Wednesday, December 19, 2012

နှလုံးသားကို ရင်းပြီး ဦးနှောက်နဲ့ ရေးတဲ့ မိခင်တစ်ဦးရဲ့ စာတစ်စောင်

Posted by drmyochit Wednesday, December 19, 2012, under | No comments


သမ္မတကြီးရှင့်…
နိုင်ငံရဲ့ တာဝန်တွေကို မအားလပ်နိုင်အောင် ထမ်းဆောင်နေရတဲ့ သမ္မတကြီးကို အနှောက်အယှက် ဖြစ်စေ လိုတဲ့စိတ် မရှိပေမယ့် ကျွန်မ ဒီစာကို ရေးလို က်မိပါတယ်။ ကျွန်မဟာ တိုင်းပြည် အတွက် ခြေတစ်ဖက် စွန့်ထား သူရဲ့ဇနီး၊ တိုင်းပြည်အတွက် အသက်ပေးသွား သူရဲ့ မိခင်၊ လက်ရှိ တိုင်းပြည် အတွက် အလုပ် အကျွေးပြု နေဆဲ ကျောင်းဆရာမ တစ်ဦးပါ။ ကျွန်မ အမျိုးသား ခြေတစ်ဖက် ဆုံးရှုံးချိန်မှာ ရခဲ့ဖူးတဲ့ ကြေးတံ ဆိပ် လေးကို ကျွန်မ ဂုဏ်ယူ ကျေနပ်ခဲ့ဖူးပေမယ့် ကျွန်မရဲ့ သားအပါအ၀င် တိုင်းပြည်အတွက် ကချင်ပြည် နယ်မှာ အသက်စွန့်ခဲ့တဲ့ စစ်သည်တွေ အပေါ် သမ္မတကြီးတို့ရဲ့ လျစ်လျူရှု နေနိုင်မှုကို ကျွန်မ တကယ် မခံစား နိုင်ပါဘူး။

ကျွန်မတို့ မိသားစုဟာ စစ်ကိုင်းတိုင်းက မြို့နယ်တစ်ခုမှာ နေထိုင်ကြီးပြင်း ခဲ့ကြတယ်။ ကျွန်မ အမျိုးသားဟာ ရှမ်းပြည်နယ် မြောက်ပိုင်းမှာ ခြေတစ်ဖက် စွန့်ခဲ့ ရတယ်။ ကျွန်မရဲ့ သားငယ် လေးဟာ ကချင် ပြည်နယ်မှာ အသက် စွန့်ခဲ့ရတယ်။ကျွန်မရဲ့ သားငယ်ဟာ အသက်စွန့်ပြီး စီးပွားရေး လုပ်ခဲ့တာ မဟုတ်ပါဘူး။ တိုင်းပြည် ငြိမ်းချမ်းရေး အတွက် အသက်ပေးခဲ့တဲ့ အုတ်တစ်ချပ် သဲတစ်ပွင့်ပါ သမ္မတကြီး။ သမ္မတကြီးတို့ အုပ်ချုပ်တဲ့ မြန်မာနိုင်ငံဆိုတာ ဖြစ်အောင်၊ ကျွန်မ ကလေးတွေကို သင်ပေးတဲ့ တိုင်းနဲ့ ပြည်နယ်တွေ ပါဝင်တဲ့ မြန်မာနိုင်ငံ မြေပုံကြီး ဖြစ်အောင် မွေးရပ်မြေကို စွန့်ခွာပြီး အသက်စွန့် တာဝန် ထမ်းဆောင် နေတဲ့ မြန်မာနိုင်ငံရဲ့ တပ်မတော် သားတွေပါရှင်။

အသက် ၂၅ နှစ် ဆိုတဲ့ ကျွန်မ သားငယ်ဟာ ကျွန်မအတွက်တော့ ကလေးပါပဲ။ ကျွန်မ သားငယ် စစ်ဆင်ရေး တာဝန်ကို စပြီး ထမ်းဆောင် ကတည်းက ကျွန်မသားဟာ သူ့လစာကို မစားခဲ့ရဘူး။ သူနဲ့ ရွယ်တူ အပေါင်း အသင်းတွေ မိသားစုနဲ့ အတူနေပြီး ဘ၀ကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းချိန်မှာ ကျွန်မသား အတွက် မိသားစု ဆိုတာ တာဝန်နဲ့ ရဲဘော် ရဲဘက် တွေပဲ ဖြစ်ခဲ့ရတယ်။ သူအရမ်း နှစ်သက်တဲ့ ဘုရားပွဲ တွေကို နှစ်ပေါင်းများစွာ မိသားစုနဲ့ အတူ ပျော်ရွှင်ခွင့် မရခဲ့ဘူး။ အခုတော့ ဒီဘ၀မှာ သူ့အတွက် မိသားစုနဲ့ ပြန်ဆုံဖို့ အခွင့်အရေးကို ဆုံးရှုံးခဲ့ ရပါပြီ။

နိုင်ငံကြီး တစ်ခုက စစ်သားတစ်ယောက်ဟာ စစ်ဆင်ရေးတာဝန်ထမ်းဆောင်ချိန်မှာ အနွေးထည် မလုံလောက် လို့ သူ့အမေဆီ စာရေးပြီး မှာခဲ့ဖူးတယ်။ သူ့မိခင်က အစိုးရကို ဒီအဖြစ်အတွက် စာရေး တောင်း ဆိုလို့ အစိုးရက ဖြေရှင်းခဲ့ ပေးရတယ်။ ကျောပိုးအိတ် တစ်လုံးနဲ့ ရိက္ခာ အငတ်ငတ် အပြတ်ပြတ် တာဝန် ထမ်းဆောင်တဲ့ တပ်မတော် သားတွေအတွက် သမ္မတကြီးတို့  အစိုးရ အဖွဲ့မှာ တာဝန် မရှိဘူးလို့ သမ္မ တကြီး ယူဆ ပါလား လို့ ကျွန်မ တကယ် မေးလိုက် ချင်တယ်။ စစ်သား ဘ၀ကို ဖြတ်သန်းပြီးမှ သမ္မတ ဖြစ်လာတဲ့ သမ္မတကြီး တို့လို လူကြီး တွေက တပ်မတော် သားတွေ အပေါ် ပိုပြီး ကြင်နာရမှာ မဟုတ်ပါ ဘူးလား။

