသက်၁၅နှစ်အထက်များကို “အ” သုံးလုံးသင်ပေးမည်

Posted by drmyochit Wednesday, March 20, 2013, under | No comments

ကလေး၊ မတ်၂၀။ ကလေး တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူ များက ပညာရေး ၀န်ကြီး ဌာန၏ အထူး စီမံချက်ဖြင့် ချင်းပြည် နယ်ရှိ တီးတိန် မြို့နှင့် တမူးမြို့ များတွင် “အ”သုံးလုံး သွားရောက် သင်ကြားပေးကြမည်ဟု ကလေး တက္ကသိုလ်မှ Dr.သက်နိုင်ဦး(Bio)၏ ပြောပြချက်အရ သိရှိရ သည်။ ဗမာစာ သည် ရုံးသုံး စာဖြစ်၍ ချင်းပြည်နယ်ရှိ တိုင်းရင်း သားများ ဗမာစာ၊ ဗမာစကား တတ်မြောက်စေရန်  ရည်ရွယ် ချက်ဖြင့် “အ” သုံးလုံးသင်တန်းများ သင်ကြားပေးခြင်း ဖြစ်သည် ဟုကလေး တက္ကသိုလ်မှ ဆရာ သိန်း...

လက်ပံတောင်း အစီရင်ခံစာ အလွန် ဒေါ်စု အခြေအနေ

Posted by drmyochit Wednesday, March 20, 2013, under | No comments

လက်ပံတောင်း ကြေးနီ စီမံကိန်း ကိစ္စရပ်များနှင့် ပတ်သတ် ၍ ဒေါ်အောင် ဆန်းစုကြည်၏ တာဝန်ယူ လုပ်ဆောင် မှုများမှာ အစိုးရ တရပ် လုပ်ဆောင် ရမည့် တာဝန် များ ကို ဆောင်ရွက်နေ သကဲ့ သို့ ဖြစ်နေ သဖြင့် တစုံ တရာ မှားယွင်း နေပါသည်။ တကယ် တမ်းတွင် ကြေးနီ စီမံကိန်းနှင့် ပတ်သတ်ပြီး ဒေါ်အောင် ဆန်းစုကြည် ဦးဆောင်သည့် စုံစမ်း စစ်ဆေးရေး ကော်မရှင်၏ တာဝန်မှာ အချက် အလက်များ ရှာဖွေရန်သာ ဖြစ်ကာ အစိုးရတရပ်ကဲ့သို့ ဆုံးဖြတ် ချက် များ ချမှတ်ရန် မဟုတ်ပေ။ အကြောင်း မှာ ဒေါ်အောင်ဆန်း...

ဘင်္ဂါလီလူမျိုး (၈၀) နီးပါးခန့်အား မြိတ်မြို့တွင် ဒုတိယ အကြိမ် ထပ်မံ ဖမ်းဆီးရမိ

Posted by drmyochit Wednesday, March 20, 2013, under | No comments

ဘင်္ဂလာဒေ့်ရှ် နိုင်ငံမှ တရားမ၀င် ခိုးဝင် လာသော ဘင်္ဂါလီ လူမျိုး (၇၈) ဦးအား ပြည်သူ များ၏ သတင်းပေး မှု၊ အုပ်ချုပ်ရေး အဖွဲ့ အစည်း များ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နှင့် တပ်မတော်(ရေ) ၊ တပ်မတော် (ကြည်း) တို့၏ ပူးပေါင်း ရှာဖွေ ဖမ်းဆီး မှုကြောင့် ၂၀၁၃ ခုနှစ်၊ မတ်လ (၁၇) ရက်နေ့နေ့ (၁၉) ရက်နေ့များတွင် မြိတ်မြို့ နယ် အတွင်း ထပ်မံ ဖမ်းဆီး ရမိကြောင်း သိရှိရသည်။ ဖြစ်စဉ်မှာ မတ်လ (၁၇) ရက်နေ့ နံနက်ပိုင်းတွင် မြိတ်မြို့ စန္ဒ၀တ်ကျေးရွာအုပ်စု ကွမ်းသီးချောင်းကျေးရွာ အနီး ချောင်းအတွင်း...

