Thursday, November 22, 2012

နျူကလီးယား သဘောတူညီချက် လက်မှတ်ထိုးရန် အသင့်ဟု မြန်မာဆို

Posted by drmyochit Thursday, November 22, 2012, under | No comments


မြန်မာအစိုးရက အပြည်ပြည်ဆိုင်ရာ နျူကလီယား သဘောတူ စာချုပ်တွင် လက်မှတ်ထိုးရန် အဆင်သင့်ဖြစ်ကြောင်း ပြောကြားလိုက်သည်။ အမေရိကန် သမ္မတ ဘားရက် အိုဘားမား၏ နိုဝင်ဘာ ၁၉ ရက်နေ့ သမိုင်းဝင် မြန်မာခရီးစဉ် ညနေပိုင်းက နိုင်ငံတကာ အဏုမြူစွမ်းအင် အေဂျင်စီ (IAEA) နှင့်   နောက်ထပ် သဘောတူစာချုပ် လက်မှတ်ရေး ထိုးမည်ဟု မြန်မာအစိုးရက   ကြေညာခဲ့ခြင်း   ဖြစ်သည်။
အဆိုပါ နျူကလီးယား သဘောတူ စာချုပ်တွင် မြန်မာအစိုးရက နျူကလီးယားဆိုင်ရာ ဆက်စပ်ပစ္စည်း အသုံးအဆောင်များ အားလုံးကို ကြေညာရမည်ဖြစ်ကြောင်း ယနေ့နေ့စွဲဖြင့် The Business Times သတင်းတပုဒ်တွင် ဖော်ပြထားသည်။ မြန်မာနိုင်ငံအနေဖြင့် နျူကလီယား စီမံကိန်းတွင် ရုရှားနိုင်ငံနှင့် အဆင်မပြေ ဖြစ်ပြီးနောက်ပိုင်း မြောက်ကိုရီယားနှင့် လျှို့ဝှက်ဆက်ဆံမှုများ ရှိသည်ဟု အမေရိကန် အပါအဝင် နိုင်ငံများက သံသယရှိနေပြီး ၎င်းတို့၏ စိုးရိမ်မှုများကို စဉ်ဆက်မပြတ် ထုတ်ဖော်   ပြောဆိုခဲ့သည်။
   မြန်မာအစိုးရနှင့် သဘောတူညီမှုတွင် အကြံပြုထားသည့် ကုလသမဂ္ဂ နျူကလီးယား စုံစမ်း စစ်ဆေးရေးမှူးများကို ပိုမိုလွတ်လပ်စွာ ခွင့်ပြုရေးလည်း ပါဝင်သည်ဟု The Business Times တွင်   ဖော်ပြသည်။ အမေရိကန်ပြည်ထောင်စု ၀ါရှင်တန် အခြေစိုက် လက်နက်မပြန့်ပွားရေး အုပ်စုတခုဖြစ်သည့် Institute for Science and International Security မှ David Albright နှင့် Andrea Stricker တို့က မြန်မာ၏ ယခု ဆုံးဖြတ်ချက်အပေါ် သမိုင်းဝင် ဆုံးဖြတ်ချက်အဖြစ် မှတ်ချက်ပေးပြောကြားေ ကြာင်း လည်း အဆိုပါ သတင်းတွင် ဖော်ပြထားသည်။ မြန်မာအစိုးရ၏ ယခုနောက်ဆုံး လုပ်ဆောင် ချက် သည် နိုင်ငံတကာ အသိုင်းအ၀ိုင်းနှင့် ပွင့်လင်းမြင်သာမှုရှိရှိ ယုံကြည်မှု တည်ဆောက်ခြင်းအတွက်   နျူကလီးယားကိစ္စကို အခိုင်အမာ ရှေ့တိုးဆောင်ရွက်ပြီး ဖွင့်ထုတ်ဖော်ပြခြင်းအား အလွန်   ကောင်းမွန် သည့်   အပေါင်းလက္ခဏာအဖြစ် ရှုမြင်ကြောင်း ၎င်းတို့က ပြောဆိုခဲ့သည်။
     စိုးရိမ်ပူပန်နေရသည့် မြန်မာ-မြောက်ကိုရီယား ဆက်ဆံရေး၊ မြန်မာ၏ နျူကလီးယား ရည်မှန်းချက်ဆိုင်ရာ ကိစ္စများနှင့်ပတ်သက်၍ မြန်မာဘက်မှ ခိုင်မာသည့် ကတိရခဲ့၍သာ အမေရိကန် သမ္မတအိုဘားမား မြန်မာနိုင်ငံသို့ လာရောက်ခြင်း ဖြစ်ကြောင်းလည်း သုံးသပ်ဝေဖန် သူများကလည်း ဆိုသည်။ မြန်မာအစိုးရက သမ္မတ အိုဘားမား မြန်မာနိုင်ငံသို့ မလာရောက်မီ နာရီပိုင်းအလိုတွင် သဘောထား ကြေညာချက် တစောင်ကို ထုတ်ပြန်ခဲ့ပြီး အထူးသဖြင့် နျူကလီးယားဆိုင်ရာ ကိစ္စကိုလည်း အလေးအနက် ဖော်ပြထားခဲ့ကြောင်း သိရသည်။ “အဏုမြူ မပြန့်ပွားရေး ပြည်ထောင်စု အစိုးရ အနေနှင့် နိုင်ငံတကာ အဏုမြူ စွမ်းအင်အေဂျင်စီ International Atomic Energy Agency ၏ နောက်တိုး လိုက်နာရန် အချက်အလက်များ (Additional Protocol) ကို လက်မှတ်ရေးထိုးနိုင်ရန် နှင့် ၁၉၉၅ ခု Small Quantities Protocol ၏ ထပ်မံပြင်ဆင်ချက်ကို လက်ခံနိုင်ရန် နိုင်ငံတော်သမ္မတကြီးက အတည်   ပြုပြီးဖြစ်ရာ လွှတ်တော်သို့ တင်ပြ ဆောင်ရွက်သွားမည် ဖြစ်ပါသည်” ဟု