Friday, July 25, 2014

MH17 ပျက်ကျမှုတွင် သမီးဖြစ်သူ အသက်ရှင်ဆဲဟု ယုံကြည်နေသည့် ဇနီးမောင်နှံ ယူကရိန်းသို့ သွားရောက်

Posted by drmyochit Friday, July 25, 2014, under | No comments


ဩစတြေးလျ နိုင်ငံမှ ဇနီးမောင်နှံ နှစ်ဦးသည် ပျက်ကျသွားသည့် MH17 လေယာဉ်ပေါ် ပါသွားသည့် သမီးဖြစ်သူ သေဆုံးသွားပြီဟု မယုံကြည်ဘဲ ကိုယ်တိုင်ရှာဖွေရန်အတွက် ယူကရိန်းနိုင်ငံသို့ သွားရောက်ခဲ့ကြောင်း သိရသည်။

ဂျာဇီ ဒစ်ဇင်စကီးနှင့် အန်ဂျလာ ဒစ်ဇင်စကီးတို့ နှစ်ဦးက မလေးရှား လေကြောင်းလိုင်းပိုင် MH17 လေယာဉ်ပေါ်တွင် လိုက်ပါခဲ့သည့် သမီးဖြစ်သူ ဖာတီမာသည် ယူကရိန်းတွင် အသက်ရှင်လျက် ရှိနေဆဲဟု အလေးအနက် ယုံကြည်နေကြသည်။ ယခုအခါ ဇနီးမောင်နှံ နှစ်ဦးလုံးသည် နယ်သာလန်နိုင်ငံ၊ အမ်စတာဒမ်သို့ ရောက်ရှိနေပြီး ဖာတီမာကို ရှာဖွေရန်အတွက် ယူကရိန်းသို့ ဆက်လက် ထွက်ခွာသွားသည်။

MH17သည် ယူကရိန်း အရှေ့ပိုင်းတွင် ပျံသန်းနေစဉ် ယူကရိန်း ခွဲထွက်ရေး သူပုန်များ ဒုံးကျည်ဖြင့် မှားယွင်းပစ်ခတ်လိုက်ခြင်းဟု ယူဆရသော အခြေအနေကြောင့် ပျက်ကျခဲ့ပြီး လိုက်ပါလာသူ (၂၉၈)ဦးစလုံး သေဆုံးခဲ့သည်။ သို့သော်လည်း ဂျာဇီနှင့် အန်ဂျလာတို့က တစ်ဦးတည်းသောသမီး ဖာတီမာ အနေဖြင့် အသက်ရှင်နေဆဲဟု အခိုင်အမာ ပြောဆိုနေကြသည်။ ဖာတီမာသည် အမ်စတာဒမ်မှ ကွာလာလမ်ပူသို့ ပျံသန်းသည့် လေယာဉ်နှင့်အတူ လိုက်ပါလာပြီး ထိုမှတစ်ဆင့် ပါ့သ်မြို့တွင် တွေ့ဆုံရန် စီစဉ်ထားသည်။

“ကျွန်တော်တို့ကတော့ သမီး ဒီနေ့အထိ အသက်ရှင်နေတုန်းပဲလို့ ယုံကြည်တယ်။ ဒါကြောင့် ဒီနေ့ပဲ ကျွန်တော်တို့ ယူကရိန်းကို သွားပြီး သမီးကို လိုက်ရှာမလို့ပါ”ဟု ဖခင်ဖြစ်သူ ဂျာဇီက သတင်းထောက်များအား အမ်စတာဒမ်ရှိ ရှီပိုးလ်လေဆိပ်တွင် ဇူလိုင်(၂၅)ရက်နေ့က ပြောကြားခဲ့သည်။ ဂျာဇီသည် ဆရာဝန် တစ်ဦးလည်း ဖြစ်သည်။

ဖာတီမာသည် အသက်(၂၅)နှစ် အရွယ်ရှိပြီး အာကာသ သိပ္ပံပညာရှင် တစ်ဦးလည်း ဖြစ်သည်။ ဂျာဇီက လေယာဉ် ပေါက်ကွဲ ပျက်စီးချိန်တွင် သမီးဖြစ်သူသည် လွင့်စင်ထွက်သွားပြီး ထိုင်ခုံကူရှင်နှင့် တွဲလျက်သား ရှိနေသဖြင့် မြေပေါ်အကျတွင် ပြင်းထန်စွာ ထိခိုက်မှု မရှိဘဲ အသက်ရှင်နိုင်မည်ဟု ယုံကြည်နေသည်။ “ဒိုးနက်စ်ခ်ကို ဆက်သွားဖို့ ကျွန်တော်တို့ စီစဉ်ပြီးသားပါ။ အဲဒီကနေတစ်ဆင့် လေယာဉ်ပျက်ကျတဲ့ နေရာထိ သွားပါမယ်။ သမီးက အဲဒီမှာ အသက်ရှင်နေဦးမယ်လို့ ကျွန်တော်တို့ ယုံကြည်နေတုန်းပဲ”ဟု ဂျာဇီက ဖွင့်ဟခဲ့သည်။

CNNသတင်းဌာနက လေယာဉ်ပေါ် ပါသွားသူ တစ်ဦး၏ လက်ကိုင်ဖုန်းကို ဆွေမျိုးတစ်ဦးက ခေါ်ဆိုကြည့်သည့်အခါ အရှေ့ဥရောပသံ ဝဲဝဲနှင့် လူစိမ်းတစ်ဦးက ဖြေဆိုခဲ့ကြောင်း ဖော်ပြခဲ့သည်။ ဂျာဇီက “CNNက မိုဘိုင်းလ်ဖုန်း သတင်းကို ခင်ဗျားတို့ ကြည့်ဖြစ်တယ် မဟုတ်လား။ ဒါကြောင့် ကျွန်တော်တို့ အဲဒီကို သွားကိုသွားမယ်”ဟုလည်း ဆိုသည်။ ဂျာဇီတို့ ဇနီးမောင်နှံသည် လေယာဉ်ပျက် အနီးတဝိုက်တွင် DNA နမူနာများ ရယူခြင်းကဲ့သို့ စုံစမ်းရေး လုပ်ငန်းစဉ်များအတွက် နယ်သာလန်မှ စုံစမ်းစစ်ဆေးရေး ကွင်းဆင်းအရာရှိများကို အကူအညီ ပေးသွားမည် ဖြစ်သည်။

သူပုန်တပ်များ ထိန်းချုပ်ထားသည့် အဆိုပါ ဧရိယာတွင် အန္တရာယ် မကင်းလှကြောင်း သတိပေးမှုများ ရှိခဲ့သော်လည်း ဖာတီမာ၏ မိခင်ဖြစ်သူ အန်ဂျလာက “ကျွန်မတို့ မစိုးရိမ်ပါဘူး။ ကျွန်မတို့အတွက် ရှင်တို့လည်း မစိုးရိမ်ပါနဲ့။ ကျွန်မတို့ ဘေးကင်းမှာပါ။ ကျွန်မတို့က လေယာဉ် တိုက်ခိုက်ခံရတဲ့ နေရာကို သွားမှာပါ။ အဲဒီမှာ သမီးကိုလည်း လိုက်ရှာပါမယ်။ အသက်ရှင် ကျန်ရစ်သူ တစ်ယောက်ယောက် ရှိပါတယ်လို့ ဘယ်သူမှ မပြောကြဘူး။ ဒီကိစ္စမှာ အကြောင်းရင်း တစ်ခုခုတော့ ရှိလိမ့်မယ်။ အသက်ရှင် ကျန်ရစ်သူတွေ ရှိနေဆဲဆိုတဲ့ အထောက်အထား တစ်ခုခုတော့ ရှိလိမ့်မယ်”ဟုလည်း ပြောကြားသွားသည်။

MH17 ဖြစ်ရပ်ဆိုးကြီးတွင် ဩစတြေးလျ နိုင်ငံသား (၂၈)ဦးနှင့် အမြဲတမ်း နေထိုင်ခွင့် ရရှိထားသူ (၉)ဦးတို့ အသက်ဆုံးရှုံးခဲ့ကြောင်း သတင်းများက ဖော်ပြခဲ့သည်။

_YAHOO
7 Day

ရိုက်ကူးနေဆဲ Dragon Bladeသည် ၎င်းစိတ်ကြိုက်အတွေ့ဆုံး ရုပ်ရှင်ဟု ဂျက်ကီချန်း မှတ်ချက်ပြု

Posted by drmyochit Friday, July 25, 2014, under | No comments



လက်ရှိ ရိုက်ကူးနေသည့် Dragon Blade ဇာတ်ကားသည် မိမိဘဝတွင် အထင်ကရ မှတ်တိုင်တစ်ခု ဖြစ်လိမ့်မည်ဟု ဂျက်ကီချန်းက ပြောကြားခဲ့သည်။

ဟောင်ကောင် အက်ရှင်မင်းသား ချန်းသည် (၂၀၁၅)ခုနှစ်တွင် ရုံတင်မည့် ရုပ်ရှင်မှာ ၎င်း၏ဘဝ တစ်လျှောက်လုံး လက်တွေ့ရိုက်ကူးရန် မျှော်လင့်ထားသည့် ဇာတ်ကားမျိုးဟု မှတ်ချက်ပြုခဲ့သည်။ ချန်းသည် Dragon Blade ရိုက်ကူးရေးအတွက် တရုတ်နှင့် အိန္ဒိယ နယ်နိမိတ်အနီး အက်ဆိုင်းသို့ ရောက်ရှိနေပြီး ယခုသီတင်းပတ် အစောပိုင်းက မီဒီယာများနှင့် ရိုက်ကွင်းတွင် တွေ့ဆုံခဲ့သည်။

“ဒီပရောဂျက်ကို အကောင်အထည်ဖော်ဖို့ ကျွန်တော်တို့ (၇)နှစ်လောက် အချိန်ယူခဲ့ရတယ်။ ဒါရိုက်တာ ဒန်နီရယ်လ်လီက ဇာတ်ညွှန်းကို စိတ်တိုင်းကျ ပြန်ပြီး အချောသပ်တယ်။ ဒီဇာတ်ကားဟာ ကျွန်တော် တကယ်တမ်း အလေးအနက် အလိုရှိခဲ့တဲ့ ရုပ်ရှင်မျိုးပါ။ ဇာတ်ဝင်ခန်းတွေထဲက ပြောစကားတွေ၊ ဇာတ်အိမ်အလှည့်အပြောင်းတွေ၊ အချိတ်အဆက်တွေ အားလုံးက အရမ်း ပြောင်မြောက်တယ်”ဟု ချန်းက ဆိုသည်။

Dragon Bladeသည် တရုတ်သမိုင်းနောက်ခံ ရုပ်ရှင်တစ်ကားဖြစ်ပြီး ရိုက်ကူးရသည်မှာ တာဝန်ကြီးလွန်းကြောင်းလည်း ချန်းက မှတ်ချက်ပြုခဲ့သည်။ “ရိုက်ကွင်းမှာ လူတွေရာနဲ့ချီပြီး လှုပ်ရှားနေတာကို ပေါ်လွင်စေဖို့အတွက် တိုက်ခိုက်မှု ပုံစံတွေကအစ ပိုပြီး ခက်ခဲတဲ့ အခြေအနေမျိုးကို ပြောင်းလဲလိုက်ရတယ်။ အများစုကတော့ သင်ပေးရင် အတတ်မြန်ကြပါတယ်”ဟု ချန်းက ဆိုသည်။ ၎င်းက “ဒီဇာတ်ကားမှာ ပါဝင်တဲ့ အတိုက်အခိုက် ဇာတ်ဝင်ခန်းတွေက တကယ့် မာမာထန်ထန်၊ အားပါပါ လှုပ်ရှားမှုတွေပါ။ ကိုယ်ခံပညာရဲ့ အနှစ်သာရ စစ်စစ်တွေကို ရုပ်ရှင်ပိတ်ကားပေါ်မှာ ပြသရတာမျိုးကို ကျွန်တော် အရမ်းကြိုက်ပါတယ်”ဟုလည်း ပြောကြားသွားသည်။

_Channel NewsAsia
7 Day

တွစ်တာပေါ်တွင် ရေပန်းစား ခဲ့သည့် သြစတြေးလျ ဟော်ကီသမ နှစ်ဦး၏ Selfie ဓာတ်ပုံ

Posted by drmyochit Friday, July 25, 2014, under | No comments


စကော့တလန် နိုင်ငံမှာ ကျင်းပနေတဲ့ ဓနသဟာယ ပြိုင်ပွဲမှာ ၀င်ရောက် ယှဉ်ပြိုင် နေတဲ့ သြစတြေးလျ အမျိုးသမီး ဟော်ကီ အသင်းက ကစားသမား နှစ်ဦးရဲ့ Selfie ဓာတ်ပုံဟာ မထင်မှတ်ပဲ လူမှု ကွန်ယက်တွေ ပေါ်မှာ ထင်ပေါ် ကျော်ကြား သွားခဲ့ ပါတယ်။

ဖြစ်ပုံက ဒီလိုပါ။ မလေးရှား အသင်းကို သြစတြေးလျ အသင်းက ၄-၀ ဂိုးနဲ့ အနိုင်ရရှိ ခဲ့တဲ့ အမျိုးသမီး ဟော်ကီပွဲ အပြီးမှာ သြစတြေးလျ  ဟော်ကီမယ် နှစ်ယောက် ဟာ ဂိုးပေါက် ရှေ့မှာ selfie ဓာတ်ပုံ ရိုက်ကူးခဲ့ ကြရာမှာ ဂိုးတိုင် နောက်ဖက်မှာ ရှိနေတဲ့ ဗြိတိန် ဘုရင်မကြီး အဲလီဇဘက် ၂ က ကင်မရာဖက်ကို ကြည့်ပြီး ပြုံးပြ နေတာ ပါလာ ခဲ့ပါတယ်။ အဲဒီ ဓာတ်ပုံထဲမှာ ပါတဲ့ ကစားသမား ဂျိတ်တေလာက “ငါတို့ရဲ့ selfie ပုံမှာ ဘုရင်မကြီး ပါတယ်”လို့ ရေးသားပြီး တွစ်တာပေါ်မှာ တင်လိုက်တဲ့ နောက်မှာပဲ ဖြန့်ဝေ သူတွေ၊ ကြိုက်နှစ်သက် သူတွေနဲ့ ပလူပျံ သွားခဲ့ ပါတယ်။

ဓာတ်ပုံကို တင်လိုက်ပြီး ငါးနာရီလောက် မှာပဲ ပြန်ပြောသူ(retweet)ပေါင်း ငါးထောင် နီးပါး ရှိခဲ့သလို ကြိုက်နှစ်သက်ခဲ့ သူကလည်း လေးထောင်ကျော် ရှိခဲ့ပါတယ်။ “ကျွန်မတို့ တမင်ရည်ရွယ် လုပ်ဆောင်ခဲ့ ကြတာပါ။ သူ အဲဒီတံခါးက ထွက်လာ တာနဲ့ ကွက်တိ ချိန်ပြီး ကျွန်မတို့ ဓာတ်ပုံရိုက်ဖို့ ကြိုးစားခဲ့ ကြတာ ဖြစ်ပြီး တကယ် ရိုက်တဲ့ အချိန်မှာ သူ ကျွန်မတို့ နောက်မှာ ရှိနေပြီး ကင်မရာကို ပြုံးပြ ခဲ့တာပါ”လို့ တေလာက နောက်ပိုင်းမှာ ပြန်ပြောပြ ခဲ့ပါတယ်။ အခု အချိန်မှာ အဲဒီ သတင်းကို မီဒီယာ တော်တော် များများက ဖော်ပြခဲ့ ကြပြီး ရေပန်းစားတဲ့ selfie ဓာတ်ပုံ တစ်ပုံလို့ ဖော်ကျူး နေကြ ပါတယ်။

Ref: BBC
Mizzima

မြန်မာအမျိုးသမီးတွေ ဒူးထောက်ဝန်ဆောင်မှု ပေးနေတာကို အစိုးရ ဘာပြောပြီလဲ

Posted by drmyochit Friday, July 25, 2014, under | No comments

ဧည့်သည်တွေကို ဘုရင်လို ခံစားရအောင်လို့ ဒူးထောက်ဝန်ဆောင်မှု ပေးနေတာတွေကို မလုပ်ဖို့ Vintage Luxury Hotel အမည်ရှိ ရေပေါ်ဟိုတယ် တာဝန်ရှိသူတွေကို အစိုးရက ခေါ်သတိပေးလိုက်ပါတယ်။

ဧည့်ကြိုကောင်တာမှာ ဝန်ထမ်းတွေက ဧည့်သည်တွေကို ဒူးထောက် ဝန်ဆောင်မှု ပေးတာလို လွန်ကဲတဲ့၊ မြန်မာ့ယဉ်ကျေးမှုနဲ့ လိုက်လျောညီထွေမရှိတဲ့ ဝန်ဆောင်မှုတွေကို မပေးဖို့ ဟိုတယ်တာဝန်ရှိသူတွေကို ဟိုတယ်နဲ့ ခရီးသွားလာရေးလုပ်ငန်း ဝန်ကြီးဌာနက ခေါ်ယူ သတိပေးလိုက်တာပါ။

ဟိုတယ်နဲ့ တည်းခိုခန်းတွေ အနေနဲ့ ဧည့်ကြို၊ အိပ်ခန်းဆောင်၊ အစားအသောက်နဲ့ အဖျော်ယမကာ တွေမှာလည်း ဟိုတယ်နဲ့ ခရီးသွားလာရေး သင်တန်းကျောင်းတွေက သင်တန်းပေးထားတဲ့ ဝန်ဆောင်မှုထက် ပိုကဲတဲ့၊ သာမန်ထက် လွန်ကဲတဲ့ ဝန်ဆောင်မှုမျိုး မပေးဖို့ သတိပေးပါတယ်။

ခရီးလှည့်လည်ရေး ကုမ္ပဏီတွေ အနေနဲ့ စင်းလုံးငှားလေယာဉ်တွေ၊ အပျော်စီးသင်္ဘောတွေ၊ နယ်စပ်ဖြတ်ကျော်ယာဉ်တန်း စတဲ့ နေရာတွေမှာလည်း လွန်ကဲတဲ့ ဝန်ဆောင်မှုတွေ မပေးမိဖို့ သတိပေးထားပါတယ်။

နိုင်ငံခြားသား ဧည့်သည်တွေကို ဧည့်ကြိုခန်းမမှာ မြန်မာ အမျိုးသမီးတွေ ဒူးထောက်ပြီး ဝန်ဆောင်မှု ပေးနေတဲ့ ဓါတ်ပုံတွေ အင်တာနက် လူမှုစာမျက်နှာမှာ ထွက်ပေါ်လာပြီးနောက်ပိုင်းမှာ ဝေဖန်မှုတွေ ပွတ်လောရိုက် နေပါတယ်။

ဒူးထောင်ဝန်ဆောင်မှု ပေးတဲ့ ဓာတ်ပုံတွေဟာ ဟိုတယ်ရဲ့ဝန်ဆောင်မှုကို ကြော်ငြာတဲ့ပုံပါ ။ တကယ်ဝန်ဆောင်မှုပေး အဲ့ဒီလို မဟုတ် ပါဘူး လို့ ရေပေါ်ဟိုတယ် operation manager အိန္ဒိနိုင်ငံသား မစ္စတာ အဲရစ်က ပြောပါတယ်။

အမေရိကန်ဒေါ်လာ သန်း ၅၀ ရင်းနှီးမြုပ်နှံထားတဲ့ ကြယ်ငါးပွင့် အဆင့်ရှိတဲ့ ရေပေါ်ဟိုတယ်ကို ရန်ကုန်မြို့တော် ဗိုလ်တစ်ထောင် ဆိပ်ကမ်းမှာ ဇူလိုင်လ ၁ ရက်နေ့က စတင် ဖွင့်လှစ်ခဲ့ပါတယ်။