မကြာမီလာမည့် ထောင်ဂဏန်းဖုန်း မည်သို့ ရောင်းချပေးမည်ဆိုသည်ကို ဆက်သွယ်ရေးပင် မသိသေး

Posted by drmyochit Wednesday, March 20, 2013, under | No comments

ဧပြီလ ၁ ရက်၌ စတင်၍ အထူးနှုန်းဖြင့် ချထားပေး မည့် ဖုန်းများအား မည်သို့ရောင်း ချပေးမည် ဆိုသည် ကို ယနေ့ အချိန်အထိ မသိသေးကြောင်း မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ သိရသည်။  ''ဘယ်လို ပုံစံနဲ့ ရောင်းပေးမယ် ဆိုတာကို ဘာမှ ညွှန်ကြား စာ မလာသေး ဘူး။ အထက် လူကြီးတွေ ဆုံးဖြတ် ပြီး မှသိ ရမှာပါ။ လူတစ်ယောက်ကို တစ်လုံးပဲ ရောင်း မလား၊ လိုသ လောက်ရောင်း မလား ဆိုတာ မသိဘူး။ ကျွန်တော် တို့ကတော့ အထက်က ခိုင်းတာပဲ လုပ်ရတာပါ''ဟု မြန်မာ့ ဆက်သွယ်ရေး မှ အရာရှိတစ်ဦးက ပြော သည်။  သမ္မတ...

ကချင်တွင် ကလေးစစ်သားများ သုံးနေကြောင်း ABSDF မှ ဗီဒီယို ဖြင့် ထုတ်ဖော် ပြသ

Posted by drmyochit Wednesday, March 20, 2013, under | No comments

မြန်မာ မီဒီယာနှင့် ငြိမ်းချမ်းရေး ဆိုသည့်လ လမ်းလျှောက် အဖွဲ့များ ပါးစပ် ပိတ် နေသောကြောင့် မလွတ် လပ် နိုင်သော ကလေး စစ်သားများ  ကလေး စစ်သားများ မြန်မာနိုင်ငံတွင် အသုံးပြု နေကြောင်း နိုင်ငံတကာ အဖွဲ့ အစည်းများ၊ ကလေးငယ် အခွင့် အရေး ကာကွယ် သူများ၊ လူ့ အခွင့် အရေး လှုပ်ရှား သူများက မကြာခဏ ပြစ်တင် ဝေဖန် မှုများ ရှိခဲ့ သည်...  ယခုအခါ အဆိုပါစွပ်စွဲချက်များ မှန်ကန်ကြောင်း ABSDF မြောက်ပိုင်းမှ ဗိုလ်မှူးမင်းဌေးက သက်သေ အထောက် အထားများဖြင့်...

အစာအိမ်သွေးကြောပေါက်ပြီး ဆေးရုံပေါ်ရောက်သွားတဲ့ နန်းဆုရတီစိုး

Posted by drmyochit Wednesday, March 20, 2013, under | No comments

အရင်က အစာအိမ် ရောဂါခံစားခဲ့ရဘူးတဲ့ နန်းဆု ရတီစိုးဟာ လက်ရှိ အချိန်မှာ အစာအိမ် သွေးကြော လေး တစ်ခု ပေါက်ပြီး ပါရမီ ဆေးရုံပေါ်ကို တက်ရောက် ကု သမှု ခံယူေ နရပါတယ်။ သူမရဲ့ အခြေ အနေနဲ့ ပက်သက်ပြီး စိုးရိမ် ပူပင်နေတဲ့ မိခင်ဖြစ် သူကလည်း ဆရာဝန်တွေရဲ့ ပြောစကား အရ ဗိုက်ထဲက သွေးကြော တစ်ခု ပေါက်သွား တဲ့အတွက် သွေးတွေ ဗိုက်ထဲမှာ ထွက်နေ တာကြောင့် ခွဲစိတ် ကုသရမယ်လို့ ပြောပါ တယ်။ ဟိုး အရင်က Presenter လုပ်နေစဉ်ကလည်း ဗိုက်အောင့်တယ်ဆိုပြီး စင်ပေါ်က ပြေးဆင်း လာခဲ့ဖူးတဲ့...

