Monday, August 12, 2013

လူ ၆၉ယောက် သေဆုံးသည့် ဗုံးပေါက်ကွဲမှုဖြင့် ရာမာဒန်ကာလအဆုံးသတ်

Posted by drmyochit Monday, August 12, 2013, under | No comments



ဘက်ဂဒက်၊ သြဂုတ် ၁၁။

စနေနေ့က လူပေါင်းများစွာ ရာမာဒန်ကာလ(အစ္စလာမ်ဝါတွင်းလ) အဆုံးသတ်ခြင်းကို ဂုဏ်ပြု နေကြချိန် တွင် ဘက်ဂဒက်မြို့ထဲနှင့် တဝိုက်၌ ကားဗုံးများ ပေါက်ကွဲပြီး အနည်းဆုံးလူ ၆၉ ဦးဒဏ်ရာရရှိကာ လူပေါင်း ၁၄၀ ကျော် ဒဏ်ရာ ရရှိကြသည်။

အီရတ်မြို့တော်တွင် ကော်ဖီဆိုင်များ၊ စားသောက်ဆိုင်များနှင့် ဈေးများတွင် အစ္စလာမ် ဘာသာဝင်များ ဥပုသ်လ အဆုံး သတ်ရက် အထိမ်းအမှတ်ပွဲများ ပြုလုပ်နေသည်ကို ပစ်မှတ်ထား တိုက်ခိုက်သည့် ပေါက် ကွဲမှု ၁၂ခု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

အဆိုး ဝါးဆုံး ပေါ်ကွဲမှုများထဲမှ တစ်ခုသည် အရှေ့တောင်ပိုင်း ရပ်ကွက်တွင် နေမဝင်မီချိန်တွင် ဖြစ်ပွားခဲ့ပြီး လူ ၇ ဦးသေဆုံးခဲ့ပြီး ကားကျပ်သည့်လမ်းတွင် ကားမောင်းသူများ ပိတ်မိနေစဉ်တွင်လည်း ဗုံးပေါက်ကွဲမှု ဖြစ်ပွား ခဲ့ပြီး လူငါးဦး ထပ်မံသေဆုံးခဲ့သည်။

အသေခံ ဗုံးခွဲသမားတစ်ဦးသည်လည်း ဘက်ဂဒက်မြောက်ပိုင်း လူစည်ကားသည့် လမ်းပေါ်တွင် ကား တစ်စီကို ဖောက်ခွဲခဲ့ပြီး ၁၀ ဦးသေဆုံးခဲ့ကာ ၃၀ ကျော် ဒဏ်ရာ ရရှိခဲ့သည်။

အိဒ်အယ်လ်ဖာ အားလပ်ရက်တွင် ရှီယာမွတ်ဆလင် အများစုရှိသည့် နေရာများ၌ ဖြစ်ပွားသည့် ပေါက်ကွဲခြင်း များဖြင့်၂၀၀၇မှစ၍ ထိခိုက်မှု အများဆုံးဖြစ်ခဲ့သည့် ရာမာဒန်ကာလကို ပြီးဆုံးစေခဲ့သည်။

ဘက်ဂဒက်သည် လွန်ခဲ့သည့် လများအတွင်း ပေါက်ကွဲပျက်စီးစေမှုများ ပိုမိုတိုးလာပြီး ဇူလိုင်လ တစ်လအ တွင်း အီရတ်နိုင်ငံ၌ ၎င်းဖြစ်ရပ်များကြောင့် သေဆုံးသူ တစ်ထောင်ကျော်ရှိပြီး နိုင်ငံတွင်း စစ်ပွဲပြန်လည်ဖြစ်ပွားမည်ကို စိုးရိမ်မှုများ ရှိနေသည်။

လွန်ခဲ့သည့် အင်္ဂါနေ့တွင် ဘက်ဂဒက်၌ ဖြစ်ပွားသည့် ပေါက်ကွဲမှုများကြောင့် လူငါးဆယ် သေဆုံးခဲ့သည်။

Ref:The Indipendent
 မြန်မာ့ခေတ်

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်