The Voice Weekly

ဧည့်သည် ဒူးထောက်ကြိုခိုင်းတဲ့ဟိုတယ်ကို ဝန်ကြီးဌာန ခေါ်ယူသတိပေး

Posted by drmyochit Friday, July 25, 2014, under | No comments


ဟိုတယ်ခရီး ဝန်ကြီးဌာနက တည်းခိုခန်း/ဟိုတယ်လုပ်ငန်းရှင်တွေကို ညွှန်ကြားချက်တခု ထုတ်လိုက်ပါ တယ်။ လိုတာထက်ပိုကဲတဲ့ မသင့်လျော်တဲ့ ဝန်ဆောင်မှုတွေ မပေးကြဖို့ပါပဲ။

ဒီညွှန်ကြားချက်ဟာ မကြာသေးခင် အွန်လိုင်းမှာ လူပြောများခဲ့တဲ့ ပုံတပုံကြောင့် ဖြစ်ပါလိမ့်မယ်။

ရန်ကုန်က ဈေးကြီးကြီးဟိုတယ်ခုရဲ့ဧည့်ကြိုခန်းမမှာ ဝန်ထမ်းတွေက ဧည့်သည်ကို ဒူးထောက်ကြိုဆိုကြတဲ့ပုံကို အဲဒီမှာ တွေ့ရပါတယ်။
တန်းစီပြီးဒူးထောက်ရတဲ့ဝန်ထမ်း ၄ ယောက်ခန့် ရှိပါတယ်။

ဧည့်သည်ကို ရှင်ဘုရင်စိတ် ဝင်သွားအောင် လုပ်တဲ့ ဝန်ဆောင်မှု ဖြစ်ကောင်း ဖြစ်ပါလိမ့်မယ်။
အွန်လိုင်းမှာတော့ ဒီဝန်ဆောင်မှုက ကောင်းကောင်း အဆဲခံနေရပါပြီ။

ဟိုတယ်ခရီးဝန်ကြီးဌာနက ညွှန်ကြားချက် ထုတ်ရုံတင်မက သက်ဆိုင်ရာဟိုတယ်ကိုလည်း ခေါ်ယူ သတိပေးထားကြောင်း ဒီကနေ့ရက်စွဲနဲ့ ဝန်ကြီးဌာနအွန်လိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။

အွန်လိုင်းမှာတွေ့ရတဲ့သတင်း

ထုတ်ပြန်ချက် နဲ့ ညွှန်ကြားချက်တို့ကို ကူးယူ ဖော်ပြလိုက်ပါတယ်။

လူမှုကွန်ယက်များတွင်ပျံ့နှံ့လျက်ရှိသော Vintage Luxury Yacht Hotel ၏ ၀န်ဆောင်မှုနှင့် ပတ်သက်၍ ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာနက အဆိုပါဟိုတယ် တာဝန်ရှိသူများအား ခေါ်ယူ၍ ပြင်းထန်စွာသတိပေး

၂၅ ဇူလိုင်၊ နေပြည်တော်

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တစ်ထောင်မြို့နယ် အမှတ်(၆)၊ ဗိုလ်တစ်ထောင်ဆိပ်ကမ်းတွင် Vintage Luxury Yacht Hotel အမည်ရှိ ရေပေါ်ဟိုတယ်သည် မြန်မာနိုင်ငံသားပိုင် လှလှပပ လီမိတက်က ရင်းနှီးမြှုပ်နှံ ဆောင်ရွက်သော ဟိုတယ်ဖြစ်ပြီး ဟိုတယ် အိပ်ခန်းပေါင်း (၁၀၄)ခန်းပါရှိပါသည်။

အဆိုပါရေပေါ်ဟိုတယ်သည် ဟိုတယ်ဝန်ဆောင်မှုအနေနှင့် ဧည့်ကြိုကောင်တာတွင် ဧည့်သည်ကို ဟိုတယ်ဝန်ထမ်းများက ဒူးထောက်အရိုအသေပေး၍ ကြိုဆိုနေသည့်ပုံဖြင့် Online Travel Agent ကြော်ငြာမှု အဖြစ် www.agoda.com websiteတွင် လွှင့်တင်ထားရှိရာ ယင်းဓာတ်ပုံသည် အခြားလူမှုကွန်ယက် စာမျက်နှာ များတွင် ပျံ့နှံ့သွားပြီး သဘောထားမှတ်ချက် အမျိုးမျိုးပေးထားသည်ကို တွေ့ရှိရပါသည်။

ထို့ကြောင့် ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်း ၀န်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် ညွှန်ကြားရေးမှူးများပါဝင်သော အဖွဲ့သည် ၂၄-၇-၂၀၁၄ ရက်နေ့က အဆိုပါ Vintage Luxury Yacht ရေပေါ် ဟိုတယ်သို့ သွားရောက်ပြီးလှလှပပလီမိတက်၏ ဒါရိုက်တာအဖွဲ့ဝင်ဦးမြင့်လွင်၊ Operation Directorဦးပြည့်ဖြိုးဦး၊ ကြီးကြပ်ရေးမှူးများနှင့် ၀န်ထမ်းများကိုတွေ့ဆုံ၍ စိစစ်မေးမြန်းခဲ့ပါသည်။

စိစစ်ချက်များအရ အဆိုပါဟိုတယ်၏ ယခင်က အထွေထွေမန်နေဂျာအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည် အီတလီနိုင်ငံသား Mr. Aless မှ အခြားဟိုတယ် များထက် တမူထူးကဲသော ၁၉၂၀ခုနှစ် ၀န်းကျင်ခန့်က ဥရောပတိုင်းပြည်များ၌ ဘုရင်နှင့် မိဖုရားကို ဒူးထောက် အရိုအသေပေးခဲ့သော ၀န်ဆောင်မှု (King and Queen Service)ကို ဟိုတယ်လာ ဧည့်သည်များအား ပေးရန် ရည်ရွယ်၍ ၀န်ထမ်းများကို သင်တန်းပေး လေ့ကျင့်ပေးခဲ့ကြောင်း၊ သင်္ဘောမှာလည်း လွန်ခဲ့သော နှစ်၁၀၀ခန့်က ခရီးသွားသင်္ဘောတစ်စင်း အပြင်အဆင်၊မွမ်းမံမှုနှင့် အသုံးအဆောင်များ ဖန်တီးထားကြောင်းနှင့် ယခုဓာတ်ပုံသည် လည်း ဧည့်သည်များ စိတ်ဝင် စားအောင် Advertisement လုပ်ခြင်းဖြစ်ကြောင်း၊ အမှန်တကယ် လက်တွေ့၌ ဤသို့ဆောင်ရွက်မှုမပေးပဲ ဒူးကွေးညွတ်ရုံသာ အရိုအသေပေးကြောင်းတင်ပြပြီး ဤ၀န်ဆောင်မှုကိုပေးရန် သင်တန်းပေးအစပျိုးခဲ့သော အထွေထွေမန်နေဂျာ Mr. Aless မှာလည်း အလုပ်မှနှုတ်ထွက်သွားပြီဖြစ်ကြောင်း စိစစ်တွေ့ရှိရပါသည်။

ဌာနအနေနှင့် ဤကဲ့သို့သော ၀န်ဆောင်မှုများပေးခြင်းသည် သာမန်ထက်လွန်ကဲသော အပြုအမူမျိုးဖြစ် ခြင်း၊ ၁၉၂၀ခုနှစ် ၀န်းကျင်ခန့်က ဥရောပတိုင်းပြည်များ၌ ဘုရင်နှင့်မိဖုရားကို ဒူးထောက် အရိုအသေပေးခဲ့သော ၀န်ဆောင်မှု (King and Queen Service) သည် ဟိုတယ်လုပ်ငန်းမှ ဧည့်သည်များကို ပေးဆောင်ရမည့် ၀န်ဆောင်မှုမျိုး၌ မပါရှိခြင်း၊ မြန်မာ့ရိုးရာယဉ်ကျေးမှု ထုံးတမ်းအစဉ်အလာအရ အနန္တောအနန္တဂိုဏ်းဝင်များကိုသာ အရိုအသေ၊အလေးအမြတ်ပေးသော အမူအယာမျိုးဖြစ်၍ ထုံးတမ်းအစဉ်အလာ၊ ယဉ်ကျေးမှုထက် ပိုမိုလွန်ကဲပြီး တစ်ပါးသူများမှအထင်အမြင်လွဲမှားမှုများ ပေါ်ပေါက်လာခြင်းနှင့် ၀န်ထမ်းများအနေဖြင့်လည်း ဤသို့ပုံမှန် ၀န်ဆောင်မှုထက် ခက်ခဲစွာဝန်ဆောင်မှုပေးရ၍ အဆင်မပြေဖြစ်ခြင်းတို့ကြောင့် ဤသို့သောဝန်ဆောင် မှုပေးခြင်း ကိုရပ်ဆိုင်းရန် သတိပေးခဲ့ပြီး၊ ၄င်းဝန်ဆောင်မှုမျိုး ထပ်မံဆောင်ရွက်ကြောင်း စိစစ်တွေ့ရှိရပါက လိုအပ်သလို အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတိပေးခဲ့ပါသည်။

၎င်းအပြင် ၂၅-၇-၂၀၁၄ ရက်နေ့က လှလှပပလီမိတက်၏ ဒါရိုက်တာအဖွဲ့ဝင် ဦးမြင့်လွင်နှင့် Operation Director ဦးပြည့်ဖြိုးဦးတို့ကို နေပြည်တော်၊ ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာနသို့ ခေါ်ယူ၍ ဒုတိယ၀န်ကြီး ဒေါက်တာစိုင်းကျော်အုန်းနှင့် ညွှန်ကြားရေးမှူးချုပ်များက တွေ့ဆုံ၍ ဤကဲ့သို့ ပုံမှန် ဟိုတယ် ၀န်ဆောင်မှုများထက် လွန်ကဲပြီး မိရိုးဖလာ ရိုးရာယဉ်ကျေးမှုနှင့် ဆန့်ကျင်သော အပြုအမူများကို လုံးဝရပ်တန့်ရန် နှင့် ယခုလွှင့်တင်ထားသော ဓာတ်ပုံကိုလည်း ချက်ချင်းဖျက်သိမ်း ရန် ပြင်းထန် စွာသတိပေးခဲ့ပါသည်။

Vintage Luxury Yacht Hotel ဒါရိုက်တာအဖွဲ့ဝင်များက လွှင့်တင်ထားသောဓာတ်ပုံကို ဖျက်သိမ်းပြီးဖြစ် ပါကြောင်းနှင့် ဤသို့သောဝန်ဆောင်မှုများကို ပြုလုပ်ခြင်း မပြုပါကြောင်း ၀န်ခံကတိပြုပါသည်။

မြန်မာနိုင်ငံတွင် ယနေ့အထိ ဟိုတယ်ပေါင်း (၁၀၃၆)လုံးနှင့် အခန်းပေါင်း (၃၉၉၈၄)ခန်း ရှိကာ ရေပေါ် ဟိုတယ်အနေနှင့် ဤဟိုတယ်တစ်လုံးသာရှိပါသည်။ ၀န်ကြီးဌာနသည် ဟိုတယ်များအနေနှင့် သာမန်ထက် ပိုမိုထူးကဲပြီး မိရိုးဖလာ ရိုးရာယဉ်ကျေးမှုနှင့် ဆန့်ကျင်သော၊ အများက ထင်ယောင်ထင်မှား၊ သံသယဖြစ်ဖွယ် အပြုအမူမျိုးကို ပြုလုပ်ခြင်းမပြုရန် သတိပေးထားရှိသည့်နည်းတူ ဟိုတယ်လုပ်ငန်းအပြင် ခရီးသွားလာရေး လုပ်ငန်းများကိုလည်း ဤကဲ့သို့ ဧည့်သည်ကို ထူးကဲစွာကြိုဆိုမှုများ မပြုလုပ်ရန်လည်း သတိပေးထားရှိပါသည်။






ဧရာဝတီ

RCSS/SSA အဖွဲ့အတွက် SNDP ပါတီဝင်မှ ဒေသခံရွာသား(၅)ဦးအား လိမ်လည်၍ လူသစ်စုဆောင်းခြင်း

Posted by drmyochit Friday, July 25, 2014, under | No comments


ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းလပ်မြို့နယ်ခွဲတွင် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP)မှ ပါတီဝင် တစ်ဦး သည် ဇူလိုင် ၂၀ ရက်နေ့က ဒေသခံရှမ်းအမျိုးသား(၅)ဦးအား လူသစ်အဖြစ် လိမ်လည်စုဆောင်းသွားကြောင်း ယင်းဒေသခံများထံမှ သိရသည်။

အဆိုပါ ဖြစ်စဉ်မှာ ကျိုင်းလပ်မြို့နယ်ခွဲ၊ အမှတ်(၁)ရပ်ကွက်၊ ၀မ်လုံရွာနေ ဦးအိုက်ပန်းနှင့် မောင်အိုက်ကျန် တို့ (၂)ဦးအား တစ်ရွာတည်းနေ SNDP ပါတီဝင်တစ်ဦးဖြစ်သူ ဦးမိုင်ခမ်းမှ အလုပ်လုပ်ရန်ဟု လိမ်လည်ပြောဆိုကာ ဇူလိုင်(၂၀)ရက် ည ၈ နာရီခန့်က ခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း ဆွေမျိုးတော်စပ်သူတစ်ဦးက ပြောသည်။

“ ကျွန်တော့်သားကို အလုပ် လုပ်ချင်ရင် လိုက်ခဲ့၊ ဟိုရောက်လို့ မလုပ်ချင်ရင် ပြန်လို့ရတယ်ဆိုပြီး ဦးမိုင်ခမ်း က ခေါ်သွားတာ၊ ဒီနေ့အထိ ပြန်မလာသေးဘူး၊ ဦးမိုင်ခမ်းလည်း ပြန်မလာဘူး၊ သူက အရင်တုန်းက ရွက်ဆစ် အဖွဲ့ရဲ့ အမာခံသတင်းပေးလုပ်ဖူးတော့ သားအတွက် စိုးရိမ်နေတယ် ” ဟု မောင်အိုက်ကျန်၏ ဖခင်ဖြစ်သူက ပြောကြားသည်။

အလားတူ ယင်းပါတီဝင်သည် မိုင်းပါလျှိုးအုပ်စု၊ နမ့်ဖျန်ကျေးရွာမှ ရွာသား(၃)ဦးကိုလည်း အလုပ်ရှာပေးမည်ဟု ခေါ်ဆောင်သွားရာ ယနေ့အချိန်အထိ ပြန်ရောက်မလာ၊ သတင်းလည်း မကြားရသဖြင့် မိဘများက စိုးရိမ်ပူပန် နေကြကြောင်း သိရသည်။

“ ခေါ်သွားတာ ၅ ရက်ရှိပြီ၊ ဘာမှ ဆက်သွယ်မလာဘူး၊ အလုပ်ရ မရ ဖုန်းဆက်ဖို့ ပြောထားပေမယ့် တစ်ယောက်မှ ဖုန်းမဆက်ဘူး၊ စိတ်ပူလို့ ၀မ်လုံရွာကို ဦးမိုင်ခမ်း ပြန်ရောက်ပြီလား သွားကြည့်တော့လဲ မရောက်သေးဘူး၊ ရှမ်းစစ်တပ်ထဲ သွင်းလိုက်ပြီလား မသိဘူး ” ဟု ဆွေမျိုးတော်စပ်သူတစ်ဦးက ပြောသည်။

ကျိုင်းလပ်မြို့နယ်ခွဲ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဦးစီးအရာရှိတစ်ဦးက “ ရွာသားငါးယောက်ကို SNDP ပါတီဝင် ဦးမိုင်ခမ်း အလုပ်လုပ်ဖို့ ခေါ်သွားတယ်လို့ သိရပါတယ်၊ သူပြန်လာမှ အဖြစ်မှန် သိရမှာပါ၊ မိဘတွေက စိတ်ပူပြီး RCSS/SSA အဖွဲ့ထဲ သွင်းလိုက်ပြီလို့ ထင်နေကြတယ်၊ ဦးမိုင်ခမ်းဟာ အရင် အဲဒီအဖွဲ့နဲ့ပတ်သက်ခဲ့ဖူးတာ မှန်ပါတယ်၊ ဒါပေမယ့် အခု သူက SNDP ပါတီဝင် ဖြစ်နေပါပြီ၊ တကယ်လို့ ရွာသားငါးယောက်ကို လိမ်ညာ ခေါ်ဆောင်ပြီး အဲဒီအဖွဲ့ထဲ ထည့်တယ်ဆိုရင်တော့ မိဘအုပ်ထိန်းသူတွေရဲ့ ဆန္ဒအရ တရားဥပဒေအတိုင်း ဆောင်ရွက်သွားရမှာဖြစ်ပါတယ် ” ဟု ပြောကြားသွားသည်။

စိုင်းရွှေအောင်
Shan News

အက ကောင်းတဲ့ ထိုင်းနိုင်ငံက ရဲ

Posted by drmyochit Friday, July 25, 2014, under | No comments


ထိုင်း နိုင်ငံက ရဲတဦးက လူထု ဆက်ဆံရေး ကောင်းမွန်မှုကို ပြသတဲ့အနေနဲ့ ကျောင်းသား ကျောင်းသူတွေ နဲ့ တွေ့ဆုံပွဲ တခုမှာ အခုခေတ် လူငယ်တွေ အကြိုက် က ပြဖျော်ဖြေခဲ့ပါတယ်။

ထိုင်းရဲ ကပြဖျော်ဖြေသွားတဲ့ ကကွက်တွေက ယူနီဖောင်းဝတ်နဲ့ ကပြတာဖြစ်ပြီး ခက်ခဲတဲ့ ကကွက်တွေ လည်းဖြစ်ပါတယ်။

ကျောင်းသား ကျောင်းသူတွေက လည်း သူရဲ့ ကပြဖျော်ဖြေမှုကို အားပေးမှုက တခဲနက်ဖြစ်ပါတယ်။ ထိုင်း နိုင်ငံမှာ အခုလို လူထုဖျော်ဖြေရေး လုပ်ငန်းတွေအနေနဲ့ အစိုးရ ဝန်ထမ်းတွေက အလျဉ်းသင့်သလို
ဖျော်ဖြေ မှုတွေ လုပ်ကြပါတယ်။

မြန်မာနိုင်ငံမှာတော့ လွန်ခဲ့တဲ့ လပိုင်းတွေက အွန်လိုင်းလောကမှာပါ နာမည်ကြီးခဲ့တဲ့ ရန်ကုန်မြို့က ယာဉ်ထိန်းရဲ့ တဦးရဲ့ တာဝန်ထမ်းဆောင်မှုက တကယ့်ကို အကွက်ကျကျ က  နေသလားလို့တောင် ထင်ကြရပါတယ်။


အိမ့်သံစဉ်
ဧရာဝတီ

ဒိုင်လူကြီးများကို လိင်ဖျော်ဖြေမှုဖြင့် လာဘ်ထိုးပြီး လုပ်ပွဲ လုပ်စားသူ ထောင် ၃ နှစ်ကျ

Posted by drmyochit Friday, July 25, 2014, under | No comments


လက်ဘနွန်နိုင်ငံသား ဘောလုံးဒိုင်လူကြီး ၃ ဦးအား ပြည့်တန်ဆာများဖြင့် ဖျော်ဖြေပေးပြီး၎င်းတို့တာဝန်ယူမည့် ဘောလုံးပွဲကို လုပ်ပွဲလုပ်ခိုင်းသူ စင်္ကာပူနိုင်ငံသား အသက် ၃၂ နှစ်ရှိ Eric Ding (ပုံ - နေကာမျက်မှန် တတ်လျက်) ကို ပြစ်မှုထင်ရှားသဖြင့် တရားရုံးက ထောင်ဒဏ် ၃ နှစ်
မနေ့က ချမှတ်ခဲ့သည်။