လိုင်းကားပေါ် မီးဖွားတဲ့ ထိုင်းနိုင်ငံရောက်မြန်မာမိန်းကလေး

Posted by drmyochit Wednesday, March 20, 2013, under | No comments

ထိုင်းနိုင်ငံရောက် ကိုယ်ဝန်ဆောင် မြန်မာအမျိုးသမီးတဦး မနေ့က ခရီးသွားရင်း လိုင်းကားပေါ်မှာ ကလေးမွေး ဖွားခဲ့တယ်လို့ ထိုင်း သတင်းတွေမှာ ဖော်ပြထားကြပါတယ်။ မနေ့က ညနေပိုင်းမှာ ထိုင်းနိုင်ငံတောင်ပိုင်း စတူးမြို့နယ်ကနေ ဘန်ကောက်ကို သွားတဲ့လမ်းမှာပါ တဲ့။ ကိုယ်ဝန်ဆောင် ဗိုက်နာတော့ လိုင်းကား လမ်းဘေးရပ်၊ ဖုန်းဆက်ခေါ်ထားတဲ့ အရေးပေါ်ဌာန၀န်ထမ်းတွေ မကြာခင် ရောက်လာပြီး မွေးပေးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။  မွေးလာတဲ့ သမီးကလေးရော၊ အသက် ၂၅ နှစ်အရွယ် မိခင်ပါ...

လက်ပံတောင်းတောင် ဖြစ်ရပ်သည် တိုင်းရင်းသားများအတွက် သင်ခန်းစာ

Posted by drmyochit Wednesday, March 20, 2013, under | No comments

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနယ်မြေသို့ ဒေါ်အောင် ဆန်းစုကြည် သွားရောက်လေ့လာစဉ် ဝမ်ပေါင် ကုမ္ပဏီမှ တာဝန် ရှိသူ များက လာရောက်ကြို ဆိုခဲ့သည် (Photo -EPA) ချင်းမိုင်၊ မတ် ၁၉ လက်ပံတောင်းတောင် ကြေးနီ စီမံကိန်း စုံစမ်း စစ်ဆေးရေး ကော်မရှင် အစီရင် ခံစာ ထုတ်ပြန် အပြီး နောက်ဆက် တွဲဖြစ်ပေါ်ခဲ့သော ဖြစ်ရပ် များမှ တိုင်းရင်းသားဒေသများအတွက် သင်ခန်း စာယူနိုင်ကြောင်း တိုင်းရင်းသား အဖွဲ့ အစည်း များက ပြော သည်။ သယံဇာ တကကို အခြေခံသော လုပ်ငန်းများ တိုင်းရင်းသားဒေသ...

ဟန်ဝင်းအောင် ဖြေကြည့်ပါ

Posted by drmyochit Wednesday, March 20, 2013, under | No comments

၂၀၁၃ မတ်လ ၁၃ ရက်နေ့ ည ၁၁ နာရီကျော် လောက် က သပိတ် စခန်းတွေကို ရဲတွေဝင် စီးနေ ပါပြီ၊ ဒေါ်စု စကား နားမထောင်လို့  ရိုက်တာလို့ ပြောပြီး ရိုက်နှက်နေပါပြီ ဆိုပြီး သတင်း သမားတွေ ကို ခေါ် တာတွေ၊ အွန်လိုင်းပေါ်တင်တာတွေ နောက် ဆည်း တည်းရွာမှာ သတင်းသမားတွေနဲ့  လူ ထု ကို ရန်တိုက်ပေးတာတွေကို ဘယ် လိုဖြေ မ လဲ...... ဒါဖြင့် မင်းကကောတွေ့ဖို့ မကြိုးစားဘူးလား။ ခင်ဗျားတို့ မေးနိုင် ပါတယ်။ မကြိုးစားဘူး။ ဘာကြောင့်လဲဆိုတော့ ကိုဗထူးနဲ့ ပထမဦးဆုံးဖြစ်စဉ်မှာ အန်တီ လာတာက ရန်ကုန်ကလူတွေနဲ့...

