သမ္မတကြီးရှင့်…
နိုင်ငံရဲ့ တာဝန်တွေကို မအားလပ်နိုင်အောင် ထမ်းဆောင်နေရတဲ့ သမ္မတကြီးကို အနှောက်အယှက် ဖြစ်စေ လိုတဲ့စိတ် မရှိပေမယ့် ကျွန်မ ဒီစာကို ရေးလို က်မိပါတယ်။ ကျွန်မဟာ တိုင်းပြည် အတွက် ခြေတစ်ဖက် စွန့်ထား သူရဲ့ဇနီး၊ တိုင်းပြည်အတွက် အသက်ပေးသွား သူရဲ့ မိခင်၊ လက်ရှိ တိုင်းပြည် အတွက် အလုပ် အကျွေးပြု နေဆဲ ကျောင်းဆရာမ တစ်ဦးပါ။ ကျွန်မ အမျိုးသား ခြေတစ်ဖက် ဆုံးရှုံးချိန်မှာ ရခဲ့ဖူးတဲ့ ကြေးတံ ဆိပ် လေးကို ကျွန်မ ဂုဏ်ယူ ကျေနပ်ခဲ့ဖူးပေမယ့် ကျွန်မရဲ့ သားအပါအ၀င် တိုင်းပြည်အတွက် ကချင်ပြည် နယ်မှာ အသက်စွန့်ခဲ့တဲ့ စစ်သည်တွေ အပေါ် သမ္မတကြီးတို့ရဲ့ လျစ်လျူရှု နေနိုင်မှုကို ကျွန်မ တကယ် မခံစား နိုင်ပါဘူး။
တောင်ကိုရီးယာသမ္မတလောင်းနှစ်ဦး- ပတ်ဂျုံဟီး (ဝဲ) နှင့် မွန် ဂျေအင်း (ယာ)။
18.12.2012
တောင်ကိုးရီယားနိုင်ငံတ၀ှန်းမှာ ဒီနေ့၊ ဗုဒ္ဓဟူးနေ့အစောပိုင်းမှာ သမ္မတသစ်တဦး ရွေးချယ်ဖို့ အတွက် မဲရုံတွေကို စတင် ဖွင့်လှစ်လိုက်ပါပြီ။ ဒေသစံတော်ချိန်ညနေ ၆ နာရီလောက်မှာ မဲပေးပွဲအဆုံးသတ်ပြီး ဒီနေ့နှောင်းပိုင်းမှာ ရလာဒ်ကို သိရမယ်လို့ မျော်လင့်ရပါတယ်။
ကချင်ပြည်နယ်ကိုရောက်ရှိနေတဲ့ မြန်မာနိုင်ငံ ဆိုင်ရာ အမေရိကန်သံအမတ်ကြီး မစ္စတာ ဒဲရစ်မစ်ချယ်လ်နဲ့ အထူးကိုယ်စားလှယ် Mr W. Patrick Murphy တို့ဟာ ဒီကနေ့မနက်ပိုင်းမှာ ဝိုင်းမော်မြို့နယ်က သရက် တော သာဂရဘုန်းတော်ကြီးကျောင်းက စစ်ဘေးရှောင် ဒုက္ခသည်စခန်းတွေနဲ့ မြစ်ကြီးနားမြို့က HIV/ AIDS ဝေဒနာရှင်တွေကို စောင့်ရှောက်ကုသပေးနေတဲ့ စင်တာတစ်ခုတို့ကို သွားရောက် ကြည့်ရှု အားပေး ခဲ့ပါတယ်။
ဆဒုံးမြို့နယ်၊ ဘွမ်တောင် (Bum Tawng)တွင် အခြေပြု လှုပ်ရှားနေသော ခလရ(၅၈) တပ်ဖွဲ့ဝင်များကို KIA တပ် ရင်း(၃) တပ်ဖွဲ့ဝင်များက ဒီဇင်ဘာလ(၁၈)ရက်နေ့ မန က်(၆)နာရီအချိန်တွင် ၀င်ရောက် တိုက် ခိုက် ခဲ့ရာ ခလရ (၅၈)တပ်ဖွဲ့ဝင်(၈)ဦး ကျဆုံးကာ အများအပြားထိခိုက်ဒ ဏ်ရာရကြောင်း သိရှိရ သည်။
ရန်ကုန်၊ ဒီဇင်ဘာ-၁၅
