From : သမ္မတရုံး
နေပြည်တော် - အောက်တိုဘာ ၇
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ကိုရီးယားသမ္မတနိုင်ငံ သမ္မတ မစ္စတာအီမြောင်ဘတ်၏ ဖိတ်ကြားချက်အရ ကိုရီးယားသမ္မတနိုင်ငံသို့ တရားဝင် ချစ်ကြည်ရေးခရီး သွားရောက်ရန် အဖွဲ့ဝင်များလိုက်ပါလျက် ယနေ့နံနက် ၉ နာရီ တွင် နေပြည်တော်မှ ကိုရီးယား သမ္မတနိုင်ငံ သို့ အပြည်ပြည်ဆိုင်ရာ မြန်မာ့လေကြောင်း အထူးလေယဉ်ဖြင့် ထွက်ခွာသွားသည်။
နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ခေါင်းဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ဝင်များအား ဒုတိယသမ္မတများ ဖြစ်ကြသည့် ဒေါက်တာစိုင်းမောက်ခမ်းနှင့် ဦးဉာဏ်ထွန်း၊ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဗိုလ်ချုပ်ကြီးစိုးဝင်း၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီးကိုကို၊ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်၊ သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ၊ နေပြည်တော်မြို့တော်ဝန် ဦးသိန်းညွန့်၊ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်လှိုင်၊ ဆက်သွယ်ရေး စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းထွန်း၊ အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်၊ ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်း ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဌေးအောင်၊ နေပြည်တော်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မောင်မောင်အေး၊ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ရဲချုပ်ကျော်ကျော် ထွန်း၊ ဌာနဆိုင်ရာ အကြီးအကဲများနှင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဆိုင်ရာ ကိုရီးယား သမ္မတနိုင်ငံ သံရုံးမှ တာဝန်ရှိသူများက နေပြည်တော်လေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ကြသည်။
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့်အတူ အဖွဲ့ဝင်များအဖြစ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ သမ္မတရုံးဝန်းကြီးဌာန ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးစိုးသိန်းနှင့် ဦးတင်နိုင် သိန်း၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုး၊ စက်မှုဝန်ကြီးဌာန ပြည်ထောင် စုဝန်ကြီး ဦးအေးမြင့်၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြင့်ဆွေ၊ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးရဲမြင့်၊ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဉာဏ်ဝင်း၊ ပို့ဆောင်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဟန်စိန်၊ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသိန်းသိန်းဌေးနှင့် ဌာနဆိုင်ရာအကြီးအကဲများ လိုက်ပါသွားကြသည်။
