Sunday, September 09, 2012

(၇၃) နှစ်မြောက် ဆရာတော်ဦးဥတ္တမနေ့ ကို ရခိုင် ပြည်နယ် အနှံ့တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပ

Posted by drmyochit Sunday, September 09, 2012, under | No comments

ယနေ့ စက်တင်္ဘာလ ၉ ရက်နေ့တွင် ကျရောက်သည့်  ၇၃ နှစ်မြောက် မြန်မာ လွှတ်လပ်ရေး မီးရှူးတန်ဆောင် ဆရာတော် ဦးဥတ္တမနေ့ အခမ်းအနားကို ပြည်နယ် အစိုးရ အပါအ၀င် ရခိုင်ပြည်သူများက ရခိုင်ပြည်နယ် အနှံ့  အပြားတွင် အထူး  စည်ကား သိုက်မြိုက်စွာ ကျင်းပ ပြုလုပ်ခဲ့ကြသည်။   ယခုကဲ့သို့ စည်ကား သိုက်မြိုက်စွာ  ပြုလုပ် ကျင်းပကြခြင်းမှာ ဆရာတော် ဦးဥတ္တမနေ့အား ပြည်နယ် အစိုးရ ကိုယ်တိုင် ဦးစီးကျင်းပပြီး...

တောင်ပြုံးပွဲ ဓာတ်ပုံ အက်ဆေး

Posted by drmyochit Sunday, September 09, 2012, under | No comments

တောင်ပြုန်းပွဲသို့ နှစ်စဉ် ယခုလို လာကြပါတယ်။ ယခင်တုန်းကတော့ နွားလှည်းတွေနဲ့ တတန်းကြီး လာကြတာပါ။ ဓာတ်ပုံများ – ဂျေပိုင်/ဧရာဝတီ မန္တလေးမြောက်ဘက် မတ္တရာမြို့နယ်ထဲမှာ ရှိတဲ့ တောင်ပြုံးကျေးရွာက ဆုတောင်းပြည့်၊ ဆုတောင်းရ ဘုရား ပွဲတော် နဲ့ တောင်ပြုံးမင်းနှစ်ပါး ပွဲတော်ကို ၀ါခေါင်လဆန်း ၁ ရက် (၂၀၁၂ ခုနှစ် သြဂုတ်လ ၁၈ ရက်) နေ့က စပြီး ကျင်းပနေပါပြီ။ တောင်ပြံးပွဲတော်နဲ့ပတ်သက်ပြီး ဓာတ်ပုံ အက်ဆေးလေးကို တင်ပြပေးလိုက်ပါတယ်။ ဒီကလေးတွေက တောင်ပြုန်းပွဲ လာသူတွေ...

အမေရိကန် သမ္မတလောင်းတွေ အပြိုင်မဲဆွယ်

Posted by drmyochit Sunday, September 09, 2012, under | No comments

  ဖလော်ရီဒါပြည်နယ်၊ စိန့်ပီတာစဘက်မြို့မှာ မဲဆွယ်စည်းရုံးရေး ဆင်းနေတဲ့ အမေရိကန် သမ္မတ ဘရက်အိုဘားမား (စက်တင်ဘာလ ၈ ရက်၊ ၂၀၁၁) အမေရိကန် သမ္မတ ဘရက်အိုဘားမား နဲ့ သူ့ရဲ့ပြိုင်ဘက် မစ်ရွန်မနီ တို့ဟာ အဓိကပြိုင်ရမယ့် ပြည်နယ်တွေမှာ အပြိုင်မဲဆွယ် နေကြချိန်မှာ လူထုထောက်ခံမှု စစ်တမ်းတွေအရ သူမသာ ကိုယ်မသာ ဖြစ်နေကြပါသေးတယ်။ ဒီ သမ္မတလောင်း ပြိုင်ဘက် နှစ်ဦးဟာ သမ္မတ ရွေးကောက်ပွဲတွေ မတိုင်ခင် ဆက်ပြိုင်ပြီး မဲဆွယ်ကြဖို့ နှစ်လ အချိန်ရှိနေချိန်မှာ လက်ရှိသမ္မတ အိုဘားမား...

