Wednesday, March 20, 2013

အီရတ်မှာ တိုက်ခိုက် မှုကြောင့် လူအများ သေဆုံး

Posted by drmyochit Wednesday, March 20, 2013, under | No comments



Photo: မဟာမိတ် တပ်ဖွဲ့တွေ ဝင်တိုက် ခဲ့တဲ့ ၁၀ နှစ် မြောက် နှစ်ပတ်လည်မှာ တိုက်ခိုက်မှုတွေ ဖြစ်ခဲ့

အီရတ် နိုင်ငံ ဘဂ်ဂဒက် မြို့တော် တခွင်မှာ အစီ အစဉ် တကျ ဗုံး ဖောက်ခွဲ မှုနဲ့ အသေခံ ဗုံးခွဲ တိုက်ခိုက် မှုတွေ ကြောင့် လူပေါင်း ၅၀ နီးပါး သေဆုံးပြီး နောက်ထပ် ၁၆၀ ကျော် ဒဏ်ရာ ရခဲ့ပါတယ်။

အီရတ် နိုင်ငံကို အမေရိကန် ဦးဆောင်တဲ့ ဝင်ရောက် တိုက်ခိုက်ခဲ့မှု ၁၀ နှစ်ပြည့် နှစ်ပတ်လည် အချိန်မှာ အကြမ်း နည်းနဲ့ တိုက် ခိုက်မှု တွေ ဖြစ်လာ ခဲ့တာပါ။

ဘယ် အဖွဲ့ ကမှ သူတို့ လက်ချက် ဖြစ်တယ် ဆိုတာ ထုတ်ဖော် ပြောဆိုခြင်း မရှိသေးပါဘူး။

ရှီယာ မွတ်ဆလင် တွေ ခေါင်းဆောင်တဲ့ အစိုးရကို မတည် မငြိမ် ဖြစ်အောင် အယ်လ် ကာအီးဒါးနဲ့ ဆက်နွယ် နေတဲ့ ဆူနီ သူပုန် အဖွဲ့ တစ်ဖွဲ့က အလားတူ တိုက်ခိုက်မှု တွေကို ပြုလုပ်ခဲ့ပါတယ်။

လုံခြုံရေး အခြေ အနေတွေကြောင့် လာမယ့် လမှာ ပြုလုပ်မယ့် ပြည်နယ် ရွေးကာက်ပွဲ တွေကို ပြည်နယ် နှစ်ခုမှာ နောက်ထပ် ခြောက်လ အထိ အစိုးရက ရွှေ့ဆိုင်းခဲ့ ပါတယ်။

BBC

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်