Sunday, October 07, 2012

အစွန်းရောက် မူဆလင် တရားဟောဆရာ အမေရိကန် လွှဲမည်

Posted by drmyochit Sunday, October 07, 2012, under | No comments



အကြမ်းဖက်သမားအဖြစ်စွပ်စွဲခံထားရတဲ့Abu Hamza အပေါ်စွဲဆိုထားတဲ့ စွဲချက်တွေအတွက် အမှုရင်ဆိုင်ဖို့ သူ့ကို ဗြိတိန်နိုင်ငံကနေ အမေရိကန်ကို လွှဲပြောင်းပေးတော့မှာဖြစ်ပါတယ်၊ Abu Hamza ရဲ့ နောက်ဆုံး အယူခံကို ဗြိတိန် ဗဟိုတရားရုံးက သောကြာနေ့မှာ ပယ်ချလိုက်ပြီး Abu Hamzaနဲ့အတူ နောက်ထပ် အကြမ်းဖက်သမားအဖြစ် သံသယရှိသူ ၄ ယောက်ဟာ အမေရိကန် ပြည်ထောင်စုမှာ အမှုရင်ဆိုင်ဖို့ သွားနိုင်လောက်တဲ့ ကျန်းမာရေးအခြေအနေရှိပါတယ်လို့ ဆုံးဖြတ်ခဲ့ပါတယ်။
ကျန်းမာရေးမကောင်းတာ နှစ်ပေါင်းကြာနေပြီဖြစ်တဲ့ Abu Hamza ကိုတကိုယ်လုံးကို ဓါတ်မှန်ရိုက်တဲ့ MRI scan မလုပ်ခင် အမေရိကန်လက်ကိုလွှဲပြောင်း မပေးသင့်ဘူးလို့ Abu Hamza ရဲ့ ရှေ့နေတွေက စောဒက တက်နေကြပါတယ်။ အီဂျစ်နိုင်ငံမှာမွေးတဲ့ တရားဟောဆရာAbu Hamza ဟာ London မြို့က ဗလီကျောင်း တခုမှာ အစွန်းရောက်တရားတွေ ဟောပြောပြီး ကြမ်းဖက်သမားတွေဖြစ်လာ ဖို့အလားအလာ ရှိသူတွေကို မွေးထုတ်ပေးနေတာလို့ထောက်လှမ်းရေးတာဝန်ရှိသူတွေက ပြောပါတယ်။

Oregon ပြည်နယ်မှာ အကြမ်းဖက်လေ့ကျင့်ရေးစခန်းတခုထောင်ဖို့ ကြိုးစားမှု၊ ရေမန်နိုင်ငံမှာAl Qaeda တွေဓါးစာ ခံဖမ်းနိုင်အောင် ကူညီမှုတွေနဲ့ သူ့ကိုအမေရိကန်က အလိုရှိနေတာဖြစ်ပါတယ်။



0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်