ထုတ်ပြန်ချက်တွင်   ဖော်ပြထား သည်။ ထို့အပြင် “မြန်မာနိုင်ငံအနေဖြင့် IAEA စတင် ဖွဲ့စည်းသည့် ၁၉၅၇ ခုနှစ်တည်းက အဖွဲ့ဝင်အဖြစ် ပါဝင်ခဲ့ပြီး ၁၉၉၂ ခုနှစ် ဒီဇင်ဘာတွင် အဏုမြူလက်နက် မပြန့်ပွားရေးဆိုင်ရာစာချုပ် (Non-Proliferation Treaty, NPT) ကို လည်းကောင်း၊ ၁၉၉၅ ခုနှစ်တွင် NPT ၏ နောက်တိုး သဘောတူညီချက် ဖြစ်သည့် Small Quantities Protocol စောင့်ကြည့်ထိန်းသိမ်းရေး စာချုပ်နှင့် အရှေ့တောင်အာရှ အဏုမြူလက်နက် ကင်းစင်ရေးစာချုပ် (Southeast Asian Nuclear-Weapon-Free Zone Treaty) များကိုလည်းကောင်း၊ ၁၉၉၆ ခုနှစ် တွင် နျူကလီးယား စမ်းသပ်မှု တားဆီးရေး သဘောတူညီချက် (Comprehensive Nuclear Test Ban Treaty) တို့ကိုလည်းကောင်း လက်မှတ်ရေးထိုး ထားပြီး ဖြစ်ပါသည်” ဟု ဆိုထားသည်။
ဆက်လက်၍ “ပြည်ထောင်စု အစိုးရအနေနှင့် ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံတနိုင်ငံ ဖြစ်သည်နှင့်အညီ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ ဆုံးဖြတ်ချက်အမှတ် ၁၈၇၄ ကို လိုက်နာဆောင်ရွက်ရန်လည်း အခိုင်အမာ ဆုံးဖြတ်ချက်ချထားပြီး ဖြစ်ပါသည်” ဟု ဖော်ပြထားသည်။
        နျူကလီးယားဆိုင်ရာ သံသယဖြစ်မှုများ ရှင်းလင်းသွားစေရေး အမေရိကန်ဘက်က လိုလားချက်သည် အမေရိကန် သမ္မတ အိုဘားမားနှင့် သမ္မတ ဦးသိန်းစိန်တို့ တွေ့ဆုံဆွေးနွေးမှုက ထင်ဟပ်သည်။ သမ္မတ အိုဘားမားက သမ္မတ ဦးသိန်းစိန်နှင့် တွေ့ဆုံစဉ် “နောက်တချက်မှာ သမ္မတကြီးတို့အနေဖြင့် ဆုပ်ဆုပ်ပိုင်ပိုင် လုပ်ခဲ့တဲ့ကိစ္စတခုဖြစ်သည့် လူအများကို သေကြေ ပျက်စီးစေနိုင်သည့် လက်နက်ကြီးများ မပြန့်ပွားအောင် လုပ်ဆောင်နိုင်ခြင်းမှာ အလွန်ကောင်းမွန် ပါကြောင်း” ဟု ပြောကြားခဲ့သည်။
      သမ္မတ အိုဘားမား၏ ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင် မိန့်ခွန်းတွင်လည်း မြောက်ကိုရီယားကို အမည်တပ်က အသိပေးသွားခဲ့သည်။ ယင်းမိန့်ခွန်းတွင်    “မြောက်ကိုရီယား   ခေါင်းဆောင်တွေကို   ရွေးချယ်စရာ ကမ်းလှမ်းချင်ပါတယ်။ နျူကလီးယား လက်နက်တွေကို စွန့်လွှတ်ပြီး ငြိမ်းချမ်းမှုနဲ့ တိုးတက်မှု လမ်းကြောင်းပေါ် တက်လှမ်းခဲ့ပါ။ အမေရိကန်ဘက်က လက်ကမ်း ကြိုဆိုမှာပါ” ဟု သမ္မတ အိုဘားမားက ဆိုသည်။ အမေရိကန်က ဒေါ်လာ သန်း ၁၇၀ အား ပညာရေးနှင့် ကျန်းမာရေးဆိုင်ရာအတွက် USAID အကူအညီအဖြစ် ပေးအပ်မည်ဟုလည်း ကတိပြုခဲ့သည်။
     ထို့အပြင် စီမံကိန်းလုပ်ငန်းအတွက် အခြေခံ အဆောက်အအုံနှင့် ပတ်သက်၍ လည်းကောင်း၊ တခြား နည်းပညာ အကူအညီများကို လည်းကောင်း အမေရိကန်က ဆက်လက်   ထောက်ပံ့ကူညီသွားမည်   ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု နေပြည်တော်မှ အမည်မဖော်လိုသူ အရာရှိတဦးက ဆိုသည်။
ယခင်နှစ်က အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး ဟီလာရီ ကလင်တန်   မြန်မာပြည်လာစဉ်ကလည်း   နျူကလီးယား ကိစ္စကို အလေးပေး ပြောကြားခဲ့သည်။ ထို့အတူ အမေရိကန်အမတ်များ၊ တခြားသော အမေရိကန် အရာရှိများ၏ မြန်မာ ခရီးစဉ်များတွင်လည်း အဆိုပါကိစ္စကို အလေးပေးပြောဆိုခဲ့ကြသည်။
မြန်မာဘက်က နျူကလီးယားလက်နက် ပိုင်ဆိုင်ရန် ကြိုးစားနေသည်ဆိုသော ကိစ္စနှင့်ပတ်သက်၍ အစဉ်တစိုက် ငြင်းဆိုခဲ့သည်။
Posted in: သတင်း

