Sunday, September 09, 2012

ဆူဖီမူဆလင်ညီနောင် အဖွဲ့ခေါင်းဆောင် အား အမျိုးသမီးတစ်ဦး အသေခံ ဗုံးခွဲတိုက်ခိုက်

Posted by drmyochit Sunday, September 09, 2012, under | No comments


 
မတည်ငြိမ်သော ကော့ကေးဆပ် ဒေသတွင်၊အစွန်းရောက် အစ္စလာမ်မ္မစ် များနှင့်အစွန်းမရောက်သည့် မူဆလင်များအကြား
 ကာလကြာကြာ မတည်ငြိမ် ထိပ်တိုက်ရင်ဆိုင်နေရ မှုကို ပိုမိုဆိုးရွားစေသည့်အကြမ်းဖက် တိုက်ခိုက်မှု တစ်ရပ်အဖြစ် ဩဇာ အာဏာကြီးမားသည့် မူဆလင်ခေါင်းဆောင်တစ်ဦးကို သတ်လိုက်သည့် အသေခံ ဗုံးဖောက်ခွဲသူ အမျိုးသမီးကို မည်သူမည်ဝါဖြစ်ကြောင်းရုရှားရဲတို့က ဗုဒ္ဓဟူးနေ့တွင် ထုတ်ဖော်ပြောဆိုခဲ့သည်။

ရုရှားနိုင်ငံ၏ မတည်ငြိမ်သေး သော ဒါဂျီစတန်ခရိုင်တွင် ဆူဖီ မူဆလင်ညီနောင်များအဖွဲ့၏ ဩ ဇာတိက္ကမရှိသည့် ခေါင်းဆောင်ဖြစ် သူ အသက် ၇၄ နှစ်ရှိ ဆက်အာ ဖန်ဒီ (Said Afandi) ကို အသက် ၁၁ နှစ်အရွယ် ကောင်ကလေးတစ် ဦး အပါအဝင် အခြားလူခြောက် ဦးနှင့်အတူ ချီယာကီ (Chirkei) ကျေးရွာအလယ်တွင် ဘုရားဖူး ခရီးသည်အဖြစ် ရုပ်ဖျက် ထားသူ ဗုံးဖောက်ခွဲသူတစ်ဦးကသတ်ဖြတ် ခဲ့သည်ဟုသိရသည်။အာဖန်ဒီ၏ သောင်းနှင့်ချီသော နောက်လိုက် နောက်ပါများတွင် ဩဇာတိက္ကမ ရှိသော အရာရှိများ၊ ဘာသာရေး ခေါင်းဆောင်များနှင့် စီးပွားရေး သမားများ ပါဝင်ကြသည်ဟု သိရ သည်။

အဆိုပါ ဗုံးခွဲတိုက်ခိုက်သူ သည် ဒါဂျီစတန်ခရိုင်၏ မြို့တော် မာခါကာလာနေ အသက် ၃၀ အရွယ် ရှိ
 အေမီနက်ကူရ်ဘာနိုဗာ (Aminat Kurbanova) ဆိုသူဖြစ် ကြောင်း ဒါဂျီစတန်ရှိ ရဲများက ဗုဒ္ဓ ဟူးနေ့တွင် ထုတ်ဖော်ပြောဆိုခဲ့ သည်။

သူမသည် အစ္စလာမ္မစ် သွေြးွကတစ်ဦးကို လက်ထပ်ပြီးနောက် အစ္စလာမ်ဘာသာသို့ ကူး ပြောင်းခဲ့သူ ရုရှားသူအမျိုးသမီး တစ်ဦးဖြစ်ကြောင်း Interfax သတင်းဌာနက ထုတ်ဖော်ပြောဆို ခဲ့သည်။

အသေခံ ဗုံးခွဲတိုက်ခိုက်သူ အမျိုးသမီးများကို ရုရှားနိုင်ငံတွင် Black Widowsဟုခေါ်ကြသည်။


အကြောင်းမှာ လုံခြုံရေးတပ်ဖွဲ့များ က သတ်ဖြတ်ခဲ့ဖူးသည့် စစ်သွေး ကြွများ၏ ဇနီးမယားများနှင့်
 ဆွေ မျိုးများမှာအများစုဖြစ်သောကြောင့် ဖြစ်သည်။

အစွန်းရောက် အစ္စလာမ္မစ်များ တိုက်ခိုက်မှုကို ကာကွယ်တား ဆီးနိုင်ရန်လက်နက်ကိုင်ပြည်သူ့
စစ်တပ်များကို ဖွဲ့စည်းထားသင့် ကြောင်း ဒါဂျီစတန်ခရိုင်ရှိ ခရိုင် ခေါင်းဆောင် မာဂိုမက်ဆာလမ်
မာဂိုမက်ဒေါ့ဗ်က ဗုဒ္ဓဟူးနေ့တွင် ထုတ်ဖော်ပြောဆိုခဲ့သည်။

ရိုးရာလေး

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်