Monday, August 12, 2013

မြန်မာသံရုံးအား ဗုံးခွဲတိုက်ခိုက်ရန် ကြံစည်ခဲ့သူ ၂ ဦးကို အင်ဒိုနီးရှား ရဲတပ်ဖွဲ့ ဖမ်းဆီးရမိ

Posted by drmyochit Monday, August 12, 2013, under | No comments



အင်ဒိုနီးရှား အကြမ်းဖက် နှိမ်နင်းရေး ရဲတပ်ဖွဲ့သည် ၂၀၁၃ ခုနှစ် မေလက အင်ဒိုနီးရှား နိုင်ငံဆိုင်ရာ မြန်မာသံရုံး ကို ဗုံးခွဲ တိုက်ခိုက်ရန် ကြံစည်မှု တွင် ပါဝင်သည်ဟု သံသယ ရှိသူ ၂ ဦးအား သြဂုတ်လ ၉ ရက်က ဖမ်းဆီး ရမိခဲ့ကြောင်း သြဂုတ်လ ၁၁ ရက်တွင် သတင်း ထုတ်ပြန်ခဲ့သည်။

ရဲတပ်ဖွဲ့ သည် ကိုရမ် ကျမ်းစာရွက် အသင်းအတွက် ဘဏ္ဍာငွေ ကောက်ခံသူ ဖြစ်သော အိုင်ပူးလ် ခေါ် မူဟာမက် စိုင်းဖူလ်ဆာဖာနီ အား ယိုဂျကာတာ မြို့တွင်းရှိ တည်းခိုခန်း တစ်ခု၌ ဖမ်းဆီး ခဲ့ခြင်း ဖြစ်ကြောင်း နှင့် ၄င်းသည် အနောက် ဂျာဗားပြည်နယ် ရှိ Salak တောင်ကုန်းတွင် လေ့ကျင့်မှုများ ပြုလုပ်စဉ်က ပါဝင် ခဲ့ဖွယ် ရှိကြောင်း သိရသည်။

ရဲတပ်ဖွဲ့သည် အိုင်ပူလ် ၏ အကြမ်းဖက် ကွန်ရက် အဆက်အနွယ် ဖြစ်သော ဘာယူဒွီ အာဒီယန် တို့ကိုလည်း ဖမ်းဆီး ထိန်းသိမ်း ထားပြီး ဖြစ်ကြောင်း နှင့် လက်ရှိအချိန်တွင် စစ်ဆေး မေးမြန်းမှု များ ပြုလုပ်နေဆဲ ဖြစ်ကြောင်း သိရှိရသည်။

The Myawady Daily
=*=*=*=*=*=*=*=*==*=*=*=**=*==***==*=*=**=*==*=*=**=*==*=*=*=*
The Voice Weekly မှဖော်ပြချက်


အင်ဒိုနီးရှားရှိ မြန်မာ သံရုံးကို တိုက်ခိုက်ရန် စီစဉ်သည့် ခေါင်းဆောင်နှစ်ဦး ဖမ်းမိ

ရန်ကုန်၊ သြဂုတ် ၁၁

အင်ဒိုနီးရှားနိုင်ငံရှိ မြန်မာနိုင်ငံဆိုင်ရာ သံရုံးကို မေလအတွင်းက ဗုံးခွဲ တိုက်ခိုက်ရန် စီစဉ်သည့် ခေါင်းဆောင် နှစ်ဦးကို အင်ဒိုနီးရှား အကြမ်းဖက် ဆန့်ကျင်ရေး ရဲတပ်ဖွဲ့က သြဂုတ်လ ၁၁ ရက်နေ့တွင် ဖမ်းဆီးလိုက်ကြောင်း အင်ဒိုနီးရှားနိုင်ငံ အခြေစိုက် သတင်း မီဒီယာများတွင် ဖော်ပြထားသည်။

ဖမ်းဆီးခံရသူ နှစ်ဦးမှာ အင်ဒိုနီးရှား အခြေစိုက် အကြမ်းဖက် အဖွဲ့ငယ် တစ်ခုကို ဦးဆောင်နေသော Muhamad Saiful Sabani နှင့် Bayu Dwi Ardianto တို့ ဖြစ်ကြောင်း အင်ဒိုနီးရှား ရဲတပ်ဖွဲ့က သတင်း ထုတ်ပြန်သည်။

မြန်မာနိုင်ငံတွင် ဗုဒ္ဓဘာသာဝင်များက အစ္စလာမ် ဘာသာဝင်များကို အကြမ်းဖက် တိုက်ခိုက်မှုများ အပေါ် လက်တုံ့ပြန်သည့် အနေနှင့် မြန်မာ သံရုံးကို ဗုံးခွဲရန် ကြံစည်ခြင်း ဖြစ်ကြောင်း အင်ဒိုရဲတပ်ဖွဲ့၏ စုံစမ်း စစ်ဆေးမှု များအရ သိရသည်ဟု ယင်းသတင်း မီဒီယာများတွင် ဖော်ပြထားသည်။

မေလအတွင်းက အင်ဒိုနီးရှားနိုင်ငံ မြို့တော် ဂျာကာတာရှိ မြန်မာ သံရုံးကို ဗုံးခွဲ တိုက်ခိုက်ရန်အတွက် လက်လုပ်ဗုံး ငါးလုံးကို ကိုယ်တွင်း သယ်ဆောင် လာသော Asep နှင့် Ovie အမည်ရှိ အကြမ်းဖက်သမား နှစ်ဦးနှင့် အကြမ်းဖက်မှုတွင် ပါဝင် ပတ်သက်သူများဟု သံသယရှိသူ လေးဦးကို အင်ဒိုနီးရှား ရဲတပ်ဖွဲ့က ဖောက်ခွဲမှုများ မပြုလုပ်ခင် ဖမ်းဆီး ရမိခဲ့သည်။

ယင်းဖမ်းဆီးမှုအပြီး ခြောက်ရက် အကြာတွင် ဗုံးခွဲ တိုက်ခိုက်ရန် ကြံစည်သူ များဟု ယူဆရသည့် အဖွဲ့နှင့် အင်ဒိုနီးရှား ရဲတပ်ဖွဲ့တို့ကြား ခုနစ်နာရီကြာ အပြင်းအထန် တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ပြီး အကြမ်းဖက် အဖွဲ့ဝင် သုံးဦး သေဆုံးခဲ့သည်။

အလားတူပင် မြန်မာနိုင်ငံတွင် ဖြစ်ပွားခဲ့သော ဘာသာရေး ပဋိပက္ခများကို အကြောင်းပြကာ ယခုနှစ် သြဂုတ်လ ၅ ရက်နေ့က အင်ဒိုနီးရှားနိုင်ငံရှိ အစ္စလာမ် စစ်သွေးကြွများက ဂျာဗားပြည်နယ် အနောက်ဘက်ရှိ Ekayana Grha အမည်ရှိ ဗုဒ္ဓဘာသာ အဆောက်အအုံကို အသေးစား ဗုံးခွဲ တိုက်ခိုက်မှု တစ်ခု ပြုလုပ်ခဲ့သည်။

ယင်းတိုက်ခိုက်မှုကြောင့် ဘုရား ဝတ်ပြုနေသူ သုံးဦး ဒဏ်ရာ ရရှိသွားကြောင်း အင်ဒိုနီးရှား ရဲတပ်ဖွဲ့က သတင်း ထုတ်ပြန်သည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်