Wednesday, December 19, 2012

အာဖဂန် နစ္စတန် နိုင်ငံ၌ ဗုံးပေါက်ကွဲ မိန်းကလေး ၁ဝ ဦးသေဆုံး

Posted by drmyochit Wednesday, December 19, 2012, under | No comments

ကဘူးလ် ဒီဇင်ဘာ ၁၈

အာဖဂန် နစ္စတန် နိုင်ငံ အရှေ့ပိုင်း၌ မြေမြှုပ် ဗုံးတစ်လုံး ပေါက်ကွဲမှုကြောင့် အနည်းဆုံး မိန်းကလေး ၁ဝ ဦး သေဆုံးခဲ့ပြီး အခြား နှစ်ဦး ဒဏ်ရာရရှိ ခဲ့ကြောင်း ဒေသတွင်း အာဏာပိုင်များက ပြောကြားခဲ့သည်။

အဆိုပါ ပေါက်ကွဲမှုသည် နန်ဂါဟာ ပြည်နယ် ချာပါဟာ ခရိုင် ဒေါ်လက်ဇိုင်းရွာ၌ ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး အသက် ၉ နှစ်နှင့် ၁၁ နှစ် ကြားရှိ မိန်းကလေးများ ထင်းများ စုဆောင်းစဉ် အတွင်း မိန်းကလေး တစ်ဦးက ဗုံးအား ပုဆိန်ဖြင့် ထိမိပြီးနောက် ပေါက်ကွဲ ခဲ့ခြင်း ဖြစ်ကြောင်း နန်ဂါဟာ အာဏာပိုင် များက ပြောကြား ခဲ့သည်။ ထို့အပြင် ကဘူးလ် မြို့တွင် ဗုံးတစ်လုံး ပေါက်ကွဲမှုကြောင့် ဒေသခံ တစ်ဦး သေဆုံး၍ အမြောက် အမြား ဒဏ်ရာရ ရှိခဲ့ကြောင်း သိရသည်။ ၎င်းပေါက်ကွဲမှုသည် နေတိုးတပ်ဖွဲ့ ဝင်များနှင့် နိုင်ငံတကာ တပ်ဖွဲ့ဝင်များ၏ စခန်းအနီးရှိ ဂျလာလာ ဘဒ်လမ်း၌ ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်