Eric Ding သည် ၂၀၁၃ ခုနှစ်က စင်္ကာပူကလပ် တန်းပနိစ်ရိုဗာ Tampinese Rover နှင့် အိန္ဒိယ ကလပ်အသင်း East Bengal တို့ ကစားမည့် AFC ဖုလားပွဲစဉ်တခုအတွက် တာဝန်ကျဒိုင် ၃ ဦးကို လိင်ဖျော်ဖြေမှုဖြင့် လာဘ်ထိုးခဲ့ခြင်း ဖြစ်သည်။

ဖီဖာကွင်းလယ်ဒိုင် Ali Sabbagh သည် Eric Ding ငှားပေးသော အမျိုးသမီး တဦးနှင့် လိင်ဆက်ဆံ ခဲ့ကြောင်း ၀န်ခံခဲ့ပြီး စင်္ကာပူတွင် ထောင်ဒဏ် ၆ လ ကျခံရလျက်ရှိသည်။ အရံဒိုင် ၂ ဦးဖြစ်သော Ali Eid နှင့် Abdallah Taleb တို့ သည်လည်း ထောင်ဒဏ် ၃ လစီ ကျခံနေရကြောင်း သိရသည်။

ယင်းအပြင် ကွင်းလယ်ဒိုင်အား ဖီဖာက ဒိုင်လူကြီးတာဝန်မှ ရာသက်ပန် တားမြစ်လိုက်ပြီး ကျန်ဒိုင် ၂ ဦးကိုမူ ၁၀ နှစ်စီ ပိတ်ပင်လိုက်သည်။

Eric Ding ၏ရှေ့နေက အယူခံဝင်မည်ဟု တရားရုံးအား လျောက်လဲ၍ အာမခံတောင်းသော်လည်း တရားသူကြီးက တရားခံသည် ထွက်ပြေး တိမ်းရှောင်နိုင်သည့် အလားအလာရှိသည်ဟု ယူဆသဖြင့် အာမခံမပေးခဲ့ပေ။

News Watch(စောင့်ကြည့်သတင်းဂျာနယ်)

သာပေါင်းမြို့နယ် ကျေးရွာအုပ်စုလေးစုအတွင်း လေပြင်းတိုက်၍ အိမ် ၁၇လုံး ပျက်စီး

Posted by drmyochit Friday, July 25, 2014, under | No comments

ပုသိမ်၊ ဇူလိုင် ၂၄

- ဧရာဝတီ တိုင်းဒေသကြီး သာပေါင်းမြို့နယ် အတွင်းရှိကျေးရွာအုပ်စုလေးအုပ်စု အတွင်း ဇူလိုင် ၂၁ရက် ည ၁ဝ နာရီ ခန့်၌ မိုးသက်လေပြင်း ကျရောက်ခဲ့ ခြင်းကြောင့် နေအိမ်၁၃လုံး ပြိုလဲခဲ့ ပြီး နေအိမ်လေးလုံးမှာ အမိုးနှင့်အ ကာများပျက်စီးသွားခဲ့သည်ဟု သာ ပေါင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ သိရှိရသည်။

အဆိုပါ လေပြင်းတိုက်ခတ်ခံရ သော ကျေးရွာများမှာ သာပေါင်းမြို့ နယ်အတွင်း၌ရှိသည့် ထန်းကြိုကုန်း၊ ပျဉ်းမထုန်း၊ ငဝန်ထောင့်ကြီးနှင့်အုတ် ရှစ်ကုန်းရွာတို့ဖြစ်သည်။
''ညပိုင်းရုတ်တရက်ကြီး တဖြည်း ဖြည်းလေက ပြင်းထန်လာပြီး အိမ်တွေ ပြိုကုန်တာပါပဲ။ နေရေးစားရေး ပြန်လည်တည်ဆောက်နိုင်ရေး အကူ အညီတွေကတော့ လိုနေကြတယ်'' ဟု ကျေးရွာအုပ်စုလေးစုမှ ဒေသခံ တစ်ဦးက ပြောသည်။

လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်၁၇လုံး ပျက်စီးပြီးနောက် အမျိုးသား ၃ဝဦး၊ အမျိုးသမီး၃၉ဦး တို့ အိုးအိမ်မဲ့ဖြစ်ခဲ့သော်လည်း သေ ဆုံးခဲ့မှုမရှိခဲ့ဟု သာပေါင်းမြို့နယ် အုပ်ချုပ်ရေးမှူးဦးစိုးမင်းထွဋ်က ပြောသည်။

လက်ရှိမြို့နယ်နှင့် ရပ်ကျေး သဘာဝဘေးအန္တရာယ်ကာကွယ်ရေး အဖွဲ့မှ ပြိုလဲသွားသည့် နေအိမ်များ ကို ပြန်လည်ဆောက်လုပ်ပေးနိုင် ရေးအတွက် စီစဉ်လျက်ရှိကြောင်း၊ စားသောက်ရေး၊ နေထိုင်ရေးနှင့်ကျန်း မာရေးအတွက်လည်း အဆိုပါအဖွဲ့မှ ယာယီဆောင်ရွက်ပေးလျက်ရှိသည်။

ဇူလိုင် ၁၇ရက်မှခုနစ်ရက် အတွင်း မုတ်သုံလေအား ပြတ်တောက်မည် ဖြစ်ပြီး ဘင်္ဂါလားပင်လယ်အော် မြောက်ပိုင်းတွင် လေထုမငြိမ်သက် မှုတွေ ဖြစ်ပေါ်ကာ ဇူလိုင်၁၇ ရက် ၌ မွန်-တနင်္သာရီကမ်းရိုးတန်းနှင့် ကမ်းလွန်ပင်လယ်ပြင်တွင် ငါးပေမှ ခြောက်ပေအထိ လှိုင်းကြီးနိုင်ကြောင်း၊ ရန် ကုန်တိုင်းတောင်ပိုင်း၊ ဧရာဝတီ တိုင်းနှင့် မွန်ပြည်နယ်အတွင်းရှိမြေနိမ့်ပိုင်း၊ လယ်ကွင်းများ၌ရေကြီးနိုင် သည့်အလားအလာရှိကြောင်း မိုးလေ ဝသပညာရှင် ဦးထွန်းလွင်က ခန့်မှန်း ပြောဆိုထားသည်။

အိန္ဒိယနိုင်ငံကမ်းရိုးတန်းဒေသ ကို ဖြတ်ကျော်ဝင်ရောက်လျက်ရှိသော မုန်တိုင်းငယ်ကြောင့် ၄င်းကမ်းရိုးတန်း နှင့် ထိစပ်နေသည့် ရန်ကုန်တိုင်းဒေသ ကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ပဲခူး တိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့၌ နေရာကွက်ကျား မိုးကြီးနိုင်ပြီး မိုးသည်းထန်မှုနှင့် အတူ လေပြင်းတိုက်ခတ်ခြင်းများ၊ ဒီရေမြင့်တက်ခြင်း၊ ရေလျှံရေကြီးမှု များဖြစ်ပေါ်နိုင်သည်ဟု မိုးလေဝသ နှင့် ဇလဗေဒဌာနမှ ဇူလိုင် ၂၁ရက် ညက သတင်းထုတ်ပြန်ခဲ့သည်။

KKK (MMK)
‪Democracytoday‬
Yangon Media Group

AH5017၏ အပျက်အစီးများ ရှာဖွေတွေ့ရှိပြီဟု ကြေညာ

Posted by drmyochit Friday, July 25, 2014, under | No comments



ပျက်ကျသွားကြောင်း အတည်ပြုခဲ့သည့် အယ်လ်ဂျီးရီးယား ခရီးသည်တင်လေယာဉ် AH5017၏ အပျက်အစီးများကို ရှာဖွေတွေ့ရှိပြီဟု သတင်းရရှိသည်။

Air Algerie လေကြောင်းလိုင်း၏ MD-83 လေယာဉ်သည် ဇူလိုင်(၂၄)ရက်က ဘာကီနာဖာဆိုမှ အယ်လ်ဂျီးရီးယားသို့ ဦးတည်၍ မြောက်ဘက်စူးစူးသို့ ပျံသန်းရင်း မာလီနိုင်ငံ ပိုင်နက်အတွင်းတွင် အဆက်အသွယ် ပြတ်တောက်သွားခဲ့သည်။ ထို့နောက်ပိုင်းတွင် လေကြောင်းလိုင်းက ခရီးသည် (၁၁၀)နှင့် အမှုထမ်း(၆)ဦး လိုက်ပါသွားသည့် လေယာဉ်သည် ပျက်ကျသွားခြင်းဟု အတည်ပြု ကြေညာခဲ့သည်။ ယခုအခါတွင်မူ လေယာဉ်ပျက် နေရာကို ရှာဖွေနိုင်ခဲ့ပြီဟု သိရသည်။

ဘာကီနာဖာဆို စစ်တပ်က လေယာဉ်သည် ဘာကီနာဖာဆို နယ်ခြားနှင့် ကီလိုမီတာ (၅၀)မျှအကွာ မာလီနိုင်ငံအတွင်းတွင် ပျက်ကျသွားခြင်းဟု ပြောကြားခဲ့သည်။ လေယာဉ်မှူးသည် ဆိုးဆိုးဝါးဝါး ရာသီဥတုကြောင့် လမ်းကြောင်းပြောင်းလဲ ပျံသန်းခွင့်ပေးရန် နိုက်ဂျား လေကြောင်းထိန်းသိမ်းရေး မျှော်စင်သို့ ဆက်သွယ် တောင်းဆိုခဲ့ပြီး ထို့နောက်တွင် လေယာဉ်နှင့် ထိန်းချုပ်ရေး မျှော်စင်တို့ကြား အဆက်အသွယ် ပြတ်တောက်သွားခြင်း ဖြစ်သည်။ အဆိုပါ လေယာဉ်သည် Air Algerie လေကြောင်းလိုင်းအတွက် မှတ်ပုံတင်ထားသော်လည်း စပိန်လေကြောင်းလိုင်း Swiftairက စင်းလုံးငှား အသုံးပြုနေခြင်းဟု သတင်းများက ဖော်ပြခဲ့သည်။

မာလီ အစိုးရ ရုပ်မြင်သံကြား ဌာနကလည်း ဘူလီကက်ဆီ ရွာအနီးတွင် လေယာဉ်ပျက် အစိတ်အပိုင်းများကို ရဟတ်ယာဉ်ပေါ်မှ ရှာဖွေ တွေ့ရှိခဲ့ကြောင်း ဖော်ပြခဲ့သည်။ ဘာကီနာဖာဆို စစ်တပ်မှ ဗိုလ်ချုပ်တစ်ဦးဖြစ်သည့် ဂီးလ်ဘတ် ဒီရန်ဒီရီက မာလီအစိုးရသည် ဘာကီနာဖာဆို စစ်တပ်များကို နယ်ခြားဖြတ်ကျော် ဝင်ရောက်ခွင့်ပြုပြီး လေယာဉ်ကို ရှာဖွေနိုင်ရန် ကူညီပေးခဲ့ကြောင်း APသို့ ပြောကြားခဲ့သည်။

“လောလောဆယ်တော့ ရှာဖွေရေး အဖွဲ့တွေက ရုပ်အလောင်းတွေကို တွေ့ထားပြီးပြီ။ လေယာဉ် အပျက်အစီးတွေကတော့ လုံးဝကို မီးကျွမ်းပြီး ပြန့်ကျဲနေတယ်”ဟု ဒီရန်ဒီရီက ဆိုသည်။ လေယာဉ်ပေါ်တွင် ပြင်သစ်နိုင်ငံသား (၅၁)ဦး လိုက်ပါသွားရာ ရှာဖွေရေး ကဏ္ဍတွင် ပြင်သစ်တိုက်လေယာဉ်များကလည်း ပူးပေါင်းကူညီခဲ့ပြီး ကုလသမဂ္ဂကလည်း ရဟတ်ယာဉ်များ စေလွှတ်ပေးခဲ့သည်။ လေယာဉ်သည် မာလီနိုင်ငံ တောင်ပိုင်းရှိ ဂိုအာအနီးတွင် အဆက်အသွယ် ပြတ်သွားပြီး ရှာဖွေရေး လုပ်ငန်းများကို ဂါအိုမှ အစပြုကာ မြောက်ပိုင်း တက်ဆာလစ်ထိ ဖြန့်ကျက် အကောင်အထည် ဖော်ခဲ့သည်။


ဘာကီနာဖာဆို အစိုးရ၏ ထုတ်ပြန်ချက်အရ လေယာဉ်ပေါ် ပါသွားသူများတွင် ဘာကီနာဖာဆို နိုင်ငံသား (၂၇)ဦး၊ ပြင်သစ်(၅၁)ဦး၊ လက်ဘနွန်မှ (၈)ဦး၊ အယ်လ်ဂျီးရီးယား နိုင်ငံသား (၆)ဦး၊ လူဇင်ဘာ့ဂ်မှ (၂)ဦး၊ ကနေဒါမှ (၅)ဦး၊ ဂျာမနီမှ (၄)ဦး၊ ကင်မရွန်း၊ ဘယ်လ်ဂျီယံ၊ အီဂျစ်၊ ယူကရိန်း၊ ဆွစ်ဇာလန်၊ နိုက်ဂျီးရီးယားနှင့် မာလီတို့မှ (၁)ဦးစီ ပါဝင်ကြောင်း သိရှိရသည်။ လေယာဉ်အမှုထမ်း အားလုံးမှာ စပိန်နိုင်ငံသားများ ဖြစ်ကြကြောင်း စပိန်လေယာဉ်မှူးများ သမဂ္ဂမှ ကြေညာသည်။ AH5017သည် ဘာကီနာဖာဆိုရှိ အူရာဂါဒူဂူမှ အယ်လ်ဂျီးရီးယားရှိ အယ်လ်ဂျီရားစ်မြို့သို့ တစ်ပတ်လျှင် လေးကြိမ် ပုံမှန်ပျံသန်း ပြေးဆွဲနေခဲ့ကြောင်းလည်း AFPက ဖော်ပြခဲ့သည်။

_BBC
7 Day

ချောင်းရေလျှံစဉ် ကြိုးတံတားပြတ်ကျရာ ပါသွားသူလေးဦး ပျောက်ဆုံးနေဆဲ

Posted by drmyochit Friday, July 25, 2014, under | No comments

ရှမ်းပြည်နယ် (မြောက် ပိုင်း) ကွမ်းလုံမြို့တွင် ဇူလိုင် ၂၂ ရက်က မိုးသည်းထန်စွာရွာသွန်း ပြီး ချောင်းရေလျှံသောကြောင့် ကြိုးတံတားတစ်စင်းပြတ်ကျရာ လူ ၂၀ ခန့် ချောင်းအတွင်းပါ သွားပြီး လေးဦးပျောက်ဆုံးနေကြောင်း သတင်းရရှိသည်။

ကွမ်းလုံမြို့ရှိ ဟိုလီကျေးရွာ နှင့် ရှင်လုံကျိုင်းကျေးရွာကို ဆက် သွယ်ထားသည့် သံလွင်မြစ်နှင့် ဆက်စပ်နေသော  နမ့်လင်း ချောင်းကူးကြိုးတံတားသည် ဇူလိုင် ၂၂ ရက်က ပြတ်ကျခဲ့ခြင်းဖြစ်သည်။ ပျောက်ဆုံးနေသူများကို ဇူလိုင် ၂၄ ရက်အထိ ပြန်မတွေ့သေးကြောင်း ကွမ်းလုံမြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောသည်။

‘‘တံတားပေါ်မှာ လူနှစ်ဆယ် လောက်ဖြတ်နေတဲ့အချိန် ပြတ် ကျသွားတာ။ လေးယောက်က တော့ ချောင်းထဲမျောသွားတယ်။ ရေစီးက အရမ်းကြမ်းတော့ အသက်ရှင်ဖို့တော့ မလွယ်တော့ ဘူး။  သံလွင်မြစ်ကလည်း ထုံးစံ အတိုင်း  လွယ်လွယ်နဲ့အလောင်း ပြန်မပေါ်တတ်ဘူး’’ဟု ၎င်းက ပြောသည်။

ပြတ်ကျသည့် ကြိုးတံတား သည် ပေ ၁၅၀ ခန့်ရှည်ပြီး ဇူလိုင် ၂၂ ရက်က ဟိုလီကျေးရွာတွင် ငါးရက်တစ်ကြိမ်ရောင်းသည့် ဈေးနေ့ဖြစ်သောကြောင့် အခြေအနေပိုဆိုးခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။  ဒဏ်ရာရသူများကိုဆေးရုံသို့ပို့ဆောင်ခဲ့ရပြီး စိုးရိမ်စရာမရှိတော့ကြောင်း သတင်းရရှိသည်။

ဇူလိုင် ၂၂ ရက်တွင်ပင် ကွမ်းလုံနှင့် သိန်းနီမြို့ကို ဖြတ် သွားသည့် ပြည်ထောင်စုလမ်း မကြီးပေါ် မြေတူးစက်ဖြင့် လမ်း ရှင်းလင်းရေးလုပ်နေသည့် အေး ရှာဝေါ ကုမ္ပဏီဝန်ထမ်းနှစ်ဦး တောင်ပေါ်မှ ပြုတ်ကျလာသော ကျောက်တုံးများကြောင့် ချောက် အတွင်းပြုတ်ကျသွားခဲ့ကြောင်း သတင်းရရှိသည်။ မြေတူးစက်ပါ ပြုတ်ကျသွားခြင်းဖြစ်ပြီး တစ်ဦး သေဆုံးကာ ကျန်တစ်ဦးမှာ လားရှိုးဆေးရုံတွင် အရေးပေါ်ကုသနေရကြောင်း သတင်းရရှိသည်။

ယင်းမြို့တွင် သဘာဝဘေးကြောင့် ဇူလိုင် ၂၂ ရက် တစ်နေ့တည်းတွင်သေဆုံးသူငါးဦးရှိသည်။

7 Day

ဘာသာပြောင်းမှုကြောင့် သေဒဏ်ချမှတ် ခံရဖူးသည့် ဆူဒန်အမျိုးသမီး နိုင်ငံမှ ထွက်ခွာခွင့်ရရှိ

Posted by drmyochit Friday, July 25, 2014, under | No comments


ဘာသာကူးပြောင်း ကိုးကွယ်မှုကြောင့် သေဒဏ်ချမှတ် ခံခဲ့ရပြီးမှ ပြစ်ဒဏ်မှ လွတ်မြောက်ခဲ့သည့် ဆူဒန်အမျိုးသမီးသည် ယခုအခါ နိုင်ငံအတွင်းမှ ထွက်ခွာခွင့် ရရှိခဲ့ပြီ ဖြစ်သည်။

မီရိုင်ယမ် ယာဟီရာ အီဘရာဟင်မ် အစ်ရှက်နှင့် သူမ၏ မိသားစုတို့သည် အီတလီ အစိုးရ စီစဉ်ပေးသည့် လေယာဉ်တစ်စီးဖြင့် ဇူလိုင်(၂၄)ရက်တွင် ဆူဒန်မှ အီတလီသို့ ထွက်ခွာခဲ့သည်။ အဆိုပါ လေယာဉ်ပေါ်တွင် အီတလီ အစိုးရအဖွဲ့ဝင် ဝန်ကြီးတစ်ဦးဖြစ်သည့် လာပိုပစ္စတယ်လီလည်း လိုက်ပါသွားကြောင်း သိရသည်။

မီရိုင်ယမ်သည် သေဒဏ်စီရင်ချက် ပယ်ဖျက်ပေးခြင်း ခံရပြီးနောက် ခါတိုရမ်ရှိ အမေရိကန် သံရုံးတွင် တစ်လကျော်ကြာ ခိုလှုံနေခဲ့ရသည်။ သူမ၏ ဖခင်သည် အစ္စလာမ် ဘာသာဝင် တစ်ဦးဖြစ်ပြီး ဆူဒန်တွင် ပြဋ္ဌာန်းထားသည့် ဥပဒေအရ မီရိုင်ယမ်သည် အလိုအလျောက် အစ္စလာမ် ဘာသာဝင်တစ်ဦးအဖြစ် အကျုံးဝင်လာပြီး ဘာသာပြောင်းလဲခွင့် မရှိချေ။