မိုဘိုင်းဖုန်း ဈေးကွက်အတွင်းရောင်းချရန် ကျန်ရှိနေသေးသည့် ကျပ်နှစ်သိန်း၊ နှစ်သိန်းခွဲတန် (GSM, WCDMA) လိုင်းပေါင်း နှစ်သိန်းကျော်အား ဈေးကွက်အတွင်းမှ ပြန်လည်သိမ်းယူလျက်ရှိကြောင်း မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ သတင်းရရှိသည်။
” ရခိုင်ပြည်နယ်မြောက်ပိုင်း အပါအဝင် ရခိုင်အလယ်ပိုင်းမှာရှိတဲ့ ၊
လူတွေရဲ့ ရုပ်ရည် အသွင်အပြင် စကားတွေက ၊
တစ်ဖက်နိုင်ငံမှာရှိတဲ့ စစ်တကောင်း (က လူတွေ ) နဲ့ ဆင်တူတာသည် ၊
ဒီလူမျိုးတွေက ရခိုင်ရဲ့ ဌာနေ တိုင်းရင်းသားဆိုတာ ၊
ဒါ အကြီးမားဆုံး သက်သေပါပဲ ”
မြန်မာ အစိုးရတပ် အထူးစစ်ရေး လေ့ကျင့်နေ
==========================
ဗန်းမော်မြို့သို့ သင်္ဘော(၂)စီးဖြင့်
ရောက်ရှိလာသောမြန်မာအစိုးရတပ်ဖွဲ့တို့သည် ဗန်းမော်မြို့အခြေစိုက် ခလရ(၂၃၆)တပ်ဝင်းထဲတွင်
တိုက်ပွဲဝင်ရန် ပစ်ခတ်တိုက်ခိုက်မှုကို အထူးလေ့ကျင့်နေကြောင်း သိရှိရသည်။
ဒေသခံများပြောဆိုချက်အရ ပြည်မ ရှိ စစ်တိုင်းဌာချုပ် တိုင်းမှ
ထုတ်နုတ်ထားသော အထူးတပ်ဖွဲ့ဝင်များ ဖြစ်ကြောင်း သိရှိရသည်။
မန္တလေးမြို့ပေါ်မြို့နယ်တစ်ခုဖြစ် သော
ချမ်းအေးသာစံမြို့နယ်တွင် ရဟန်း၊ သာမဏေ၊ သီလရှင်များနှင့် မသင့် လျော်သော သမဏသာရုပ္ပ
မဖြစ်သော ကိစ္စရပ်များ ပြုလုပ်နေခြင်းများကို စစ်ဆေး အရေးယူနေ ကြောင်း သတင်းရရှိ သည်။
လက်ရှိ အစိုးရမှ ကျင်းပနေသော ပြည်သူ့လွှတ်တော်တွင် ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၇)မှ ဦးဇာ ယာဒ်ရော်မံ (ခ) ဦးဌေးဝင်းက ဘူးသီးတောင်နှင့် မောင်တော ဒေသတွင် နေထိုင်သော မွတ်ဆလင်များ အပေါ် ခရီးသွားလာခွင့် ပိတ်ပင်ထားသဖြင့် အဆိုပါ ကိစ္စနှင့် ပတ်သက်၍ ဇူလိုင်လ ၂၉ ရက်နေ့က လွှတ်တော် တွင် မေးမြန်းခဲ့သည်။ လွှတ်တော် အမတ် ဦးဌေးဝင်းနှင့် လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီတို့၏ အမေးအဖြေမှာ စိတ်ဝင်စားဖွယ် ကောင်းသဖြင့် အောင်တွင် ဖေါ်ပြပေးလိုက်ပါသည်။
ကဘူးလ် ဒီဇင်ဘာ ၁၈
အာဖဂန် နစ္စတန် နိုင်ငံ အရှေ့ပိုင်း၌ မြေမြှုပ် ဗုံးတစ်လုံး ပေါက်ကွဲမှုကြောင့် အနည်းဆုံး မိန်းကလေး ၁ဝ ဦး သေဆုံးခဲ့ပြီး အခြား နှစ်ဦး ဒဏ်ရာရရှိ ခဲ့ကြောင်း ဒေသတွင်း အာဏာပိုင်များက ပြောကြားခဲ့သည်။
