Wednesday, March 20, 2013

တော်ရုံအဆင့်နဲ့ Miss Myanmar ပြိုင်ပွဲ ၀င်မပြိုင်သင့်ကြောင်း နန်းခင်ဇေယျာပြော

Posted by drmyochit Wednesday, March 20, 2013, under | No comments


မကြာခင်က ပြီးဆုံးသွားတဲ့ Miss Myanmar ပြိုင်ပွဲနဲ့ ပက်သက်ပြီး မြန်မာ ဆိုတာ ကမ္ဘာသိစေရမယ်ဆိုပြီး တစ်ကိုယ်တော် အစွမ်းပြခဲ့တဲ့ ပြည်သူ့ အချစ်တော နန်းခင်ဇေယျာခင်ကို ဘယ်လို သုံးသပ်မိ လဲဆိုပြီး ချဉ်း ကပ် ခဲ့ပါတယ်။ နန်းခင်ဇေယျာခင်က ယှဉ်ပြိုင်မှု ပိုကောင်း လာတဲ့ ပြိုင်ပွဲ တစ်ရပ်လို့ ယူဆထားပြီး ပြိုင်ပွဲဝင် မိန်းခလေး တောတော်များများက စကားပြော တာတွေ နားမ လည်တဲ့ အပြင် ပြည် တွင်း ဗဟုသုတကို မေးမြန်း တဲ့အခါမှာ သိရှိခြင်း မရှိ တာကြောင့် တော်တော်များများ အဆင်မပြေဘူးလို့ ဆိုပါ တယ်။ Miss Myanmar ပြိုင်ပွဲဆိုတဲ့ ခေါင်းစဉ်ဟာ အရမ်း အရေးကြီး တာကြောင့် တော်ရုံ တန်ရုံ အရည် အချင်းနဲ့ ဆိုရင် ၀င်ပြိုင် လို့ မရဘူး ဆိုတာ သိစေချင်တယ်လို့လည်း ပြောခဲ့ ပါသေး တယ်။ တကယ်လို့ ၀င်ပြိုင်မယ်ဆိုရင် သေသေချာချာ အချိန်ယူပြီး မပြိုင်ခင် ကတည်းက စာတွေဖက်၊ လေ့လာမှုတွေ လုပ်ရမယ့်အပြင် ကိုယ့် ကိုကိုယ် တက် သိနားလည်ပြီး ယုံကြည်မှု ရှိပြီ ဆိုမှ ၀င်ရောက် ယှဉ်ပြိုင် သင့်တဲ့ ပြိုင်ပွဲ တစ်ပွဲ ဖြစ် တာကြောင့် စိတ်ဓာတ်ရော၊ စာပေရော၊ ဗဟု သုတရော  ပြည့်စုံနေရင် တစ်ချက်တည်းနဲ့ အောင်နိုင် ပါတယ် လို့ နန်းခင်ဇေယျာခင်က အကြံပြုသွားပါတယ်။ နန်းခင်ဇေယျာခင်ကို မြန်မာ လူငယ်တစ်ချို့ အားပေး လေးစား မှု ရှိပေမယ်လို့ ခုနောက်ပိုင်း မြန်မာ မိန်းခလေးများ ၀တ်စားဆင်ယင်မှု ပျက်စီးလာတာ နန်းခင်ဇေယျာကြောင့်လို့လည်း တစ်ချို့သောသူများက ဝေဖန်မှုများ ရှိနေသလို Blog နှင့် Facebook စာမျက်နှာ များတွင်လည်း ဝေဖန်မှု သတင်းများ ပျံ့နှံ့နေတာ ကိုလည်း တွေ့နေရပါတယ်။

Myanmar Daily News

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်