Wednesday, December 19, 2012

“လူကုန်ကူးခံရသူ ၄ဦးအား ခက်ခက်ခဲခဲကယ်တင်”

Posted by drmyochit Wednesday, December 19, 2012, under | 2 comments

ကန်ချဘူရီ ခရိုင်၊ ဘော်ဖွယ်မြို့နယ် ကြံစိုက်ခင်း တစ်ခုတွင် ရောင်းစားခံခဲ့ရသည့် မြန်မာ အလုပ် သမား ၄ဦး တို့အားလူကုန်ကူးမှုတိုက်ဖျက်ေ ရး ပူးပေါင်းအဖွဲ့တို့၊ ယမန်နေ့က ကယ်တင်နိုင်ခဲ့ေ ကြာင်း သိရှိရ သည်။ ဘန်ကောက် မြန်မာသံရုံး အလုပ်သမား ကူညီစောင့်ရှောက်ရေးအသင်း၊ ထိုင်းနိုင်ငံရောက် မြန်မာ နိုင်ငံသား များအဖွဲ့ BAT နှင့် ထိုင်းတောင် ပိုင်း အခြေစိုက် ပညာရေးဖွံ့ဖြိုးရေး ဖေါင်ဒေးရှင်း FED တို့ ပူးပေါင်း ကူညီ ခဲ့ကြခြင်းဖြစ်သည်။ပြန်လည်လွတ်မြောက်လာသူများ ကိုအောင်ချင်း၊ မစုလှိုင်၊ ကိုရာဇာ ထွန်းနှင့် ကုလား ဆိုသူတို့ ဖြစ်ကြသည်။

၎င်းတို့ ၄ဦးသည် ဘန်ကောက်မြို့ စမူပါကန် ပါနန်း အရပ်ရှိ ဂက်စ်အိုးအလုပ်ရုံတွင် လုပ်ကိုင် နေရာမှ အလုပ်ဖြုတ် ခံရသဖြင့် အလုပ်လက်မဲ့ဖြစ်နေစဉ် ပွဲစား ကိုနိုင်ဆိုသူကအလုပ်ကောင်းသည့်ဘန်ကောက်မြို့ တစ်နေ ရာမှ အလုပ်ရုံတစ်ခုသို့ပြောင်းပေးမည်ဖြစ်ကြောင်း လိမ်လည်ပြောဆိုပြီး ဘန်ကောက်မြို့ အနောက် ဘက် ၁၂၉ ကီလိုမီတာ အကွာတွင်ရှိသော ကန်ချနဘူရီ ခရိုင်၊ဘော်ဘွယ်မြို့နယ် အတွင်းရှိ ကြံစိုက် ခင်း တစ်ခုတွင် တစ်ဦးလျှင် ဘတ် ၅၀၀၀ နုန်းဖြင့် ရောင်းချခဲ့ခြင်းဖြစ်ကြောင်း အကူညီ တောင်း ခံသူ ကိုအောင်ချင်း၏ အစ်ကို ကိုကျော်မင်းဦး ကပြောသည်။

၎င်းတို့ ၄ဦး ကြံစိုက်ခင်းသို့ ရောက်ရှိခဲ့ပြီး လက်ကိုင်ဖုန်း၊ ပတ်စပို့နှင့်ငွေအချို့ တို့ကို အလုပ်ရှင် က သိမ်းဆည်းလိုက်မှ ရောင်းစားခံရသည်ကိုသိရှိခဲ့ကြရသည်။

လုပ်ငန်ရှင် လူယုံ တပည့် ကိုကရင် က အခြေအနေရှင်းပြပြီးနောက် ထွက်ပြေးရန် ပြင်ဆင်ခဲ့ကြသည် ဟု ၎င်းတို့  ကပြောသည်။

ဒီဇင်ဘာလ ၉ ရက်နေ့တွင် ထွက်ပြေးခဲ့ကြပြီး ကြံတင်သည့် ၁၀ ဘီကား တစ်စီးအား အငှါး တက္ကစီကား ငှါးယူရ ရှိနိုင်မည့်နေရာသို့ ပို့ ပေးပါရန် အကူညီတောင်းခံပြီး ကားပေါ်သို့ တက်လာခဲ့ကြသည်။

အဆိုပါ ၁၀ ဘီးကားမှာ အလုပ်သမားများ ထွက်ပြေးလာသည့် ကြံစိုက်ခင်းဘက်သို့ ပြန်လည် မောင်းနှင် သဖြင့် အလုပ်သမား ၄ဦးလုံး ကားပေါ်မှာ ခုန်ချခဲ့ကြပါသည်။

အလုပ်သမား ၃ဦးတို့မှာ ပြောပလောက်သည့် ဒဏ်ရာများ မရရှိခဲ့သော်လည်း ကိုအောင်ချင်းမှာ မူတံ တောင်၊ခါး၊ ဒူးခေါင်း၊ခြေထောက်တို့တွင် ပွန်းပဲ့ ဒဏ်ရာများ ရရှိသွားရုံသာမက နားအတွင်းမှ သွေးများပါ ထွက်ပြီး သတိလစ်သွားခဲ့သည်။ 