KIA မှ ဒုက္ခိတမြို့တော် တည်ထောင်နေခြင်း

Posted by drmyochit Thursday, November 22, 2012, under | No comments


  ကချင်ပြည်နယ်ရဲ့ စီးပွားရေးအချက် အခြာကျတဲ့ ရတနာမြေ ဖားကန့်ဒေသဟာ စစ်တပ်နဲ့ KIA ကြား တိုက်ပွဲများ စတင်ဖြစ်ပွားခဲ့တဲ့ ၂၀၁၁ ခုနှစ်၊ ဇွန်လနောက်ပိုင်းကာလတွေဟာ အခြားနယ် မြေများလို တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်း မရှိဘဲ မသိမသာတည်ငြိမ် နေခဲ့ပါတယ်။ ၂၀၁၂ ခုနှစ်၊ သြဂုတ်လကုန်ပိုင်းမှာ KIA အဖွဲ့များ အင်အားပြ ထိုး ဖောက်မှုများ စတင်ခဲ့ပြီး စစ်တပ်နဲ့ တိုက်ပွဲတွေဖြစ်ပွားခဲ့လို့ စစ်တပ်သွားလာနိုင်တဲ့ လမ်းကြောင်းမှန်သမျှ ရွာတွင်း၊ ရွာပြင်မရှောင် KIA ရင်း(၆)မှ မြေမြှုတ်မိုင်းများ   မြောက်များစွာ ထောင် ခဲ့ကြာင်း သိရှိရပါတယ်။
          နောက်ပိုင်းကာလတွေမှာ KIA အနေနဲ့ ထောင်ထားတဲ့ မိုင်းတွေကို ပြန်လည်ဖော်ယူမှုမရှိဘဲ ဒီအတိုင်း ထားခဲ့လို့ စစ်တပ်ရော၊ အရပ်သားရော၊ တိရိစ္ဆာန်ရော မကြာခဏ မိုင်းနင်း ခြေပြတ် လက်ပြတ် ဒဏ်ရာရတာ တွေရှိပြီး ဖားကန့်ဆေးရုံမှာ ကုသလို့မနိုင်လောက်အောင် များပြားနေကြောင်း သိရှိရပါတယ်။ ၂၀၁၂ ခုနှစ်၊ နိုဝင်ဘာ ၂၀ ရက်နေ့ မနက်ပိုင်းမှာ ဖားကန့်မြို့နယ်၊   မှော်ဝမ်းရပ်ကွက် မှာနေတဲ့   မောင်ဇော်ဆန်း အောင်၊ ၂၂ နှစ်ဟာ   ရေမဆေးကျောက်ရှာရင်းနဲ့ မှော်မောင်းလျှံရွာရဲ့ မြောက်ဘက် လမ်းနံဘေးမှာ KIA ထောင် ထားတဲ့ မြေမြုတ်မိုင်းတစ်လုံးနင်းမိလို့ တစ်ကိုယ်လုံး မိုင်းစထိမှန်ပြီး ဖားကန့် ပြည်သူ့ဆေးရုံမှာ တက်ရောက်ကု သလျက်ရှိကြောင်း၊ ဖားကန့်ဆေးရုံမှ သူနာပြုတစ်ဦးက   ပြောပြခဲ့ ပါတယ်။ ဖားကန့်ဒေသမှာ အဆက်မပြတ် မိုင်းတွေကွဲပြီး ပြည်သူလူထု မိုင်းတွေနင်း၊   ခြေပြတ်လက်ပြတ်၊ မျက်စိကန်း၊ အကြောသေနဲ့ ဒုက္ခိတဘ၀ ရောက်သွားသူ တစ်ဖြည်းဖြည်းနဲ့ များလာနေပြီး KIA မှ ဖားကန့်မြို့ကို ဒုက္ခိတမြို့ တော်ဖြစ်အောင် လုပ်နေတာ ဖြစ်ကြောင်း မြို့ခံတစ်ဦးက   ပြောပြလာပါတယ်။
ကချင်နေ့စဉ်သတင်း

မလေးရှား လူမှောင်ခို သင်္ဘောသို့ လူတင်ပို့ရန်သွားသည့် စက်လှေနစ်၍ လူ ၁၀ ဦးပျောက်ဆုံး

