Sunday, October 07, 2012

ကမ္ဘာ့ ထိပ်တန်းအဆင့်ရှိ တင်းနစ်ကစားသမား ဖက်ဒါးရားကို လုပ်ကြံရန် ဝက်ဘ်ဆိုက် တစ်ခုပေါ်တွင် ခြိမ်းခြောက် ရေးသား မှုတွေ့ရှိ

Posted by drmyochit Sunday, October 07, 2012, under | No comments



လန်ဒန် အောက်တိုဘာ ၇
ကမ္ဘာ့ ထိပ်တန်း အဆင့်ရှိ အမျိုးသား တင်းနစ် ကစားသမား ရော်ဂျာဖက် ဒါးရား၏ အသက် အန္တရာယ်အား အွန်လိုင်းမှ ခြိမ်းခြောက် ခံရပြီးနောက် ရှန်ဟိုင်း မာစတာပြိုင်ပွဲ စီစဉ် သူများသည် ၎င်း၏ လုံခြုံရေးနှင့် ပတ်သက်၍ တင်းကျပ်စွာ စီစဉ် ထားကြောင်း သိရသည်။
ဖက်ဒါးရားသည် ရှန်ဟိုင်းမြို့သို့ ၎င်း၏ မိသားစုနှင့် အတူ ရောက်ရှိနေပြီး ၎င်းတို့ကိုလည်း ကြိုတင် သတိပေးပြောကြား ထားပြီး ဖြစ်သည်။ အဆိုပါ အမည်မသိ ခြိမ်းခြောက်သူသည် တရုတ်နိုင်ငံ၏ အထင်ကရ ဝက်ဘ်ဆိုက် တစ်ခုပေါ်တွင် ဖက် ဒါးရားကို လုပ်ကြံရန် စီစဉ်ထားခြင်းကို ရေးသား ဖော်ပြခဲ့သည်။
ဖက်ဒါးရားကို အောက်တိုဘာ ၆ ရက်တွင် လုပ်ကြံသတ် ဖြတ်ရန် ကြံစည်ထားသည်ဟု အဆိုပါ ခြိမ်းခြောက်သူက အွန် လိုင်းပေါ်တွင်ရေးသား ထားသည်။
ယခုအခါ ဖက်ဒါးရား၏ အနီးဝန်းကျင်၌ ရဲတပ်ဖွဲ့နှင့်အခြား အစိုးရအဖွဲ့အေဂျင်စီများဖြင့် လုံခြုံရေးကို တိုးမြှင့်ချထားကြောင်း ပွဲဖြစ်မြောက်ရေး ကော်မတီမှ အရာရှိ တစ်ဦးက ရှန်ဟိုင်း Youth နေ့စဉ် သတင်းစာ၌ ပြောကြား ထားသည်။

From: မြ၀တီ

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်