တော်ရုံအဆင့်နဲ့ Miss Myanmar ပြိုင်ပွဲ ၀င်မပြိုင်သင့်ကြောင်း နန်းခင်ဇေယျာပြော

Posted by drmyochit Wednesday, March 20, 2013, under | No comments

မကြာခင်က ပြီးဆုံးသွားတဲ့ Miss Myanmar ပြိုင်ပွဲနဲ့ ပက်သက်ပြီး မြန်မာ ဆိုတာ ကမ္ဘာသိစေရမယ်ဆိုပြီး တစ်ကိုယ်တော် အစွမ်းပြခဲ့တဲ့ ပြည်သူ့ အချစ်တော နန်းခင်ဇေယျာခင်ကို ဘယ်လို သုံးသပ်မိ လဲဆိုပြီး ချဉ်း ကပ် ခဲ့ပါတယ်။ နန်းခင်ဇေယျာခင်က ယှဉ်ပြိုင်မှု ပိုကောင်း လာတဲ့ ပြိုင်ပွဲ တစ်ရပ်လို့ ယူဆထားပြီး ပြိုင်ပွဲဝင် မိန်းခလေး တောတော်များများက စကားပြော တာတွေ နားမ လည်တဲ့ အပြင် ပြည် တွင်း ဗဟုသုတကို မေးမြန်း တဲ့အခါမှာ သိရှိခြင်း မရှိ တာကြောင့် တော်တော်များများ အဆင်မပြေဘူးလို့...

အမှတ် ၁၄ စစ်လေ့ကျင့်ရေးကျောင်းကိစ္စ အစိုးရအနေနဲ့ ဒေသခံတွေရဲ့ တောင်းဆိုချက်အပေါ် ကျေနပ်လောက်တဲ့ ဖြေရှင်းချက် မပေးနိုင်သေး

Posted by drmyochit Wednesday, March 20, 2013, under | No comments

အမှတ် ၁၄ စစ်ရေးလေ့ကျင့်ရေးကျောင်း တည် ဆောက်နေ မှုတွေနဲ့ ပတ်သက်လို့ လူထုတွေ ကြုံတွေ့ နေကြ ရတဲ့ ဒုက္ခတွေ၊ ပြဿနာတွေ၊ တောင်း ဆို ချက်တွေကို နိုင်ငံတော် သမ္မတထံနှင့် ပြည်နယ် အစိုးရထံ တင်ပြထား သော်လည်း ယခု အချိန် ထိ တောင်းဆိုထားချက်တွေကို ကျေ နပ်လောက် တဲ့ ဖြေရှင်းချက်တွေ မပေးသေးဘူးလို့ ဆရာ သဲရယ်က ပြောပါတယ်။ "ကျနော်တို့ရဲ့ လူထုတွေကို ခံစားနေရတဲ့ ဒုက္ခတွေ ကို ကြုံတွေ့နေ ရတဲ့ ပြဿနာတွေကို အရင်ကတည်းက တင်ပြပြီးဖြစ်တယ်။ အခုလည်း တကယ် တွေ့ကြုံနေ ရတယ်။ တင်ပြထားတဲ့...

သိုင်းလောကမှအပြန် နိုင်ငံရေးလောကထဲ ၀င်ရောက်လာသည့် ဂျက်ကီချန်း

Posted by drmyochit Wednesday, March 20, 2013, under | No comments

ဟောင်ကောင်နှင့် တရုတ်နိုင်ငံတို့ အကြား စည်းလုံး ညီညွတ် မှု ရှိစေရန် ရည်ရွယ်၍ ယခု သီတင်းပတ်တွင် ဟောင်ကောင် အက်ရှင်မင်းသား ဂျက်ကီချန်းသည် တရုတ်နိုင်ငံ၏ နိုင်ငံရေးဆိုင်ရာ အကြံပေး အဖွဲ့သို့ ၀င်ရောက် ခဲ့သည်။ ဂျက်ကီချန်းသည် ကမ္ဘာကျော် မင်းသားဖြစ်ပြီး ဟောင်ကောင်နှင့် တရုတ်တွင် အာမခံ ပရိ သတ် ရထားသူ ဖြစ်သည့် အတွက် ဟောင်ကောင်နှင့် တရုတ်နိုင်ငံ အကြား ဆက်ဆံရေး တိုးမြှင့်ရာတွင် အထောက် အကူ ဖြစ်နိုင်သောကြောင့် ဂျက်ကီချန်းကို တရုတ်ပြည်သူ့ နိုင်ငံရေးဆိုင်ရာ အတိုင်အပင်ခံ ညီလာခံ...