ရန်ကုန်တိုင်း ဒေသကြီး၊ သံလျင်မြို့၊ နတ်စင်တစ်ရာကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တ ပညာတေဇ ဦးဆောင် ၍ အလှူရှင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အထွေထွေအတွင်းရေးမှူး၊ ဟင်္သာတ မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဌေးဦး၊ ဇနီး ဒေါ်နီနီဝင်း မိသားစုနှင့် တပည့်၊ ဒါယကာ၊ ဒါယကာမများ စုပေါင်း၍ အကြိမ် (၇၀) မြောက် စတုဒီသာကျွေးပွဲကို မန္တလေး တိုင်းဒေသကြီး၊ မြင်းခြံ ခရိုင်၊ ကျောက်ပန်းတောင်း မြို့နယ်၊ ပုပ္ပားတောင်မြတ် တောင်ကလပ်၊ ပင်လုံဓမ္မာရုံ၌ ၂၀၁၂ ခုနှစ်၊ စက်တင်ဘာ လ (၂၉) ရက်နေ့က ကျင်းပပြု လုပ်ရာ၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အထွေထွေ အတွင်းရေး မှူး၊ ဟင်္သာတမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဌေးဦး၊ ဇနီး ဒေါ်နီနီဝင်း၊ မန္တလေးတိုင်းဒေသကြီး ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အတွင်းရေးမှူး၊ မန္တလေးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမောင်၊ တိုင်းပါတီအလုပ်အမှုဆောင်များ၊ ညောင်ဦးခရိုင်၊ မြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အတွင်းရေးမှူးနှင့် အလုပ် အမှုဆောင်များ၊ ကျောက်ပန်းတောင်း မြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ စည်းရုံးရေးမှူးများနှင့် ပါတီဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ လူမှုရေး အသင်းအဖွဲ့ဝင် များ၊ ဒေသခံရပ်မိရပ်ဖများနှင့် အလှူရှင်များ တက်ရောက်ကြသည်။
မနေ့က ရန်ကုန်မှာ ငြိမ်းချမ်းရေးဖော်ဆောင်မှု ၀န်ကြီးတွေ ဖြစ်ကြတဲ့ ဦးအောင်မင်း၊ ဦးခင်ရီတို့က KNU နဲ့ ပတ်သက်တဲ့ ဆွေးနွေးပွဲတခု အရေးပေါ် ပြုလုပ်ခဲ့ပါတယ်။ဆွေးနွေးပွဲကို ကရင် တိုင်းရင်းသား ငြိမ်းချမ်းရေး အကျိုးဆောင် အများအပြားလည်း တက်ရောက်ပါတယ်။
လန်ဒန် အောက်တိုဘာ ၇
ကမ္ဘာ့ ထိပ်တန်း အဆင့်ရှိ အမျိုးသား တင်းနစ် ကစားသမား ရော်ဂျာဖက် ဒါးရား၏ အသက် အန္တရာယ်အား အွန်လိုင်းမှ ခြိမ်းခြောက် ခံရပြီးနောက် ရှန်ဟိုင်း မာစတာပြိုင်ပွဲ စီစဉ် သူများသည် ၎င်း၏ လုံခြုံရေးနှင့် ပတ်သက်၍ တင်းကျပ်စွာ စီစဉ် ထားကြောင်း သိရသည်။
From : MRTV4
မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ တာဝန်ရှိသူရဲ့ ပြောကြားချက် အရ ယခုအခါ ပြည်တွင်းရှိ ပုဂ္ဂလိက ဘဏ်လုပ်ငန်း များဟာ ပုံမှန်အတိုင်း လည်ပတ် လျက်ရှိနေပြီး ယခုလက်ရှိ ပြင်ပမှာ ပုဂ္ဂလိက ဘဏ်အချို့ ဖျက်သိမ်းမှုများနဲ့ လုပ်ငန်း ရပ်နားမှုများ ရှိနေပြီ ဆိုခြင်းမှာ ကောလဟာလ သတင်းများသာ ဖြစ်တယ်လို့ သိရပါတယ်။