Posted by drmyochit Thursday, November 22, 2012, under | No comments


ဘင်္ဂလာဒေခ်ျ့ နိုင်ငံ နတ်မြစ်ဝရှိ စိန်မာတင်ကျွန်းမှ ပင်လယ်ထဲတွင် ရပ်နားထားသော လူမှောင်ခို သင်္ဘောပေါ်သို့  လူတင်ပို့ရန် သွာသည့် စက်လှေနစ်မြုပ်သွားသဖြင့် လူ ၁၀ နီးပါး ပျောက်ဆုံး နေသည်ဟု သိရသည်။ နိုဝင်္ဘာလ ၂၁ ရက်နေ့ (ယနေ့) နံနက်ပိုင်းက လူပေါင်း ၄၀ ကို စိန်မာတင်ကျွန်းမှ တင်ဆောင်လာသော အဆိုပါ စက်လှေသည် ကျွန်းအလွန်တွင် ရုတ်တရက် နစ်မြုပ်သွားရာ လူပေါင်း ၃၀ မှာ ရေကူး၍ ကမ်းသို့ ရောက်ရှိလာသော်လည်း နောက်ထပ် ၁၀ ဦးမှာ ပျောက်ဆုံးနေသည်ဟု ဆိုသည်။
ရှင်မဖြူကျွန်းမှ မြန်မာနိုင်ငံသား မွတ်ဆလင် တစ်ဦးကို မေးကြည့်ရာ သူက ယခုလို ပြောသည်။
“ ဒီကနေ့ နံနက် စောစောက စိန်မာတင်ကျွန်းက ပင်လယ်ထဲကို အသွားမှာ နစ်သွားတာ ဖြစ်ပါတယ်။
လူပေါင်း ၄၀ မှာ ၁၀ ဦးပျောက်ဆုံးနေပါတယ်။ ပင်လယ်ထဲမှာ ရပ်ထားတဲ့ သင်္ဘော ပေါ်ကို လူတွေ သွားတင်တာမှာ နစ်တာ ဖြစ်ပါတယ်” ဟု ဆိုသည်။ လူမှောင်ခို သင်္ဘောမှာ ထိုင်းနိုင်ငံမှ ဖြစ်ပြီး ဘင်္ဂလာဒေခ်ျ့မှ မလေးရှားသွားလိုသူများကို အခကြေးငွေ ယူဆောင်ပြီး ပို့ဆောင်ပေးနေသည်ဟု သိရသည်။
“ ပျောက်ဆုံးနေသူတွေထဲမှာ ဘင်္ဂလာဒေခ်ျ့က လူတွေလည်း ပါတယ်။ မြန်မာနိုင်ငံသားတွေလည်း ပါတယ်။ လူပေါင်းစုံ ပါဝင်ပါတယ်။ သင်္ဘောပေါ်မှာ လူပေါင်း ၇၀၀ ခန့်ပါတယ်လို့ ကြားပါတယ်။
 ဒီကနေ ထိုင်းကို သွားမယ်။ ထိုင်းကနေ မလေးကို ဆက်ပို့မယ်လို့ သိရပါတယ်” ဟု သူက ဆက်ပြောသည်။
ဘင်္ဂလာဒေခ်ျ့ နိုင်ငံ ရုပ်သံ ဌာန တစ်ခုမှ ထုတ်လွှင့်သော သတင်းတစ်ခုတွင် ဘင်္ဂလာဒေခ်ျ့မှ  မလေးသို့ သွားနေသည့် လူမှောင်ခိုလမ်းကြောင်းကို မြေပုံများနှင့် တကွ ဖေါ်ပြရာတွင် ဘင်္ဂလာဒေခ်ျ့မှ တဆင့် ရန်ကုန်သို့ သင်္ဘောဖြင့် ပို့ဆောင်ပြီး ရန်ကုန်မှ တဆင့် ထိုင်းနှင့် မလေးရှားသို့ ပို့ဆောင်သည်ဟု ဖေါ်ပြသည်။
လူတစ်ဦး အနေဖြင့် ခရီးစရိတ်ငွေ တာကာငွေ ၂၀၀၀၀ မှ (၁) သိန်းထိ လူမှောင်ခိုသမားများကို  ပေးရကြောင်း သိရသည်။ ထိုသို့ လူမှောင်ခို တင်ပို့ရာ အထဲတွင် ပါဝင်သူများမှာ ဘင်္ဂလာဒေခ်ျ့နိုင်ငံသား အများစု ဖြစ်ပြီး ၆၀ နှင့် ၆၅ ရာခိုင်နုန်း အကြားပါဝင်သည်ဟု ဘင်္ဂလာဒေခ်ျ့မှ သတင်းဌာနကြီး တစ်ခု ဖြစ်သော UNB ယနေ့တွင် ဖေါ်ပြသည်။

နိရဉ္စရာသတင်းဌာန

ဝန်ကြီးချုပ်ဟောင်း ဦးခင်ညွန့်ကို လုပ်ကြံရန် ကြံစည်မှုဖြင့် အကျဉ်းကျ ခံခဲ့ရသော နိုင်ငံရေး အကျဉ်းသား လွတ်မြောက်

