Sunday, September 09, 2012

ရခိုင်ပဋိပက္ခစုံစမ်းရေး ကော်မရှင်အဖွဲ့ ကျောက်တော်နှင့် မြောက်ဦးရောက်ရှိ

Posted by drmyochit Sunday, September 09, 2012, under | No comments


 
ရခိုင်ဒေသတွင်း ဖြစ်ပွားခဲ့သော ပဋိပက္ခအာ စုံစမ်းစစ်ဆေးရန် စစ်တွေသို့ရောက်ရှိနေသည့် ရခိုင်ပဋိပက္ခ စုံစမ်းရေးကော် မရှင်အဖွဲ့သည်စက်တင်ဘာလ(၈)ရက်နေ့တွင် ကျောက်တော်နှင့် မြောက်ဦးသို့ သွားရောက်မည်ဖြစ်သည်။ပဋိပက္ခစုံစမ်း စစ်ဆေးရေးကော်မရှင်အဖွဲ့သည် စက်တင်ဘာ(၇)ရက်နေ့  မြန်မာစံတော်ချိန် ၂နာရီ၄၀မိနစ်က စစ်တွေ မြို့သို့ မြန်မာလေကြောင်းဖြင့် ရောက်ရှိခဲ့ခြင်းဖြစ်သည်။

ရခိုင်ပဋိပက္ခစုံစမ်းရေးကော်မရှင်ဥက္ကဋ္ဌဒေါက်တာမျိုးမြင့်(ညွှန်ကြားရေးမှူး(ငြိမ်း) ဦးဆောင်သည့် အဖွဲ့ဝင် (၁၉) ဦးသည် စစ်တွေမြို့သို့ရောက်ရှိကာ ပေါက်တော၊ကျောက်တော်၊ မြောက်ဦး၊ ရသေ့ တောင်၊ မောင်တော၊ တောင်ကုတ်အစရှိသည့် မြို့နယ်များသို့ သွားရောက်စုံစမ်းမည်ဖြစ်သည်။

 “ဖြစ်စဉ်တွေ ဖြစ်ခဲ့တဲ့နေရာတွေ သွားပြီး လေ့လာမယ်၊ တွေ့သင့်တဲ့ပုဂ္ဂိုလ်တွေနဲ့ တွေ့မယ်၊ များသော အားဖြင့် နားထောင် မယ် ဖြစ်တဲ့အဖြစ်အပျက်နဲ့ ပတ်သက်ပြီးတော့ ပြောနိုင်တဲ့ ပုဂ္ဂိုလ်တွေ သူတို့တွေ ရဲ့အမြင်တွေ နားထောင်ပြီးတော့ မှ၊ နောက်တခါ သုတေသနအဖွဲ့တွေလည်း လာမယ်၊ သူတို့ကတော့ အသေးစိတ်ပေါ့၊

 ကော်မရှင်အနေနဲ့ကတော့ တတ်နိုင်သမျှ နေရာစုံသွားမယ် ပြောတာဆိုတာတွေ နားထောင်မယ်၊ နောက်ပြီးတော့ တွေ့သင့်တဲ့ပုဂ္ဂိုလ်တွေနဲ့ တွေ့မယ်’’ဟု ပဋိပက္ခစုံစမ်းစစ်ဆေးရေး အဖွဲ့ဝင်တစ်ဦး ဖြစ်သူ စာရေးဆရာ မောင်ဝံသက သတင်းထောက်များအား ပြောသည်။

စုံစမ်းစစ်ဆေးရေးအဖွဲ့တွင် ဒေါက်တာမျိုးမြင့်၊ ဦးကျော်ညွှန့်၊ ဦးစိုးသိမ်း(ခ)မောင်ဝံသ၊ ဒေါ်သန်းသန်းနု၊ ဦးခင်မောင်ဆွေ၊ဦးအေးသာအောင်၊ဒေါက်တာရင်ရင်နွယ်၊ဒေါက်တာဆလိုင်းငွေကျံလျှံ၊ဦးတင်အောင်မိုး၊ဦးအောင်နိုင်ဦး အပါအဝင်  အဖွဲ့ဝင်(၁၉)ဦးလိုက်ပါလာခြင်းဖြစ်သည်။

 အဆိုပါအဖွဲ့အား ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးလှမောင်တင်အပါအဝင် ဌာနဆိုင်ရာများက ကြိုဆို ခဲ့ကြပြီး စစ်တွေမြို့ လောကနန္ဒာဘုရားဝင်းရှိ မဟာဝေယံ သိမ်တော်ကြီးတွင် စစ်တွေမြို့မှ ဆရာ တော်ကြီး(၉)ပါးအား ကော်မရှင်က ၄င်းတို့ရောက်ရှိလာခြင်းနှင်းစပ်လျဉ်း၍  ဒေါက်တာမျိုးမြင့်က လျောက်ထားသည်။

ရခိုင်ပဋိပက္ခစုံစမ်းရေးကော်မရှင်အဖွဲ့ကို သြဂုတ်လ (၁၇)ရက်နေ့တွင်နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ဖွဲ့စည်းပေး လိုက်ခြင်းဖြစ်ပြီး နိုင်ငံရေးပါတီ ခေါင်းဆောင်များ၊ အစ္စလာမ်ဘာသာ ၊ခရစ်ယာန် ဘာသာရေး ခေါင်းဆောင်များဖြင့်  စုစုပေါင်း(၂၇) ဦး ပါဝင်သည်။


အဆိုပါအဖွဲ့သည် ရခိုင်ပြည်နယ်တွင် (၉)ရက်တာနေထိုင်မည်ဖြစ်ပြီး  စက်တက်ဘာလ(၁၅)ရက်နေ့ တွင် ရန်ကုန်သို့ပြန်လည်ထွက်ခွာမည်ဖြစ်သည်။

မြစ်မခမီဒီယာ

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်