မီရိုင်ယမ်ကို ခရစ်ယာန် ဘာသာဝင် မိခင်က ပျိုးထောင်ပေးခဲ့ပြီး သူမ၏ ဘဝတွင် မည်သည့်အခါကမျှ အစ္စလာမ် ဘာသာဝင်အဖြစ် မခံယူခဲ့ဖူးကြောင်း မီရိုင်ယမ်က ပြောဆိုခဲ့ဖူးသည်။ အီတလီ နိုင်ငံတကာရေးရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး ပစ္စတယ်လီသည် မီရိုင်ယမ်ကို ဆူဒန်မှ ခေါ်ထုတ်လာပြီး ရောမမြို့သို့ ဦးတည်ထွက်ခွာခဲ့သည်။ ဝန်ကြီးက ၎င်း၏ Facebook စာမျက်နှာတွင် မီရိုင်ယမ်တို့ မိသားစုနှင့်အတူ ရိုက်ကူးထားသည့် ဓာတ်ပုံကို လွှင့်တင်ထားခဲ့သည်။

မီရိုင်ယမ်၏ ခင်ပွန်းသည် ဒန်နီရယ်လ်ဝါနီမှာ အမေရိကန် နိုင်ငံသားအဖြစ် ခံယူထားသည့် တောင်ပိုင်းဆူဒန်သား ခရစ်ယာန် ဘာသာဝင် တစ်ဦးဖြစ်သည်။ မီရိုင်ယမ်သည် ဘာသာရေး ဖောက်ပြန်မှု စွဲချက်ဖြင့် အကျဉ်းချခံနေရစဉ် အတောအတွင်း သမီးငယ် မာယာကို ထောင်ထဲတွင် မွေးဖွားခဲ့သည်။ ထို့နောက် မကြာမီ မီရိုင်ယမ်မှာ ဘာသာရေး ဖောက်ပြန်မှုအတွက် သေဒဏ် ချမှတ်ခံရပြီး ကမ္ဘာ့နိုင်ငံ အများစုက ဆူဒန် အစိုးရကို ပြင်းပြင်းထန်ထန် ဖိအားပေးခဲ့သည်။

ဆူဒန်အစိုးရသည် နိုင်ငံတကာ ဝေဖန်မှုများကြောင့် မီရိုင်ယမ်ကို သေဒဏ်မှ ကင်းလွတ်ခွင့် ပေးခဲ့သော်လည်း ဇွန်လကတည်းက ဆူဒန်မှ ထွက်ခွာရန် သူမ၏ ကြိုးပမ်းမှုများကို သွယ်ဝိုက်နှောင့်ယှက် နေခဲ့သည်။ သူမသည် တောင်ပိုင်းဆူဒန်နိုင်ငံ အစိုးရက ပေးအပ်ထားသည့် အထောက်အထားများဖြင့် ဆူဒန်မှ ထွက်ခွာရန် ကြိုးပမ်းခဲ့ဖူးသော်လည်း စာရွက်စာတမ်းအတု ကိုင်ဆောင်မှုဖြင့် အဖမ်းခံခဲ့ရသေးသည်။

_Ref: BBC
7 Day

လေယာဉ်ပစ်ဒုံးကျည်များရှိကြောင်း ယူကရိန်းသူပုန်တပ်မှူးဝန်ခံ

Posted by drmyochit Friday, July 25, 2014, under | No comments


မလေးရှားလေကြောင်း MH17 မှ သေဆုံးသူများ၏ရုပ်ကလာပ်များသယ်ဆောင်လာသောယာဉ်တန်း အင်ဒိုဗင်လေတပ်အခြေစိုက်စခန်းမှ ထွက်ခွာသွားသည်ကို တွေ့ရစဉ် (REMKO DE WAAL/REUTERS)
ဒိုနက်စ်− ရုရှားနိုင်ငံတွင် ထုတ် လုပ်ခြင်းဖြစ်နိုင်ပြီး မလေးရှား လေယာဉ် MH17 ကို ပစ်ချရာ၌ အသုံးပြုခဲ့သော ဒုံးကျည်အမျိုးအစားဟု ဝါရှင်တန်က ပြောကြားသည့် လေယာဉ်ပစ်ဒုံးကျည်များမှာ ရုရှားလိုလားသော ခွဲထွက်ရေးသမားများ ပိုင်ဆိုင်ထားကြောင်း ယူကရိန်းသူပုန်ခေါင်းဆောင်တစ်ဦးက အတည်ပြုပြောကြားသည်။

ဇူလိုင် ၁၇ ရက်က ယူကရိန်း နိုင်ငံအရှေ့ပိုင်းတွင် မလေးရှား လေယာဉ် ပျက်ကျခဲ့ပြီးနောက် ပိုင်း ပထမဆုံးအကြိမ်အဖြစ် ဗော့စ်တော့ဗ်တပ်ဖွဲ့ တပ်မှူးအ လက်ဇန်းဒါးခိုဒါကော့ဗ်စကီးက သူပုန်များသည် BUK အမျိုးအ စား လေယာဉ်ပစ်ဒုံးကျည်များ ပိုင်ဆိုင်ထားပြီး ယင်းဒုံးကျည်များ ရှိကြောင်း အထောက်အထားများ ကို ဖယ်ရှားရန် နောက်ပိုင်းတွင် ပြန်လည်ပို့ဆောင်နိုင်သည်ဟု ရိုက်တာသတင်းဌာနနှင့် ပြုလုပ်ခဲ့ သော တွေ့ဆုံမေးမြန်းမှုတစ်ခု၌ ပြောကြားသည်။

မလေးရှားလေယာဉ်ပစ်ချ မခံရမီ အချိန်ကပင် သူပုန်များ အနေဖြင့် BUK အမျိုးအစား ဒုံး ကျည်အများအပြား လက်ခံရရှိ ထားသည်။

သို့သော် ယင်းလေယာဉ် ပျက်ကျပြီးနောက် ခွဲထွက်ရေးသ မားများ၏ အဓိကအဖွဲ့တစ်ခုဖြစ် သော တစ်ဖက်သတ် ကြေညာ ထားသည့် ဒိုနက်စ်ပြည်သူ့သမ္မတ နိုင်ငံအဖွဲ့က ယင်းကဲ့သို့ လက် နက်များ ပိုင်ဆိုင်ထားခြင်းမရှိ ကြောင်း အကြိမ်ကြိမ်ငြင်းဆိုခဲ့ သည်။

အစိုးရတပ်ဖွဲ့များက ရုရှား လိုလားသော သူပုန်များကို တိုက် ခိုက်လျက်ရှိရာ ဒေသတစ်ခုအတွင်း လေယာဉ်ပေါ် လိုက်ပါလာသူ ၂၉၈ ဦး သေဆုံးခဲ့သည့် လေယာဉ်တစ်စီး ပျက်ကျခဲ့ချိန်မှစ၍ ယင်းလေယာဉ်ကို မည်သည့်ဘက်က ပစ်ချခဲ့သနည်းဆိုသော မေးခွန်းမှာ အငြင်းပွားမှုအများဆုံးကိစ္စ ဖြစ်လာသည်။

ယင်းလေယာဉ်ကို ခရီးသည်တင် လေယာဉ်တစ်စီးဟု မတွေးမိဘဲ ရုရှားလိုလားသော ခွဲထွက်ရေးသူပုန်များက မှားယွင်းပစ်ချလိုက်ခြင်းဖြစ်သည်ဟု ဝါရှင်တန်က ယုံကြည်ကြောင်း အမေရိကန် ထောက်လှမ်းရေးအရာရှိများက ပြောသည်။

သို့သော် ခွဲထွက်ရေးသူပုန် ခေါင်းဆောင်များက ယင်းလေ ယာဉ်ကို ၎င်းတို့ ပစ်ချခြင်းမဟုတ် ဟု ဆိုသည်။

ရုရှားနိုင်ငံကလည်း ၎င်းတို့ ပါဝင်ပတ်သက်မှုမရှိဟု ပြော သည်။ သို့သော် လေယာဉ်ပျံသန်းလာစဉ် ယူကရိန်းအစိုးရက လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့သည်ဟု သူပုန်တပ်ဖွဲ့ခေါင်းဆောင် ခိုဒါကော့ဗ်စကီးက ပြောသည်။

—Ref: Reuters
7 Day

တရုတ်နိုင်ငံရောက် တရားမ၀င် အလုပ်သမားများကို လူငှား၍ ရိုက်နှက်မှုများရှိသည်ဟုဆို

Posted by drmyochit Friday, July 25, 2014, under | No comments

တရုတ်နိုင်ငံသို့ တရားမ၀င်အလုပ်လုပ်ရန် သွားရောက်ခဲ့သော မြန်မာအလုပ်သမားများကို လုပ်ငန်းခွင်အတွင်း ရိုက်နှက်နှိပ်စက်ခြင်း၊ လစာငွေအပြည့်အ၀ မပေးခြင်းတို့အပါအ၀င် အလုပ်ပျက်ပါက လုပ်ငန်းရှင်က လူငှား၍ ရိုက်နှက် နှိပ်စက်ခြင်းများ ရှိခဲ့သည်ဟု တရုတ်သို့ သွားရောက် အလုပ်လုပ်ကိုင်ခဲ့သူများက ပြောသည်။

“ပွဲစားက ပြောတာတော့ တရားဝင်သွားတာလို့ ပြောတယ်။ ဟိုရောက်မှသိတာက ကျွန်တော်တို့ အညာခံရပြီဆိုတာ သိရတယ်။ အလုပ်မှာ ခွင့်ယူလို့လည်း မရဘူး။ ခွင့်ယူရင် ထမင်းမကျွေးတော့ဘူး။ အဆိုးဆုံးကတော့ လူမိုက်တွေခေါ်ပြီး ရိုက်တာတွေရှိတယ်။ ဒါကြောင့် ပြန်လာဖို့ ဆုံးဖြတ်ခဲ့တာ။ ပြန်ချင်ပေမဲ့ မပြန်နိုင်တဲ့ မြန်မာအလုပ်သမားတွေ ရှိနေသေးတယ်”ဟု တရုတ်နိုင်ငံ Chendai  မြို့တွင် အထည်ချုပ်လုပ်ငန်းကို သွားရောက်လုပ်ကိုင်ခဲ့သော ဧရာဝတီတိုင်း၊ ၀ါးခယ်မမြို့နယ်မှ ကိုသန်းလင်းအောင်က မဇ္ဈိမကို ပြောသည်။

၎င်းသည် တရုတ်နိုင်ငံတွင် အလုပ်လုပ်ကိုင်နိုင်ရန် ပွဲစားခ ကျပ်တစ်သိန်းပေးဆောင်ခဲ့ရသည်။ ပွဲစားက တရုတ်နိုင်ငံတွင် အလုပ်လုပ်ပါက လစာတစ်လလျှင် မြန်မာငွေကျပ် နှစ်သိန်းရမည်ဟု ပြောခဲ့သော်လည်း လက်တွေ့တွင် တစ်သိန်းခွဲသာရခဲ့ကြောင်း ပြောသည်။

တရုတ်နိုင်ငံမှ ပြန်လည်ရောက်ရှိလာသော မြန်မာအလုပ်သမားများသည် ဧရာဝတီတိုင်း၊ ပန်းတနော်မြို့နယ်၊ ၀ါးခယ်မမြို့နယ်၊ မြောင်းမြမြို့နယ်နှင့် နေပြည်တော်မှ သွားရောက်လုပ်ကိုင်ကြသော အလုပ်သမားများဖြစ်သည်ဟု ပန်းတနော်မြို့နယ်မှ သွားရောက်လုပ်ကိုင်သော ကိုရဲရင့်အောင်က ပြောသည်။

၎င်းတို့ နှစ်ဦးနှင့် တရုတ်နိုင်ငံတွင် တရားမ၀င် အလုပ်သွားလုပ်ခဲ့သော အခြား လူ ၄၀ ဦးကို ဇူလိုင်လ ၁၃ ရက်က နိုင်ငံတကာ အလုပ်သမားများအဖွဲ ILO နှင့် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းတို့ ပူးပေါင်း၍ ခေါ်ယူခဲ့သည်။

နိုင်ငံခြားသို့ တရားမ၀င်သွားရောက် လုပ်ကိုင်ကြသော အလုပ်သမားများအား ILO က ပြန်လည်ခေါ်ဆောင်ပေးရန် လက်ရှိအချိန်တွင် အစီအစဉ်မရှိသေးဘဲ အလုပ်သမားများ လုပ်ခလစာ အပြည့်မရခြင်း၊ နှိပ်စက်ခံရခြင်းတို့ကို နှစ်နိုင်ငံအစိုးရ သိရှိရန် အသိပေးတိုက်တွန်းသွားမည်ဟု ILOက ဆိုသည်။

Mizzima

နှစ်အတော်ကြာ ရှာလိုက်ရပြီး အလုပ်တစ်ခုတည်းမှာပဲ အမေ့ကို ပြန်တွေ့

Posted by drmyochit Friday, July 25, 2014, under | No comments


သက္ကရာဇ် ၂၀⁠၀၇ ခုနှစ် ဒီဇင်ဘာလက ဖြစ်ရပ်လေးတစ်ခု ဖြစ်ပါတယ်။ အသက် ၂⁠၂ နှစ် ရှိပြီ ဖြစ်တဲ့ Steve Flaig ဟာ အမေဖြစ်သူ Christine Tallady ကို အလုပ် အတူလုပ်တဲ့ ကုန်တိုက်ကြီးမှာပဲ ပြန်လည် တွေ့ရှိခဲ့ခြင်း ဖြစ်ပါတယ်။

Christine Tallady ဟာ အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ ကိုယ်ဝန်ရပြီး ဆင်းရဲ ပါတယ်။ ငွေကြေး အားဖြင့်လည်း ကျွေးမွေးဖို့မလုံလောက်ပေမယ့် ကိုယ်ဝန်ဖြတ်ချဖို့ စိတ်မကူးခဲ့ပါဘူး။ မဖြစ်ဖြစ်အောင် မွေးခဲ့ပြီး မိဘမဲ့ ကလေးကျောင်း တစ်ခုကို သွားထားခဲ့ ပါတယ်။ ထားတုန်းက တစ်ချိန်ကျရင် သူ့ကို ပြန်ရှာလို ပြန်ရှာညား ဆိုတဲ့ မျော်လင့်ချက်လေးနဲ့ သူမရဲ့ အမည်ကို ရေးထားခဲ့ ပါတယ်။ နောက်တော့ Tallady ဟာလည်း နောက်ထပ် သားသမီး ၂ ဦးထပ်ရပြီး မိသားစု အဆင်ပြေ သွားပါတယ်။ မွေးစားသူ မိဘများ ရှိသွားခဲ့တဲ့ ကလေးငယ် Steve Flaig ဟာ အသက် ၁၈ နှစ် ရောက်တဲ့ အချိန်က စလို့ မိရင်းဖရင်းကို ရှာဖွေဖို့ အတွက် စတင် ပါတော့တယ်။ ဒီအတွက်လည်း သူ့ရဲ့ မွေးစား မိဘ များက သဘောတူ ပါတယ်။ ကုန်တိုက်မှာ အလုပ်လုပ်ရင်း နဲ့ ရှာပါတယ်။

တစ်နေ့တော့ သူ့ရဲ့ အမေ ဖြစ်သူနဲ့ အလုပ် အတူ လုပ်နေတာကို သိရပြီး ပြန်ရှာတွေ့ခဲ့ ပါတယ်။ အမေ ဖြစ်သူက ငွေချေ ဌာနမှာ အလုပ်လုပ်ခြင်း ဖြစ်ပါတယ်။ Steve Flaig ကတော့ သယ်ယူပို့ဆောင်ရေး ဒရိုင်ဘာ ဖြစ်ပါတယ်။ ၂၀⁠၀၇ ခုနှစ် ဧပြီလက စတင်လို့ သူ့ရဲ့ အမေ ဖြစ်သူ အလုပ်စဝင်တာ ဖြစ်ပေမယ့် ၂၀⁠၀၇ ခုနှစ် ဒီဇင်ဘာမှ အမေဖြစ်မှန်း သိရှိခဲ့ခြင်း ဖြစ်ပါတယ်။ အမြဲတွေ့ဖြစ်ကြ၊ ကြုံရင် စကား ပြောဖြစ်ကြပေမယ့် အမေမှန်း မသိခဲ့ ပါဘူး။ ယခုတော့ မိသားစု ပြန်လည် စုံတွေ့ရတဲ့ အတွက် သားအမိ နှစ်ဦးလုံး ပျော်ရွှင်နေတာကို ယခုလို မြင်တွေ့ ရပါတယ်။
.
Ref: seatletime
အောင်ခမ်း (ရိုးရာလေး)

ကြက်ခြေနီ အရာရှိတစ်ဦးအား ဆဲဆိုခဲ့သည့် DVB မှ သတင်းထောက် လေးလေးမွန်အား DVB သတင်းဌာနမှ ပြင်းထန်စွာ သတိပေးခဲ့

Posted by drmyochit Friday, July 25, 2014, under | No comments

အာဇာနည်နေ့က လုံခြုံရေးကဒ်မပါ၍ စစ်ဆေးမေးမြန်းခဲ့သော ကြက်ခြေနီတပ်ဖွဲ့တွင် တာဝန်ထ မ်းဆောင်နေသည့် ရုပ်ရှင်သရုပ်ဆောင် ဝေဠကျော်အား DVB သတင်းထောက် လေးလေးမွန်မှ ၄င်း၏ လူမှုကွန်ယက်စာမျက်နှာပေါ်တွင် ရုန့်ရင်းကြမ်းတမ်းစွာ ဆဲဆိုခဲ့မှုကြောင့် ပြည်သူအများက ပြစ်တင်ဝေဖန်ခဲ့ကြပြီး ယခုအခါ ၄င်း၏ သတင်းဌာနဖြစ်သော
DVB သတင်းဌာနကပါ ထိုကဲ့သို မပြုလုပ်ရန်နှင့် ၄င်းရေးသားခဲ့သည်များကို ပြန်လည်ဖျက်ပစ်ရန် သတိပေးချက်ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

photo>> Nulled Byte
MMDailyStar

စုန်းကား ၂ ကား ဆက်တိုက် သရုပ်ဆောင်မယ့် ရွှေမှုံရတီ

Posted by drmyochit Friday, July 25, 2014, under | No comments

ရွှေမှုန်ရတီက ဒါရိုက်တာပွင့်သိင်္ဂီဇော် ရိုက်ကူးတဲ့ အချစ်စုန်း ဗီဒီယိုဇာတ်ကားမှာ နေမင်းနဲ့ တွဲဖက်ပြီး စုန်းမအဖြစ် သရုပ်ဆောင်ခဲ့ရသလို၊ ဒါရိုက်တာ
ဝင်းထွန်းထွန်း ရိုက်ကူးမယ့် မှော်ကျောက်စာ ရုပ်ရှင်ဇာတ်ကားမှာလည်း မှော်အတတ်ပညာရှင်၊ စုန်းကဝေမအဖြစ် သရုပ်ဆောင်သွားရမယ်လို့ သိရပါတယ်။

အချစ်စုန်းမှာက စုန်းမ ဖြစ်ပေမဲ့ သူက ပါးစပ်စီးတဲ့စုန်း ဖြစ်ပြီး သူပြောသမျှအကုန်ဖြစ်တဲ့ စုန်းမ အဖြစ် သရုပ်ဆောင်ရတာဖြစ်ပြီး၊ မှော်ကျောက်စာ ဇာတ်ကားမှာတော့ တကယ့် မှော်အတတ်ပညာရှင်၊ ၀မ်းတွင်းစုန်းအဖြစ် သရုပ်ဆောင်သွားရမယ်လို့ ရွှေမှုံရတီက ပြောပြခဲ့ပါတယ်။