နယူးဒေလီ (မဇ္ဈိမ)။ ။ ပင်လယ်ပြင်တွင် စင်္ကာပူ ရေကြောင်းအဏာပိုင်မှ ကမ်းကပ်ခွင့် ငြင်းပယ်ခံ ထားရ သည့် မြန်မာပြည်မှ ဒုက္ခသည်များဟု ယူဆရဖွယ်ရှိသည့် လူ ၄၀ ဦးအား အင်္ဂါနေ့က မလေးရှား နိုင်ငံမှ လက်ခံထားလိုက်ပြီ ဖြစ်ကြောင်း သိရသည်။
အခုပြောပြမယ့် နည်းလမ်းကတော့ လူတိုင်း သတိ မထားမိတဲ့အချက်တွေပါ သတိ ပြုမိတဲ့ သူတွေ လည်းရှိ မှာပါ မရှိတဲ့သူတော့ တော်တော် များပါတယ် ကျနော် တွေ့သမျှတော့ တော်တော် များတယ် ဒါပေမယ့် လည်း သွားမပြော ရဲဘူး တော်ကြာ ကိုယ်ပြောပြီးမှ သူ့အကောင့် တစ်ခုခု ဖြစ်တယ်ဆို ပြသနာ ရှာမှာ ဆိုလို့။ ကျနော်တွေ့သမျှ ထဲက သံဃာတော်တွေပိုင်းတဲ့အကောင့်တွေလောက်ပဲ သတိပေး ပြောပါ တယ်. ကိုယ် တွေ အချင်းချင်း တော့ မပြော ရဲလို့ အခုလို ပိုစ့်လေး တင်ဖြစ် သွားတာပါ အောက်မှာလေ့လာကြပါ
ဒီဇင်ဘာလ(၁၆)ရက်နေ့ မနက်(၁၁)နာရီခန့်တွင် ပန်ဝါဒေသတွင်ဖြစ်ပွားသောတိုက်ပွဲတွင် တပ်မ(၈၈) လက်အောက်ခံ၊ စကုမြို့အခြေစိုက် ခလရ(၁၀)မှ ယာယီတပ်ရင်းမှူး ဗိုလ်မှူးခင်ထွန်းအောင် နှင့် တပ်ခွဲမှူး ဗိုလ်ကြီးေ ကျာ်စွာအေး နှင့် အခြားအဆင့်(၆)ဦး အပါအ၀င် ကျဆုံးသူ(၈)ဦးရှိခဲ့သည်။ ဗိုလ်သန်းဇော်ဦး အပါ အ၀င် အခြားအဆင့်ပေါင်း(၂၃)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။ ဒီဇင်ဘာလ(၁၆)ရက် တိုက်ပွဲ တွင် ခလရ(၁၀)တပ်ရင်းအတွက် ပြုန်းတီးအင်အား(၃၀)ကျော်သွားခဲ့ရကြောင်း သိရှိရသည်။
ဒီဇင်ဘာလမှ စတင်လာသော မြန်မာ့တပ်မတော်၏ ထိုးစစ်သည် အထိအခိုက် အကျ အဆုံးများနှင့် ရင်ဆိုင်ေ န ရ သည်။ ယခင်တပ်မ(၈၈) တပ်မမှူးဟောင်း ဗိုလ်မှူးချုပ် ထွန်းထွန်းနောင် က မြောက်ပိုင်း တိုင်း စစ် ဌာနချုပ် တိုင်းမှူး တာဝန်ကို ပြောင်းလွှဲယူပြီးသည့်နောက်ပိုင်းတွင် ထိုးစစ်ဆင်တိုက်ခိုက်မှု ခပ်စိပ် စိပ် ရှိ လာကာ တိုက် ပွဲသည် လည်း ပြင်းထန်လာခဲ့သည်။ ပွင့်လင်းရာ သီကာလအတွင်း KIA ၏ အဓိက အချက် အချာဖြစ်သော တပ်စခန်းများ ကို သိမ်းပိုက်နိုင်ရေး အတွက် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အစီအမံ များ ကို ညွှန်ကြား လျက်ရှိသည်။
