Apple ဝန်ထမ်းများသည် ၎င်းတို့အနေဖြင့် ထမင်းစားချိန်နှင့် နားချိန်မရရှိခြင်းကြောင့် ကယ်လီဖိုးနီးယားပြည်နယ် အလုပ်သမားဥပဒေအရ ကုမ္ပဏီကို တရားစွဲဆိုလိုက်သည်။Apple ကုမ္ပဏီ၏ အရောင်းဆိုင်နှင့် ရုံးလုပ်ငန်းမှ လက်ရှိဝန်ထမ်းနှင့် ဝန်ထမ်းဟောင်း ၂ဝ,ဝဝဝ ကျော်တို့မှာ အလုပ်သမားဥပဒေနှင့် မညီသော လုပ်ငန်းခွင် အခြေအနေကို ကြုံတွေ့ခဲ့ရကြောင်း တရားလိုရှေ့နေများက ပြောကြားသည်။
Apple ကို တရားစွဲဆိုသည့် ဝန်ထမ်းများမှာ ၅ နာရီ သို့မဟုတ် ပိုမိုကြာမြင့်သော အလုပ်ချိန်ကို ထမင်းစားနားချိန်မရှိ လုပ်ကိုင်ရန် အတင်းအကျပ် စေခိုင်းခံရခြင်းနှင့် အချိန်တို လုပ်ငန်းများတွင်လည်း နားချိန်မပေးဘဲ လုပ်ကိုင်စေခြင်းတို့ ကြုံခဲ့ရကြောင်း တရားစွဲဆိုမှုတွင် ဖော်ပြထားသည်။ Apple ကမူ ယခုကိစ္စနှင့် ပတ်သက်၍ မှတ်ချက်တစ်စုံတစ်ရာ ပြောကြားရာ ငြင်းဆန်ခဲ့ကြောင်း CNN သတင်းက ပြောကြားသည်။
Apple သည် ဝန်ထမ်းများ၏ တရားစွဲဆိုမှုကို ပထမဆုံးအကြိမ်ခံရခြင်း မဟုတ်ကြောင်းလည်း သိရသည်။ ယခင်ကလည်း Apple စတိုးမှ ဝန်ထမ်းများက စတိုးဆိုင်မှ မထွက်ခွာမီ ၎င်းတို့၏ အိတ်များကို မန်နေဂျာများ စစ်ဆေးခံရန်အတွက် စောင့်ဆိုင်းရသည့် ကြာမြင့်ချိန်အား လုပ်အားခအဖြစ် ထည့်သွင်းတွက်ချက် မပေးသောကြောင့် တရားစွဲဆိုခဲ့ဖူးသည်။
Mizzima
Time in Rangoon


0 comments:
Post a Comment