မှော်ကျောက်စာက စုန်းက ဘ၀အဆက်ဆက် မသေတဲ့ စုန်းမျိုးဖြစ်ပြီး ရွှေမှုံရတီကိုယ်တိုင်က အဲဒီလို စုန်းကားတွေကို သဘောကျတဲ့အတွက် ၀တ်ဆင်မှုအပိုင်းကို အထူး ပြင်ဆင်ထားတယ်လို့ သိရပါတယ်။

ဒီဇာတ်ကားမှာ ရွှေမှုံရတီက ဟိုးအရင် နှစ်ပေါင်းများစွာက အရပ်သားမှော်ဆရာ အဖြစ်နဲ့ မြင်ရမှာဖြစ်သလို ခပ်လန်းလန်းနဲ့ Hip Hop လိုရော၊ ပန့်ပုံစံရော ပုံစံမျိုးစုံနဲ့ သရုပ်ဆောင်သွားရမှာဖြစ်လို့ ၀တ်စုံများကို ViVit ဖက်ရှင်က မသဲ
(အိန္ဒြာကျော်ဇင်ရဲ့ အစ်မ)က ဘယ်ဆင်း(န)မှာ ဘာဝတ်၊ဘယ်ဆင်း(န)မှာ
ဘယ်လိုဝတ် ဆိုပြီး အကုန်လုံး စီစဉ်ပေးထားတာဖြစ်တယ်၊ မြန်မာဝတ်စုံလည်း ပါမယ်။ ဘောင်းဘီတချို့လည်း အတိုရော အရှည်ရော ပါမယ်။

အနွေးထည်လည်း ပါမယ်။ လက်ပြတ်လည်း ပါမယ်။အများကြီး သူ့ကာရိုက် တာနဲ့ သူ ၀တ်ဆင်သွားဖို့ ဖက်ရှင်ကို တကူးတက ပြင်ဆင်ထားတယ်လို့ ရွှေမှုံရတီက ပြောပြခဲ့ပါတယ်။
ရွှေမှုံရတီက ရုပ်ရှင်ကားကြီး ရိုက်ကူးတိုင်း သီးခြားဒီဇိုင်နာနဲ့ ၀တ်စုံများ အမြဲတမ်း စီစဉ်ဖြစ်တယ်လို့ သိရပါတယ်။

ဧရာဝတီblog

အနောက်ဘက်ကမ်းခြေမှာ အဓိကရုဏ်းတွေ ဖြစ်

Posted by drmyochit Friday, July 25, 2014, under | No comments

အနောက်ဘက်ကမ်းခြေ ကာလန်ဒီယာ
စစ်ဆေးရေးဂိတ် အနီးက အဓိကရုဏ်း
အစ္စရေး နဲ့ ဟားမတ်စ်အဖွဲ့ နှစ်ဘက်စလုံး ကို၊ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှုးချူပ် ဘဲန်ကီမွန်းက၊ ကိုယ့် ပြည်သူတွေကို ကိုယ်ပြန် သတ်နေ ကြတာဟာ မလုပ်သင့် မလုပ်အပ် တဲ့ အရာဖြစ်တယ် ဆိုပြီး၊ ရှုံ့ချ ပစ်တင်လိုက်ပြီး၊ ဂါဇာမှာ အပစ်အခတ် ရပ်စဲကြကာ၊ နှစ်ဘက် တွေ့ဆုံ ဆွေးနွေး ကြဖို့ကိုလည်း တိုက်တွန်း လိုက်ပါတယ်။

မစ္စတာ ဘဲန်ဟာ၊ အီဂျစ်နိုင်ငံ ကိုင်ရိုမြို့ မှာ၊ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီ နဲ့၊ စကားပြောဆို ခဲ့အပြီး၊ အခုလို ပြောကြားလိုက် တာ ဖြစ်ပါတယ်။ ဂါဇာဒေသ၊ ဘိတ်ထ် ဟာနူးန် အရပ်မှာ ရှိတဲ့၊ ကုလသမဂ္ဂ က ဖွင့်လှစ်ထားတဲ့ ကျောင်း၊ အစ္စရေးတို့ရဲ့ ဗုံးကြဲ တိုက်ခိုက်ခြင်း ခံခဲ့ရတဲ့ အပေါ်လည်း၊ တုန်လှုပ်ရကြောင်း မစ္စတာ ဘဲန်က ဆိုပါတယ်။

တခါ၊ အနောက်ဘက် ကမ်းခြေဒေသက စစ်ဆေးရေး ဂိတ် တစ်ခု အနီးမှာ လည်း၊ ပါလက်စတိုင်း ဆန္ဒပြသမားတွေ နဲ့ အစ္စရေး လုံခြုံရေး တပ်ဖွဲ့ဝင်တွေ အကြား၊ တိုက်ခိုက်မှုတွေ ဖြစ်ပေါ်ခဲ့ပြီး၊ အနည်းဆုံး ပါလက်စတိုင်း ၁ ဦး သေဆုံးသွားတယ် လို့ သတင်းတွေ ထွက်ပေါ် လာပါတယ်။ အစ္စရေး တပ်ဖွဲ့တွေ ကို သေနတ်နဲ့ ပစ်ခတ်တာမျိုး ရှိတယ်လို့ လည်း အစ္စရေး ရဲတပ်ဖွဲ့က ပြောပါတယ်။

ဒီ အချိန်မှာပဲ၊ ဟားမတ်စ် အဖွဲ့ ခေါင်းဆောင် ခါလစ် မက်ရှ်ရှားလ် က၊ သူတို့ အနေနဲ့ အပစ်ရပ်စဲရေး ကို အမြန်ဆုံး ရယူလိုပါတယ်၊ ဒါပေမယ့် ဂါဇာဒေသ ကို အစ္စရေးတို့ ဘက်က ၈ နှစ်ကြာ ပိတ်ဆို့ထားမှုကို ရုတ်သိမ်းပေးမယ် ဆိုတဲ့ စစ်မှန်တဲ့ ဂတိပြုမှု ရမှ ဖြစ်မယ် လို့၊ ဘီဘီစီကို ပေးခဲ့တဲ့ သီးသန့် အင်တာဗျူးထဲ မှာ ပြောပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)

မိတ္ထီလာတွင် လူကုန်ကူးသူ အမျိုးသမီးနှစ်ဦးအား ထောင်ဒဏ် ၁၀ နှစ်စီ ပြစ်ဒဏ်ချမှတ်

Posted by drmyochit Friday, July 25, 2014, under | No comments

မိတ္ထီလာ ဇူလိုင် ၂၄

မိတ္ထီလာတွင် လူကုန်ကူးသူအမျိုးသမီးနှစ်ဦးအား ပြစ်မှုကျူးလွန်ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် ဇူလိုင် ၂၂ ရက်က ခရိုင်တရားရုံးက ထောင်ဒဏ် ၁၀ နှစ်စီ ပြစ်ဒဏ်ချမှတ်လိုက်ကြောင်း သိရသည်။ ဖြစ်စဉ်မှာ ၂၀၁၃ ခုနှစ် ဇွန် ၁၃ ရက်က မိတ္ထီလာမြို့နယ် ရေငံအနောက် ကျေးရွာနေ ဦး....၏ သမီး မ... နှင့် ဦး ....၏ သမီး မ..... တို့အား သရက်တန်းကျေးရွာနေ ဒေါ်အုန်းငွေမှ မူဆယ်မြို့ရှိ စတိုးဆိုင်တွင် အလုပ်လုပ်လျှင် တစ်လကျပ်တစ်သိန်းရမည်ဖြစ်ကြောင်း စည်းရုံး၍ သီးကုန်း ၂၈၅ မိုင် ကားဂိတ်တွင် မဖြိုးဖြိုးသိန်းထံ လွှဲအပ်ခဲ့ပြီး ငွေကျပ်တစ်သိန်းရရှိကြောင်း၊ မဖြိုးဖြိုးသိန်းမှ ၎င်းတို့နှစ်ဦးအား မူဆယ်မြို့သို့ ခေါ်ဆောင်သွားပြီး မူဆယ်မြို့မှ တစ်ဆင့် တရုတ်နိုင်ငံ မန်စီမြို့ရှိ ဆံပင်ညှပ်ဆိုင်တွင် ဆံပင်ညှပ်၊ ခေါင်းလျှော်၊ အနှိပ်ခန်းတို့တွင် မလီလီသိန်းဆိုသူနှင့် အတူခိုင်းစေခဲ့ကြောင်း၊ ၎င်းတို့နှစ်ဦးမှာ အဆိုပါအလုပ်များမလုပ်ချင်၍ ထွက်ပြေးရာ မဖြိုးဖြိုးသိန်း နှင့် မလီလီသိန်း တို့မှ လိုက်လံခေါ်ဆောင်ခဲ့ကြောင်း၊ မဖြိုးဖြိုးသိန်းမှ လားရှိုးမြို့ နေအိမ်သို့ ခေါ်ဆောင်ခဲ့ပြီး ပြန်လိုက တစ်ဦးလျှင် ငွေကျပ်သုံးသိန်းစီ တောင်းခံခဲ့ကြောင်း၊ ၎င်းနောက် မဖြိုးဖြိုးသိန်းက ရေငံအနောက်ကျေးရွာသို့ တယ်လီဖုန်းဖြင့် ဆက်သွယ်ပြီး ငွေတောင်းခံခဲ့ကြောင်း မိတ္ထီလာလူကုန်ကူးမှု တားဆီးနှိမ်နင်းရေး တပ်ဖွဲ့စိတ်မှ စုံစမ်းသိရ၍ မိတ္ထီလာအလည်ရွာ တိုက်နယ်ရဲစခန်းတွင် (ပ) ၁၁/၂၀၁၃ လူကုန်ကူးမှုတားဆီးကာကွယ်ရေး ဥပဒေပုဒ်မ ၂၄/၃၂ ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

၎င်းအမှုအား မိတ္ထီလာခရိုင်တရားရုံးသို့ တရားစွဲဆိုတင်ပို့ခဲ့ရာ စစ်ဆေး ပေါ်ပေါက်ချက်အရ ပြစ်မှုကျူးလွန်ကြောင်း ထင်ရှားသဖြင့် လူကုန်ကူးသူ ဒေါ်အုန်းငွေ (၅၀)နှစ် မိတ္ထီလာမြို့နေထိုင်သူနှင့် မဖြိုးဖြိုးသိန်း (၃၈)နှစ် လားရှိုးမြို့ နေထိုင်သူတို့အား ထောင်ဒဏ် ၁၀ နှစ်စီ ကျခံစေရန် မိတ္ထီလာ ခရိုင်တရားရုံးမှ ပြစ်ဒဏ်ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

MOI Webportal Myanmar

ဂါဇာကမ်းမြောင်ရှိ ကုလသမဂ္ဂ စာသင်ကျောင်း အစ္စရေးတိုက်ခိုက်မှုခံရ

Posted by drmyochit Friday, July 25, 2014, under | No comments


ဂါဇာ ကမ်းမြောင်တွင် ဖြစ်ပွားနေသည့် အစ္စရေးနှင့် ဟားမတ်စ်တို့ကြားတိုက်ခိုက်မှုများအတွင်း ကုလသမဂ္ဂက ဖွင့်လှစ်ထားသည့် စာသင်ကျောင်း တစ်ကျောင်းမှာ အစ္စရေးတို့၏ တိုက်ခိုက်မှုကို ခံခဲ့ရပြီး အနည်းဆုံး လူ ၁၅ ဦး သေဆုံးကာ ကလေးငယ်များ အပါအဝင် အများအပြား ဒဏ်ရာရရှိခဲ့သည်။ အဆိုပါ စာသင်ကျောင်းမှာ ကြာသပတေးနေ့ ဒေသစံတော်ချိန် မွန်းလွဲ ၂း၃၀ တွင် တိုက်ခိုက်ခံခဲ့ရခြင်း ဖြစ်သည်။

ကျောင်းအတွင်း အမျိုးသမီးနှင့် ကလေးငယ် အများစု အပါအဝင် လူ ၈၀၀ ဝန်းကျင် ရှိနေပြီး ၎င်းတို့မှာ တိုက်ခိုက်မှုများကို တိမ်းရှောင် ခိုလှုံနေကြသူများ ဖြစ်ကြောင်း သိရသည်။ အစ္စရေးနှင့် ဟားမတ်စ်တို့ကြား တိုက်ခိုက်မှုများ ဖြစ်ပွားလျက်ရှိသည့် ၁၆ ရက်အတွင်း အရပ်သားအများစု ပါဝင်သော ပါလက်စတိုင်း လူမျိုး ၇၀၀ ကျော် သေဆုံးခဲ့ပြီး အစ္စရေး စစ်သား ၃၂ ဦး သေဆုံးခဲ့သည်ဟု သိရှိရသည်။

Mizzima

နိုင်ငံ့ဝန်ထမ်းများ အသက် ၆၃ နှစ်ပြည့်မှ သက်ပြည့်ပင်စင် သတ်မှတ်မည်ဆိုသည့်သတင်းမှာ မှန်ကန်မှုမရှိကြောင်း ရာထူးဝန်အဖွဲ့ဥက္ကဋ္ဌပြောကြား

Posted by drmyochit Friday, July 25, 2014, under | No comments

နိုင်ငံ့ဝန်ထမ်းများအသက် ၆၃ နှစ်ပြည့်မှ သက်ပြည့်ပင်စင် သတ်မှတ်မည်ဆိုသည့်သတင်းများမှာ မှန်ကန်မှုမရှိကြောင်း ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူက ပြောကြားသည်။

ဥက္ကဋ္ဌဦးကျော်သူက နေပြည်တော်တွင် ဇူလိုင် ၂၄ ရက်ကပြုလုပ်သည့် ပထမအကြိမ် ပြည်သူ့လွှတ်တော် ဒသမပုံမှန်အစည်းအဝေး ၃၄ ရက်မြောက်နေ့တွင် လွှတ်တော်ကိုယ်စားလှယ် ဦးအုန်းငွေ၏မေးခွန်းအား ဖြေကြားရာတွင် အထက်ပါကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ မြောင်မြို့နယ်မဲဆန္ဒနယ်မှ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအုန်းငွေက "နိုင်ငံ့ဝန်ထမ်းများ အငြိမ်းစားယူခြင်းအပိုင်းမှာ သက်ပြည့်ပင်စင်ယူရမယ့် အသက်ကန့်သတ်ချက်ကို အသက် ၆၀ လို့ ကန့်သတ်ထားတာဖြစ်ပါတယ်။ ဒါပေမဲ့အခုလောလောဆယ်မှာ ဘယ်ဝန်ကြီးဌာနမှာတော့ စာရောက်ပြီး ဘယ်ဝန်ကြီးဌာနကတော့ ၆၃ မှာ ပင်စင်ပေးတယ်ဆိုတဲ့ ကောလာဟလတွေဖြစ်နေပါတယ်။ အသက် ၆၀ အစား ၆၃ နှစ်ပြည့်မှသာ သက်ပြည့်ပင်စင်သတ်မှတ်မည်မှာ မှန်ကန်မှု ရှိ၊ မရှိ" ကို မေးမြန်းခဲ့ခြင်းဖြစ်သည်။

အဆိုပါမေးခွန်းနှင့်ပတ်သက်၍  ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူက "တည်ဆဲနိုင်ငံ့ဝန်ထမ်းဥပဒေ၊ နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများအရ လောလောဆယ်တွင် ၀န်ထမ်းတစ်ဦး အငြိမ်းစားယူရမည့် အသက် ၆၀ နှစ်ပြည့်လျှင် သက်ပြည့်ပင်စင် ခံစားခွင့်ရှိမည်ဖြစ်ပါကြောင်း၊ သက်ပြည့်ပင်စင်ခံစားခွင့်ရှိသည့် ၀န်ထမ်း၏အသက်ကို ၆၀ ပြည့်ဟုသတ်မှတ်ခဲ့ရာမှ သုံးနှစ်တိုးပြီး အသက် ၆၃ နှစ်ပြည့်မှသာ သက်ပြည့်ပင်စင်သတ်မှတ်မည့် သတင်းစကားများသည် မှန်ကန်မှုမရှိပါကြောင်း" ဟု ပြန်လည်ရှင်းလင်းဖြေကြားသည်။

နိုင်ငံ့ဝန်ထမ်းဥပဒေကို ၂၀၁၃ ခုနှစ် မတ်လအတွင်းက ပြဋ္ဌာန်းခဲ့ပြီး နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများကို ၂၀၁၄ ခုနှစ် မတ်လအတွင်းက ပြဋ္ဌာန်းခဲ့ပြီးဖြစ်ရာ နည်းဥပဒေ ၂၃၀ တွင် "၀န်ထမ်းတစ်ဦး အငြိမ်းစားယူရမည့်နေ့ရက်သည် ယင်းဝန်ထမ်းအသက် ၆၀နှစ်ပြည့်သည့်နေ့ရက်ဖြစ်သည်" ဟု အတိအကျဖော်ပြထားကြောင်း ၎င်းကပြောကြားသည်။

နိုင်ငံ့ဝန်ထမ်းဥပဒေတွင် ၀န်ထမ်းတစ်ဦးအနေဖြင့် ခံစားခွင့်ရှိသော ပင်စင်အမျိုးအစားခုနစ်မျိုးရှိပြီး ပုဒ်မ ၅၇ တွင် "တည်ဆဲဥပဒေတစ်ရပ်ရပ်ပါ ပြဋ္ဌာန်းချက်များအရ သီးခြားသတ်မှတ်သည့်ကိစ္စမှတစ်ပါး ၀န်ထမ်းသည် အငြိမ်းစားယူရမည့် အသက်ပြည့်သောအခါ အငြိမ်းစားယူရမည်။ ထိုသို့အငြိမ်းစားယူရသည့်အခါ ၀န်ထမ်းသည် သတ်မှတ်ချက်များနှင့်အညီ သက်ပြည့်ပင်စင်ခံစားခွင့်ရှိစေရမည်" ဟူ၍ ပြဋ္ဌာန်းထားကြောင်း သိရသည်။

လက်ရှိတွင် နိုင်ငံတော်၌ ပင်စင်စားဦးရေမှာ ၈၁၀၂၈၅ ဦးရှိပြီး ပင်စင်စားများအတွက် လစဉ်ပင်စင်ငွေသန်းပေါင်း ၂၆၄၃၉ ဒသမ ၉၅ ကျပ် သုံးစွဲနေရကြောင်း ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူက ပြောကြားသည်။

Eleven Media Group

အယ်ဂျီရီးယား လေယာဉ်ပျက်ကို တွေ့ပြီ

Posted by drmyochit Friday, July 25, 2014, under | No comments


ကမ္ဘာတခွင် ၇ ရက်အတွင်း တတိယမြောက် ပျက်ကျသွားတဲ့ အယ်ဂျီးရီးယား လေယာဉ် အပျက်အစီးတွေ ကို တွေ့ရှိပြီလို့ Burkina Faso အာဏာပိုင်တွေက ပြောပါပြီ။

မနေ့တုန်းက Air Algerie လေကြောင်းလိုင်းက လူပေါင်း ၁၂၀ လောက် တင်ဆောင်ပြီး Burkina Faso ကနေ အယ်ဂျီးရီးယားကို ဦးတည်ပျံသန်းလာတဲ့ AH5017 လေယာဉ် အပျက်အစီးကို မာလီနိုင်ငံ Boulikessi ရွာအနီး၊ Burkina Faso နယ်စပ်နဲ့ ၃၁ မိုင် ( ၅ဝ ကီလိုမီတာ ) အကွာနေရာမှာ တွေ့ရ တာဖြစ်တယ်လို့ Burkina Faso အာဏာပိုင်တွေက ဒီကနေ့ အတည်ပြု ပြောပါတယ်။