Posted by drmyochit Thursday, November 22, 2012, under | No comments


တပ်မတော် အစိုးရ လက်ထက်တွင် ဗိုလ်ချုပ်ကြီး ဦးခင်ညွန့်ကို လုပ်ကြံရန် ကြံစည်မှုဖြင့် သေဒဏ် ကျခံ ခဲ့ရသော နိုင်ငံရေး အကျဉ်းသား တစ်ဦး ဖြစ်သော ဦးသိန်းထွန်းသည်  အမေရိကန် သမ္မတ အိုဘားမား ခရီးစဉ် အတွင်း ပြစ်ဒဏ် လွတ်ငြိမ်း သက်သာခွင့် အရ လွတ်မြောက် လာခဲ့ကြောင်း နိုင်ငံရေး အကျဉ်းသားဟောင်း များ အဖွဲ့ဝင်များ ၏ ပြောကြားချက် အရ သိရသည်။ ဦးသိန်းထွန်း သည် ABSDF အဖွဲ့ဝင် ရဲဘော် တစ်ဦးဖြစ်ပြီး ၁၉၉၈ ခုနှစ်တွင် ပေါက်ကွဲ စေတတ်သော ပစ္စည်းများကို လက်ဝယ် တွေ့ရှိကာ နိုင်ငံတော် ပုန်ကန်ရန် ကြံစည်မှု၊ ဗိုလ်ချုပ်ကြီး ဦးခင်ညွန့်ကို လုပ်ကြံရန် ကြံစည်မှု၊ လူ စည်ကားရာနှင့် အာဆီယံ သံရုံးများကို ဖောက်ခွဲရန် ကြံစည်မှု တို့ဖြင့် သေဒဏ်ထိ ပြစ်ဒဏ် ကျခံ ခဲ့ရကြောင်း ၄င်းက ပြောသည်။
"ကျွန်တော် ပေါက်ကွဲစေတတ်တဲ့ ပစ္စည်းတွေကို သယ်ခဲ့ပါတယ်။ ဒါပေမဲ့ ဗိုလ်ချုပ်ကြီး ခင်ညွန့်ကို လုပ်ကြံဖို့ မဟုတ်ပါဘူး" ဟု ၄င်းက ပြောသည်။ ပေါက်ကွဲ စေတတ်သော ပစ္စည်းများကို သယ်ဆောင် လာခြင်းမှာ ရှစ်လေးလုံး အရေးတော်ပုံ ကဲ့သို့ ကိုးလေးလုံး (၉ရက် ၉လ ၁၉၉၉ခုနှစ်) အရေးတော်ပုံ ပေါ်ပေါက် လာပါက တပ်မတော် အစိုးရ၏ ပစ်ခတ်မှုကို လက်ချည်း ဗလာ မခံရဘဲ ပြန်လည် ခုခံနိုင်ရန် ရည်ရွယ်ချက်ဖြင့် လျှို့ဝှက် သယ်ဆောင် ရခြင်း ဖြစ်ကြောင်း ဦးသိန်းထွန်း က ဆိုသည်။ ယင်းကဲ့သို့ ပစ္စည်းများ သယ်ဆောင် ရခြင်းမှာ ABSDF အဖွဲ့၏ စေခိုင်းချက် ကြောင့် မဟုတ်ဘဲ မိမိ၏ သဘော ဆန္ဒဖြင့် သာဖြစ်ကြောင်း ၄င်းက ထပ်လောင်း ပြောပြသည်။
၎င်းကို အမှု မစစ်မီ စစ်ကြောရေး ကာလတွင် စစ်ကြောရေး လုပ်ဆောင်သူ များက ၄င်း၏ ပြစ်ဒဏ်ကို ကြိုတင် သိနေပြီး အမှုစစ်သော နေ့တွင်လည်း တရားသူကြီးမှာ အိပ်ငိုက် နေကာ စာအိတ် လာပို့မှသာ စာအိတ်ဖွင့်ပြီး ပြစ်ဒဏ်ကိုဖတ်ကြားခဲ့ကြောင်း၎င်းကပြန်ပြောပြသည်။