From : ကြေးမုံ
ရွှေတိဂုံစေတီတော်ရင်ပြင်၏ ရာဟုထောင့်ချမ်းသာကြီး တန်ဆောင်း၌ နိုဝင်ဘာ ၃ ရက် မှ ၁၈ ရက်အထိ မြန်မာ-ဂျပန် နှစ်နိုင်ငံ၏ ဗုဒ္ဓသာသနာတော်ဆိုင်ရာ ချစ်ကြည်ရေး ဓာတ်ပုံပြပွဲကို (ဒုတိယအကြိမ်) ပြသမည် ဖြစ်သည်။
ထိုင်းနိုင်ငံ ထိုင်းဘုရင့်တပ်မတော် ကာကွယ်ရေးဦးစီးချုပ် General Tana- sak Patimapragorn နှင့်ဇနီး ဦးဆောင်သော ချစ်ကြည်ရေးကိုယ်စား လှယ်ဖွဲ့ သည် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဗိုလ်ချုပ် တင်မောင်ဝင်း၊ ထိုင်းနိုင်ငံ ဆိုင်ရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံစစ်သံမှူး ဗိုလ်မှူးကြီးဝင်းမောင်၊ မြန်မာနိုင်ငံ ဆိုင်ရာ ထိုင်းနိုင်ငံစစ်သံမှူးနှင့် တာဝန်ရှိသူများလိုက်ပါလျက် ဇူလိုင် ၈ ရက် နံနက်ပိုင်းက သူရဲကောင်း စစ်သည်ဗိမာန်သို့ သွားရောက်ပြီး လွမ်းသူပန်းခြင်းချကာ အလေးပြု ကြသည်။
အပြည်ပြည်ဆိုင်ရာ ငွေကြေးအဖွဲ့အစည်း များမှတစ်ဆင့် မြန်မာနိုင်ငံအား ငွေကြေး အထောက်အပံ့ပေး ခွင့်ပြုမည့် ဥပဒေ မူကြမ်းအား ဥပဒေ တစ်ခု အဖြစ် အမေရိကန်သမ္မတ ဘာရက်အိုဘားမားက ယနေ့တွင် လက်မှတ်ထိုး အတည်ပြုပေးခဲ့သည်။
အောက်တိုဘာ ၂ရက်နေ့ က နေ့ လည်ပိုင်းထမင်းစားကျောင်းဆင်း
ချိန်တွင်စစ်ကိုင်းမြို့ နယ်၊ မယ်ဇလီ ချောင်း အုပ်စု၊ချောင်းဦးကျေးရွာ အခြေခံပညာမူလတန်းကျောင်းမှာ နေ့ ၁၂နာရီ ၂ဝ အချိန်က မီးလောင်ခံ ရကြောင်း သိရသည်။
ရိုမန်ကက်သလစ် ခရစ်ယာန် ဘာသာဝင်တွေရဲ့
သာသနာပိုင် ပုပ်ရဟန်းမင်းကြီး ဘယ်နဲဒစ်(တ်) (Pope Benedict) ရဲ့ ဘဏ္ဍာထိန်းဖြစ်ခဲ့သူကို၊ ပုပ်ရဟန်းမင်း ကြီးရဲ့ ကိုယ်ရေးကိုယ်တာ စာရွက်စာတမ်းတွေ ခိုး ယူပြီး စာနယ်ဇင်းသမား
တစ်ဦးဆီကို ပေးပို့ခဲ့မှုဟာ ပြစ်မှုထင်ရှားတယ်လို့၊ ဗာတီကန် (Vatican) က တရားရုံး တစ်ရုံး
ကနေ စနေနေ့က ဆုံးဖြတ်လိုက်ပါတယ်။
ဧရာဝတီတိုင်း ဒေသကြီး ဘိုကလေးမြို့နယ်
ကဒုံကနိ ရဲစခန်းတွင်ရေလုပ်ငန်းရှင် မိသားစုအား ဝိုင်းဝန်း ရိုက်နှက် ခဲ့သောကြောင့်ဖမ်းဆီးထားသည့်
ရွာသား ၂၅ ဦးကို ပြန်လည်လွှတ်ပေးရန် ဖမ်းဆီးခံရသော မိသားစုဝင်များကရဲစခန်းရှေ့တွင်
တောင်းဆိုလျက် ရှိကြောင်းကဒုံကနိ ဒေသခံများက ပြောကြားသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့စ်ဘဇားနှင့်
စစ်တကောင်း ဒေသတွင်းရှိ ဗုဒ္ဓဘာသာဝင် ဘုန်းတော်ကြီးများနှင့် အပြစ်မဲ့ ဗုဒ္ဓဘာသာဝင်များအား အစွန်းရောက် အစ္စလာမ် ဘာသာဝင် အချို့ကအကြမ်း ဖက်မှု များပြု လုပ်နေခြင်း
အပေါ် အစ္စလာမ် အဖွဲ့ အနေဖြင့် ကန့်ကွက်ကြောင်း မြန်မာနိုင်ငံ အစ္စလာမ် သာသနာရေး ရာ ကောင်စီဌာန
ချုပ် တွဲဖက် အတွင်းရေးမှူး ဦးဝဏ္ဏရွှေ က ပြောကြားသည်။