စာနယ်ဇင်းဆိုတာ ပေါင်းကူးတံတားလို့ ဆိုလာတဲ့ ဆုပန်ထွာ

Posted by drmyochit Wednesday, March 20, 2013, under | No comments

သရုပ်ဆောင် အနုပညာမှာ ပရိသတ်ရဲ့ လက်ခံ အားပေးမှုကို ရရှိထားတဲ့ အပြင် ဂီတ ဖက်မှာလည်း “မတည့် အတူနေ” စီးရီးနဲ့အတူ ပရိသတ်တွေရဲ့ မေတ္တာကို ထပ်မံ ရရှိခဲ့တဲ့ ဆုပန်ထွာက ဒုတိယမြောက် စီးရီးအတွက် ပြင်ဆင်မှုတွေ ပြုလုပ်နေပြီး တစ်ဝက်နီးပါး အချောသတ်ပြီး နေပြီလို့ ဆိုပါတယ်။ ပရိုမိုးရှင်း ပွဲတွေမှာ အင်တာဗျူး သူတွေနဲ့ ကြုံတွေ့တဲ့အခါ ဆုပန်ထွာက ဘာမှ မဖြစ်တဲ့အပြင် ရှောင်စရာလည်း မလိုဘူး လို့ ပြောပါတယ်။ စာနယ်ဇင်း ဆိုတာ အနုပညာ သမားတစ်ယောက်ရဲ့ ပရိသတ်ကြား မှာ ပေါင်းကူး တံတား...

ဘုရားသုံးဆူရှိ တပ်ကုန်းနေ လူထုများ နေရာမှထွက်ပေးရန် သတိပေးခံရ

Posted by drmyochit Wednesday, March 20, 2013, under | No comments

ကရင်ပြည်နယ်၊ ဘုရားသုံးဆူမြို့ရှိ အစိုးရစစ်တပ်ပိုင် တပ်ကုန်း တွင် အခြေချ နေထိုင်ကြသူများကို လက်ရှိနေ ရာမှ ထွက်ခွာသွား ကြရန် အရှေ့တောင်တိုင်းဗျူဟာနှင့် မြို့ခံ အာဏာ ပိုင်များက သတိပေးခဲ့သကြောင်း သိရ သည်။ မတ်လ ၁၇ ရက်နေ့က တပ်ကုန်းရှိ လူထုအားလုံး၏ ကိုယ် စား ဦးစိုင်း ယု၊ မခင်မျိုးဝင်းနှင့် မမြင့်သန်းတို့ကို ညနေ ၄ နာရီကျော်မှ ၅ နာရီခွဲအထိ ဘုရားသုံးဆူမြို့၊ (မရက) ရုံးတွင် အဆိုပါ တာဝန်ရှိသူများမှ ခေါ်ယူ သတိပေး ခဲ့ခြင်းဖြစ် သည်ဟု တပ်ကုန်းတွင် အခြေချနေထိုင်သူ...

တရုတ်နိုင်ငံသားနှင့် လက်ထပ်ရန် သွေးဆောင်သူများအား အရေးယူ

Posted by drmyochit Wednesday, March 20, 2013, under | No comments

တရုတ်နိုင်ငံသားနှင့် လက်ထပ်ရန် အတွက် ရွာထဲတွင် လှည့်လည် သွေးဆောင် နေသူ များအား လူကုန် ကူးမှု တားဆီး ကာကွယ်ရေး ဥပဒေဖြင့် အရေးယူ ထားကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ သတင်း ထုတ်ပြန် ချက် အရ သိရသည်။ ဖြစ်စဉ်မှာ မတ်လ ၁၂ ရက် ညနေ ၃ နာရီ ၁၅ မိနစ်တွင် ရှမ်းပြည်နယ်၊ လားရှိုးမြို့နယ်၊ မန်အိုင်ကျေးရွာ အုပ်စု၊ နမ့်စမ်ကျေးရွာတွင် တစ်ခုလပ်/အပျိုများမှ တရုတ်နိုင်ငံသားများအား ယူမည့်သူရှိပါက တင့်တောင်း တင့်တယ် တောင်းရမ်းယူမည်ဟု လှည့်လည်ပြောဆိုနေသူ လားရှိုးမြို့၊ ၁၂ ရပ်ကွက်၊ နယ်မြေ (၁၇) နေ မအေး ရင် (ခ) မအားလျှံ (၄၃) နှစ်နှင့် လားရှိုးမြို့နယ်၊ မန်အိုင်ကျေးရွာနေ ဒေါ်အေးဖြစ်...