The Voice Weekly

ပလက်ဝတွင် အိန္ဒိယ စီမံကိန်း အကောင်အထည်ဖော်ပြီ

Posted by drmyochit Thursday, November 22, 2012, under | No comments


ပလက်ဝမြို့တွင် မြန်မာ-အိန္ဒိယ ကုလားတန်ဘက်စုံ ဖွံ့ဖြိုးရေးစီမံကိန်းတွင် ပါဝင်သည့် ဆိပ်ကမ်းကို ယခုလတွင် အကောင် အထည်ဖော်ဆောင်ရွက်နေပြီဟု သိရသည်။  အဆိုပါမြို့၏ တစ်ဘက်ကမ်းရှိ ဆိပ်ကမ်းနှင့် အိန္ဒိယသို့ တိုက်ရိုက် သွယ်တန်းမည့် ကားလမ်းကို ပြီးခဲ့သည့် နှစ်က တိုင်းတာမှုများ ပြုလုပ်ခဲ့ရာ ယခုလတွင် စတင် လုပ်ဆောင်နေခြင်းဖြစ်သည်။
“အိန္ဒိယလူမျိုးတွေတော့ ဒီလအတွင်းမှာ တော်တော်လေးများလာတယ်။ ပလက်ဝတစ်ဘက် ကမ်းမှာတော့ ကားလမ်းတွေ၊ ဆိပ်ကမ်းတွေဖောက် နေတာမြင်ရတယ်။ အရင်ကတော့ တိုင်းတာရုံဘဲ၊ အခုတော့ စီမံကိန်းလုပ်ငန်းတွေ လုပ်နေတာတွေ့ ရတယ်”ဟု ပလက်ဝမြို့ခံတစ်ဦးက ပြောသည်။  ပလက်ဝမြို့တွင်   မြန်မာအိန္ဒိယ ကုလားတန် စီမံကိန်းအတွက် ကြားခံဆိပ်ကမ်း တစ်ခုထားရှိမည်ဖြစ်ရာ ယင်းမှတဆင့်  အိန္ဒိယနိုင်ငံသို့ တိုက်ရိုက်ကား လမ်းဖောက်လုပ်မည်ဖြစ်သည်။
“ပလက်ဝကနေပြီးတော့ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်သို့ တိုက်ရိုက်ကားလမ်း ဖောက်လုပ်မယ်။ စက်ပစ်ပြင်ရွာမှာတော့ စခန်းတစ်ခုထားရှိမယ်။ မြစ်ကိုတော့ တံတားတစ်ခု ထိုးဖို့ရှိတယ်ဆိုပြီး မြေတိုင်းတာထား တာရှိတယ်။  စက်ပစ်ပြင်ကျေးရွာရှေ့ကပါ ” ဟု ပလက်ဝမြို့နယ် စက်ပစ်ပြင် ကျေးရွာဒေသခံ တစ်ဦးကပြောသည်။
 ပလက်ဝမြို့မှ မြန်မာ-အိန္ဒိယ  နှစ်နိုင်ငံနယ်စပ်အထိ  (၁၂၉)ကီလိုမီတာရှည်လျှားသည့် အဝေးပြေး ကားလမ်းကိုလည်း အိန္ဒိယနိုင်ငံ ပြည်ထဲရေးရာ ဝန်ကြီးဌာနမှ ဖောက်လုပ်ပေးနေပြီဟု သိရသည်။
  စစ်တွေမှတစ်ဆင့် ပလက်ဝမြို့ထိ ကုလားတန် မြစ်ကြောင်းအတိုင်း ပြည်တွင်းရေကြောင်း ယာဉ်များဖြင့် ကုန်စည်များသယ်ယူ ပို့ဆောင်မည်ဖြစ်ပြီး ပလက်ဝမှတစ်ဆင့် အိန္ဒိယနိုင်ငံသို့ အဝေးပြေးလမ်းမကြီးအတိုင်း ကုန်စည်စီးဆင်းမည်ဖြစ်သည်။  တန်ဖိုးအားဖြင့် အမေရိ ကန်ဒေါ်လာ (၇၆) သန်း ရှိသည့်ကုလားတန်
စီမံကိန်းကို ၂၀၁၀ခုနှစ် စက်တင်ဘာလအတွင်းက စတင်အကောင် အထည်ဖော်ခဲ့ပြီး  စစ်တွေတွင် ဆောက်လုပ်နေသည့် ဆိပ်ကမ်းသည် တန်ချိန်(၂၀၀၀၀) သင်္ဘောများ ဆိပ်ကမ်းကပ်နိုင်မည်ဖြစ်ရာ စစ်တွေဆိပ်ကမ်းတွင် အိန္ဒိယ ရူပီ ၁၁.၂၅ ဘီလီယံကုန် ကျမည်ဟု သိရသည်။
 အိန္ဒိယနိုင်ငံ Essar (India) Ltd, Mumbai မှ ဆောက်လုပ်နေသည့် စစ်တွေဆိပ်ကမ်းသည် အိန္ဒိယ - မြန်မာ ကုလားတန်   မြစ်ကြောင်းဘက်စုံဖွံ့ဖြိုးရေး စီမံကိန်းဖြစ်ရာလာမည့် ၂၀၁၃ ခုနှစ်တွင် ပြီးစီးရန်လျာထားကြောင်းသိရသည်။

 မိုးဝေ- ရခိုင်ပြည်နယ် ( မြစ်မခ)

အိုဘားမားခရီးစဉ် အချိန်အခါနှင့်တိုက်၍ မြန်မာဈေးကွက်ထိုးဖောက်နေသော စင်ကာပူကုမ္ပဏီတစ်ခု ရှယ်ယာများ စတင်ရောင်း

