Wednesday, March 20, 2013

တီးတိန်မြို့နှင့် တမူးမြို့များတွင် အသက်၁၅နှစ်အထက်များကို “အ” သုံးလုံးသင်ပေးမည်

Posted by drmyochit Wednesday, March 20, 2013, under | No comments

ကလေး၊ မတ်၂၀။

ကလေး တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူ များက ပညာရေး ၀န်ကြီး ဌာန၏ အထူး စီမံချက်ဖြင့် ချင်းပြည် နယ်ရှိ တီးတိန် မြို့နှင့် တမူးမြို့ များတွင် “အ”သုံးလုံး သွားရောက် သင်ကြားပေးကြမည်ဟု ကလေး တက္ကသိုလ်မှ Dr.သက်နိုင်ဦး(Bio)၏ ပြောပြချက်အရ သိရှိရ သည်။

ဗမာစာ သည် ရုံးသုံး စာဖြစ်၍ ချင်းပြည်နယ်ရှိ တိုင်းရင်း သားများ ဗမာစာ၊ ဗမာစကား တတ်မြောက်စေရန် 
ရည်ရွယ် ချက်ဖြင့် “အ” သုံးလုံးသင်တန်းများ သင်ကြားပေးခြင်း ဖြစ်သည် ဟုကလေး တက္ကသိုလ်မှ ဆရာ သိန်း (ရုက္ခဗေဒ) က ပြောပြ ခဲ့ပါသည်။

" ကျွန်မ ကတော့ တီးတိန် ကိုလိုက်ဖို့ ဆန္ဒပြု ထားပါတယ်။ အဲဒီလို တောင်တန်း ဒေသတွေမှာ တိုင်းရင်း သားတွေ ကို အသုံးလုံး သင်ပေးဖို့ စိတ်ဝင် စားတယ်။ အတွေ့ အကြုံ လည်း ရချင်လို့ပါ။ (၁၅)နှစ် အထက်တွေ ကို သင်ပေးရ မယ်လို့ သိရပါတယ်။ အသုံးလုံးသင်သွားပေးမယ့် ဆရာတွေ အတွက် စားစ ရိတ်တွေကို ပညာရေးက တာဝန်ယူပေးတယ်လို့ ပြောပါတယ်။ ချင်းတိုင်းရင်းသားတွေက ဗမာစကားကို နားမ လည်တော့ သင်ပေးဖို့အခက်အခဲတွေတော့ ရှိနိုင်ပါတယ်။ ဒါပေမယ့် ဆရာတွေကလည်း ကျွန်မတို့ကို သင်ကြား နည်း ပုံစံတွေ သင်ပြထားတယ်။ ကိုယ်ကလည်း စေတနာထားပြီးကြိုးစား သင်ပေးသွားမှာပါ။ ဥပမာ- သူတို့ထဲမှာ ၀ တဲ့သူပါရင် သူ့ကို ထခိုင်းပြပြီး အဲဒါကို " ၀ "လို့ခေါ် တယ် ဆိုတာမျိုး သရုပ်ပြ သင်ပေး ရမှာပေါ့ " ဟု တီးတိန်မြို့သို့အသုံးလုံး သင်တန်းလိုက်သင် ပေးမည့် ရူပဗေဒကျောင်း သူ မစော သန္တာကပြောသည်။

ကလေးတက္ကသိုလ်မှ ကျောင်းသား၊ ကျောင်းသူ အရောက်(၄၈၀) သွားရောက် သင်ကြားပေးကြမည် ဖြစ်ပြီး သင်ပေးမည့် တက္ကသိုလ် ကျောင်းသူ/သားများကို နေပြည်တော် ပညာရေးအဖွဲ့မှ (၁၅.၃.၁၃)ရက်နေ့က ကလေး တက္ကသိုလ်တွင် သင်တန်းပေးခဲ့ကာ သင်ရိုးညွန်းတမ်းနှင့် စီဒီခွေများ ထုတ်ဝေခဲ့ပြီး ဖြစ်ကြောင်း သိရ သည်။

အဆိုပါ “အ” သုံးလုံး သင်ကြား ပေးခြင်းသည် ၄၅ရက် ကြာမြင့် မည်ဖြစ်ပြီး ယခုမတ်လ ၂၉ရက်နေ့တွင် တီးတိန်မြို့နှင့် တမူးမြို့တွင် “အ”သုံးလုံး သင်တန်းဖွင့်ပွဲကို တပြိုင်နက် ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရ သည်။

ကျော်သူစိုး(ကလေးမြို့)
ဓာတ်ပုံ - villagethar2011blogspot.com
From: The Myanma Age

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်