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့၊
ကောင်းနောင်ရပ်ကွက် တွင်နေထိုင်သူ ဒေါ်နန်းစောရင်၏ နေအိမ်သို့ သေနတ်အတုဖြင့် စစ်တပ်မှအရာရှိ ဟန်ဆောင်ကာ ကားနှင့်ငွေလိမ်လည်တောင်းသူအား ဖမ်းမိခဲ့ကြောင်း သိရ ပါတယ်။
ဒေါ်နန်းစောရင်သည် ခင်ပွန်းသည်သေဆုံးပြီး အမှုရင်ဆိုင်နေရတဲ့ တရားလိုတစ်ဦးဖြစ်ပါတယ်။
ခင်ပွန်းသည် ဟာ အောက်တိုဘာ ၂ ရက်နေ့ နေ့လည် ပိုင်းက မူဆယ်မြို့ ၁၀၅ မိုင် ကုန်သွယ်ရေး ဂိတ်အနီးရှိ
ဝိန်းပိုင်ရွာတွင် အမည်မသိလူတစ်ဦးမှ သေနတ်ဖြင့်ပစ်သတ်ခြင်း ခံခဲ့ရသူဖြစ်ပါတယ်။
တရားခံ(၃)ဦးနှင့် သေနတ်အတု၊ အရာရှိကဒ်အတုများပုံ
အမှုအတွက်လိုအပ်တဲ့ အချက်အလက်တွေကို မေးမြန်းဖို့ ရောက်လာတဲ့ရဲအုပ် တင်အောင်နဲ့အဖွဲ့ကို
ဒေါ်နန်းစောရင်မှ သတင်းပို့ပြောပြခဲ့ တာကြောင့်အ ထက်ပါ လိမ်လည်သူ ၃ ဦးကို ဖမ်းနိုင်ခဲ့တာဖြစ်ပါတယ်။
ရန်နောင်စိုး အသုံးပြုခဲ့သော သေနတ်အတုပုံ
``နေ့လည် ၁ နာရီလောက်မှာ စစ်တပ်က အရာရှိအ၀တ်အစားနဲ့ တစ်ယောက်၊ ဆိုင်ကယ်မောင်းသူ တစ်
ယောက်၊ ပေါင်း နှစ်ယောက်ဟာ ကျွန်မအိမ်ထဲ ကိုရောက်လာပါတယ်။
အရာရှိအ၀တ်အစားနဲ့လူကဗိုလ်ကြီးရန်နောင်စိုးဖြစ်ကြောင်းနဲ့ နေပြည်တော် မှစေလွှတ်လိုက်တဲ့ သူဖြစ် ကြောင်း
ပြောပြီး အမှုအတွက် ငွေ ၅သိန်းတောင်း သွားပါတယ်။
ညနေ ၅ နာရီခွဲလောက်မှာ အရပ်ဝတ်နဲ့နောက်တစ်ခါပြန်လာပြီး သွားလာရေးအဆင် ပြေစေဖို့ဆိုပြီး
ကားတစ်စီး ထပ်တောင်းပါတယ်။
ည ၈ နာရီလောက်မှာ တစ်ခေါက်ပြန်လာပြီး အိမ်ကိုလုံခြုံ ရေးလုပ်ပေးမယ် လို့ပြောပြီး ပြန်ထွက်သွားပါ တယ်။ကျွန်မလည်း ခင်ပွန်းသည် အမှုအတွက် အဆင်ပြေမယ်ထင်ပြီး သူတို့တောင်းဆို တာတွေကို ဆောင် ရွက်ပေးခဲ့
တာပါလို့ ´´ဒေါ်နန်းစောရင်က ပြောပြခဲ့ ပါတယ်။
တရားခံ(၃)ဦးစီးလာသည့် နံ့သာရောင် (ပရာဒို)ကားပုံ မူဆယ်ခရိုင်မှူး၊ စရဖအဖွဲ့၊ မြို့နယ်ရဲအဖွဲ့တွေ ပူးပေါင်းပြီး ည ၁၁ နာရီခွဲလောက်မှာ ဒေါ်နန်းစောရင်အိမ် အနီးမှာ သွားရောက်စောင့်ဆိုင်းနေစဉ် ပါရာဒို ကား (နံ့သာ ရောင်)ဖြင့် လူ ၃ ဦးရောက်ရှိလာပြီး ဒေါ်နန်းစောရင်အိမ်အတွင်းသို့ ၀င်ရောက်လာသဖြင့် လုံးထွေးပြီးဖမ်းဆီး နိုင်ခဲ့ပါတယ်။
၎င်းအရာရှိ ဟန်ဆောင် ထားသူမှာ ရန်နောင်စိုးဖြစ်ပြီး စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့မှဖြစ်ပါတယ်။ ၄င်း ကိုင်ဆောင်သည့်သေနတ်မှာ ပစ္စတိုအတုဖြစ်ကြောင်းလည်း သိရပါတယ်။ ၄င်းအမှုကို မူဆယ်ရဲစခန်းမှ ဆက်လက် စစ်ဆေးစုံစမ်းမှုတွေ ပြုလုပ်နေ တယ်လို့သိရပါတယ်။
ရှမ်းသတင်း
AFF SUZUKI Cup 2012 ခြေစစ်ပွဲစဉ်များ ထဲမှ တစ်ပွဲဖြစ်သည့် အိမ်ရှင်မြန်မာ အသင်းနှင့် ဘရူနိုင်း အသင်းတို့၏ ပွဲစဉ်ကို မနေ့က အောက်တိုဘာလ ၅ ရက်နေ့ ညနေ ၆ နာရီက ရန်ကုန်မြို့ သုဝဏ္ဍ အားကစားကွင်းမှာ ယှဉ်ပြိုင် ကစားခဲ့ကြကြောင်း သိရပါတယ်။