ကန်ချဘူရီ ခရိုင်၊ ဘော်ဖွယ်မြို့နယ် ကြံစိုက်ခင်း တစ်ခုတွင် ရောင်းစားခံခဲ့ရသည့် မြန်မာ အလုပ် သမား ၄ဦး တို့အားလူကုန်ကူးမှုတိုက်ဖျက်ေ ရး ပူးပေါင်းအဖွဲ့တို့၊ ယမန်နေ့က ကယ်တင်နိုင်ခဲ့ေ ကြာင်း သိရှိရ သည်။ ဘန်ကောက် မြန်မာသံရုံး အလုပ်သမား ကူညီစောင့်ရှောက်ရေးအသင်း၊ ထိုင်းနိုင်ငံရောက် မြန်မာ နိုင်ငံသား များအဖွဲ့ BAT နှင့် ထိုင်းတောင် ပိုင်း အခြေစိုက် ပညာရေးဖွံ့ဖြိုးရေး ဖေါင်ဒေးရှင်း FED တို့ ပူးပေါင်း ကူညီ ခဲ့ကြခြင်းဖြစ်သည်။ပြန်လည်လွတ်မြောက်လာသူများ ကိုအောင်ချင်း၊ မစုလှိုင်၊ ကိုရာဇာ ထွန်းနှင့် ကုလား ဆိုသူတို့ ဖြစ်ကြသည်။
လူကုန်ကူးခံရပြီး ထိုင်းနိုင်ငံ၊ နခွန်ပသွန်ခရိုင်၊နခွန်ပသွန်မြို့ ပန်းခြံမှာ အလုပ်စေခိုင်းခြင်း ခံနေရတဲ့ မြဝတီမြို့နယ် ကျောက်လုံးကြီးရပ်ကွက်က မြန်မာပြည်သား(၈)ဦးကိုထိုင်းနိုင်ငံရောက် မြန်မာပြည်သားများ အသင်း (MAT) အဖွဲ့က မနေ့ညက ကယ်တင်နိုင်ခဲ့တယ်လို့ သိရပါတယ်။
နေပြည်တော်၊ ဒီဇင်ဘာ ၁၈
၁၇-၁၂-၂၀၁၂ ရက်နေ့ ၁၆၄၀ အချိန် ရန်ကုန်-ပြည် အမှတ်(၇၁)အဆန် အမြန်ရထားသည် ပဲခူးတိုင်း ဒေသကြီး၊ သာယာဝတီမြို့နယ်၊ ငဖြူကလေးဘူတာနှင့် သုံးဆယ်ဘူတာကြား မိုင်တိုင်(၆၅/၃-၄) ကြား အရောက် တွင် ရထားသံလမ်းဖြတ်ကူးသူ သာယာဝတီမြို့၊ ဗေဒင်ကုန်းရပ်ကွက်နေ ဒေါ်အေး(၆၅)နှစ် အား တိုက် မိရာ ဒေါ်အေးတွင် ခန္ဓာကိုယ် ခါးမှပြတ်၊ ၀ဲခြေ၊ နဖူး၊ ယာလက်မောင်းရင်းပြတ် ဒဏ်ရာများဖြင့် အခင်းဖြစ် နေရာတွင် သေဆုံးသွားသောကြောင့် ၁၇၀၀ အချိန် သာယာဝတီရဲစခန်းမှ သေမှုသေခင်း အမှတ် စဉ် ၁၁/၂၀၁၂ အရ စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။
နေပြည်တော်၊ ဒီဇင်ဘာ ၁၈
၁၇-၁၂-၂၀၁၂ ရက်နေ့ ၀၇၃၀ အချိန် ပဲခူးတိုင်းဒေသကြီး ရန်ကုန်-ပြည် ကားလမ်း မိုင်တိုင် အမှတ်(၁၇၉/ ၂) နှင့်(၁၇၉/၃)ကြား ပြည်မြို့၊ ဆင်စုရပ်ကွက်၊ မြ၀တီဓါတ်ဆီဆိုင်အနီးတွင် ရန်ကုန်မှ ပြည်သို့ ရွှေတောင် မြို့နယ်၊ မယားမံရွာနေ ဖြိုးသက်အောင်(၁၉)နှစ် မောင်းနှင်ပြီး တစ်မြို့တည်းနေသူများ ဖြစ်သည့် မမေ သော်တာထက်(၁၉)နှစ်ပါ (၂)ဦးတို့ နောက်ထိုင် လိုက်ပါလာသော ဆိုင်ကယ်နှင့် ပြည်မှ ရန်ကုန်သို့ ရွှေတောင် မြို့နေ ဦးဌေးညွန့်(၅၉)နှစ် မောင်းနှင်လာသည့် (၃)ဘီး ဆိုင်ကယ်တို့ အရှိန်မထိန်း နိုင်ဘဲ မျက် နှာချင်း ဆိုင် တိုက်မိခဲ့သည်။
