Sunday, October 07, 2012

မူဆယ်တွင် စစ်တပ်မှ အရာရှိဟန်ဆောင်ပြီး သေနတ် အတုဖြင့် ငွေတောင်းသူအား ဖမ်းမိ

Posted by drmyochit Sunday, October 07, 2012, under | No comments



ရှမ်းပြည်နယ်မြောက်ပိုင်း၊  မူဆယ်မြို့၊ ကောင်းနောင်ရပ်ကွက် တွင်နေထိုင်သူ ဒေါ်နန်းစောရင်၏ နေအိမ်သို့  သေနတ်အတုဖြင့် စစ်တပ်မှအရာရှိ ဟန်ဆောင်ကာ ကားနှင့်ငွေလိမ်လည်တောင်းသူအား ဖမ်းမိခဲ့ကြောင်း သိရ ပါတယ်။
ဒေါ်နန်းစောရင်သည် ခင်ပွန်းသည်သေဆုံးပြီး အမှုရင်ဆိုင်နေရတဲ့ တရားလိုတစ်ဦးဖြစ်ပါတယ်။ ခင်ပွန်းသည် ဟာ အောက်တိုဘာ ၂ ရက်နေ့ နေ့လည် ပိုင်းက မူဆယ်မြို့ ၁၀၅ မိုင် ကုန်သွယ်ရေး ဂိတ်အနီးရှိ ၀ိန်းပိုင်ရွာတွင် အမည်မသိလူတစ်ဦးမှ သေနတ်ဖြင့်ပစ်သတ်ခြင်း ခံခဲ့ရသူဖြစ်ပါတယ်။

တရားခံ(၃)ဦးနှင့် သေနတ်အတု၊ အရာရှိကဒ်အတုများပုံ အမှုအတွက်လိုအပ်တဲ့ အချက်အလက်တွေကို မေးမြန်းဖို့ ရောက်လာတဲ့ရဲအုပ် တင်အောင်နဲ့အဖွဲ့ကို ဒေါ်နန်းစောရင်မှ သတင်းပို့ပြောပြခဲ့ တာကြောင့်အ ထက်ပါ လိမ်လည်သူ ၃ ဦးကို ဖမ်းနိုင်ခဲ့တာဖြစ်ပါတယ်။
ရန်နောင်စိုး အသုံးပြုခဲ့သော သေနတ်အတုပုံ


``နေ့လည် ၁ နာရီလောက်မှာ စစ်တပ်က အရာရှိအ၀တ်အစားနဲ့ တစ်ယောက်၊ ဆိုင်ကယ်မောင်းသူ တစ် ယောက်၊ ပေါင်း နှစ်ယောက်ဟာ ကျွန်မအိမ်ထဲ ကိုရောက်လာပါတယ်။

 အရာရှိအ၀တ်အစားနဲ့လူကဗိုလ်ကြီးရန်နောင်စိုးဖြစ်ကြောင်းနဲ့ နေပြည်တော် မှစေလွှတ်လိုက်တဲ့ သူဖြစ် ကြောင်း ပြောပြီး အမှုအတွက် ငွေ ၅သိန်းတောင်း သွားပါတယ်။

ညနေ ၅ နာရီခွဲလောက်မှာ အရပ်ဝတ်နဲ့နောက်တစ်ခါပြန်လာပြီး သွားလာရေးအဆင် ပြေစေဖို့ဆိုပြီး ကားတစ်စီး ထပ်တောင်းပါတယ်။

ည ၈ နာရီလောက်မှာ တစ်ခေါက်ပြန်လာပြီး အိမ်ကိုလုံခြုံ ရေးလုပ်ပေးမယ် လို့ပြောပြီး ပြန်ထွက်သွားပါ တယ်။ကျွန်မလည်း ခင်ပွန်းသည် အမှုအတွက် အဆင်ပြေမယ်ထင်ပြီး သူတို့တောင်းဆို တာတွေကို ဆောင် ရွက်ပေးခဲ့ တာပါလို့ ´´ဒေါ်နန်းစောရင်က ပြောပြခဲ့ ပါတယ်။





တရားခံ(၃)ဦးစီးလာသည့် နံ့သာရောင် (ပရာဒို)ကားပုံ မူဆယ်ခရိုင်မှူး၊ စရဖအဖွဲ့၊ မြို့နယ်ရဲအဖွဲ့တွေ ပူးပေါင်းပြီး ည ၁၁ နာရီခွဲလောက်မှာ ဒေါ်နန်းစောရင်အိမ် အနီးမှာ သွားရောက်စောင့်ဆိုင်းနေစဉ် ပါရာဒို ကား (နံ့သာ ရောင်)ဖြင့် လူ ၃ ဦးရောက်ရှိလာပြီး ဒေါ်နန်းစောရင်အိမ်အတွင်းသို့ ၀င်ရောက်လာသဖြင့် လုံးထွေးပြီးဖမ်းဆီး နိုင်ခဲ့ပါတယ်။
၎င်းအရာရှိ ဟန်ဆောင် ထားသူမှာ ရန်နောင်စိုးဖြစ်ပြီး စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့မှဖြစ်ပါတယ်။ ၄င်း ကိုင်ဆောင်သည့်သေနတ်မှာ ပစ္စတိုအတုဖြစ်ကြောင်းလည်း သိရပါတယ်။ ၄င်းအမှုကို မူဆယ်ရဲစခန်းမှ ဆက်လက် စစ်ဆေးစုံစမ်းမှုတွေ ပြုလုပ်နေ တယ်လို့သိရပါတယ်။

ရှမ်းသတင်း


0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်