ဒီနိုင်ငံရဲ့ အရေးကိုတော့ စိတ်ဝင်စားတယ်

Posted by drmyochit Sunday, September 09, 2012, under | No comments

လွန်ခဲ့တဲ့ ၁၅ နှစ်ကတည်းက ဂန္ဓာရီဆိုတဲ့ တေးစီးရီးနဲ့ အမျိုးသမီး ရော့ခ်ကာတဦးအဖြစ် ဂီတလောကထဲ စတင်ဝင်ရောက်လာခဲ့တဲ့ အဆိုတော် သျှီဟာ ရော့ခ်သီချင်း တေးစီးရီးပေါင်း ၈ ခွေ ထွက်ရှိထားပြီး ဖြစ်ပါတယ်။ သူဟာ နိုင်ငံရေး လူမှုရေးဘက်တွေမှာလည်း အားတက်သရော ပါဝင်လုပ်ဆောင်လာခဲ့သူပါ။ ပြီးခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲ ကာလမှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီရဲ့ စည်းရုံးရေး ခရီးစဉ်တွေ၊ ဖျော်ဖြေပွဲတွေမှာ ပါဝင်ကူညီသီဆိုခဲ့လို့ ပြီးခဲ့တဲ့ သင်္ကြန်ကာလမှာလည်း အာဏာပိုင်တွေရဲ့...

ပဲခူးတိုင်းရေတာရှည်မြို့နယ်တွင်ထူးဆန်းသော လှေကြီး ပေါ်သောကြောင့် မလိုလားအပ်သော ပြဿနာများ ဖြစ်ပွားမည်ကို ဒေသခံများစိုးရိမ်နေကြ

Posted by drmyochit Sunday, September 09, 2012, under | No comments

  စက်တင်ဘာလ ၀၁၊ ၂၀၁၂ပဲခူး တိုင်း၊ ရေတာရှည်မြို့နယ်၊ လှည်းပွဲလေးကျေး ရွာတွင် ထူးခြားသော လှေတစ်စ င်း ပေါ်ပေါက် သောေ ကြာင့် ဒေ သ ပေါင်းစုံမှ လူများ လာရောက် ကြည့်ရှုကြရာ မလိုလားအပ်သော ပြဿ နာများ ဖြစ်ပွားမ ည်ကို ဒေသခံများက စိုးရိမ်နေကြသည်ဟု ရွာဦးကျောင်း ဆရာတော် ဦးကောဝိဒက သြဂုတ် ၂၃ ရက်တွင် မြန်မာအင်ဒီ ပဲန်ဒင့်သို့ ပြောသည်။ ယင်းလှေသည် လှည်းပွဲေ လး ကျေးရွာ မှ နှစ်ဖာလုံ ခန့် ဝေးေ သာ လုံးရမ်းေ ချာင်းစပ်တွင် သြဂုတ် ၁၉ ရက်တွင် တွေ့ရြှိ ခင်း ဖြစ်သည်။ လှည်းပွဲလေးရွာအနီးရှိ...

အနာဂတ် ပြည့်တန်ဆာလုပ်ငန်းကို ရိုဘော့များ သိမ်းပိုက်မည်

Posted by drmyochit Sunday, September 09, 2012, under | No comments

     မကြာတော့မည့်တစ်နေ့တွင် ပြည့်တန်ဆာများရဲ့ မြေအောက် အမှောင်လုပ်ငန်းများကို ရိုဘော့များက သိမ်းပိုက် သွားနိုင်ဖွယ် ရှိသည်ဟု သုတေသနပြုသူများက ယုံကြည်လာကြသည်။ ဩစတြေးလျ စီမံခန့်ခွဲမှု သုတေသန ပါမောက္ခ Ian Yeoman နှင့် လိင်မှုဗေဒပညာရှင် (sexologist) Michelle Mars တို့ နှစ်ဦးရဲ့ လေ့လာချက်အရ၊ ၂၀၅၀ ခုနှစ်တွင် မိန်းမပျက်ကဲ့သို့ ၀တ်စားပြုမူသော ရိုဘော့များသည် အမြတ်အစွန်းရမည့် လိင်လုပ်ငန်းတွေမှာ နေရာယူလာပြီး၊ ပုရိသအပေါင်းရဲ့ မျက်လုံးတွေ ကျွတ်ထွက်လုလု...

