Sunday, October 07, 2012

ကဒုံကနိ ရဲစခန်းတွင် အချုပ်ခံရသူများ လွတ်မြောက်ရန် လူစုလူဝေးဖြင့် ဆန္ဒပြ

Posted by drmyochit Sunday, October 07, 2012, under | No comments



ဧရာဝတီတိုင်း ဒေသကြီး ဘိုကလေးမြို့နယ် ကဒုံကနိ ရဲစခန်းတွင်ရေလုပ်ငန်းရှင် မိသားစုအား ဝိုင်းဝန်း ရိုက်နှက် ခဲ့သောကြောင့်ဖမ်းဆီးထားသည့် ရွာသား ၂၅ ဦးကို ပြန်လည်လွှတ်ပေးရန် ဖမ်းဆီးခံရသော မိသားစုဝင်များကရဲစခန်းရှေ့တွင် တောင်းဆိုလျက် ရှိကြောင်းကဒုံကနိ ဒေသခံများက ပြောကြားသည်။
ကဒုံကနိ တိုက်နယ် မရမ်းချောင်း ကျေးရွာ တွင် အောက်တိုဘာလ ၅ ရက်နေ့ ည ၁၂ အချိန်ခန့်တွင် ရေလုပ်ငန်းရှင် မိသားစု တစ်စုကို ရွာလုံးကျွတ် နီးပါးဝိုင်းဝန်း ရိုက်နှက်ခဲ့ခြင်းကြောင့် ပါဝင် ကျူးလွန်သူဟု သံသယ ရှိသူများကိုရဲစခန်းက ဖမ်းဆီးထားခြင်းဖြစ်သည်။

"မြစ်ချောင်း လေလံ ကိစ္စနဲ့ ပတ်သက်ပါတယ်''ဟုအဆိုပါ ရဲတပ်ဖွဲ့ စခန်း တာဝန် ရှိသူက ပြောကြားသော် လည်း အသေးစိတ် ကိုမူပြောကြားခြင်း မရှိပေ။ မရမ်းချောင် ကျေးရွာသားများကမူ ကျောင်းထိုင် ဘုန်းတော်ကြီးအား ရိုင်းပြစွာပြောဆိုခဲ့ခြင်းကြောင့် မခံရပ်နိုင် ဖြစ်ပြီးရေလုပ်ငန်းရှင် မိသားစုဝင် ၁၅ဦးကို ဝင်ရောက်ရိုက်နှက် ခဲ့ရာမှ ယခုကဲ့သို့ ဖမ်းဆီး ချုပ်နှောင်ခြင်း ခံရသောကြောင့် မကျေနပ်သဖြင့်ရဲစခန်းရှေ့ တွင် တောင်း ဆိုခြင်း ဖြစ်ကြောင်းပြောကြားသည်။

ဝင်ရောက် ရိုက်နှက်ခဲ့သူဟု သံသယရှိသူ အမျိုးသား၂၅ ဦးကို ဖမ်းဆီး ထားဆဲနှင့်အောက် တိုဘာလ ၆ ရက်နေ့ မွန်းလွဲ ၂ နာရီ အချိန်ထိ တောင်းဆိုသူ ၇၀ ဝန်းကျင်ခန့်ကဒုံကနိရဲစခန်း ရှေ့တွင် ရှိနေဆဲ ဖြစ်ကြောင်း ယင်းရဲစခန်းက အတည်ပြု ပြောကြား သည်။


0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်