အကြမ်းဖက်သမားအဖြစ်စွပ်စွဲခံထားရတဲ့Abu
Hamza အပေါ်စွဲဆိုထားတဲ့ စွဲချက်တွေအတွက် အမှုရင်ဆိုင်ဖို့ သူ့ကို ဗြိတိန်နိုင်ငံကနေ
အမေရိကန်ကို လွှဲပြောင်းပေးတော့မှာဖြစ်ပါတယ်၊ Abu Hamza ရဲ့ နောက်ဆုံး အယူခံကို ဗြိတိန် ဗဟိုတရားရုံးက သောကြာနေ့မှာ ပယ်ချလိုက်ပြီး
Abu Hamzaနဲ့အတူ နောက်ထပ် အကြမ်းဖက်သမားအဖြစ် သံသယရှိသူ ၄ ယောက်ဟာ အမေရိကန် ပြည်ထောင်စုမှာ
အမှုရင်ဆိုင်ဖို့ သွားနိုင်လောက်တဲ့ ကျန်းမာရေးအခြေအနေရှိပါတယ်လို့ ဆုံးဖြတ်ခဲ့ပါတယ်။
`ကမ္ဘောဇ`ဘဏ်မှငွေထုတ်ပြီး ပြန်လာသူမိန်းကလေးထံမှ ငွေထုပ်အား ဆိုင် ကယ် စီးယောကျား တစ်ဦး မှအောက်တိုဘာ၎ ရက် နေ့လည် ၁၁ နာရီကျော်ခန့်က လိုက်လံလု ယူ ထွက်ပြေး ခဲ့ကြောင်းသိရ သည်။
ဘင်္ဂလာဒေ့ခ်ျနိုင်ငံ ကော့စ်ဘာဇားခရိုင် ပန်းဝါခေါ် ရာမူးမြို့တွင် ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး ကျောင်းများ၊ ဗုဒ္ဓဆင်းထုတော်များနှင့် နေအိမ်များကိုအကြမ်းဖက် မီးရှို့ ဖျက်ဆီးရာတွင် ပါဝင်သူများကို သယ်ယူ ပို့ဆောင် ပေးခဲ့သည့် ထရပ်ကားတစ်စီးကို စစ်တကောင်းခရိုင်အတွင်း အာဏာပိုင်များက ဖမ်းဆီး လိုက် သည်။
KIA တပ်မဟာ (၂) တပ်ရင်း(၆) တပ်တွေနဲ့
ဗမာစစ်တပ်တို့ ဖားကန့် ဒေသ ဂွေခါမော်မှာမနေ့က (အောက်တို ဘာ(၅)ရက်) မနက်ပိုင်းမှာ တိုက်ပွဲဖြစ်တယ်လို့
သိရပါတယ်။ ဗမာတပ်များ တက်လာစဉ်တွင် KIA တပ်တွေနဲ့ တွေ့ဆုံ တိုက်ပွဲဖြစ်ပွားရခြင်းဖြစ်ပြီး
မနက် (၇) နာရီလောက်မှာ စပြီးတိုက်ပွဲဖြစ်တယ်လို့ သိရပါတယ်။ တိုက်ပွဲ မှာ နှစ်ဘက်တပ်တွေဟာ
လက်နက်ကြီး၊ လက်နက်ငယ်များနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး နာရီဝက် လောက်ကြာ သော အခါ
KIA ဘက်ကရှောင်ထွက်သွားတယ်လို့ သိရပါတယ်။
အောက်တိုဘာလ (၄) ရက်တွင် KIA တပ်မဟာ(၃)၀န်ဂေါဘွမ်မှာရှိနေတဲ့တပ်ရင်းမှ
ဆရာကြီး မဂျီလဆိုင်း သည် တစ်ဖက်တရုတ်ပြည်သို့ ကျွဲမှောင်ခို ကုန်ကူးလာသော လထော်ထံမှကျွဲအကောင်(၃၀)အား မန်စီမြို့နယ်
၊ဂျာမိုင်ရွာနားမှာ ဖမ်းဆီးပြီး တောလမ်းအတိုင်း တရုတ်နိုင်ငံထဲမှာ ကိုယ်တိုင် သွားရောင်းခဲ့
တယ်လို့ သိရ ပါတယ်။ ဆရာကြီး မဂျီလဆိုင်းနှင့်အတူ KIA တပ်သား လေးယောက်ပါလာပြီး ဖမ်းစဉ်တွင်
KIA ၀တ်စုံများ ၀တ်ထားကြောင်းနှင့် ဂျာမိုင်ရွာ နားက တောလမ်းမှာ စောင့်နေပြီးဖမ်းသွားတာဖြစ်ကြောင်း
သိရပါတယ်။
ချောင်းရေ၊ မြစ်ရေနှင့် အ၀ီစီရေတို့မှ ဓာတ်ငွေ့ဖြင့် အင်ဂျင်များကို မောင်းနှင်နိုင်သည့်နည်းကို စီးပွားဖြစ် အသုံးပြုနိုင်ပြီဖြစ်ကြောင်း အာဆီယံအင်ဂျင်နီယာအသင်းဝင် မြန်မာ့ပြန်ပြည့်မြဲစွမ်းအင်သစ်မှ သုတေသီ အင်ဂျင်နီယာ ဦးကျော်ကျော်က ပြောကြားသည်။