Sunday, September 09, 2012

မကြာသေးမီက အသစ်ပြန်လည် မွမ်းမံခဲ့သည့် သမ္မတရုံး၏ ဝက်ဘ်ဆိုက်

Posted by drmyochit Sunday, September 09, 2012, under | No comments


From- 7Day News Journal
မကြာသေးမီက အသစ်ပြန်လည် မွမ်းမံခဲ့သည့် သမ္မတရုံး၏ ဝက်ဘ်ဆိုက် http://www.president-office. gov.mm/တွင် သမ္မတထံ တိုက်ရိုက်တိုင်ကြားနိုင်သည့် ကဏ္ဍတစ်ခုအား ထပ်မံဖြည့်စွက်ထားပြီး ယင်းကဏ္ဍအား အသုံးပြု၍ ပြည်သူများအနေဖြင့်မကျေနပ်ချက်များ တိုင်ကြားမှုများကို သမ္မတထံသို့ တိုက်ရိုက် တင်ပြနိင်တော့မည်ဖြစ်သည်။
နိုင်ငံတော်သမ္မတရုံးသို့ အင်တာနက် စာမျက်နှာပေါ်မှနေပြီး မကျေနပ်ချက်များကို တိုင်ကြားနိုင်ရာ တွင်ပေးပို့တိုင်ကြားသူ၏ အမည်၊ နေထိုင်ရာဒေသ၊ အီးမေးလ်လိပ်စာ၊ တိုင်ကြားလိုသည့် အကြောင်းအရာ များကို သတ်မှတ်နေရာများတွင် ဖြည့်စွက်ရေးသားကာ ဆောင်ရွက်နိုင်မည်ဖြစ်ပြီး တိုင်ကြားလိုသူများသည် အထက်ပါ အချက်အလက်များအပြင်ဓာတ်ပုံများကိုလည်း ပူးတွဲပေးပို့နိုင်မည်ဖြစ်သည်။

ယခုကဲ့သို့ နိုင်ငံတော်သမ္မတရုံးအနေဖြင့် အင်တာနက်ပေါ်မှတစ်ဆင့် သမ္မတထံ တိုင်ကြားစာကဏ္ဍတစ်ခုကို ဖွင့်လှစ်လိုက်ခြင်းနှင့် ပတ်သက်ပြီးကွန်ပျူတာပညာရှင်အချို့က ထိုဝက်ဘ်ဆိုက်သည်အချိန်ပြည့်အလုပ်လုပ်ရန် လိုအပ်ကြောင်းနှင့် တိုင်ကြားချက်များထဲမှ အများပြည်သူ သိသင့်သည့် တိုင်ကြားမှုများနှင့် သမ္မတရုံးမှ ဖြေရှင်းပေးမှုများကိုလည်း လွှင့်တင်ပေးနိုင်မည်ဆိုပါက ပိုမိုပြည့်စုံသည့် ပြည်သူနှင့် အစိုးရ အင်တာနက်ကြားခံပြီး တစ်ဆင့်ထိတွေ့နိုင်မည့် အောင်မြင်သောကဏ္ဍတစ်ခုဖြစ်လာနိုင်ကြောင်း သုံးသပ်ပြောကြားကြသည်။

မြန်မာနိုင်ငံ အစိုးရဌာနအသီးသီးသည် လက်ရှိ အစိုးရအပြောင်းအလဲတွင် ၄င်းတို့ဌာနများကကိုယ်ပိုင် ဝက်ဘ်ဆိုက်များ ရေးဆွဲကာ လွှင့်တင်လာကြသော်လည်း အများစုမှာ မည်သည့်အကြောင်းအရာမျှ
အချိန်နှင့် တပြေးညီမရှိပဲ အပြသဘောအဆင့်တွင်သာ များပြားနေဆဲဖြစ်ကြောင်းအထက်ပါ ကွန်ပျူတာ ပညာရှင်အချို့က ဆိုကြသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်