Wednesday, December 19, 2012

ကျပ်နှစ်သိန်းနှင့် နှစ်သိန်းခွဲတန် မိုဘိုင်းဖုန်းများ ဈေးကွက်မှ ပြန်သိမ်း

Posted by drmyochit Wednesday, December 19, 2012, under | No comments


ရန်ကုန်၊ ဒီဇင်ဘာ-၁၅

မိုဘိုင်းဖုန်း ဈေးကွက်အတွင်းရောင်းချရန် ကျန်ရှိနေသေးသည့် ကျပ်နှစ်သိန်း၊ နှစ်သိန်းခွဲတန် (GSM, WCDMA) လိုင်းပေါင်း နှစ်သိန်းကျော်အား ဈေးကွက်အတွင်းမှ ပြန်လည်သိမ်းယူလျက်ရှိကြောင်း မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ သတင်းရရှိသည်။

ဒီဇင်ဘာလဆန်းပိုင်းတွင် စတင်လိုက်လံသိမ်းယူပြီး ၂၀၁၃ နှစ်ဆန်းပိုင်းတွင် ထွက်ရှိမည့် ကျပ်တစ် သိန်းဝန်းကျင် ဖုန်းလိုင်း များရောင်းချပါက ယခုသိမ်းဆည်းထားသည့် ဖုန်းလိုင်းများကိုလည်း ငွေကျပ် တစ်သိန်းဝန်းကျင်ဖြင့်သာ ရာင်းချသွားမည်ဖြစ် ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ အင်ဂျင်နီယာချုပ် ဦးဌေးဝင်းကပြောသည်။

“ကျွန်တော်တို့ဆီမှာ နှစ်သိန်းနဲ့ နှစ်သိန်းခွဲတန်လိုင်းဖုန်းတွေ အကုန်လာပြန်သိမ်းသွားပြီ။ ဒီကတ်ဖုန်းတွေကလည်း အခု နောက်ပိုင်းသိပ်မရောင်းရတော့ဘူး။ နှစ်ကုန်ရင်တော့ တစ်သိန်း နှစ်သောင်းတန်ဖုန်း ထွက်မယ်ဆိုရင် ပြန်ရောင်းအားကောင်းမှာပါ။ ဈေးကတော့ ကျွန်တော်တို့လည်း အတိ အကျ မသိရ သေးဘူး” ဟု Yangon Mobile မှ မန်နေဂျင်း ဒါရိုက်တာ ကိုဇေယျာထွန်းကပြောသည်။
မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းမှ မိုဘိုင်းဖုန်းဈေးနှုန်းများ လျှော့ချခြင်းမှာ တတိယအကြိမ်မြောက် ဖြစ် သည်။ ကျပ်နှစ်သိန်း၊ နှစ်သိန်းခွဲတန်ဖုန်းများအစား လာမည့်နှစ်တွင် ကျပ်တစ်သိန်းဝန်းကျင်ဖြင့် ၀ယ်ယူ သုံးစွဲနိုင် မည်ဖြစ်သည်။

“လွန်ခဲ့တဲ့သုံးရက်ကတည်းက နှစ်သိန်းတန်လိုင်းဖုန်းကတ်တွေ ရောင်းတာပိတ်လိုက်ပြီး လကုန်မှာ တစ်သိန်း ကျော်တန်ဖုန်း ထွက်မယ်လို့ကြားတယ်” ဟု ကျောက်တံတားမြို့နယ် ပန်းဆိုးတန်းလမ်းရှိ Elite မိုဘိုင်းမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

ဇန်န၀ါရီလတွင် မိုဘိုင်းဖုန်းရောင်းချရာတွင် ရန်ကုန်တိုင်းဒေသကြီးတွင် အရောင်းဌာန ၁၈ခု၊ မန္တလေး တိုင်းဒေသကြီးတွင် ၅ ခု သာမက အခြားပြည်နယ်၊ တိုင်းများတွင်လည်း ရောင်းချမည်ဖြစ်ကြောင်း သတင်း ရရှိသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်