နှစ်ပေါင်း၂၆၀၀ကျော်ကဗုဒ္ဓအမွေအနှစ်တွေ တရုတ်ကုမ္မဏီကြေးနီထုတ်လုပ်မှုကြောင့် ပျက်ဆီး ပျောက်ကွယ် တော့မည်။

Posted by drmyochit Sunday, September 09, 2012, under | No comments

   နှစ်ပေါင်း၂၆၀၀ကျော်ကဗုဒ္ဓအမွေအနှစ်တွေ တရုတ်ကုမ္မဏီကြေးနီထုတ်လုပ်မှုကြောင့် ပျက်ဆီး ပျောက်ကွယ် တော့မည်။ အာဖဂန်နစ္စတန်နိုင်ငံ Mes Aynak ဒေသရှိ နှစ်ပေါင်း နှစ်ထောင်ကျော်က ဗုဒ္ဓရှင်မြတ်၏ ဓါတ်တော် မွေတော်တို့ဌာပနာထားရာ ရှေးဟောင်း ဘုရားကျောင်းတခုတွင် နိုင်ငံတကာ ရှေးဟောင်း သုတေသန ပညာရှင်တစုက မကြာမှီ ကာလာအတွင်းတွင် ဒေါ်လာသန်း ၁၀၀တန် တရုပ်ကြေးနီ ရှာဖွေထုတ်ရေး ကုမ္မဏီကြောင့် ပျက်စီး ဆုံးရှုံးတော့မည် ဖြစ်ကြောင်း၊ မပျက်စီးခင် ဗုဒ္ဓဘုရားရှင် ရှိစဉ်က...

မကျေနပ်မှုများကို သမ္မတရုံးဝက်ဆိုက်မှတဆင့် အွန်လိုင်းဖြင့် တိုင်ကြားနိုင်ပြီ ဟု သိရ

Posted by drmyochit Sunday, September 09, 2012, under | No comments

  နိုင်ငံတော် သမ္မတရုံး၏ အင်တာနက် စာမျက်နှာကို ပုံစံအသစ်ဖြင့် ယနေ့ပြန်လည် ဖေါ်ပြလိုက်ရာ တွင် ပြည်သူ့ အသံဟူသည့် ပြည်သူများ မကျေနပ်ချက်ကို နိုင်ငံတော် သမ္မတထံ အင်တာနက် အွန်လိုင်းမှတဆင့် တင်ပြ တိုင်ကြား နိုင်ပြီဖြစ်သည်။ ပြည်သူ့အသံ ဟအမည်ပေးထားသည့် ကဏ္ဍတွင် တိုင်ကြားမည့်သူအနေဖြင့် အမည်၊ နေရပ်လိပ်စာ၊ မှတ်ပုံတင်အမှတ်နှင့် နေရပ်လိပ်စာကိုပါ တိုင်ကြားစာနှင့် အတူဖြည့်သွင်းရမည်ဖြစ်သည်။ ယခုအခါ လယ်မြေသိမ်းခံရသည့် ကိစ္စ၊ အလုပ်သမား...