မာလီအစိုးရနဲ့ သဘောတူညီမှု Burkina အာဏာပိုင်တွေက လေယာဉ်ပျက်ကျတယ်လို့ ယူဆတဲ့နေရာ ကို စေလွှတ် ခဲ့တာဖြစ်တယ်လို့ Burkina Faso သမ္မတရဲ့ လက်ထောက် က ဆက်ပြောထားပါတယ်။

" လေယာဉ်တစီးလုံးက တစစီ ပျက်စီး မီးလောင်သွားတာကို ကျနော်တို့ လူတွေက တွေ့ပါတယ်" လို့ သူက ဆက်ပြော ပါတယ်။

လေယာဉ်ပေါ် ပါသွားသူတွေရဲ့ ကံကြမ္မာနဲ့ပတ်သက်ပြီး သူက ထုတ်ပြောတာမျိုး သတင်းမှာ မတွေ့ရပေ မယ့် အသက်ရှင်ကျန်ရစ်ဖို့ မလွယ်ပါဘူး။

လေယာဉ်ဟာ မိုးသက်မုန်တိုင်းဖြစ်နေချိန်မှာ ပျက်ကျခဲ့တာဖြစ်ပြီး ဘာကြောင့် လေယာဉ်ပျက်ကျခဲ့တယ် ဆိုတာတော့ သက်ဆိုင်ရာက စုံစမ်းစစ်ဆေးသွားမယ်လို့ သိရပါတယ်။

အိမ့်သံစဉ်
ဧရာဝတီ

Thursday, July 24, 2014

ပျောက်ဆုံးလေယာဉ်မှာ ပျက်ကျသွားခဲ့ခြင်းဟု တာဝန်ရှိသူများ အတည်ပြု

Posted by drmyochit Thursday, July 24, 2014, under | No comments


ပျံသန်းနေရင်းမှ ပျောက်ဆုံးသွားခဲ့သည့် အယ်လ်ဂျီးရီးယား လေကြောင်းလိုင်းမှ MD-83 ခရီးသည်တင် လေယာဉ်မှာ ပျက်ကျသွား ခဲ့ပြီဖြစ်ကြောင်း အယ်လ်ဂျီးရီးယား လေကြောင်း ထိန်းသိမ်းရေး တာဝန်ရှိသူ များက အတည်ပြု လိုက်ပြီ ဖြစ်သည်။

"လေယာဉ် ပျက်ကျသွားပြီလို့ ကျွန်တော် အတည်ပြု နိုင်ပါတယ်"ဟု အယ်လ်ဂျီးရီးယား လေကြောင်း ထိန်းသိမ်းရေး အဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက အတည်ပြု ပြောကြားခဲ့ခြင်း ဖြစ်သည်။ လေကြောင်းခရီးစဉ် AH5017 အဖြစ် ဘူကီနာဖာဆို နိုင်ငံ အူဂါဒိုဂူမြို့မှ အယ်လ်ဂျီးရီးယား နိုင်ငံ အယ်လ်ဂျီရစ် မြို့သို့ ခရီးသည် ၁၁ဝ ဦးနှင့် လေယာဉ် အမှုထမ်း ၆ ဦးတို့ကို တင်ဆောင် ထွက်ခွာလာခဲ့ခြင်း ဖြစ်ပြီး လေပေါ်သို့ ပျံတက်ပြီး မိနစ် ၅ဝ အကြာ မာလီနိုင်ငံ ပေါ်တွင် အဆက်အသွယ် ပြတ်တောက် သွားခဲ့ခြင်း ဖြစ်သည်။ စပိန် လေကြောင်း ကုမ္ပဏီဖြစ်သည့် Swiftair ပိုင် ယင်းလေယာဉ်တွင် လေယာဉ် အမှုထမ်းများ အားလုံးမှာ စပိန်လူမျိုးများ ဖြစ်ကြပြီး ပြင်သစ်လူမျိုး ၅ဝ ဦး၊ လက်ဘနွန် ၂ဝ ဦးနှင့် ဘူကီနာဖာဆိုမှ ၂၆ ဦး တို့လိုက်ပါ လာခဲ့သည်။

မာလီ နိုင်ငံမှာ အမေရိကန် လေကြောင်း ထိန်းသိမ်းရေးမှ ထုတ်ပြန်ထားသည့် အမေရိကန် လေကြောင်းလိုင်းများ မပျံသန်း သင့်သည့် နယ်မြေများ သတိပေးမှုတွင် ပါဝင်နေသည့် နိုင်ငံဖြစ်ပြီး လက်ရှိ အချိန်တွင် အဆိုပါ လေယာဉ်မှာ ပျက်ကျသွားပြီဟု သတင်းထုတ်ပြန် ထားသော်လည်း ပျက်ကျရသည့် အကြောင်းအရင်းကို မသိရသေး သကဲ့သို့ သေဆုံးခရီးသည် စာရင်းကိုလည်း မသိရသေးပေ။ ယင်းမှာ မလေးရှား လေကြောင်းလိုင်း လေယာဉ် MH17 နှင့် ထိုင်ဝမ် ထရန်းစ်အေးရှား လေယာဉ် ပျက်ကျမှုတို့နောက် တစ်ပတ်အတွင်း ၃ စင်းမြောက် လေယာဉ် ပျက်ကျမှု ဖြစ်ပြီး ရှေ့နှစ်ခေါက်ကဲ့သို့ အသေအဆုံး မများရန် မျှော်လင့်ရသည်။

Mizzima

အဆက်အသွယ် မပြတ်မီ AH5017 လမ်းကြောင်းပြောင်း ပျံသန်းခွင့် တောင်းခံခဲ့

Posted by drmyochit Thursday, July 24, 2014, under | No comments


ရုတ်တရက် ပျောက်ဆုံးသွားသည့် အယ်လ်ဂျီးရီးယား ခရီးသည်တင် လေယာဉ်သည် အဆက်အသွယ် ပြတ်တောက်မသွားမီ လမ်းကြောင်းပြောင်း ပျံသန်းခွင့် တောင်းခံခဲ့သေးကြောင်း သတင်းရရှိသည်။
Air Algerie လေကြောင်းလိုင်းမှ AH5017 လေယာဉ်သည် ခရီးသည် (၁၁၀)၊ အမှုထမ်း (၆)ဦး လိုက်ပါလာပြီး ဘာကီနာဖာဆိုမှ အယ်လ်ဂျီးရီးယားသို့ ဦးတည်ပျံသန်းနေစဉ် အဆက်အသွယ် ပြတ်တောက်သွားခြင်း ဖြစ်သည်။ လေယာဉ်မှာ DC-9 အမျိုးအစားဖြစ်ပြီး (သတင်းအချို့တွင် MD83 ဟု ဖော်ပြ) ခရီးသည်များမှာ နိုင်ငံပေါင်း အတော်များများမှဖြစ်ကြောင်း သိရသည်။

လေကြောင်းလိုင်းမှ တာဝန်ရှိသူ တစ်ဦးက လေယာဉ်သည် အယ်လ်ဂျီးရီးယား လေပိုင်နက်ထဲ မဝင်မီ တောင်ဘက် မာလီနိုင်ငံ ကောင်းကင်ယံတွင် ရှိနေစဉ် လမ်းကြောင်းပြောင်း ပျံသန်းခွင့် တောင်းခံခဲ့ကြောင်း ဆိုသည်။ AH5017သည် ဘာကီနာဖာဆိုမှ ပျံတက်လာပြီး မိနစ်(၅၀)မျှ အကြာတွင် ရုတ်တရက် ရေဒါမြင်ကွင်းမှ ပျောက်ကွယ်သွားခြင်း ဖြစ်သည်။

“အဆက်အသွယ် ပြတ်တောက်သွားချိန်မှာ လေယာဉ်ဟာ အယ်လ်ဂျီးရီးယားနဲ့ သိပ်မဝေးတဲ့ နေရာထိ ရောက်နေပြီ။ လေယာဉ်အမှုထမ်းတွေက လမ်းကြောင်းပြောင်း ပျံသန်းခွင့် တောင်းခံခဲ့တယ်။ ဘာဖြစ်လို့လဲဆိုတော့ မြင်ကွင်း မရှင်းလင်းဘဲ ဖြစ်နေပြီး အယ်လ်ဂျီးရီးယားကနေ ဘာကီနာဖာဆိုဘက် ပျံသန်းလာတဲ့ လေယာဉ်တစ်စီးစီးနဲ့ ဝင်တိုက်မိနိုင်တဲ့ အန္တရာယ် ရှိနေလို့ ဖြစ်ပါတယ်”ဟု လေကြောင်းလိုင်း တာဝန်ရှိသူ တစ်ဦးက AFPသို့ ပြောကြားခဲ့သည်။ ၎င်းကပင် “လမ်းကြောင်းပြောင်း ပျံသန်းပြီးတာနဲ့ပဲ အဆက်အသွယ် ပြတ်သွားတာပါ”ဟုလည်း ဆိုသည်။

“လေကြောင်းလမ်းညွှန် စနစ်တွေမှာ Air Algerie လေကြောင်းလိုင်းပိုင် လေယာဉ်ရဲ့ ပျံသန်းမှု လမ်းကြောင်း အချက်ပြမှု ပျောက်ဆုံးသွားပါတယ်။ လေယာဉ်ကွင်းကနေ ပျံတက်လာပြီး မိနစ်(၅၀) အကြာမှာ အဆက်အသွယ် ပြတ်သွားတာပါ”ဟု လေကြောင်းလိုင်းမှ ပြောရေးဆိုခွင့်ရ တာဝန်ရှိသူ တစ်ဦး၏ အဆိုကို ကိုးကားပြီး အယ်လ်ဂျီးရီးယား သတင်းဌာန APSက အစောပိုင်းတွင် ဖော်ပြထားခဲ့သည်။ လေကြောင်းလိုင်းသည် လေယာဉ် အဆက်အသွယ် ပြတ်သွားသည်နှင့် ပျံသန်းသည့် လမ်းကြောင်းတလျှောက် လိုက်လံရှာဖွေရန် ပြင်ဆင်နေပြီ ဖြစ်သည်။

အဆိုပါ လမ်းကြောင်းမှာ ပျံသန်းချိန် (၄)နာရီ ကြာမြင့်ကြောင်းလည်း သိရသည်။ အယ်လ်ဂျီးရီးယား နိုင်ငံသည် ယခုနှစ်၊ ဖေဖော်ဝါရီလ အတွင်းက နိုင်ငံသမိုင်းတွင် အဆိုးရွားဆုံး လေယာဉ် မတော်တဆမှု တစ်ရပ်နှင့် ကြုံတွေ့ဖူးသည်။ ထိုစဉ်က စစ်ဘက်သုံး C-130 လေယာဉ်တစ်စီးသည် နိုင်ငံအရှေ့မြောက်ပိုင်းရှိ တောတောင်ထူထပ်ရာ ဒေသတွင် ပျက်ကျပြီး လူ(၇၀)ကျော် သေဆုံးခဲ့သည်။

_ Ref: AFP
7 Day Daily

ဘေဂျင်းရှိ ကျောက်မီးသွေး လောင်စာသုံး အဓိက ဓာတ်အားပေးစက်ရုံ တစ်ခုကို စတင်ပိတ်သိမ်း

Posted by drmyochit Thursday, July 24, 2014, under | No comments



ဘေဂျင်းမြို့တော်တွင် ဖြစ်ပွားလေ့ရှိသည့် လေထုညစ်ညမ်းမှု အခြေအနေများကို လျှော့ချရန်အတွက် ကျောက်မီးသွေး လောင်စာသုံး အဓိက ဓာတ်အားပေး စက်ရုံကြီး တစ်ခုကို မြို့တော် အာဏာပိုင်များက ပိတ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။

သက်တမ်းနှစ်(၅၀) ရှိနေပြီဖြစ်သည့် Gaojing ဓာတ်အားပေး စက်ရုံအစား ဓာတ်ငွေ့သုံး ဓာတ်အားပေး စက်ရုံတစ်ခုဖြင့် အစားထိုး ထောက်ပံ့သွားမည်ဟု ဆိုသည်။ Goajingသည် ဘေဂျင်းတွင် တည်ဆောက်ထားသည့် အကြီးစား ကျောက်မီးသွေး လောင်စာသုံး ဓာတ်အားပေးစက်ရုံ (၄)ခုအနက် (၁)ခုဖြစ်သည်။ တရုတ်အစိုးရသည် သန့်စင်သည့် စွမ်းအင်ရင်းမြစ်များကို ရေရှည်အသုံးပြုသွားရန် ရည်ရွယ်ထားရာ နိုင်ငံတစ်ဝန်းရှိ ကျောက်မီးသွေး လောင်စာသုံး ဓာတ်အားပေးစက်ရုံ အများစုကို ပိတ်သိမ်းသွားရန် စီစဉ်ထားသည်။

ဘေဂျင်းတွင် လက်ရှိ လည်ပတ်နေဆဲဖြစ်သည့် ကျောက်မီးသွေး လောင်စာသုံး ဓာတ်အားပေး စက်ရုံကြီး (၃)ခုမှာလည်း (၂၀၁၆)ခုနှစ်တွင် ပိတ်သိမ်းမည်ဟု Xinhua သတင်းဌာနက ဖော်ပြခဲ့သည်။ ဘေဂျင်းတွင် ပြီးခဲ့သည့်နှစ်က (၅)နှစ် စီမံကိန်းတစ်ခု စတင်ပြီး ကျောက်မီးသွေးလောင်စာ အသုံးပြုမှုကို လျှော့ချရန် စတင်လုပ်ဆောင်ခဲ့သည်။

ဘေဂျင်းသည် မီးခိုးမြူများ ဖြစ်ပေါ်ကာ လေထုညစ်ညမ်းသည့် အခြေအနေများကြောင့် နာမည်ဆိုး ထွက်ခဲ့ပြီး မြို့ခံများ၏ ဒေါသတကြီး ဝေဖန်မှုများကိုလည်း တရုတ်အစိုးရ အနေဖြင့် ကြုံတွေ့ခဲ့ရသည်။ ပြီးခဲ့သည့်နှစ် အတွင်းက ဘေဂျင်းတွင် ဖြစ်ပေါ်ခဲ့သည့် မီးခိုးမြူများကြောင့် မြို့တော်၏ လေထုညစ်ညမ်းမှုသည် ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး (WHO)၏ အန္တရာယ်ရှိကြောင်း သတ်မှတ်ပမာဏထက် အဆ(၄၀)ထိ ပိုမိုဆိုးဝါးခဲ့ကြောင်း သိရှိရသည်။

_Ref: Channelnewsasia
7 Day

အမျိုးသမီးတွေ လိင်အင်္ဂါ ဖြတ်တောက်ဖို့ ISIS အမိန့်ထုတ်

Posted by drmyochit Thursday, July 24, 2014, under | No comments



အီရတ် မြောက်ပိုင်းက အစ္စလာမ္မစ် စစ်သွေးကြွ တွေဟာ မိုဆူလ်မြို့ တဝိုက်က အမျိုးသမီးတွေကို လိင်အင်္ဂါ ဖြတ်တောက်ဖို့ ဘာသာရေးဆိုင်ရာ အမိန့်ထုတ်ထားကြောင်း ကုလသမဂ္ဂက ပြောကြားပါတယ်။

ဒီအမိန့်အတွက် များစွာ ပူပန် စိုးရိမ်မိကြောင်း အီရတ်မှာ ရှိတဲ့ ကုလသမဂ္ဂ ဌာနေ ကိုယ်စားလှယ် Jacqueline Badcock က ပြောပါတယ်။

အိုက်ဇစ် တပ်တွေ ထုတ်တဲ့ ဒီအမိန့်ကြောင့် အမျိုးသမီး လိင်အင်္ဂါ ဖြတ်တောက်တာ လုပ်လေ့ မရှိတဲ့ အီရတ် အမျိုးသမီး ၄ သန်းလောက် ထိခိုက် ခံစားရနိုင်တယ်လို့ ဆိုပါတယ်။

ဒီအမိန့်ကြောင့် အာရပ်ကမ္ဘာက လူမှုကွန်ယက်တွမှာလည်း အကြီးအကျယ် စိတ်ဆိုး ဒေါသထွက်ခဲ့ကြပါတယ်။

BBC Burmese

တယ်လီနောမိုဘိုင်းလ်ကွန်ရက် ငါးနှစ်အတွင်း လူဦးရေ ၉၀ ရာခိုင်နှုန်း လွှမ်းခြုံရန် ERICSSON ကူညီမည်

Posted by drmyochit Thursday, July 24, 2014, under | No comments


ရန်ကုန်၊ ဇူလိုင် ၂၂

ဆက်သွယ်ရေး အော်ပရေတာ တယ်လီနော၏ မြန်မာနိုင်ငံတွင် လုပ်ကိုင်မည့် မိုဘိုင်းလ်ကွန်ရက် မြန်မာလူဦးရေ၏ ၉၀ ရာခိုင်နှုန်းလွှမ်းခြုံရန် ဆွီဒင် ဆက်သွယ်ရေးပစ္စည်း ကုမ္ပဏီ ERICSSON က ကူညီမည် ဖြစ်ကြောင်း ERICSSON အရှေ့တောင်အာရှဒေသ ဥက္ကဋ္ဌ Mr. Jan Wassenius က ပြောကြားသည်။

ERICSSON က မြန်မာနိုင်ငံ မြောက်ပိုင်းကို အဓိကထားကာ အခြေခံ အဆောက်အဦ တည်ဆောက်ခြင်း လုပ်ငန်းများကို လုပ်ဆောင်နေပြီး တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ကွန်ရက်တပ်ဆင်မှုများ၊ ကိုင်တွယ်ထိန်းသိမ်းခြင်း၊ မွမ်းမံပြင်ဆင်မှု များကိုလည်း လုပ်ဆောင်မည် ဖြစ်ကြောင်း ၎င်းကဆိုသည်။

တယ်လီနောနှင့် ERICSSON တို့သည် ကွန်ရက်ဆိုင်ရာ ပစ္စည်းကိရိယာ ထောက်ပံ့ရေး၊ 2G၊ 3G ပေါင်းစပ်ချိတ်ဆက်ပေးမည့် ကိရိယာများ ထောက်ပံ့ခြင်းတို့နှင့် ပတ်သက်၍ ပူးပေါင်းဆောင်ရွက်ရန် သဘောတူထားသည်။

The Voice Weekly

Apple ကုမ္ပဏီကို ဝန်ထမ်းများက တရားစွဲဆို

Posted by drmyochit Thursday, July 24, 2014, under | No comments


Apple ဝန်ထမ်းများသည် ၎င်းတို့အနေဖြင့် ထမင်းစားချိန်နှင့် နားချိန်မရရှိခြင်းကြောင့် ကယ်လီဖိုးနီးယားပြည်နယ် အလုပ်သမားဥပဒေအရ ကုမ္ပဏီကို တရားစွဲဆိုလိုက်သည်။Apple ကုမ္ပဏီ၏ အရောင်းဆိုင်နှင့် ရုံးလုပ်ငန်းမှ လက်ရှိဝန်ထမ်းနှင့် ဝန်ထမ်းဟောင်း ၂ဝ,ဝဝဝ ကျော်တို့မှာ အလုပ်သမားဥပဒေနှင့် မညီသော လုပ်ငန်းခွင် အခြေအနေကို ကြုံတွေ့ခဲ့ရကြောင်း တရားလိုရှေ့နေများက ပြောကြားသည်။

