Wednesday, December 19, 2012

မြန်မာနိုင်ငံမှ ဒုက္ခသည်များဟု ဆိုသည့် ပင်လယ်ထဲမှ လူ ၄၀ အား မလေးရှားမှ လက်ခံလိုက်

Posted by drmyochit Wednesday, December 19, 2012, under | No comments

နယူးဒေလီ (မဇ္ဈိမ)။ ။ ပင်လယ်ပြင်တွင် စင်္ကာပူ ရေကြောင်းအဏာပိုင်မှ ကမ်းကပ်ခွင့် ငြင်းပယ်ခံ ထားရ သည့် မြန်မာပြည်မှ ဒုက္ခသည်များဟု ယူဆရဖွယ်ရှိသည့် လူ ၄၀ ဦးအား အင်္ဂါနေ့က မလေးရှား နိုင်ငံမှ လက်ခံထားလိုက်ပြီ ဖြစ်ကြောင်း သိရသည်။

အသက် ၁၆ နှစ်မှ ၄၀ နှစ်အတွင်းရှိ ၎င်းတို့အား တပါတ်ကျော်ကျော်က မြန်မာ့ပင်လယ်ပြင်တွင် ဗီယက်နမ် ကုန်တင် သင်္ဘောတစီးက တွေ့ရှိဆယ်ယူခဲ့ခြင်း ဖြစ်သည်ဟု The Wall Street Journal အင်တာနက် စာမျက်နှာ တွင် ဖော်ပြ ပါရှိသည်။

ထို့နောက် စင်္ကာပူ နိုင်ငံက အဆိုပါကုန်တင်သင်္ဘောအား စင်္ကာပူ ပင်လယ်ရေကြောင်း သွားလာရေး အာ ဏာ ပိုင် အဖွဲ့ (MPA) က ခရီးသည်များနှင့်ပါတ်သက်သည့် အထောက်အထား အခိုင်အမာ မပြနိုင် ခြင်းေ ကြာင့် ကမ်း ကပ်ခွင့် ငြင်းဆို ထားခဲ့ခြင်း ဖြစ်သည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်