ထို့ကြောင့် ဆေးရုံတွင် အတွင်းလူနာအဖြစ် ၃ရက်တိုင်တိုင်ကုသနေခဲ့ရ သည်။ ကိုကျော်မင်းဦး က “ ကျနော် မဟာချိုင်အင်ဂျီအိုတွေမှာ ဘော်လံဒီယာ အတော်လုပ်ခဲ့ပါတယ်။ ကျနော်ညီတို့ ရောင်းစားခံရပြီး အခက်အခဲကြုံနေရတယ်။

ကူညီကြပါလို့ မဟာချိုင်ကအလုပ်သမား အဖွဲ့တစ် ခုနဲ့ အင်ဂျီအို ၂ဖွဲ့ ကို အကူညီတောင်း ခံခဲ့ပါတယ်။သူတို့ မကူညီ နိုင်ဘူးလို့ ပြောကြပါတယ်။ ဒါကြောင့် ကျနော်ဟာ MAT အဖွဲ့ ကို အကူညီတောင်းခံခဲ့ တာ ပါ။ တကယ် ထိထိရောက်ရောက်ကူညီပေးလို့လည်း ခုလို့ လွတ်မြောက်လာကြတာပါ။ ကလေးတွေ ကိုယ်စား အထူး ကျေးဇူးတင်ပါတယ်” ဟုပြောသည်။

MAT အဖွဲ့ မဟာချိုင် တာဝန်ခံ ကိုခိုင်ကြီး က“ ဒီဇင်ဘာ ၁၁ ရက်နေ့မှာဒီအမှုကိစ္စကို ကျနော်တို့ အဖွဲ့ ခေါင်း ဆောင်ဦးကျော်သောင်း ကရေးပြီးတော့ သံရုံးကိုစာပို့တယ်။ကျနော်က မြန်မာသံမှူး ဦးအောင် ကျော်လင်းနဲ့ အလုပ်သမားအရာရှိဦးကျော်ကျော်လွင် တို့နဲ့ တွေ့ ဆုံတယ်။ သူတို့က မြန်မာ ပတ်စပို့ ထုတ်ပေး ရေးရုံးက မြန်မာရဲအရာရှိ ဦးမောင်မောင်ဆို သူနဲ့ ဆက်သွယ်ပေးတယ်။

ပွဲစားကိုနိုင်နဲ့ကြံခင်းပိုင်ရှင်ရဲ့တပည့် ဖြစ်သူကိုကရင်ဆိုသူဘန်ကောက်မှာ ပတ်စပို့ လာလုပ်တာ ကိုကျနော် တို့က ရောင်းစား ခံရသူတွေကို ရွေးမယ်ဆိုပြီးတွေ့ ဆုံဖို့ချိန်းဆိုကြတယ်။ ကျနော်တို့  ကိုကရင်ကို ဖမ်းဆီးပြီးတော့ ဖေါ်ထုတ်ခဲ့တယ်” ဟုပြောသည်။ 

၎င်းက ဆက်လက်၍ “ကုလသမဂ္ဂ လူကုန်ကူးမှုတိုက်ဖျက်ရေးအဖွဲ့UNIAP ,ထိုင်းအစိုးရ အထူးတပ်ဖွဲ့ DSIနဲ့ မဟာချိုင်က အဖွဲ့ ၃ခု ကို ကျနော် ကိုယ်တိုင်ဆက်သွယ်ခဲ့တယ်။ သူတို့ အကူညီမပေးကြဘူး။

လူကုန်ကူးခံရတာမဟုတ်ဘူးတဲ့၊ လူကုန်ကူးခံရသူတွေ ခေါ်လာပြီးအမှုဖွင့်ပါတဲ့၊ဘန်ကောက်မဟာချိုင်နဲ့ ဝေး တယ်တဲ့။ အတော်စိတ်ပျက်ဖို့ကောင်းပါတယ်။ကျနော်တို့လည်း ကယ်တင်လာခဲ့ရော့ မေးလိုက်ကြ တာဗျာ လွတ်လာပြီလား၊သူတို့ဘယ်မှာလဲတဲ့။ 

အတော် စိတ်ပျက်ဖို့ကောင်းပါတယ်” ဟုပြောသည်။ ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားများအဖွဲ့ MAT သည် ယခုကယ် တင်မှုအပါအ၀င် ၂၀၁၂ ခုနှစ်အတွင်း လူကုန်ကူးခံရသူပေါင်း ၂၈၂ ဦးအား ကယ်တင်နိုင်ခဲ့ပြီး ဖြစ်ကြောင်းMAT အဖွဲ့ မှတ်တမ်းအရ သိရှိရသည်။ 


ရွှေလုပ်သား

2 comments:

ကိုယ့်ကု ကိုသတိနှင့် အသိတရားလေးရှိဖို့လိုပါတယ်

သတိထားပါနော်။ဒီလိုထပ်မဖြစ်ပါစေနဲ့

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်