ပဲခူးတိုင်း မင်းလှမြို့နယ်မှ မျက်နှာဖုံးစွပ် လူသတ်သမား

Posted by drmyochit Wednesday, March 20, 2013, under | No comments

ပဲခူးတိုင်း မင်းလှမြို့နယ် ကန်သာယာကျေးရွာအုပ်စု အနောက် စုကျေး ရွာမှာ နေထိုင်သူ ဦးဖိုးကြွယ် ဆိုသူကို မျက်နှာဖုံးစွပ်ထားတဲ့ လူ ၃ ဦးကအိမ်ပေါ် တက် လုပ်ကြံသတ်ဖြတ်မှု နဲ့ပတ်သက်ပြီး ဒေသခံတွေ စိုးရိမ်ပူ ပန်နေကြပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလက ဖြစ်ပွားခဲ့တဲ့ ဒီလူ သတ်မှုကို အာဏာပိုင်တွေဘက်က ယနေ့ အချိန် ထိ ဖမ်း ဆီး အရေး ယူနိုင်ခြင်း မရှိသေး တာကြောင့် အခုလို စိုးရိမ်ပူပန်နေကြတာပါ။ ဒါကြောင့် အာဏာ ပိုင်တွေ အနေနဲ့ ဒီ လူသတ် မှုကို အမြန်ဆုံ ဖော်ထုတ်ပေးဖို့...

အမေရိကန်ကို တိုက်ခိုက်မယ့် မြောက်ကိုရီးယားရဲ့ သရုပ်ပြဗွီဒီယို

Posted by drmyochit Wednesday, March 20, 2013, under | No comments

အမေရိကန် သမ္မတ အိမ်ဖြူတော်နဲ့ လွှတ်တော် အဆောက် အဦးကို တိုက်ခိုက်တာ ပါဝင်တဲ့ သရုပ်ပြ ဗွီဒီယိုကို မြောက်ကို ရီးယားက အင်္ဂါနေ့က ထုတ်လွှင့် ခဲ့ပါတယ်။ ဗွီဒီယို ထဲမှာ အမေရိကန် လွှတ်တော်ကို ဒုံးကျည်နဲ့ တိုက်ခိုက် ဖျက်ဆီး တာကို ပြသသလို၊ သမ္မတ အိမ်ဖြူတော်ကို ပစ်ခတ်ဖို့ ကွန်ပြူတာ စနစ်သုံးပြီး ချိန်ရွယ် ထားပုံကိုလည်း ပြသ ထား ပါတယ်။ ကုလ သမဂ္ဂ က မြောက်ကိုရီးယားကို သူ့ရဲ့ နောက်ဆုံး နျူကလီးယား စမ်းသပ်မှုတွေကြောင့် အရေးယူ ဒဏ်ခတ်မှု အသစ် ချမှတ်တာကို တုံ့ပြန်တဲ့အနေနဲ့ အမေရိကန်ပြည်ထောင်စုနဲ့ နျူကလီးယားစစ် ဆင်နွှဲ မယ်လို့ မြောက် ကိုရီးယား ဘက်က ခြိမ်းခြောက် ခဲ့ပါတယ်။ ဒါ့အပြင်...

