Sunday, September 09, 2012

ယဉ်ကျေးမှုဝန်ကြီးဌာနက အမျိုးသားယဉ်ကျေးမှု အမွေအနှစ်များကို ဇုန်နယ်မြေများ သတ်မှတ်ပြဋ္ဌာန်း

Posted by drmyochit Sunday, September 09, 2012, under | No comments




From : ခေတ်လူငယ်

အမျိုးသားယဉ်ကျေးမှု အမွေအနှစ်များကို ကာကွယ်ထိန်းသိမ်းနိုင်ရန်အတွက် ၁၉၉၈ ခုနှစ်တွင် ယဉ်ကျေးမှု အမွေအနှစ်ဒေသများ ကာကွယ်ထိန်းသိမ်းရေး ဥပဒေကို ပြဋ္ဌာန်းခဲ့ပြီး ဥပဒေနှင့်အညီ ယဉ်ကျေးမှုအမွေအနှစ် (၄၂) ခုကို သင့်လျော်သော ဇုန်အမျိုးအစားများ သတ်မှတ်၍ ကာကွယ်ထိန်းသိမ်းခဲ့ကြောင်း သိရသည်။ ယင်းသို့ သတ်မှတ်ရာတွင် ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်အတွင်း (၁) ရှမ်းပြည်နယ်၊ တောင်ကြီးခရိုင်၊ ရွာငံမြို့နယ်ရှိ ပြဒါးလင်းဂူ၊ ရှေးဟောင်းအထိမ်းအမှတ် အဆောက်အအုံ တည်ရှိရာဇုန် (MZ)၊ ကာကွယ် ထိန်းသိမ်းထားသောဇုန် (PZ) ကို အမိန့်ကြော်ငြာစာ (၆/၂၀၁၂) ဖြင့်လည်းကောင်း၊ (၂) စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ကန့်ဘလူမြို့နယ် အတွင်းရှိ မြေထူးမြို့ဟောင်း၊ ကာကွယ်ထိန်းသိမ်း ထားသောဇုန် (PZ) ကို အမိန့်ကြော်ငြာစာ (၇/၂၀၁၂) ဖြင့်လည်းကောင်း၊ (၃) မန္တလေးတိုင်းဒေသကြီး၊ နွားထိုးကြီးမြို့နယ်၊ ဘုရားကြီးကျေးရွာ အနီးရှိ ဝတီးမြို့ဟောင်း၊ ရှေးဟောင်း အထိမ်းအမှတ် အဆောက် အအုံ တည်ရှိရာဇုန် (MZ)၊ ကာကွယ်ထိန်းသိမ်းထားသောဇုန် (PZ) ကို အမိန့်ကြော်ငြာစာ (၈/၂၀၁၂) ဖြင့်လည်းကောင်း၊ (၄) မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်၊ မိုင်းမောကျေးရွာ အုပ်စုအတွင်းရှိ ပင်လယ်(မိုင်းမော)မြို့ဟောင်း၊ ရှေးဟောင်းအထိမ်းအမှတ် အဆောက်အအုံ တည်ရှိရာဇုန် (MZ)၊ ကာကွယ်ထိန်းသိမ်းထားသောဇုန် (PZ) ကို အမိန့်ကြော်ငြာစာ (၉/၂၀၁၂) ဖြင့်လည်းကောင်း၊ ၃-၉-၂၀၁၂ ရက်စွဲဖြင့် စသည့် ယဉ်ကျေးမှုအမွေအနှစ်ဒေသ လေးခုကို ရှေးဟောင်းအထိမ်းအမှတ် အဆောက်အအုံတည်ရှိရာဇုန် (Ancient Monumental Zone) နှင့် ကာကွယ်ထိန်းသိမ်းထားသောဇုန် (Protected and Preserved Zone) အဖြစ် သတ်မှတ်ပြဋ္ဌာန်းခဲ့ကြောင်း ၂၀၁၂ ခုနှစ် စက်တင်ဘာလ ၇ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားပါသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်