Apple ကို တရားစွဲဆိုသည့် ဝန်ထမ်းများမှာ ၅ နာရီ သို့မဟုတ် ပိုမိုကြာမြင့်သော အလုပ်ချိန်ကို ထမင်းစားနားချိန်မရှိ လုပ်ကိုင်ရန် အတင်းအကျပ် စေခိုင်းခံရခြင်းနှင့် အချိန်တို လုပ်ငန်းများတွင်လည်း နားချိန်မပေးဘဲ လုပ်ကိုင်စေခြင်းတို့ ကြုံခဲ့ရကြောင်း တရားစွဲဆိုမှုတွင် ဖော်ပြထားသည်။ Apple ကမူ ယခုကိစ္စနှင့် ပတ်သက်၍ မှတ်ချက်တစ်စုံတစ်ရာ ပြောကြားရာ ငြင်းဆန်ခဲ့ကြောင်း CNN သတင်းက ပြောကြားသည်။

Apple သည် ဝန်ထမ်းများ၏ တရားစွဲဆိုမှုကို ပထမဆုံးအကြိမ်ခံရခြင်း မဟုတ်ကြောင်းလည်း သိရသည်။ ယခင်ကလည်း Apple စတိုးမှ ဝန်ထမ်းများက စတိုးဆိုင်မှ မထွက်ခွာမီ ၎င်းတို့၏ အိတ်များကို မန်နေဂျာများ စစ်ဆေးခံရန်အတွက် စောင့်ဆိုင်းရသည့် ကြာမြင့်ချိန်အား လုပ်အားခအဖြစ် ထည့်သွင်းတွက်ချက် မပေးသောကြောင့် တရားစွဲဆိုခဲ့ဖူးသည်။

Mizzima

အယ်ဂျီးရီးယား လေယာဉ်တစီး ပျံသန်းစဉ် ပျောက်ဆုံးနေ

Posted by drmyochit Thursday, July 24, 2014, under | No comments

 အယ်ဂျီရီးယား လေကြောင်းလိုင်း လေယာဉ်တချို့၊ ဓာတ်ပုံ- ရာဟူး နယူးစ်

အခု ရက်ပိုင်း လေယာဉ်နဲ့ပတ်သက်တဲ့ သတင်းဆိုးတွေ ဆက်တိုက်ဖြစ်နေကြားနေရတာ စိတ်မကောင်း စရာပါ။ ဒီကနေ့ ဖြစ်ရပ်က Air Algerie လေကြောင်းလိုင်းက လူပေါင်း ၁၂၀ လောက် တင်ဆောင်ပြီး Burkina Faso ကနေ အယ်ဂျီးရီးယားကို ဦးတည်ပျံသန်းလာတဲ့ လေယာဉ်တစီး မာလီနိုင်ငံ အနီးမှာ အဆက်အသွယ်ပြတ်သွားခဲ့တာပါဘဲ။

ပြင်သစ်နဲ့ စပိန်နိုင်ငံသား အများစုပါတဲ့ အယ်ဂျီရီးယား လေကြောင်းလိုင်းက AH5017 လေယာဉ်ဟာ အယ်ဂျီးရီးယား နယ်စပ်မရောက်ခင် ကီလိုမီတာ ၅ဝဝ ( မိုင် ၃ဝဝ) လောက် အလို၊ မာလီ နိုင်ငံ နားမှာ
ပျောက်သွားတာဖြစ်တယ်လို့ အယ်ဂျီးရီးယား ဝန်ကြီးချုပ် Abdelmalek Sellal က ရေဒီယိုက
နေ ပြောပါတယ်။

လေကြောင်းလိုင်း တာဝန်ရှိသူတွေက ပျောက်ဆုံးလေယာဉ် လမ်းကြောင်းအတိုင်း ရှာဖွေရေးတွေ အပူ တပြင်းလုပ်နေပြီလို့ ပြောထားပါတယ်။

ထူးခြားတာက လေယာဉ်ဟာ မပျောက်ဆုံးခင်မှာ လေယာဉ်အမှုထမ်းတွေက လေယာဉ် လမ်းကြောင်း
ပြောင်း ဖို့ မာလီလေပိုင်နက်ထဲမှာ ရှိစဉ် အကြောင်းကြားခဲ့တယ်လို့ နောက်ဆုံး ထွက်ပေါ်လာတဲ့ သတင်းက ဆိုပါတယ်။

မာလီလေပိုင်နက်ထဲမှာ လေကြောင်းပြောင်းလဲ ပျံသန်းခွင့် တောင်းရတာက လမ်းကြောင်းမရှင်းပဲ ဖြစ်
နေပြီး အခြား လေယာဉ်တစီးစီးနဲ့ တိုက်မိမှာ စိုးရိမ်လို့ ဖြစ်နိုင်တယ်လို့ လေကြောင်းလိုင်း တာဝန်ရှိ သူ တဦးက ပြောထားပါတယ်။

အဲဒီလို အကြောင်းကြားပြီး လမ်းကြောင်းပြောင်းပျံသန်းတယ်ဆိုတာနဲ့ တဆက်တည်း ဆိုသလို လေယာဉ် ဟာ ရေဒါက ပျောက်ကွယ်သွားခဲ့တာလို့ သူက ဆိုပါတယ်။

အခုလို လေယာဉ်နဲ့ပတ်သက်တဲ့ သတင်းဆိုးတွေ ဆက်တိုက်ဖြစ်လာနေကြလို့ လေယာဉ်စီး ခရီးသွား တွေ လည်း အတော်ပဲ စိုးရိမ်မှုတွေ မြင့်တက်လာနေတယ်လို့  နိုင်ငံတကာ သတင်းတချို့က ဖော်ပြနေပါတယ်။

ဧရာဝတီ

Wednesday, July 23, 2014

ကားမော်ဒယ်ဖက်ရှင်နဲ့ ခင်ရူပါ

Posted by drmyochit Wednesday, July 23, 2014, under | No comments







ကမ္မမြို့နယ်မှာ စကားများရန်ဖြစ်စဉ် ဓါးဖြင့်အထိုးခံရ၍ ၀မ်းဗိုက်မှအူများထွက်ပြီး သေဆုံး

Posted by drmyochit Wednesday, July 23, 2014, under | No comments

စကားများရန်ဖြစ်စဉ် ဓါးဖြင့်အထိုးခံရ၍ သေဆုံး

နေပြည်တော်၊ ဇူလိုင် ၂၃

၂၀၁၄ ခုနှစ်၊ ဇူလိုင်လ ၂၂ ရက်နေ့ နံနက် ၁ နာရီခွဲအချိန် မကွေးတိုင်းဒေသကြီး၊ ကမ္မမြို့နယ်၊ စစ္စရံကျေးရွာနေ ဦးစိန်ဝင်း(၅၂)နှစ်သည် နေအိမ်တွင်အိပ်နေစဉ် ညီဖြစ်သူ သိန်းလွင် (၄၀)နှစ်မှာ ဓါးဖြင့်အထိုးခံရကြောင်းသိရ၍ သွားရောက်ကြည့်ရှုခဲ့သည်။

 ထိုသို့သွားရာ ထွန်းထွန်း (၃၇)နှစ်၏တဲတွင် သိန်းလွင်အား ၀မ်းဗိုက်မှအူများထွက်ပြီး သေဆုံးနေသည်ကိုတွေ့ရှိရသောကြောင့် မေးမြန်းရာ ထွန်းထွန်းနှင့် သိန်းလွင်တို့စကားများရန်ဖြစ်စဉ် ထွန်းထွန်းမှ သိန်းလွင်အား ဓါးဖြင့်ထိုး၍ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် အရေးယူပေးရန်တိုင်တန်းရာ ထွန်းထွန်းအား ကမ္မမြို့မရဲစခန်း (ပ)၄၆/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

ရဲဇာနည်

ရှေ့ဘီးပေါက်သောယာဉ် အရှိန်မထိန်းနိုင်ဘဲတိမ်းမှောက်

Posted by drmyochit Wednesday, July 23, 2014, under | No comments


နေပြည်တော်၊ ဇူလိုင် ၂၃

 ၂၀၁၄ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်နေ့ ညနေ ၃ နာရီခွဲအချိန် မန္တလေးတိုင်းဒေသကြီး၊ မိတ်္ထီလာမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်း၊ မိုင်တိုင်အမှတ်(၃၁၂/၂-၃)ကြားတွင် ယာဉ်တိုက်မှု ဖြစ်ပွားကြောင်းသတင်းအရ သီးကုန်းအမြန်လမ်းရဲစခန်းမှတပ်ဖွဲ့ဝင်များနှင့် အမြန်လမ်းမီးသတ် တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့သည်။

 စစ်ဆေးချက်အရ ရန်ကုန်မှမန္တလေးသို့ ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဒဂုံမြို့နယ်၊ (၅၆)ရပ်ကွက်နေ ကိုကိုနိုင်(၂၉)နှစ်မောင်းနှင်လာသော 5G/xxxx လင့်ခရူဆာအဖြူရောင်ယာဉ်မှာ ၀ဲဘက်ရှေ့ဘီး ပေါက်ပြီး အရှိန်မထိန်းနိုင်ဘဲ လမ်းအရှေ့ဘက်မြေသားလမ်းပေါ်သို့ ရောက်ရှိတိမ်းမှောက်ခဲ့ကြောင်း သိရှိရသည်။

 ထိုသို့တိမ်းမှောက်မှုကြောင့် ကိုကိုနိုင်တွင် ၀ဲချိုစောင်းပေါက်ပြဲ၊ ယာလက်မောင်းပွန်းပဲ့ ဒဏ်ရာ၊ ယာဉ်ပေါ်တွင်လိုက်ပါလာသည့် ရန်ကုန်တိုင်းဒေသကြီး၊ လသာမြို့နယ်နေ ဦးစိုးစံ(၅၈)နှစ်တွင် ၀ဲလက်ခုံ/ယာခြေခုံပွန်းပဲ့ဒဏ်ရာနှင့် တရုတ်နိုင်ငံသား Mr. Yang Feng (၅၀)နှစ်တွင် ယာလက်ပြင် ပွန်းပဲ့ဒဏ်ရာများ အသီးသီးရရှိခဲ့သဖြင့် မိတ်္ထီလာဆေးရုံသို့ တင်ပို့ကုသခဲ့ပြီး ယာဉ်မှာ ရှေ့/နောက် လေကာမှန်ကွဲ၊ ၀ဲ/ယာဘေးမှန်ကွဲ၊ အမိုး/ဘောနတ်ဖုံး/ရှေ့ဘန်ဘာပိန်ချိုင့်၍ တန်ဘိုးငွေကျပ် သိန်း(၂၀)ခန့် ပျက်စီးဆုံးရှုံးခဲ့ကြောင်းနှင့် ယာဉ်မဆင်မခြင်မောင်းနှင်သူ ကိုကိုနိုင်အား သီးကုန်း အမြန်လမ်းရဲစခန်း ယာဉ်(ပ)၂၅/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၃၇/၃၃၈ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

ရဲဇာနည်

TransAsia လေကြောင်းလိုင်းမှ လေယာဉ်တစ်စင်း အရေးပေါ် ဆင်းသက်ရမှုကြောင့် လူ ၅၁ ဦးသေဆုံး

Posted by drmyochit Wednesday, July 23, 2014, under | No comments



TransAsia Airways လေကြောင်းလိုင်းမှ လေယာဉ်တစ်စင်းသည် ထိုင်ဝမ်ရှိ ပင်ဂူးဟ်ဒေသတွင် အရေးပေါ် ဆင်းသက်ခဲ့ရမှုကြောင့် လူ ၅၁ သေဆုံးပြီး အခြား လူ ၇ ဦး ဒဏ်ရာရရှိသွားကြောင်း ထိုင်ဝမ်သတင်းဌာနများက ပြောကြားသည်။

ထိုင်ဝမ်အခြေစိုက် TransAsia လေကြောင်းလိုင်းမှ လေယာဉ်သည် ခရီးစဉ်အမှတ် GE222 အဖြစ် Kaohsiung Siaogang လေဆိပ်မှ ပင်ဂူးဟ်ရှိ Magong လေဆိပ်သို့ ပျံသန်းစဉ် အရေးပေါ်ဆင်းသက်ခဲ့ရခြင်း ဖြစ်သည်။

ထိုင်ဝမ် လေကြောင်းသယ်ယူပို့ဆောင်ရေး အာဏာပိုင်များက လေယာဉ်သည် ပင်ဂူးလ်ဒေသရှိ ကျေးရွာတစ်ရွာတွင် အရေးပေါ် ဆင်းသက်ခဲ့ရခြင်းဖြစ်ကြောင်း ပြောကြားသည်။

ထိုင်ဝမ်သတင်းဌာနများ၏ အဆိုအရ လေယာဉ်မှူးမှာ တိုင်ဖွန်းမုန်တိုင်းကြောင့် ရာသီဥတုဆိုးရွားနေသဖြင့် လေယာဉ်ဆင်းသက်ရာတွင် အခက်အခဲကြုံရခဲ့ရကြောင်း ဖော်ပြသည်။ လေယာဉ်မှာ အရေးပေါ် ဆင်းသက်ပြီးနောက် မီးလောင်မှုဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

Mizzima News

ကမ္ဘာ့ပေါ်မှာ အရှည်ဆုံး နေကြာပင်အဖြစ် ဂင်းနစ်မှတ်တမ်းတင်ခံရမည်

Posted by drmyochit Wednesday, July 23, 2014, under | No comments


၂၀၁၃ ခုနှစ်က ဂျာမနီနိုင်ငံရဲ့ ကာရက်မြို့တွင် မှတ်တမ်းတင်ခဲ့သည့် အမည်မသိ နေကြာပင်ဟာ 8.75 မီတာ(၂၈ ပေ ၈.၄၉ လက်မ) အရှည်ရှိပြီး ဟန်းပီတာစချီဖာက စိုက်ပျိုးခဲ့ခြင်းဖြစ်သည်။
ယခုနေကြာပင်မှာ ယခင်နေရာပင်ထက် ၂ ဆနီးပါးရှိကြောင်း ဟန်းပီတာက ပြောကြားခဲ့ပြီး သူရဲ့ လျှိုဝှက်ချက်ကို သိချင်နေကြသည်။ ဒါကြောင့် ယခုနေကြာပင်ဟာ၂၀၁၃ခုနှစ်ကမှတ်တမ်းတင်ထားတဲ့ နေကြာပင်ကို ကျော်ဖြတ်သွားမည်လားဆိုတာ မကြာမီသိရတော့မည်ဖြစ်သည်။


Ref : Guinness World Records
Yangon Media Group

ထိုင်ဝမ်လေယာဉ်ပျက် လူ ၄၀ ကျော်သေဆုံး

Posted by drmyochit Wednesday, July 23, 2014, under | No comments


မုန်တိုင်းကြောင့် ရာသီဥတုဆိုးရွားနေချိန် အရေးပေါ် ဆင်းသက်ဖို့ ကြိုးစားခဲ့တဲ့ ထိုင်ဝမ် ခရီးသည်တင် လေယာဉ်တစင်း ပျက်ကျခဲ့လို့ လူ ၅၁ ယောက် သေဆုံးခဲ့ပြီး ၈ ယောက် ဒဏ်ရာရခဲ့တယ်လို့ မီးသတ်အရာရှိတဦးက ပြောပါတယ်။

ထိုင်ဝမ်ကျွန်းမှာ အင်္ဂါနေ့ မနက်အစောပိုင်းကစပြီး Matmo ၀င်ရောက် တိုက်ခတ်ခဲ့တာကြောင့် မိုးအကြီးအကျယ် ရွာသွန်းမယ် ဆိုတာကို မိုးလေ၀သဌာနက သတိပေးချက် ထုတ်ပြန်ထားတာပါ။

လေယာဉ်ဟာ မြို့တော် ထိုင်ပေကနေ တရုတ်ပြည်မကြီးနဲ့ ထိုင်ဝမ်လေလက်ကြားမှာရှိတဲ့ ထိုင်ဝမ်ကျွန်းကြား လမ်းတ၀က် Penghu ကျွန်းဆီကို ပျံသန်းနေခဲ့တာပါ။ လေဆိပ်က ဓာတ်ပုံတချို့မှာတော့ လေယာဉ်အပျက်အစီးတွေကို အမှောင်ထဲမှာ မီးသတ်သမားတချို့က ဓာတ်မီးတွေနဲ့ လိုက်လံ ကြည့်ရှုနေတာကို တွေ့ရပါတယ်။

Penghu ကျွန်းဟာ လူဦးရေ နည်းပါးပြီး ထိုင်ပေကနေ တနေ့ကို ပျမ်းမျှ လေယာဉ် ၂ စင်းလောက်သာ ဆိုက်လေ့ရှိတဲ့ နေရာပါ။

အခု ပျက်ကျတဲ့လေယာဉ်မှာ ခရီးသည် ၅၄ ယောက်နဲ့ လေယာဉ်ဝန်ထမ်း ၄ ယောက် ပါဝင်ပြီး ထိုင်ဝမ်လေကြောင်းလိုင်း တခုဖြစ်တဲ့ TransAsia ကုမ္ပဏီပိုင် လေယာဉ်ဖြစ်တယ်လို့ အရပ်ဘက် လေကြောင်းဆိုင်ရာဌာနက ပြောဆိုတာကို ကိုးကားပြီး ထိုင်ဝမ် ဗဟို သတင်းအေဂျင်စီက သတင်းထုတ်ပြန်ထားပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)

မန္တလေး အရောင်း ကိုယ်စားလှယ်များထံ အော်ရီဒူး ဆင်းကတ်များ စမ်းသပ်အသုံးပြုရန် ဖြန့်ဝေ

Posted by drmyochit Wednesday, July 23, 2014, under | No comments

ဇူလိုင် -၂၃။

 မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း လုပ်ကိုင်ခွင့် ရရှိသည့် ကုမ္ပဏီ တစ်ခု ဖြစ်သော အော်ရီဒူးမှ ဆင်းကတ် များကို စမ်းသပ်အသုံးပြုရန် ယနေ့ ကမန္တလေးမြို့ရှိ ယင်းတို့၏ ကိုယ်စားလှယ် များအား ဖြန့်ဝေပေးခဲ့ပြီး ပြည်သူသို့လာမည့် သြဂုတ်လလယ်ပိုင်း တွင် ဖြန့်ချီသွား မည်ဖြစ်ကြောင်း ဒေါ်သီရိကြာညိုကပြောသည်။

"အများပြည်သူကို သြဂုတ်လ၊ တတိယပတ်လမှာ ရောင်းသွားမယ်။ လောလော ဆယ် တစ်မိနစ်ကို ဘယ်လောက် နှုန်းကျမယ် ဆိုတာမပြောနိုင်သေး ပါဘူး။ခုအရောင်းကိုယ်စားလှယ်တွေကို ဖြန့်ဝေပေးတာကစမ်းသတ်သုံးစွဲဖို့ ပါ။"ယင်းကဆက်လက်ပြောကြားသည်။

ယင်းကဲ့သို့ဖြန့်ဝေပေးရာတွင် ဆင်းကတ်အတွင်း ငွေ ၂၅၀၀၀ ကျပ်ဖြည့် ထားသည်ကိုတွေ့ရှိရပြီး၊အော်ရီဒူးဆင်း ကတ်အချင်းချင်းသာ အ၀င်အထွက်ပြော ဆိုနိုင်ကြောင်း၊အခြားမိုဘိုင်းဖုန်းများသို့ ခေါ်ဆိုခြင်းမြ့ပုလုပ်နိုင်သော် လည်း အ၀င်လက်ခံနိုင်ကြောင်း သိရသည်။

"တခြားတော့ ခေါ်လို့မရဘူး။ တစ်မီနစ်ငွေဘယ်လောက် နှုတ်သလဲဆိုတာ စစ် ကြည့်တော့ ဖုန်းသာပြောနေတာ ငွေကမလျော့ဘူးဖြစ်နေတယ်။ သုံးရတာတော့ အဆင်ပြေတယ်။"ဟုဆင်းကတ် ရရှိသုံးစွဲသူ တစ်ဦး ကပြောကြားသည်။