သမီးကိုပြန်ပေးဆွဲပြီး ဖခင်ဖြစ်သူကို သတ်မည်ဆိုကာ ခြိမ်းခြောက်ငွေတောင်းခံမှုတစ်ခု စမ်းချောင်းမြို့နယ်တွင် ဖမ်းဆီးရမိ

Posted by drmyochit Sunday, September 09, 2012, under | No comments

  တူမဖြစ်သူ၏ သူငယ်ချင်းက နိုင်ငံတော်သမ္မတရုံးမှ ဗိုလ်မှူးတစ်ဦးဟု လိမ်လည်လျက် သမီးငယ် အား ပြန်ပေး ဆွဲပြီး ဖခင်ဖြစ်သူအား သတ်မည်ဟု ခြိမ်းခြောက် ငွေတောင်းသော မှုခင်းတစ်ခု ရန်ကုန် တိုင်း ဒေ သကြီး စမ်းချောင်းမြို့နယ်တွင် ပြီးခဲ့သည့် သြဂုတ် ၃ဝရက်က ဖြစ်ပွားခဲ့သည်။ ဖြစ်စဉ်မှာ ရန်ကုန် တိုင်း ဒေသကြီး စမ်းချောင်းမြို့နယ် သီရိခေမာရပ်ကွက် ခတ္တာလမ်း အမှတ်(၃၉)နေ ဦးမိုးနိုင်၏ လက်ကိုင် ဖုန်းသို့ နိုင်ငံတော် သမ္မတရုံးမှ ဗိုလ်မှူးဝင်းနိုင်ဆိုသူက ဦးမိုးနိုင်၏ အိမ်ဖော်ထံမှ...

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ နိုင်ငံတကာ စာတတ်မြောက်ရေးနေ့ သဝဏ်လွှာ

Posted by drmyochit Sunday, September 09, 2012, under | No comments

From : ခေတ်လူငယ်စာတတ်မြောက်ခြင်းသည် အမျိုးသားနှင့် အမျိုးသမီးများအား ကမ္ဘာလောကကြီးကို ပိုမိုနားလည်ပြီး မိမိဆန္ဒရည်မှန်းချက်များနှင့် ကိုက်ညီအောင် ပုံဖော်နိုင်စွမ်း ရှိစေပါသည်။ စာတတ်မြောက်ခြင်းသည် လူတစ်ဦးချင်းစီ၏ ဂုဏ်သိက္ခာနှင့် ကြံ့ခိုင်ဖွံ့ဖြိုးသော လူ့အဖွဲ့အစည်းအတွက် အဓိက အရင်းအမြစ်လည်း ဖြစ်ပါသည်။ နိုင်ငံတကာ စာတတ်မြောက်ရေးနေ့သည် စာတတ်မြောက်ရေး လုပ်ငန်းအား အင်တိုက်အားတိုက် ဆောင်ရွက်နေကြမှုများကို ဂုဏ်ပြုသည့်နေ့ဖြစ်သည်။ ယခုနှစ် နောက်ဆုံးဖြစ်သည့် ကုလသမဂ္ဂ စာတတ်မြောက်ရေး ဆယ်စုနှစ်ကာလအတွင်း စာတတ်မြောက်ရေး လုပ်ငန်းများကို အရှိန်အဟုန်ဖြင့် လျှင်မြန်စွာ ဆောင်ရွက်ခဲ့ပါသည်။...

မိုးညှင်းခရိုင်အတွင်း တိုက်ပွဲများပြင်းပြင်းထန်ထန်ဖြစ်ပွားနေ

Posted by drmyochit Sunday, September 09, 2012, under | No comments

From- သစ်ထူးလွင် ကချင်ပြည်နယ် မိုးညှင်းခရိုင် အတွင်း၌ မြန်မာ့ တပ်မတော်နှင့် KIA စစ်တပ်တို့ တိုက်ပွဲများ ပြင်းပြင်းထန်ထန်   ဖြစ်ပွားလျှက် ရှိကြောင်း ဒေသခံများထံက သိရှိရသည်။“(၆) ရက်နေ့ ညနေ (၆) နာရီ ၀န်းကျင်လောက် ကစပြီး မော်ဟန်ကျေး ရွာနဲ့ (၂)မိုင်အကွာလောက်မှာ အစိုးရ စစ်တပ်တွေနဲ့ KIA စစ်တပ်တွေ တိုက်နေကြတာ။ ညရောက်တဲ့အထိ ပစ်ခတ်သံတွေ ကြားနေရတုန်းပဲ” ဟု မော်ဟန်ကျေးရွာမှ ဒေသခံတစ်ဦးက ပြောသည်။ ပစ်ခတ်မှုဖြစ်ပွားရာနေရာသည် ဒေသခံပြည်သူများနှင့်...