Posted by drmyochit Thursday, November 22, 2012, under | No comments


အမေရိကန်သမ္မတ ဘားရက်အိုဘားမား မြန်မာနိုင်ငံသို့ သမိုင်းဝင် အလည်အပတ်ခရီး လာရောက်သောနေ့မှာပင် စင်ကာပူအခြေစိုက် မြန်မာဈေးကွက် အဓိကထားသည့် ဆောက်လုပ်ရေး ကုမ္ပဏီတစ်ခုက ရှယ်ယာများ စတင်ရောင်းချခဲ့ကြောင်း သိရသည်။ စင်ကာပူနိုင်ငံ စတော့ရှယ်ယာ ဈေးကွက်တွင် မှတ်ပုံတင်ထားသော Yoma Stretcgic Holdings Ltd. သည် ရှယ်ယာရောင်းရငွေများမှ ကန်ဒေါ်လာ ၈၃ သန်း ရှာဖွေရန် ကြိုးပမ်းခဲ့ကြောင်းနှင့် ရှယ်ယာရောင်းချမှုမှာ အိုဘားမား၏ အလည်အပတ်ခရီးကြောင့် နိုင်ငံတကာမှ ရင်းနှီးမြှုပ်နှံသူများ၏ အာရုံစိုက်မှု ရရှိခဲ့ကြောင်း သိရသည်။
ပြုပြင်ပြောင်းလဲမှုများ ဆက်တိုက် ပြုလုပ်နေပြီး မကြာသေးမီကပင် ဒီမိုကရေစီစနစ်ကို လက်ခံကျင့်သုံးလာသော မြန်မာနိုင်ငံတွင် စီးပွားရေးအခွင့်အလမ်းများ ရရှိရန်အတွက်လည်း နိုင်ငံတကာ ကုမ္ပဏီတချို့က စိတ်အားထက်သန်နေကြသည်။ ၀င်ငွေ ၉၀ ရာခိုင်နှုန်းကို ဆောက်လုပ်ရေးလုပ်ငန်းများမှ ရရှိနေသော Yoma ကုမ္ပဏီသည် စင်ကာပူဒေါ်လာ ၀ ဒသမ ၅၁၅ နှင့် ၀ ဒသမ ၅၃ သတ်မှတ်ထားသော ရှယ်ယာအသစ်ပေါင်း ၁၉၂ ဒသမ ၉ သန်း ထုတ်ရောင်းပြီး စင်ကာပူဒေါ်လာ သန်း ၁၀၀ ကျော် ရှာဖွေရန် ကြိုးပမ်းနေသည်။ အမေရိကန်နိုင်ငံမှ ရင်းနှီးမြှုပ်နှံသူ တစ်ဦးကလည်း ရောင်းချရန် ကမ်းလှမ်းထားသော ရှယ်ယာထက်ဝက် ၀ယ်ယူရန် သဘောတူညီခဲ့သည်ဟု ယင်းကုမ္ပဏီ ရှယ်ယာ ရောင်းချမှုနှင့် နီးစပ်သူတစ်ဦးက ရိုက်တာသတင်းဌာနသို့ပြောကြားသည်။


 Myanmar Express 

သတင်းသမားတွေ အတင်းအဖျင်းတွေကြောင့် ရှင်းလင်းမနေကြပါနဲ့

Posted by drmyochit Thursday, November 22, 2012, under | No comments


အခု ဖွဘုတ်မှာ မြင်နေရတဲ့ ပွဲက မကောင်းတော့ဘူး။ သတင်းလောကသား ဖြစ်တဲ့အတွက် ရှင်းလင်းကြတာ ကောင်းပါတယ်။ ဒါပေမယ့် အခုဖြစ်နေကြတာက ဦးသိန်းစိန်ကို ထိုင်ကန်တော့လို့ ဒီမိုအုပ်စုက ၀ိုင်းပြော-မခံနိုင်ဖြစ်၊ သတင်းသမားဆိုတာ ကြားနေရတယ် ဘယ်ဘက်မှ မပါဘူး ဆိုတာကို အခိုင်အမာ ပြစေချင်တာနဲ့ ဟိုလူကြီးက စပြီးလုပ်တာ ဘာညာဘာညာ။
အခုကိစ္စမှာ ဝေဖန်ကြတဲ့ သူတွေ အထူးသဖြင့် ခွန်ဒီးယမ်း၊ ဒီမိုဖက်တီးတို့ရဲ့ အုပ်စုကို မေးချင်တယ်။
ကဲဗျာ-
ဦးသိန်းစိန်ကို ထိုင်ကန်တော့ လို့ရော ဘာဖြစ်သလဲ။ အသက်အရွယ်အရရော- နိုင်ငံ့အကြီးအကဲ အနေနဲ့ပါ ဗုဒဘာသာ ဓလေ့ ထုံးစံ၊ မြန်မာ့ရိုးရာ ယဉ်ကျေးမှုအရ သင့်တော်ပါတယ်။ ဒါကို ခင်ဗျားတို့ ၀ိုင်းပြီး ရှုတ်ချနေစရာ မလိုပါဘူး။ ကြီးသူကို ရိုသေတာ၊ ဂါရ၀ပြုတာ မြန်မာ့ ယဉ်ကျေးမှု မဟုတ်ဘူးလား။
ကဲဗျာ-
ဒေါ်စုကို အိုဘားမားက မီဒီယာတွေကြားမှာ စားအောင် ဖက်ရက်ပြီး နမ်းတာကို ဘာပြောသလဲ။ အနောက်တိုင်း ယဉ်ကျေးမှု (မြန်မာ့ယဉ်ကျေးမှု မဟုတ်ဘူးနော်) ကျွန်တော်တို့ အားလုံး နားလည်တယ်။ ဘယ်သူမှ အပြစ် မပြောဘူး။
ကဲဗျာ-
သတင်းသမားတွေ စိတ်ထဲက ပါလို့ပဲဖြစ်ဖြစ် မပါဘဲ ဖြစ်ဖြစ် ထိုင်ကန်တော့တာ ဘာဖြစ်သလဲ။ ပြောရရင် အဲဒါ မြန်မာ့ယဉ်ကျေးမှု အစစ်၊ ဘာလက်ဆောင်မှ မပါဘူး။ ဘာပကာသနမှ မပါဘူး။ ဘာဟန်ဆောင်မှုမှ မပါဘူး။
ဒီအခိုက်အတန့်မှာ ကိုယ့်နိုင်ငံရဲ့ အကြီးအကဲ ကိုယ့်ထက်အသက်အရွယ် ကြီးတဲ့သူ ဆိုတဲ့သဘောနဲ့ ကန်တော့ကြတာပဲ ရှိမယ်။ ဒါကို တစ်ဆိတ်တစ်အိတ်လုပ်ပြီး ဝေဖန်နေကြတာတော့ မကောင်းပါဘူး။
ခင်ဗျားတို့ အလုပ်မရှိ အတင်းတုပ်နေကြတာကြောင့် ဒေါ်စုလည်း အလကား နာမည်ပျက်ရတယ်။ ခင်ဗျားတို့ ရေးတာတွေကို မကျေနပ်လို့ အွန်လိုင်းမှာ ခင်ဗျားတို့ကို ဒဲ့ဖိုက်တာတွေ ဖြစ်လာပြီး တစ်ဖက်နဲ့တစ်ဖက် တိုက်ခိုက်တာတွေဖြစ်လာနေတာ။
အဲဒီတော့ မေဇင်အေး ဆိုတဲ့ ဖက်တီးမ၊ ခွန်ဒီးယမ်းဆိုတဲ့ ကချင်မ အကုန်လုံး ကို ပြောချင်တာ တစ်ခုပဲ။ အိုဘားမားက ဟိုဒင်း ဟိုဟာလုပ်ရင်လည်း ယဉ်ကျေးမှုအရလို့ ပြောကြဦးမှာလား။ အလကား အလုပ်ပျက်တယ်။ ဒေါသထွက်ရတယ်။ လူဝသလောက် ဦးနှောက်က ဖြုတ်လောက်ပဲ ရှိတဲ့ ဟာတွေ။


