Wednesday, March 20, 2013

မကြာမီလာမည့် ထောင်ဂဏန်းဖုန်း မည်သို့ ရောင်းချပေးမည်ဆိုသည်ကို ဆက်သွယ်ရေးပင် မသိသေး

Posted by drmyochit Wednesday, March 20, 2013, under | No comments

ဧပြီလ ၁ ရက်၌ စတင်၍ အထူးနှုန်းဖြင့် ချထားပေး မည့် ဖုန်းများအား မည်သို့ရောင်း ချပေးမည် ဆိုသည် ကို ယနေ့ အချိန်အထိ မသိသေးကြောင်း မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ သိရသည်။ 

''ဘယ်လို ပုံစံနဲ့ ရောင်းပေးမယ် ဆိုတာကို ဘာမှ ညွှန်ကြား စာ မလာသေး ဘူး။ အထက် လူကြီးတွေ ဆုံးဖြတ် ပြီး မှသိ ရမှာပါ။ လူတစ်ယောက်ကို တစ်လုံးပဲ ရောင်း မလား၊ လိုသ လောက်ရောင်း မလား ဆိုတာ မသိဘူး။ ကျွန်တော် တို့ကတော့ အထက်က ခိုင်းတာပဲ လုပ်ရတာပါ''ဟု မြန်မာ့ ဆက်သွယ်ရေး မှ အရာရှိတစ်ဦးက ပြော သည်။ 

သမ္မတ ရုံးဝန်ကြီး ဦးစိုးသိန်းမှ ကျပ်ထောင် ဂဏန်း သာရှိမည့် နှုန်း ထားဖြင့် ဧပြီလ ၁ ရက်နေ့တွင် ဖုန်း များရောင်း ချပေးမည်ဟု ပြောကြား ထားသည်။ 

အဆိုပါ သတင်း များကြောင့် ဖုန်း ဝယ်ယူချင် သူအချို့မှ အလွယ်တကူ ဖုန်းဝယ် ယူခွင့် မရမည်ကို စိုးရိမ်နေ သည့် အပြင် တစ်ဆင့်ပြန်ရောင်း မည့် မိုဘိုင်း ဟန်းဆက် အရောင်း ဆိုင်များ မှာလည်း ရောင်းခွင့် မရမည်ကို အလား တူ စိုးရိမ်လျက်ရှိနေကြောင်း သိရသည်။ 

''သမဝါယမမှာ ဆန်၊ ဆီ ဝယ်ရသလို တန်းစီရမယ့်အခြေအနေ ထပ်ဖြစ်မယ် ထင်ပါတယ်။ ဒီတစ်ကြိမ် ဖုန်းဝ ယ်ရမှာ နှစ်သိန်းဖုန်းဝယ်ရသလို မျိုးထက် ပိုပြီးခက်ခဲမယ် ထင်တယ်။ မှောင်ခိုဈေးကွက်လည်း ရှိလာနိုင် တယ်။ ကျွန်တော်တို့သုံးချင်တဲ့ သူတွေကတော့ ဘယ်လိုပဲ တန်းစီပြီး ရောင်းပေး ပါစေ အလုံးရေမကန့် သတ်ဘဲ ရောင်းပေး စေချင်တယ်။ တန်းစီပြီး ဖုန်းဝယ် ရမယ့်အဖြစ်ကို ထပ်ပြီး မကြုံစေချင်ပါဘူး''ဟု မြောက် ဥက္ကလာပ မြို့နယ်မှ ကိုသိန်းသန်းဦးက ပြောသည်။ 

ယင်းအပြင် ပုဇွန်တောင်မြို့နယ် မှ Htoo မိုဘိုင်းဖုန်းဆိုင်ပိုင်ရှင်ကလည်း ဆင်းကတ်များအားဈေးနှုန်း မြှင့် တင်ရောင်း ရခြင်းမှာ ကတ်အလွယ်တကူ ဝယ်ယူနိုင်ခြင်း မရှိသည့် အတွက်ဖြစ်ကြောင်း အလွယ်တကူ ဝယ် ယူရောင်း ချခွင့် ရရှိမည်ဆိုပါက ဈေးနှုန်းမြှင့်တင် ရောင်းချကြမည် မဟုတ်ဟု ပြောသည်။ 


PN-052 
Popular Myanmar News Journal

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်