ရန်ကုန်လျှပ်စစ်ပေးဝေရေး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ စတင်ဝင်ရောက်

Posted by drmyochit Sunday, September 09, 2012, under | No comments

From : ခေတ်လူငယ်လျှပ်စစ်မီး လုံလောက်စွာ ပေးဝေနိုင်ရေးအတွက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဝင်ရောက် လုပ်ကိုင်ခွင့်ပြုနေသော ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အား ပေးဝေရေးကဏ္ဍတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ တောင်ကိုရီးယားနိုင်ငံ၊ ထိုင်းနိုင်ငံတို့နှင့် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ရန် လက်မှတ်ရေးထိုးပြီးဖြစ်ကြောင်း ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ်တွင် ကျင်းပသော စွမ်းအင်ကဏ္ဍ ဆွေးနွေးပွဲတွင် လျှင်စစ်စွမ်းအားဝန်ကြီးဌာန ဓာတ်ငွေ့/ရေနွေးငွေ့ စက်ရုံများ ဌာနမှ တွဲဖက်အင်ဂျင်နီယာ...

ရခိုင်ပြည်ကို အစ္စလမ်မိတ်နိုင်ငံ ထူထောင်ရန် အကြမ်းဖက်ဘင်္ဂလီ (၁၁) ဖွဲ့ ပူးပေါင်း

Posted by drmyochit Sunday, September 09, 2012, under | No comments

From : Arakan TimesRSOဘင်္ဂလားဒေ့ခ်ျနိုင်ငံ ဘန်ဒရော်ဘင်တောင်တန်းဒေသ (ရွာတော်ခရိုင်)နှင့် ဖလောင်းချိတ်မြို့ (Cox's Bazar) ကြားတွင် တိမ်မြုပ်နေသည့် ရခိုင်ပြည်နယ်ကို အစ္စလမ်မိတ်နိုင်ငံ တစ်ခုအဖြစ်ထူထောင်ရန် စိုင်းပြင်နေကြသော ရိုဟင်ဂျာအမည်ခံ ဘင်္ဂလီအကြမ်းဖက်သမား (၁၁) ဖွဲ့ ပူးပေါင်းပြီး လှုပ်ရှားမှု တချို့အား ပြုလုပ်ရန် ပြင်ဆင်နေကြကြောင်း သြဂုတ်လ ၅ ရက်နေ့ထုတ် ဘင်္ဂလားဒေ့ခ်ျ ဖလောင်းချိတ်သတင်း(Cox's Bazar news) စာမျက်နှာတွင် ဖေါ်ပြချက်အရ သိရသည်။ဘန်ဒရော်ဘင်ခရိုင်...

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အထွေထွေအတွင်းရေးမှူး ဦးဌေးဦးအား ပြင်သစ်နိုင်ငံ ဆီးနိတ် လွှတ်တော်မှ South-Asia Committee ၏ ဥက္ကဋ္ဌ Mr. Gerar

Posted by drmyochit Sunday, September 09, 2012, under | No comments

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အထွေထွေအတွင်းရေးမှူး ဦးဌေးဦးအား ပြင်သစ်နိုင်ငံ ဆီးနိတ်လွှတ်တော်မှ South-Asia Committee ၏ ဥက္ကဋ္ဌ Mr. Gerard Midquel ဦးဆောင်သည့် အဖွဲ့ဝင် (၆) ဦးပါ ကိုယ်စားလှယ်အဖွဲ့သည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဆိုင်ရာ ပြင်သစ်နိုင်ငံ သံအမတ်ကြီး H.E Mr. Thierry Mathou လိုက်ပါလျက် ၂၀၁၂ခုနှစ်၊ စက်တင်ဘာလ (၅) ရက်နေ့ မွန်းလွဲ (၆) နာရီ (၃၀) မိနစ် အချိန်တွင် နေပြည်တော် ရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ...

Pages 381234 »

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်