အီရတ်မှာ တိုက်ခိုက် မှုကြောင့် လူအများ သေဆုံး

Posted by drmyochit Wednesday, March 20, 2013, under | No comments

Photo: မဟာမိတ် တပ်ဖွဲ့တွေ ဝင်တိုက် ခဲ့တဲ့ ၁၀ နှစ် မြောက် နှစ်ပတ်လည်မှာ တိုက်ခိုက်မှုတွေ ဖြစ်ခဲ့ အီရတ် နိုင်ငံ ဘဂ်ဂဒက် မြို့တော် တခွင်မှာ အစီ အစဉ် တကျ ဗုံး ဖောက်ခွဲ မှုနဲ့ အသေခံ ဗုံးခွဲ တိုက်ခိုက် မှုတွေ ကြောင့် လူပေါင်း ၅၀ နီးပါး သေဆုံးပြီး နောက်ထပ် ၁၆၀ ကျော် ဒဏ်ရာ ရခဲ့ပါတယ်။ အီရတ် နိုင်ငံကို အမေရိကန် ဦးဆောင်တဲ့ ဝင်ရောက် တိုက်ခိုက်ခဲ့မှု ၁၀ နှစ်ပြည့် နှစ်ပတ်လည် အချိန်မှာ အကြမ်း နည်းနဲ့ တိုက် ခိုက်မှု တွေ ဖြစ်လာ ခဲ့တာပါ။ ဘယ် အဖွဲ့ ကမှ...

စလုံးမလေး ကို သွားဆွလို့ ကူညီချင်သူတွေ လက်စွမ်းပြ ခံလိုက်ရတဲ့ စင်္ကာပူရောက် အဖြူကောင်

Posted by drmyochit Wednesday, March 20, 2013, under | No comments

စင်္ကာပူတွင်တော့ အနောက်နိုင်ငံသားများကို ရွှေများမှ အဖြူကောင်ဟု တင်စားခေါ်ဝေါ်ကြသည်။ စင်္ကာ ပူ မလေးများ သည်လည်း ထိုအဖြူကောင်များကို အင်မတန် အထင်ကြီး၏။  တစ်နေ့သောအခါ မက်ဒေါ်နယ် စားသောက်ဆိုင်တစ်ခုတွင် သူငယ်ချင်းနှစ်ယောက် နှင့် အတူ ဆက်ဆီ တိုပြတ် အမျိုးသမီးကလေး မုန့်လာစားလေသည်။ မုန့်ယူရန် ကောင်တာသို့ အသွား အဖြူကောင်အနီးသို့ အဖြတ် ၄င်းမှ တို့ထိဖို့ ကြိုးစားသဖြင့် ကယ်ကြပါအုံး (Molest) ဟု စလုံးမလေးမှ အော်၏။  စလုံးမလေး အော်သံကြောင့် တစ်ခြားဝိုင်းမှ...

ရဲဝန်ထမ်းနှင့် အရပ်သားတို့ ထိုးကြိတ်ရာမှ အပြန်အလှန်တရားစွဲ

Posted by drmyochit Wednesday, March 20, 2013, under | No comments

ရန်ကုန်၊ မတ်- ၁၉ အနောက်ပိုင်း တက္ကသိုလ် ရဲကင်းမှ ရဲဝန်ထမ်း အပါအ၀င် သတင်းပေး လေးယောက် တို့နှင့် အရပ်သား သုံးဦး ထိုးကြိတ် ကြရာမှ ဆွဲကြိုးဖြတ် လုယက်မှု၊ တာဝန် ၀တ္တရား နှောင့်ယှက်မှု တို့ဖြင့် အပြန် အလှန် အမှုဖွင့် ထားကြ ကြောင်း သတင်း ရရှိသည်။ အရပ်သား လူငယ် ၃ ဦးသည် မတ် ၁၇ရက် ည ခုနှစ်နာရီခန့်က ထန်းတပင်မြို့နယ်မှ လှိုင်သာ ယာမြို့နယ် သို့ မိတ်ဆွေ များအား မော်တော် ဆိုင်ကယ်ဖြင့် ပြန်ပို့ အပြီး အနောက်ပိုင်း တက္ကသိုလ် အနီးတွင် ဆွဲကြိုး ဖြတ် လုယက်ခံ ရခြင်း ဖြစ်ကြောင်း အရပ်သား များဘက် ကပြောသည်။ “ကျွန်တော်တို့ ဆိုင်ကယ်ကို သူတို့တွေက ကျော်တက်တဲ့ အချိန်...