မာနယ် ပလော၊ မဲသဝေါ လိုဒေသ မျိုးတွေမှာတောင် တိုက်ပွဲတိုင်း နိုင်အောင် တိုက်ပြီး တိုင်းပြည် အေးချမ်း စေခဲ့တဲ့ တပ်မတော်သား တွေဟာ ဘာမဟုတ်တဲ့ ကချင် လက်နက်ကိုင် ကျမှ အကျိုးမဲ့ အသက်ပေးခိုင်း ခဲ့ရပါ သလား။ ကချင်ထိုး စစ်ရပ် ဆိုလို့ ရပ်ထားခဲ့ ရတယ်တဲ့။ ဒါဆို ထိုးစစ် ရပ်ဆိုတဲ့ ကာလမှာ ကျွန်မသား ဟာ ရန်သူ့ရဲ့ ကျည်ဆံ အောက်မှာ ကျဆုံးခဲ့ ရတာပါလဲ။ တကယ်ဆို သမ္မတကြီးတို့ လုပ်တဲ့ ငြိမ်းချမ်းရေး သာစစ်မှန် ရင် ဒီအချိန် ကျွန်မဟာ ကျွန်မသား ပြန်အလာကို စောင့်ရင်းနဲ့ ဘုရားမှာ ဆုတောင်း နေရမှာ ပါ။

ကျွန်မ အရမ်း ၀မ်းနည်းမိပါတယ်။ စစ်သားတစ်ယောက် ဖြစ်လို့ တိုက်ပွဲမှာ ကျဆုံးခဲ့တဲ့ ကျွန်မသားကို ကျွန်မ ဂုဏ်ယူပေမယ့် ကျွန်မသား ပေးဆပ်ရတဲ့ အသက်ဟာ သမ္မတကြီးရဲ့ ထိုးစစ်ရပ်ဆိုတဲ့ စကားကြောင့် ဆိုတဲ့ အတွေးကလည်း ကျွန်မကို နှိပ်စက်နေ ပါတယ်။ သမ္မတ ကြီးရဲ့အမိန့်ကို ကာကွယ်ရေး ဦးစီးချုပ်က နာခံ ပါ့မယ် လို့ ၀န်ကြီး ဦးအောင်မင်းက ပြောခဲ့တယ်။ ဒီလို ကချင်ပြည်နယ်မှာ တပ်မတော် မလိုအပ်ဘူး။ ကေအိုင် အေပဲ လိုအပ်တယ် ဆိုရင် ကချင် ပြည်နယ်က တပ်မတော်ကို သမ္မတကြီး အမိန့်ထုတ်ပြီး ပြန်ရုပ်ခိုင်း လိုက်ပါ တော့လား။ ဒါဆို ကျွန်မ သားလို ကျည်တစ်တောင့် မပစ်ရဘဲ သေဆုံးရတဲ့ တပ်မတော် သားတွေ မရှိနိုင် တော့ဘူး မဟုတ် လား ရှင်။

အခု သေဆုံးသွားတဲ့ ကျွန်မသား အပါအ၀င် တပ်မတော်သား တွေဟာ သူရဲကောင်း တွေပါ။ သူရဲကောင်း တို့ အသက်စွန့် ခြင်းနဲ့ တိုင်းပြည်အတွက် ပေးဆပ်ခဲ့ သူတွေပါ။ သမ္မတကြီးတို့ အမြဲပြောဆိုနေတဲ့ အမေရိကန်လို ဒီမိုကရေစီ နိုင်ငံက စစ်သားတွေ ဗီယက်နမ် စစ်မြေပြင်မှာ သေဆုံးတုန်း ကတောင် အမေရိ ကန် သမ္မတက သူ့မိသားစု တွေဆီကို ၀မ်းနည်းကြောင်း ပို့ပေးခဲ့ ဖူးပါတယ်။ အခုလို ပြည်တွင်း ငြိမ်းချမ်း ရေးအတွက် အသက် ပေးခဲ့ ရသူတွေ အတွက် သမ္မတကြီး ၀မ်းနည်းကြောင်း တစ်ခွန်း မပြောသင့် ဘူးလား လို့ မေးချင် ပါတယ်။

ကျွန်မဟာ ကျွန်မသား သေဆုံးမှုအတွက် ၀မ်းနည်းတာ တစ်ဖက်၊ ခံပြင်းတာ တစ်ဖက်မို့ အရူးတစ်ပိုင်း ဖြစ်နေရ ပါတယ်။ကျွန်မ မျက်ရည်တွေကို ကူမသုတ်ပေးနိုင်ရင်တောင် နောက်ထပ် ကျွန်မလို မိဘတွေ ထပ်ပြီး မရှိရ အောင် သမ္မတကြီးတို့ ဆုံးဖြတ်ကြပါတော့လို့ ကျွန်မ တိုက်တွန်းလိုက်ပါတယ်။
သမ္မတ ကြီးကို အားကိုး ယုံကြည်လျှက်။။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်