ဖုန်းကတ်များရောင်းချပေးမည့် အရောင်းကိုယ်စားလှယ်များအား စမ်းသပ် ဆင်းကတ်များကို ဖြန့်ဝေသုံးစွဲစေခြင်း ဖြစ်၍ ယင်းတို့သုံးစွဲရာမှ အခက်ခဲများ ၊ဖြေရှင်းရမည့်ပြဿနာများကို အဖြေရှာခြင်းဖြစ်ပြီးစမ်းသတ် အော်ရီဒူးဖုန်းကတ်သို့ အခြားမိုဘိုင်းဖုန်းများမှ ခေါ်ဆိုနိုင်သည်ဟုဆိုသည်။

အောင်လတ်
Mandalay News Agency

စစ်ရာဇဝတ်မှု ဖြစ်နိုင်ဟု အစ္စရေးကို ကုလ သတိပေး

Posted by drmyochit Wednesday, July 23, 2014, under | No comments

အရပ်သားတွေ ကြားမှာ ဟားမတ်စ်တွေ အကာအကွယ် ယူနေဟု အစ္စရေးက စွပ်စွဲ

ဂါဇာ ဒေသမှာ အစ္စရေးတို့ရဲ့ ထိုးစစ် ဆင်နေမှုဟာ စစ်ရာဇဝတ်မှု ကျူးလွန်ရာ ရောက်နိုင်တဲ့ ဖြစ်နိုင်ခြေ ခိုင်ခိုင်မာမာ ရှိနေကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေး ဆိုင်ရာ မဟာမင်းကြီး Navi Pillay က ပြောလိုက်ပါတယ်။

အစ္စရေးဘက်က ပြောတဲ့ အရပ်သားတွေ မသေဆုံးအောင် ကာကွယ်ဖို့ လိုအပ်တဲ့ ကြိုတင် သတိပေးမှုတွေ အားလုံး လုပ်ခဲ့တယ် ဆိုတဲ့အပေါ် သံသယ ရှိတယ်လို့လည်း ကုလ သမဂ္ဂ လူ့အခွင့်အရေး ကောင်စီ အရေးပေါ် အစည်းအဝေးမှာ Navi Pillay က ပြောပါတယ်။

ဖြစ်ရပ် တစ်ခုကို သူမက ထုတ်ပြရာမှာ လွန်ခဲ့တဲ့ တစ်ပတ်က ဂါဇာ ကမ်းခြေမှာ ကစားနေကြတဲ့ ကလေး ၇ ယောက်ကို တမင် ပစ်မှတ်ထား ခဲ့ပုံရတဲ့ တိုက်ခိုက်မှုဟာ လူသားချင်း စာနာ ထောက်ထားမှု ဆိုင်ရာ နိုင်ငံတကာ ဥပဒေကို အစ္စရေးက ဂရုမစိုက်တဲ့ ထိတ်လန့်စရာ အထောက်အထား တစ်ခုဖြစ်ကြောင်း သူမက ပြောပါတယ်။

ဒါ့အပြင် ဟားမားစ်နဲ့ တခြား ပါလက်စတိုင်း လက်နက်ကိုင် အဖွဲ့တွေက ရော့ကက် ဒုံးကျည်တွေနဲ့ အစ္စရေးဘက်ကို ပစ်ခတ်နေတာကိုလည်း သူမက ရှုတ်ချခဲ့ပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)

မလေးရှား လေယာဉ် ခရီးသည် အလောင်းတွေ နယ်သာလန်ကို ရောက်လာ

Posted by drmyochit Wednesday, July 23, 2014, under | No comments


ယူကရိန်းနိုင်ငံ အရှေ့ပိုင်းမှာ ပစ်ချခံခဲ့ရတဲ့ မလေးရှား လေယာဉ်ပေါ်မှာ ပါသွားသူ ခရီးသည်တွေရဲ့ အလောင်းတွေကို သယ်ဆောင်လာတဲ့ လေယာဉ် ၂ စီးဟာ ခါကိဗ် မြို့ကနေ ထွက်ခွာလာခဲ့ရာမှာ အခုအခါ နယ်သာလန် နိုင်ငံကို ရောက်ရှိလာပါပြီ။

သေဆုံးကြသူ ခရီးသည် အများစုက နယ်သာလန် နိုင်ငံသားတွေ ဖြစ်ကြပြီး ဒီကနေ့ကို သေဆုံးသူတွေအတွက် ဝမ်းနည်းခြင်း အထိမ်းအမှတ်နေ့ အဖြစ် သတ်မှတ်ထားပါတယ်။


လေယာဉ်တွေ မဆိုက်ခင် နိုင်ငံတဝန်း ၅ မိနစ်ကြာ ခေါင်းလောင်းတွေ ဆက်တိုက် ထိုးကြပြီး အလံတွေကိုလည်း တိုင်ဝက် လွှင့်ထူထားကြပါတယ်။



မလေးရှား လေယာဉ် MH17 ဟာ ဇူလိုင် ၁၇ ရက်နေ့က ပစ်ချခံရလို့ ပျက်ကျခဲ့ရတာ ဖြစ်ပြီး ရုရှား လိုလားတဲ့ ခွဲထွက်ရေး သူပုန်တွေရဲ့ လက်ချက် ဖြစ်တယ်လို့ ကျယ်ကျယ်ပြန့်ပြန့် စွပ်စွဲထားကြပါတယ်။


သူပုန်တွေဟာ အပျက်အစီး အကြွင်းအကျန်တွေကို ခြေရာကောက်လို့ မရအောင် တမင် ဖျက်ဆီးထားတာ တွေ့ရတယ်လို့လည်း ယူကေ အစိုးရက ပြောပါတယ်။


ယူကရိန်းမှာ တိုက်ခိုက်မှုတွေ ဆက်ဖြစ်နေပြီး ဒီကနေ့ ဗုဒ္ဓဟူးနေ့မှာ ယူကရိန်း စစ်လေယာဉ်လို့ ယူဆရတဲ့ လေယာဉ် ၂ စီးဟာလည်း သူပုန်တွေရဲ့ လက်ချက်နဲ့ ပစ်ချခံလိုက်ရပါတယ်။

BBC Burmese

ဟားမားစ် အစ္စရေး အရေး အဖြေပေါ်ဖို့ ဝေးနေ

Posted by drmyochit Wednesday, July 23, 2014, under | No comments

အစ္စရေး တပ်တွေ ဂါဇာဘက် ဝင်
အစ္စရေး၊ ပါလက်စတိုင်း အပစ်အခတ် ရပ်စဲရေး နဲ့ ငြိမ်းချမ်းရေး ပြန်လည် ဆွေးနွေးနိုင်ဖို့ အတွက် အီဂျစ်နိုင်ငံ ကိုင်ရိုမြိုနဲ့ အစ္စရေး တဲလ်အဗိ မြို့တွေ မှာ ကုလသမဂ္ဂ၊ အမေရိကန် နဲ့ အစ္စရေး တို့ ဆွေးနွေးကြ ပါတယ်။

အီဂျစ်နိုင်ငံ က ချမှတ် ထားတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို လိုက်နာဖို့ အားလုံးက သဘောတူကြပေမယ့် ဟားမားစ် ဘက်ကတော့ ဒါကို ပယ်ချပါတယ်။

အဲဒီအတွက် အမေရိကန် နိုင်ငံခြားရေး ဂျွန်ကယ်ရီ က ဟားမားစ် အနေနဲ့ ဂါဇာနေ ပါလက်စတိုင်း အရပ်သားတွေ အတွက် ထည့်သွင်း စဉ်းစား မလား ဆိုတာ အလေးအနက် ထားရမယ့် အရေး လို့ ကိုင်ရို သတင်းစာ ရှင်းလင်းပွဲ မှာ ပြောပါတယ်။

ဟားမားစ် အနေနဲ့ အခြေခံကျတဲ့ နည်းလမ်း ကိုရွေးချယ်ဖို့ လိုသလို၊ ဒီနည်းလမ်း ဟာလည်း ဂါဇာနေ ပြည်သူတွေ အတွက် ခိုင်မာတဲ့ ရိုက်ခတ်မှု ရှိစေမှာ ဖြစ်တဲ့ အတွက် အီဂျစ်တွေ ဘက် က ချပြထားတဲ့ အကြံဉာဏ် ကို တခြား ပါလက်စတိုင်း အဖွဲ့တွေ နဲ့ လေးလေးနက်နက် ဆွေးနွေးပြီး အဖြေတခု ထွက်အောင် လုပ်သင့်တဲ့ အကြောင်း မစ္စတာ ကယ်ရီက ပြောတာပါ။

အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျာမင် နက်တန်ယာဟူ ကလည်း တဲလ်အဗစ် မြို့ ကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် လည်း ရောက်နေလို့၊ ပူးတွဲ ကျင်းပတဲ့ သတင်းစာ ရှင်းလင်းပွဲ မှာ ဟားမားစ်တွေ လက်ခံနိုင်မယ့် သဘောတူညီချက် ရဖို့ က ခဲယဉ်းတဲ့ အကြောင်း၊ ဒါကြောင့် နိုင်ငံတကာ အနေနဲ့ ဝိုင်းဝန်းနားချဖို့ ဒါမှမဟုတ် ကမ်းလှမ်းချက် ပယ်ချနေတာ ကို တာဝန်ခံအောင် ဆွဲဆောင်ကြ ဖို့ တိုက်တွန်း လိုက်ပါတယ်။

ဟားမားစ်တွေ ဟာ အစ္စရေး ရှိနေတာကို မလိုလားတဲ့ သဘော ဖြစ်နေ လို့ တချို့က ပြောရာမှာ၊ သူတို့ ဘက်က လှုပ်ရှားမှု အကြီးအကျယ် လုပ်ပြီး အစ္စရေး တို့ ကို အပြတ်ချေမှုန်း လိုတဲ့ အကြမ်းဖက်မှု ကို လိုလားနေတဲ့ အကြောင်း၊ ဒါကြောင့်မို့ အစ္စရေး အနေနဲ့ ကိုယ်လူမျိုး၊ ကိုယ့်နိုင်ငံ ကာကွယ်ရေးက လွဲပြီး ရွေးစရာလမ်း မရှိတော့ဘူး လို့ ရှင်းပြပါတယ်။

ကုလ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း ကတော့ သူ့ အနေနဲ့ နှစ်ဖက်စလုံး၊ အပစ်ရပ်ပြီး ဆွေးနွေးကြဖို့ တိုက်တွန်းလိုက်ပါတယ်။ ကုလသမဂ္ဂ ရဲ့ ရပ်တည်ချက် ကို ရှင်းရာမှာ၊ ရော့ကက်ဒုံးကျည်တွေ နဲ့ ပစ်ခတ် နေတာတွေ ကို အပြင်းအထန် ရှုံ့ချတဲ့ အကြောင်း၊ နောက်ပြီး စာသင်ကျောင်းတွေ၊ ဆေးရုံတွေ နဲ့ အရပ်သား နေအိမ် အဆောက် အအုံတွေ ကို စစ်ရေး အရ အကာအကွယ် ယူ အသုံးချနေတာကို လည်း ရှုံ့ချပုံ၊ ဘယ်နိုင်ငံ အဆို သူ့ပိုင်နက် အတွင်း ဗုံးမိုးရွာသလို လုပ်နေရင် အရပ်သားတွေ ကို ကာကွယ်ရမယ့် ဝတ္တရား ရှိကြတယ် လို့ ပြောတာပါ။

အခု လောလောဆယ် အနေအထားအရ တော့ ခရီးသည်တင် ပြည်ပ လေကြောင်းလိုင်းတွေက အစ္စရေး တဲလ်အဗိ မြို့က ဘင်ဂူရီယန် နိုင်ငံတကာ လေဆိပ် ခရီးစဉ်တွေ ကို ယာယီ ဖျက်သိမ်းထားပါပြီ။

ပါလက်စတိုင်းတို့ရဲ့ ဒုံးလက်နက် ပစ်ခတ် နေတာတွေကို ရှောင်ရှားနိုင်ဖို့ ဖြစ်တဲ့ အကြောင်း သိရပါတယ်။

BBC

ဗိတိန်နိုင်ငံ၏ တစ်နှစ်အတွင်းတင်ပါးအလှဆုံးဆုရှင် အသက် ၅၃ နှစ်အရွယ် အမျိုးသမီး

Posted by drmyochit Wednesday, July 23, 2014, under | No comments


ဗြိတိန်နိုင်ငံ တီဗီစတား Carol Vorderman ဟာ အများပြည်သူရဲ့မဲပေးရွေးချယ်မှုနဲ့ တစ်နှစ်အတွင်း တင်ပါးအလှဆုံးဆု (Rear of the Year) ကိုရရှိခဲ့ပါတယ်။

စွဲမက်စရာ နောက်ပိုင်းအလှနဲ့ သူမဟာ ဒီဆုကို နှစ်ကြိမ်ရရှိတဲ့ ပထမဆုံး အမျိုးသမီးတစ်ဦးလည်းဖြစ်ပါတယ်။

ဒီဆုကို ဒုတိယကြိမ်မြောက်ရရှိခဲ့တဲ့အတွက် အသက် ၅၃ နှစ်အရွယ် Vorderman က “အထူးသဖြင့် ကျွန်မဘဝရဲ့ ဒီလိုအချိန်ကြမှ ဆုကို ဒုတိယအကြိမ်ရလို့ ကျွန်မမှာ အံ့သြဝမ်းသာ နှစ်ခုစလုံးဖြစ်ရပါတယ်” လို့ပြောကြားခဲ့ပါတယ်။

Carol Vorderman ဟာ ရုပ်သံစီစဉ်တင်ဆက်သူတစ်ဦး ဖြစ်ပြီး လူကြိုက်များ တီဗီ ရှိုး Countdown ကို ၁၉၈၂ မှ ၂၀၀၈ ခုနှစ်ထိ ၂၆ နှစ်တိုင်အောင် ပူးပေါင်းတင်ဆက်ခဲ့သူလည်းဖြစ်ပါတယ်။

သူမရဲ့ နောက်ပိုင်းအလှနဲ့ ပက်သက်ပြီး ပြောကြားရာမှာ Vorderman က
“ကျွန်မ ဒါကို ရခဲ့တဲ့ ၂၀၁၁ တုန်းက ပြောခဲ့သလိုပါပဲ။ ကျွန်မနောက်ပိုင်းကို ကြည့်ချင်တယ့်လူတွေ အများကြီး ရှိပါ့မလားလို့ ကျွန်မ အမြဲသံသယရှိခဲ့တယ်။ အခုတော့ ကျွန်မထင်တာထက်တောင် ပိုများနေတယ်” လို့ ဆိုခဲ့ပါတယ်။

Credit: phothytaw

တိုက်လေယာဉ်နှစ်စီးကို ရုရှားလိုလားသော သူပုန်များ ပစ်ချလိုက်ခြင်းဖြစ်ဟု ယူကရိန်းပြော

Posted by drmyochit Wednesday, July 23, 2014, under | No comments

ကိဗ်− လေယာဉ်ပေါ် လိုက်ပါလာ သူ ၂၉၈ ဦးလုံး သေဆုံးခဲ့သည့် ပြီးခဲ့သည့် သီတင်းပတ်အတွင်း ယူကရိန်းနိုင်ငံ အရှေ့ပိုင်းတွင် မလေးရှားလေယာဉ် ပျက်ကျရာ နေရာနှင့် များစွာမကွာဝေးသော နေရာတစ်ခုတွင် ယူကရိန်းတိုက်လေယာဉ်နှစ်စီးကို ရုရှားလိုလားသည့် သူပုန်များက ဇူလိုင် ၂၃ ရက်တွင် ပစ်ချလိုက်သည်။

ဆာဗော်မိုဂီလာဒေသအနီး တွင် ယင်းတိုက်လေယာဉ်များ ပစ်ချခံရခြင်းဖြစ်သည်ဟု ယူကရိန်း စစ်ဘက်ဆိုင်ရာ ပြောရေးဆိုခွင့်ရှိ ပုဂ္ဂိုလ်တစ်ဦးက ပြောသည်။

လေယာဉ်မှူးများနှင့် ပတ်သက်၍လည်း သတင်းမကြားသိ ရကြောင်း ၎င်းကပြောသည်။

ယခု တိုက်လေယာဉ်နှစ်စီး ပစ်ချခံရသည့်နေရာမှာ မလေးရှားလေယာဉ် MH17 ပျက်ကျရာနေ ရာနှင့် ၂၅ ကီလိုမီတာသာဝေး ကြောင်း စစ်ဘက်ဆိုင်ရာ ပြောခွင့်ရပုဂ္ဂိုလ် အိုလီစီဒီမီထရက်ခ်ျကိဗ်စကီးက ထပ်လောင်းပြောကြားသည်။

သို့သော် ယင်းတိုက်လေယာဉ်နှစ်စီးမှာ မတူညီသော နေရာများတွင် ခွဲထွက်ရေးသမားများက ဒုံးကျည်များဖြင့် ပစ်ချလိုက်ခြင်းဖြစ်ကြောင်း စစ်ဘက်ဆိုင်ရာမှ ဒုတိယပြောခွင့်ရ ပုဂ္ဂိုလ်တစ်ဦးက ပြောသည်။

လေယာဉ်မှူးနှစ်ဦးမှာ လေထီးများဖြင့် ခုန်ဆင်းနိုင်ခဲ့သည်ဟုလည်း ၎င်းက ပြောသည်။

ယူကရိန်းနိုင်ငံအရှေ့ပိုင်း ဒိုနက်စ်မြို့ရှိ သူပုန်တပ်ဖွဲ့ အကြီး အကဲ အီဂိုစထရီယယ်ကော့ဗ်က ခွဲထွက်ရေးသမားများသည် လေ ယာဉ်တစ်စီး ပစ်ချခဲ့ပြီး လေယာဉ်မှူးမှာ လေထီးဖြင့် ခုန်ချသွားသည်ဟု ပြောကြားကာ အသေးစိတ် အချက်အလက်ကိုမူ ပြောကြားခြင်းမရှိပေ။

ဒိုနက်စ်မြို့နှင့် လူဟန့်စ်မြို့ အနီးရှိ သူပုန်များ၏ အဓိကနေရာ နှစ်ခုအနီး တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး ယင်းမြို့များတစ် ဝိုက် ဆင်ခြေဖုံးဒေသများနှင့် ကျေးရွာများကို ထိန်းချုပ်ထား သည့် ယူကရိန်းအစိုးရတပ်ဖွဲ့များ က သူပုန်များအား ပြန်လည်တိုက် ထုတ်နေသည်။

ရုရှားစကားပြောသူများ အများစု နေထိုင်သည့် ယူကရိန်း နိုင်ငံ အရှေ့ပိုင်းရှိ ခွဲထွက်ရေးသမားများက ဗဟိုအစိုးရထံမှ လွတ်လပ်ရေး တောင်းဆိုခဲ့ပြီး ဧပြီလအတွင်းက စတင်၍ ဆူပူအုံကြွခဲ့ကြသည်။

ရုရှားလိုလားသော ယူကရိန်းသမ္မတ ဖြုတ်ချခံရပြီး ရုရှားနိုင်ငံက ခရိုင်းမီးယားဒေသကို ၎င်းတို့ ပိုင်နက်အတွင်း သိမ်းသွင်းလိုက် ပြီးနောက် ဒိုနက်စ်ဒေသတွင် မ ငြိမ်သက်မှု စတင်ချိန်မှစ၍ သေ ဆုံးသူ ၄၃၂ ဦးနှင့် ဒဏ်ရာရသူ ၁,၀၁၅ ဦးရှိပြီဖြစ်ကြောင်း ဒေသဆိုင်ရာ ကျန်းမာရေးအာဏာပိုင်များက ပြောသည်။

—Ref: AFP
7 Day

ရေလည်ဟော့တဲ့ သွန်းဆက်ရဲ့ ဓာတ်ပုံများ

Posted by drmyochit Wednesday, July 23, 2014, under | No comments






Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်