Wednesday, March 20, 2013

ဟန်ဝင်းအောင် ဖြေကြည့်ပါ

Posted by drmyochit Wednesday, March 20, 2013, under | No comments

၂၀၁၃ မတ်လ ၁၃ ရက်နေ့ ည ၁၁ နာရီကျော် လောက် က သပိတ် စခန်းတွေကို ရဲတွေဝင် စီးနေ ပါပြီ၊ ဒေါ်စု စကား နားမထောင်လို့  ရိုက်တာလို့ ပြောပြီး ရိုက်နှက်နေပါပြီ ဆိုပြီး သတင်း သမားတွေ ကို ခေါ် တာတွေ၊ အွန်လိုင်းပေါ်တင်တာတွေ နောက် ဆည်း တည်းရွာမှာ သတင်းသမားတွေနဲ့  လူ ထု ကို ရန်တိုက်ပေးတာတွေကို ဘယ် လိုဖြေ မ လဲ......

ဒါဖြင့် မင်းကကောတွေ့ဖို့ မကြိုးစားဘူးလား။ ခင်ဗျားတို့ မေးနိုင် ပါတယ်။ မကြိုးစားဘူး။ ဘာကြောင့်လဲဆိုတော့ ကိုဗထူးနဲ့ ပထမဦးဆုံးဖြစ်စဉ်မှာ အန်တီ လာတာက ရန်ကုန်ကလူတွေနဲ့ တွေ့ဖို့မဟုတ်ဘူး။ ဒေသခံတွေနဲ့ တွေ့ဖို့လာတာဆိုတဲ့စကား ရှိပြီး သားဖြစ် တဲ့အတွက် ဒေါ်အောင်ဆန်းစုကြည်ဟာ ဒေသခံပြည်သူလူထုအတွက်၊ ဒေသခံတွေရှင်းပြဖို့က အဓိကဖြစ် တယ် လို့ ဆိုတယ်.... ဗထူးကိုပြောတဲ့ စကားကြောင့် ဆိုပြီးလုံးမချပါနဲ့ ..... ဗထူးနဲ့ တွေ့ တာ ၁၄ ရက်နေ့  မနက် မှတွေ့ တာပါ..... အဲ့ဒါကိုကော ဘယ်လိုရှင်းမလဲ.....

AB ကတော့ မပြောလိုဘူး....... လက်ရှောင်တယ်..... မနေနိုင် သူ့ဟာသူ ရှင်းလိမ့်မယ်..... လူ့ဘောင် သစ်က မိုးသီးဇွန်ရဲ့ အဖွဲ့ဟောင်း...... ဒါဆိုရင် မိုးသီးဇွန်နဲ့ အဆက်အသွယ် မရှိပါဘူးဆိုပီး ဗျောင် လိမ်တယ်.....

နောက် လူ့ဘောင်သစ်ကနေ လှူတဲ့ အလှူငွေ ရတဲ့ဟာက မိုးသီးဇွန်နဲ့ ကင်းတယ်လို့ ရဲရဲတင်းတင်း ဖြေရဲ သလား........

၁၃ ရက်နေ့ ၁၄ ရက်နေ့က ကိစ္စတွေမှာ မသွဲ့ သွဲ့ ဝင်းမပါလို့ ဟန်ဝင်းအောင် ဝှက်မှေးရွာထဲ ဝင်သောင်း ကျန်း တဲ့ ကိစ္စ ကိုကော ဘယ်လိုဖြေရှင်းမလဲ..... လူတွေကို သွေးမဆူဆူအောင်လုပ်တာ၊ သွေးဆူနေတဲ့ လူတွေ ကို ကိုယ့်ဟာကိုယ် နိုင်အောင်မထိမ်းတာ၊ ဝမ်ပေါင်ရုံးရှေ့ မှာ ဟန်ဝင်းအောင် တပည့်တွေ မူးပြီး အော် တာ၊ ဆဲတာ ဆိုတာတွေကို ဘယ်လိုဖြေရှင်းမလဲ.......

ဟန်ဝင်းအောင် ဖြေကြည့်ပါ...... နိုင်ငံရေးအရ နာမည်သေဖို့ ဖြစ်လာလို့ ပြန်အဖတ်ဆယ်ဖို့ ကြိုးစားပေး မယ့် ခင်ဗျား လုပ်ခဲ့တာတွေက သမိုင်းတွေ ဖြစ်နေပြီ..... အခုမှ ဘွာတေး ခတ်လို့ မရတာကို ဘယ် လိုဖြေ ရှင်းမလဲ.........

From: Myanmar Express

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်