Wednesday, March 20, 2013

ကချင်တွင် ကလေးစစ်သားများ သုံးနေကြောင်း ABSDF မှ ဗီဒီယို ဖြင့် ထုတ်ဖော် ပြသ

Posted by drmyochit Wednesday, March 20, 2013, under | No comments

မြန်မာ မီဒီယာနှင့် ငြိမ်းချမ်းရေး ဆိုသည့်လ လမ်းလျှောက် အဖွဲ့များ ပါးစပ် ပိတ် နေသောကြောင့် မလွတ် လပ် နိုင်သော ကလေး စစ်သားများ 

ကလေး စစ်သားများ မြန်မာနိုင်ငံတွင် အသုံးပြု နေကြောင်း နိုင်ငံတကာ အဖွဲ့ အစည်းများ၊ ကလေးငယ် အခွင့် အရေး ကာကွယ် သူများ၊ လူ့ အခွင့် အရေး လှုပ်ရှား သူများက မကြာခဏ ပြစ်တင် ဝေဖန် မှုများ ရှိခဲ့ သည်... 

ယခုအခါ အဆိုပါစွပ်စွဲချက်များ မှန်ကန်ကြောင်း ABSDF မြောက်ပိုင်းမှ ဗိုလ်မှူးမင်းဌေးက သက်သေ အထောက် အထားများဖြင့် အခိုင်အမာ ထုတ်ဖော်ဝန်ခံလိုက်သည်... 

ကလေးစစ်သားများမှာ မြန်မာအစိုးရစစ်တပ်တွင် အသုံးပြုနေခြင်းမဟုတ်ဘဲ အစိုးရအား လက်နက်ကိုင် ဆန့်ကျင်နေသည့် အဖွဲ့အစည်းများတွင် အသုံး ပြုနေခြင်းသာ ဖြစ်သည်... 

လတ်တလော ထွက်ပေါ်လာသော ဗီဒီယိုမှတ်တမ်းတွင် မင်းဌေးက အဆိုပါ သက်သေ အထောက်အထားများကို ဖော်ပြခဲ့ခြင်း ဖြစ်သည်... 

ဗီဒီယိုမှာ ငြိမ်းချမ်းရေးအတွက် လမ်းလျှောက်သူများ လိုင်ဇာသို့ ရောက်ရှိ သွားခဲ့ရာ..မြန်မာနိုင်ငံတွင် ထင် ရှားေ ကျာ်ကြားသည့် ဂီတပညာရှင် ကိုရဲလွင်က အောင်ဆန်းစိတ်ဓါတ် အမည်ရ သီချင်းကို တီးခတ်ေ ဖျာ်ဖြေ ခဲ့ခြင်းကို ရိုက်ကူးထားခြင်း ဖြစ်သည်... 

ယင်းဗီဒီယိုဖိုင်တွင် သီချင်းနားထောင်နေကြသော ကလေးစစ်သားအများ အပြား ပါဝင်နေ သည်....ယင်းဗီဒီယိုမှာ မြန်မာနိုင်ငံတွင် ကလေးစစ်သားများ သုံးစွဲမှုရှိနေသည်ကို တရားဝင် ၀န်ခံလိုက်ခြင်း ဖြစ်ပြီး သုံးစွဲနေသည်မှာလည်း အစိုးရကို ဆန့်ကျင်နေသည့် လက်နက်ကိုင်တပ်ဖွဲ့များ ဖြစ်နေကြောင်း အထင် အရှား တွေ့မြင်နိုင်သည်... 

(မင်းဌေး၏ ဖော်ထုတ်ချက်- https://www.facebook.com/photo.php?v=628751593808098&set=vb.100000197881048&type=2&theater) 
ပလေတို ဒီမို ဖော်ထုတ်သည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်