ဟောင်ကောင်နှင့် တရုတ်နိုင်ငံတို့ အကြား
စည်းလုံး ညီညွတ် မှု ရှိစေရန် ရည်ရွယ်၍ ယခု သီတင်းပတ်တွင် ဟောင်ကောင် အက်ရှင်မင်းသား
ဂျက်ကီချန်းသည် တရုတ်နိုင်ငံ၏ နိုင်ငံရေးဆိုင်ရာ အကြံပေး အဖွဲ့သို့ ၀င်ရောက် ခဲ့သည်။
ဂျက်ကီချန်းသည် ကမ္ဘာကျော် မင်းသားဖြစ်ပြီး ဟောင်ကောင်နှင့် တရုတ်တွင် အာမခံ ပရိ သတ်
ရထားသူ ဖြစ်သည့် အတွက် ဟောင်ကောင်နှင့် တရုတ်နိုင်ငံ အကြား ဆက်ဆံရေး တိုးမြှင့်ရာတွင်
အထောက် အကူ ဖြစ်နိုင်သောကြောင့် ဂျက်ကီချန်းကို တရုတ်ပြည်သူ့ နိုင်ငံရေးဆိုင်ရာ အတိုင်အပင်ခံ
ညီလာခံ တွင် တာဝန်ထမ်းဆောင်ရန် အတွက် ရွေးချယ် ခန့်အပ်ခဲ့ခြင်း ဖြစ်သည်။ အသက် ၅၈ နှစ် အရွယ် ရှိ
ဂျက်ကီ ချန်းသည် တရုတ်နိုင်ငံ၏ အဆင့်မြင့် နိုင်ငံရေးဆိုင်ရာ အကြံပေး အဖွဲ့သို့ ၀င်ရောက်
လိုက် သည့် အ တွက် တရုတ် အစိုးရ၏ အားပေးမှုများကို ခံနေရသော်လည်း တစ်ဖက်တွင်မူ ဟောင်ကောင်မှ
ဂျက်ကီ ချန်းအား အထင်အမြင် လွဲမှား မှုများနှင့် ရင်ဆိုင်နေရသည်ဟု သတင်းများ ကြားသိရသည်။
Myanmar Daily News
Time in Rangoon


0 comments:
Post a Comment