
(မ.......) တစ်ယောက် လမ်းလျှောက်ရင်းဖြင့် လက်ပတ်နာရီကို ကြည့်လိုက်တော့ မနက် ၁၀ နာရီ ထိုးပြီဖြစ်သဖြင့် ဆေးကဒ်အတွင်းမှ လက်ကျန် ဆေးတစ်လုံးကို ထုတ်သောက်လိုက်သည်။ ဆေးနှစ်လုံးသာ ပါသည့် ဆေးကဒ်က ကုန်သွားပြီဖြစ်သဖြင့် လွှင့်ပစ်လိုက်တော့သည်။
သူမသောက်လိုက်သည့် ဆေးသည် ပျိုရွယ်သူ များအကြား အသိများသည့် Ecee2 ဟု ခေါ်သော သန္ဓေ တားဆေးဖြစ်သည်။ ထိုဆေးကို အရေးပေါ်သန္ဓေ တားဆေးအဖြစ် လူသိများပြီး လိင်ဆက်ဆံပြီး ၇၂ နာရီ အတွင်းသောက်ပါက ကိုယ်ဝန်မရပေ။ မနေ့ည ၁၀ နာရီက ပထမဆေး တစ်လုံးကို...