Wednesday, March 20, 2013

အစာအိမ်သွေးကြောပေါက်ပြီး ဆေးရုံပေါ်ရောက်သွားတဲ့ နန်းဆုရတီစိုး

Posted by drmyochit Wednesday, March 20, 2013, under | No comments


အရင်က အစာအိမ် ရောဂါခံစားခဲ့ရဘူးတဲ့ နန်းဆု ရတီစိုးဟာ လက်ရှိ အချိန်မှာ အစာအိမ် သွေးကြော လေး တစ်ခု ပေါက်ပြီး ပါရမီ ဆေးရုံပေါ်ကို တက်ရောက် ကု သမှု ခံယူေ နရပါတယ်။ သူမရဲ့ အခြေ အနေနဲ့ ပက်သက်ပြီး စိုးရိမ် ပူပင်နေတဲ့ မိခင်ဖြစ် သူကလည်း ဆရာဝန်တွေရဲ့ ပြောစကား အရ ဗိုက်ထဲက သွေးကြော တစ်ခု ပေါက်သွား တဲ့အတွက် သွေးတွေ ဗိုက်ထဲမှာ ထွက်နေ တာကြောင့် ခွဲစိတ် ကုသရမယ်လို့ ပြောပါ တယ်။ ဟိုး အရင်က Presenter လုပ်နေစဉ်ကလည်း ဗိုက်အောင့်တယ်ဆိုပြီး စင်ပေါ်က ပြေးဆင်း လာခဲ့ဖူးတဲ့ နန်းဆုရတီ စိုးဟာ ဆေးသောက်လိုက်ရုံနဲ့ သက်သာ ပျောက်ကင်းခဲ့ပေမယ့် အခုတော့ ဗိုက်က မခံ မရပ်နိုင်အောင် နာကျင်လာတာကြောင့် ပါရမီဆေးရုံကို ဖခင်ဖြစ်သူနဲ့ အစ်ကို ဖြစ်သူတို့က ပွေ့ချီ သယ်ဆောင် ခဲ့ရတဲ့အထိ အရေးပေါ် ဖြစ်ခဲ့ပါတယ်။ ကြော်ငြာတွေ၊ MTV တွေ ရိုက်ကူးဖို့ အစီအစဉ်တွေ ရှိနေတာ ကိုလည်း ကျန်းမာရေး ပြဿနာကြောင့် ရွှေ့ဆိုင်း လိုက်ရတယ်လို့ သိရပါတယ်။ နန်းဆုရတီစိုးက ဆီးဂိမ်းအား ကစားအတွက် ရိုက်ကူးမယ့် တီဗွီကြော်ငြာကိုလည်း ဒီရက်ပိုင်း အတွင်းမှာ လက်ခံထား တယ် လို့ သိရပါတယ်။

Myanmar Daily News

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်