Wednesday, March 20, 2013

ပဲခူးတိုင်း မင်းလှမြို့နယ်မှ မျက်နှာဖုံးစွပ် လူသတ်သမား

Posted by drmyochit Wednesday, March 20, 2013, under | No comments

ပဲခူးတိုင်း မင်းလှမြို့နယ် ကန်သာယာကျေးရွာအုပ်စု အနောက် စုကျေး ရွာမှာ နေထိုင်သူ ဦးဖိုးကြွယ် ဆိုသူကို မျက်နှာဖုံးစွပ်ထားတဲ့ လူ ၃ ဦးကအိမ်ပေါ် တက် လုပ်ကြံသတ်ဖြတ်မှု နဲ့ပတ်သက်ပြီး ဒေသခံတွေ စိုးရိမ်ပူ ပန်နေကြပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလက ဖြစ်ပွားခဲ့တဲ့ ဒီလူ သတ်မှုကို အာဏာပိုင်တွေဘက်က ယနေ့ အချိန် ထိ ဖမ်း ဆီး အရေး ယူနိုင်ခြင်း မရှိသေး တာကြောင့်
အခုလို စိုးရိမ်ပူပန်နေကြတာပါ။

ဒါကြောင့် အာဏာ ပိုင်တွေ အနေနဲ့ ဒီ လူသတ် မှုကို အမြန်ဆုံ ဖော်ထုတ်ပေးဖို့ အသက် ခံရသူ ဦးဖိုးကြွယ်ရဲ့ မိသား စုဝင်တွေ နဲ့ ဒေသခံတွေက ဒီကနေ့ ၁၂း၃၀ နာရီမှာ ရန်ကုန်မြို့ ၃၆ လမ်း အလယ် ဘလောက် က မြန်မာသတင်းသမားများကွန်ယက် ရုံးခန်းမှာ သတင်းစာရှင်းလင်းပွဲပြုလုပ်ပြီး မေတ္တာရပ် ခံခဲ့ကြပါတယ်။

မွန်လွဲ ၂း၃၀ နာရီ အထိပြုလုပ်တဲ့ ဒီသတင်းစာရှင်းလင်းပွဲကို ပြည်တွင်းသတင်းမီဒီယာများမှ သ တင်းထောက် အယောက် ၂၀ ကျော် တက်ရောက် သတင်းယူခဲ့ကြပါတယ်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်