ချောင်းတူးဖော်မှု ဗန်းပြပြီး တရုတ်များ ရွှေဝင်တူး

Posted by drmyochit Wednesday, March 20, 2013, under | No comments

သောင်တူးဖော်နေစဉ် (ဓာတ်ပုံ – POM) ရှမ်းပြည် တာချီလိတ်ခရိုင် တာလေမြို့ရှိ တိမ်ကောလာသည့် နမ့်လင်း ချောင်းအတွင်း သဲတူး ဖော်မှုကို ဗန်းပြပြီး တရုတ်လူမျိုးများ တရားမ၀င် ရွှေ တူးဖော်ကြောင်း ဒေသ ခံများထံမှ သိရသည်။ မိုင်းလားဒေသ အခြေစိုက် လွိုင်လုံ သတ္တုတူးဖော်ရေး ကုမ္ပဏီက တိမ်ကောလာသည့် နမ့်လင်းချောင်း တူးဖော်ရန် အဆိုပါ တရုတ်လူမျိုးများကို ခေါ်ယူလာခြင်းဖြစ်ပြီး ရက်သတ္တနှစ်ပတ် နေထိုင်ခွင့်ရှိသည့် နိုင်ငံကူး လက်မှတ်ဖြင့် ၀င်ရောက်လာသူများ ဖြစ်ကြောင်း...

ထိုင်း-မြန်မာ နယ်စပ် ကလေးသူငယ် ကုန်ကူးမှု နှစ်စဉ် ၁၀၀ ကျော်ရှိ

Posted by drmyochit Wednesday, March 20, 2013, under | No comments

ထိုင်း-မြန်မာ နယ်စပ်တွင် မြန်မာ ကလေး သူငယ်များ ရောင်းစား ခံရ မှုနှုန်း မှာ မှတ်တမ်း တင်နိုင်သည့် စာရင်း များအရ တနှစ် လျှင် ၁၀၀ ကျော် ရှိနေဆဲဖြစ်ကြောင်း ကလေး လူကုန်ကူးမှု တားဆီးရေးအဖွဲ့ ဖြစ် သည့် Burma Anti Child Trafficking (Burma ACT) အဖွဲ့မှ သိရ သည်။ ထိုင်း အခြေစိုက် Burma ACT ဒုတိယ တာဝန်ခံ ဦးစောနေဦးက “ရောင်းစားခံရတဲ့ ကလေးတွေမှာ မိန်းကလေး က များ တယ်။ တချို့ ကလေးတွေ ကို မိဘတွေ ကိုယ်တိုင်က ရောင်း စားတာ။ တချို့က ကလေး ဗိုက်ထဲမှာ ကတည်းက ကြိုရောင်း...

ကရင်လူမျိုးတွေရှိနေသရွေ့ KNU ဆိုတာရှိနေမှာပဲ ငြိမ်းချမ်းရေးဟာအခုထက်ထိတော့ရှိနေတုန်းပဲ ဒါဟာနည်းစနစ်တစ်ခုအနေနဲ့လား ပရိယာယ်အနေနဲ့လားတော့မသိဘူးဟုဆိုသည့်စောကလူးထူး

Posted by drmyochit Wednesday, March 20, 2013, under | No comments

ကရင်ပြည်နယ် သံတောင် မြို့နယ် ဆာမူထော် (Hsa Mu Htaw)လူမှုအထောက်အကူပြု အဖွဲ့က သံထောင်ဒေ သ သံထောင် တုန်အတွင်း တိုင်းရင်း သားများ အတွက် ဒေသတွင်းကွန်ရက်ချိတ် ဆက်၍ ငြိမ်းချမ်းရေး ဖွံ့ဖြိုးတိုး တက်ရေးဆောင် ရွက်ရန် အတွက် အစည်းအဝေးကို(၁၈.၃.၂၀၁၂) ရက်မှ စတင်ကာ (၇)ရက်ကြာကျင်း ပမည်ဖြစ်ကြောင်း သိရှိ ရပါသည်။ သံတောင်မြို့နယ် ဒေသတွင်း ဆာမူထော် အသင်း ၏ ဒုဥက္ကဋ္ဌ ဖြစ်သူစော ကလူထူးကို နှစ်ပေါင်း (၆၀)ကျော်ကြာ စစ်ဘေးစစ် ဒဏ်ခံခဲ့ ရတဲ့ဒေသ အတွင်း ပြည် သူလူ ထုရဲ့အခြေ...

Pages 381234 »

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်