နေပြည်တော်၊ ဒီဇင်ဘာ ၁၈
၁၄-၁၂-၂၀၁၂ ရက်နေ့ ၁၁၃၀ အချိန်တွင် မွန်ပြည်နယ်၊ ပေါင်မြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် သတင်းအရ ပေါင်ရဲစခန်းအရှေ့တွင် လိုင်စင်မဲ့မော်တော်ယာဉ်များအား ရပ်တန့် စစ်ဆေးစဉ် မော်လမြိုင်မှ ရန်ကုန်သို့ ပေါင်မြို့၊ ကဒါရပ်ကွက်၊ မြို့သစ်(၄)လမ်းနေ ဇော်ဦး(၄၀)နှစ် မောင်းနှင်လာသည့် ၅ဂ/xxxx Honda Fit အဖြူရောင်ယာဉ်အား စစ်ဆေးခဲ့သည်။ ထိုသို့စစ်ဆေးခဲ့ရာ ယာဉ်နှင့်ပတ်သက်သည့် စာရွက် စာတမ်း အထောက် အထား တစ်စုံတစ်ရာပြသနိုင်ခြင်း မရှိသဖြင့် ယာဉ်အား ပေါင်ရဲစခန်း၌ သိမ်းဆည်း ထားပြီး ၁၅၀၀ အချိန် ဇော်ဦးအား ပေါင်ရဲစခန်း(ပ)၁၃၃/၂၀၁၂၊ ပို့ကုန်သွင်းကုန်အက်ဥပဒေ ပုဒ်မ ၈ အရ အရေး ယူခဲ့သည်။
နေပြည်တော်၊ ဒီဇင်ဘာ ၁၈
၁၇-၁၂-၂၀၁၂ ရက်နေ့ ၁၃၁၅ အချိန် မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းမြို့နယ်၊ ချောင်းကြီး သစ်တော ကြိုးဝိုင်း အတွင်း အကွက်အမှတ်(၂၁)တွင် တောဆင်ရိုင်း တစ်ကောင် သေဆုံးနေကြောင်း သတင်းအရ မြို့နယ် သစ် တောဦးစီးဌာနမှ တာဝန်ရှိသူများနှင့် မြန်မာ့သစ်လုပ်ငန်းမှ တိရစ္ဆာန် မွေးမြူရေးနှင့်ကုသရေး ဒုတိယ ဦးစီးမှူးတို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။ သေဆုံးနေသောဆင်မှာ အလျား (၁၃) ပေခန့်၊ လုံးပတ် (၁၂) ပေခန့်ရှိ အသက် (၂၇) နှစ်ခန့် ဆင်ထီးတစ်ကောင်ဖြစ်ပြီး လွန်ခဲ့သည့် (၁၅)ရက်ခန့်က သေဆုံး ခြင်းဖြစ်ကြောင်း သိရသည်။ ဆင်မှာ ၀ဲတင်ပါးဆုံတွင် အဆိပ်ပါသည့် ချွန်ထက်သောအရာဖြင့် ပစ်ခတ်ခံ ထားရပြီး ဦးခေါင်းရှိ အစွယ်နှင့် နှာမောင်းတို့အား ခုတ်ဖြတ်ထားသည့် ဒဏ်ရာများဖြင့် သေဆုံး နေကြောင်း၊ နှာမောင်းသားနှင့် အစွယ်နှစ်ချောင်းလုံး တွေ့ရှိရခြင်းမရှိဟု သတင်းရရှိသည်။
လွတ်လပ်သော လူ့အခွင့် အရေးပြည့်ဝစွာ ရရှိတယ် ဆိုသော အတိုက် အခံတို့ အများ အားကျ အတုယူ ပြောနေ ကြ သည့် အနောက်နိုင်ငံတွင် အဖေနဲ့သမီးပြန်ယူ၍ လူ့အခွင့်အရေးကို အပြည့်အ၀ အသုံးချ နေကြ သည်။
