Wednesday, March 20, 2013

ကရင်လူမျိုးတွေရှိနေသရွေ့ KNU ဆိုတာရှိနေမှာပဲ ငြိမ်းချမ်းရေးဟာအခုထက်ထိတော့ရှိနေတုန်းပဲ ဒါဟာနည်းစနစ်တစ်ခုအနေနဲ့လား ပရိယာယ်အနေနဲ့လားတော့မသိဘူးဟုဆိုသည့်စောကလူးထူး

Posted by drmyochit Wednesday, March 20, 2013, under | No comments

ကရင်ပြည်နယ် သံတောင် မြို့နယ် ဆာမူထော် (Hsa Mu Htaw)လူမှုအထောက်အကူပြု အဖွဲ့က သံထောင်ဒေ သ သံထောင် တုန်အတွင်း တိုင်းရင်း သားများ အတွက် ဒေသတွင်းကွန်ရက်ချိတ် ဆက်၍ ငြိမ်းချမ်းရေး ဖွံ့ဖြိုးတိုး တက်ရေးဆောင် ရွက်ရန် အတွက် အစည်းအဝေးကို(၁၈.၃.၂၀၁၂) ရက်မှ စတင်ကာ (၇)ရက်ကြာကျင်း ပမည်ဖြစ်ကြောင်း သိရှိ ရပါသည်။

သံတောင်မြို့နယ် ဒေသတွင်း ဆာမူထော် အသင်း ၏ ဒုဥက္ကဋ္ဌ ဖြစ်သူစော ကလူထူးကို နှစ်ပေါင်း (၆၀)ကျော်ကြာ စစ်ဘေးစစ် ဒဏ်ခံခဲ့ ရတဲ့ဒေသ အတွင်း ပြည် သူလူ ထုရဲ့အခြေ အနေ ငြိမ်းချမ်း ရေးဖွဲ့စည်းတိုးတက်ရေးအခြေ အနေများနှင့်ပတ်သက်၍ မေး မြန်းရာ တွင်-

““ငြိမ်းချမ်းရေးကို အဆင့်၎ ဆင့်ခွဲ ထားပြီးတော့ လုပ်ဆောင် ပါ တယ်။ ပထမအဆင့်က လူမှု အထောက် အကူပြု Capacity အပိုင်း ကိုမြှင့်တင်ပေးတယ်။ဒုတိယ က ဒေသတစ်ခုကို ၁၀ယောက်စီ ရွေးပြီးဒေသ သုံးခု အတွက် အယောက် ၃၀ကို လူထုကိုယ်စား လှယ်တွေက KNU တပ်မဟာမှူး တွေနဲ့ထပ်တွေ့မယ်။အခုအ ဆင့် သုံးထိရောက်လာပါပြီ။အဆင့်(၄) လုပ်ဆောင်ဖို့ကျန်ပါသေးတယ်။ ဒေသသုံးခုဆိုပေမဲ့လည်း သံတောင် ဒေသတစ် ခုလုံး ကိုပြော တာပါ။ ရွာ တွေ ပြည်သူတွေရဲ့ကိုယ်စားလှယ် အဖြစ် ကျွန်တော် တို့ရပ် တည်မယ်။ ခေါင်းစဉ်သုံးခုနဲ့ပြည်သူကိုယ်စား လှယ်တွေကိုချပြပြီးတင်ခိုင်းမယ်။

တချို့ ကိစ္စတွေကို KNU တပ်မဟာ(၂)ကနေဖြေရှင်းလို့ရ တာတွေရှိတယ်။ တချို့ကိစ္စကျ တော့ ဗဟို ဌာန ချုပ် ကပဲဖြေရှင်း တယ်။ဗဟိုဌာနချုပ်ပိုင်းကလည်း အစိုးရပိုင်းကိုတောင်းဆိုရမယ့် အရာတွေရှိပါတယ်။
အရင် တုန်း ကငြိမ်းချမ်းရေး ဖော်ဆောင်တဲ့နေရာမှာပျက်ပြယ် ခဲ့တာတွေအကြိမ်ကြိမ်ရှိခဲ့တယ်။

အခုငြိမ်းချမ်းရေးနဲ့ပတ်သက် ပြီးအပစ်အခတ်ရပ်စဲရေးပဲရှိပါ သေးတယ်။ တကယ်ပဲထာဝရ တည်တံ့ ခိုင်မြဲ တဲ့ငြိမ်း ချမ်းရေးကို လှမ်းချင်ပါတယ်။ ပြည်သူဘက် ကနေပြီးတော့ပေါ့နော်။

အစိုးရဘက်ပိုင်းကလည်း လွတ်လွတ်လပ်လပ်သွားလာလုပ် ကိုင်စားသောက်ခွင့်ပြုလာပါတယ်။ ငြိမ်း ချမ်းရေးနဲ့ ပတ်သက်ပြီးနည်း စနစ်အနေတစ်ခုနဲ့လား၊ပရိယာယ် လားမသိဘူး။ ဘာပဲဖြစ်ဖြစ် ပြည် သူတွေ သွားတဲ့လာ တဲ့အခါ အန္တ ရာယ်အဖြစ်အခုထိရှိနေသေးတဲ့ မိုင်းကိစ်္စတွေကိုလည်း ဗဟိုဌာန ချုပ်ကိုတင် သွားမယ်။ ဗဟိုဌာန ချုပ်ကလည်း စစ်အစိုးရဘက်က မိုင်းရှင်းလင်းရေး တောင်းဆိုဖို့တင် ပြသွား မှာဖြစ် တယ် လို့သိရပါတယ်။ KNU့ နဲ့ KNLA ဆိုပြီးရှိပါ တယ်။ KNLA ရှိရေးမရှိရေး ကရင်လူမျိုးတွေရှိနေသရွေ့ KNU ဆိုတာ ရှိနေ မှာပဲလေ။ အဲဒီတော့ KNU ရှိမှဖြစ်မှာ လေ။ ဒါကတော့ဖြစ်မှာ ကရင် လူမျိုးဆိုတာလည်း KNU ရှိဖြစ်မှာလေ။ ကျွန်တော်တို့ ကရင်လူမျိုးတွေတော့ မရှိမ ဖြစ်ဘူးလို့ပြောပေမဲ့ တခြား လူမျိုးတွေ ကျတော့ ဘယ်လိုထင် မလဲမပြောတတ်ဘူးဗျ။ KNU ရှိ ရင် KNLA ရှိရင်ပဲ စိတ်ထဲမှာ တစ်မျိုးဖြစ် တတ်ကြ လို့ ကျွန်တော် ဒီစကားပြော ရတာပါ””ဟု ဆိုပါ သည်။


စိုးဝင်းနိုင်
Hot News

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်