ဗုဒ္ဓသာဝက ရဟန်းပျို အဖွဲ့က လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနဲ့ပတ်သက်ပြီး ဆန္ဒ ထုတ်ဖော် မှုကြောင့် ဖမ်းဆီး ခံရသူတွေကို ချက်ချင်းလွှတ်ပေးဖို့ ဒီဇင်ဘာ ၁၈ ရက်နေ့က တောင်းဆိုလိုက်ပါတယ်။
အစိုးရသည် ကချင်ပြည်လွတ်လပ်ရေးအဖွဲ့၏ လိုင်ဇာစစ်ဌာနချုပ်ကို အလုံးအရင်းနှင့် စစ်ဆင်ရန် ပြင် ဆင်နေပြီးဖြစ်ကြောင်း KIA စစ်သတင်းနှင့် နီးစပ်သော စစ်ကြောင်း အရာရှိတဦးက ဆိုပါသည်။
တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တစ်ခု အဆင့်မှ အထောက်အပံ့ကောင်းစွာ ရရှိပြီး စင်ပြိုင် တပ်မတော် တစ်ခု တည်ထောင်တိုက်ပွဲဝင်လာနိုင်သည့် အခြေအနေထိ ဖြစ်လာနိုင်သည့် ကေအိုင်အေ၏ အန္တရာယ်ကို ငြိမ်းချမ်းရေး နည်းဖြင့် မည်သို့မှ ဖြေရှင်းနိုင်မည် မဟုတ်။ အင်အားကြီး လက်နက်ကိုင်အဖွဲ့ အဖြစ် တိုင်းပြည် တည်ငြိမ်ရေးကို နှောက်ယှက်ဖျက်ဆီးနေအုံးမည် သာမက ကချင်ပြည်နယ်တွင် ကေအိုင်အို မဟုတ်သည့် မည်သည့် အစိုးရအဖွဲ့ ဖြစ်ဖြစ် ကေအိုင်အေ၏ နှောက်ယှက်ခြင်းကို ခံနေရအုံးမည် ဖြစ်သည်။ သဘာဝ သယံဇာ တများကို တရားဝင် လက်နက်ကိုင် အုပ်ချုပ်ခွင့်သာ ရရှိမည်ဆိုပါက ကချင်ပြည်နယ် တစ်ခုထဲဖြင့် ကျေနပ်နိုင် မည်လား။ နီးစပ်ရာ ရှမ်းပြည်နယ်တွင် အာဏာရရှိရေး လုပ်ဆောင်အုံးမည်သာ ဖြစ်သည်။
လက်ရှိ ကချင်ပြည်နယ်မှာ မတည်ငြိမ်မှုတွေ ဖြစ်နေစေတဲ့ ကေအိုင်အေဟာ သာမန်တိုင်းရင်းသား လက် နက် ကိုင် အဖွဲ့ဟုတ်မဟုတ်ကို ကျွန်တော် တို့ စဉ်းစားကြည့်ရအောင်။ တစ်ဖက်နှင့် တစ်ဖက် တင်းမာ မှုတွေ စတင်ဖြစ် ပွားခဲ့တဲ့ အချိန်ကစပြီး ပူတာအိုမှာ ဈေးနှုန်းတွေ ခေါင်ခိုက်၊ ဒုက္ခသည် စခန်းမှာ စားနပ်ရိ က္ခာ အကူ အညီတွေ လိုအပ်မှု များပြားနေချိန်မှာ အိနြေ္ဒမပျက် တိုက်စစ်ဆင်နိုင်တဲ့ ကေအိုင်အေဟာ ကျော ထောက် နောက်ခံ တစ်ခု မရှိဘဲ ရပ်တည်နိုင်မှာ မဟုတ်ပါဘူး။ အဖက်ဖက်က ၀ိုင်းထားတဲ့ တပ်မေ တာ် စစ်ကြောင်းတွေကို ဖြတ်ပြီး ပြည် တွင်း ကနေ ရိက္ခာသယ်ဖို့ ဆိုတာ ကေအိုင်အေ အတွက် ဘယ်လိုမှ မဖြစ် နိုင် သလို တစ်နှစ်ကျော် ကာလ အတွင်း ရှမ်းပြည် နယ်နဲ့ ကချင်ပြည်နယ်အတွင်း တိုက်ပွဲတွေမှာ အသုံးပြု ရတဲ့ ခဲယမ်းတွေ မကုန်ဆုံးနိုင်တာ ဟာလဲ အံ့သြစရာပါပဲ။