  Myanmar Express 

အစ္စလာမ် ရနံမကင်းတဲ့ ဘားရက်ဟူစိန်အိုဘားမား

Posted by drmyochit Thursday, November 22, 2012, under | No comments


မွတ်စလင် ဆန့်ကျင့်ရေး လှုပ်ရှားမှု ပျံနှံနေချိန် ၊ အစ္စလာမ်သာသနာကို အကြောင်းမဲ့ အမြင်မှားနေ ချိန် ၊ ကမ္ဘာ့အင်အားကြီး အမေရိကန်နိုင်ငံသမ္မတ အိုဘားမား မြန်မာ့မြေသို့ ခြေချခဲ့ သည်။ အစ္စလာမ် မုန်းတီးရေးတရား မှိုင်းတိုက်ချိန် တွင် တမြေတည်းနေ သူ မြန်မာပြည် သူများ အကြား အပြန် အလှန်လေးစားချစ်ခင်မှု ကို တည်ဆောက်ကြ စေရန် ရည်ရွယ်၍ အစ္စလာမ် သာသနာ နှင့် သမ္မတ အိုဘားမား အဆက်အစပ်ကိုတင်ပြပေးလိုက်ပါသည်။

အဖွားဖြစ်သူကအိုဘားမားကိုမွတ်စလင်ဖြစ်စေချင်

သမ္မတ အိုဘားမား ၏ အဘွားဖြစ်သူ အသက် ၈၈ နှစ်ရှိ ကင်ညာနိုင်ငံသူ က ၂၀၁၀ ဟာဂ်ျဝတ်ပြု စဉ် မြေးဖြစ်သူ အိုဘားမားနှင့် ပတ်သက်ပြီး အစ္စလာမ် ဘာသာ၏ အမြတ်ဆုံးဝတ်ကျောင်းတော် တွင် ဆုမွန်တောင်းဖူးခဲ့သည်။ “ကျွန်မ မြေးလေး ဘားရက် အစ္စလာမ် အေးရိပ်ခိုလာဖို့ ဆုမွန်ဒိုအာ တောင်းခဲ့ပါတယ် ”ဟု ဆာရဟ် အိုမာ က ဆော်ဒီအခြေစိုက် အလ်ဝသန် သတင်းစာနှင့် အင်တာဗျူးစဉ် ပြောကြားလိုက်သည်။
အဆိုပါ ဟာဂ်ျ ခရီးစဉ်တွင် အိုဘားမား အဘွား ဆာရာအိုမာ၊ နှင့်အတူ ဦးလေး စအီဒ်ဟူစိန်အို ဘားမား လည်း ဟာဂ်ျဝတ်ပြုခဲ့သည်။ အိုဘားမား တစ်ဝမ်းကွဲ ညီအစ်ကိုဖြစ်သူ ဖိုင်ဆယ်အမ်ဘုယ သည်လည်း အဘွားဖြစ်သူ ၏တိုက်တွန်း မှုကြောင့် အစ္စလာမ် အေးရိပ် ခိုခဲ့သည်။ “ကျွန်တော် အဖွားကတော့ မွတ်စလင်မ ဟုတ်သူ တွေကို အစ္စလာမ်ရိပ်ခိုလာအောင် ဖိတ်ခေါ် ဖို့ တော်တော် စိတ်ဝင်စားတာဗျ။ ကျွန်တော် အစ္စလာမ် သာသနာကို သူဆီကနေ လေ့လာခဲ့တာ ” ဟု ၄င်းက ပြောပါသည်။

ငယ်ငယ်တုန်းကဆွလာသ်ဝတ်ပြုဖူးခဲ့
အိုဘားမား မိသားစု အင်ဒိုနီးရှားနိုင်ငံတွင်နေထိုင်ခဲ့စဉ် အိုဘားမား တစ်ယောက် မွတ်စလင် အ သိုင်း အ၀ိုင်း အကြား ပျော်မွေ့ခဲ့ဖူးသည်။ အိုဘားမား သူ့အဖေက မွတ်စလင် ဖြစ်ခဲ့ပေမယ့် သူ မိခင် ကတော့ သူ အစ္စလာမ်ကိုလေ့လာနေတာ မကြိုက်ဘူး။ တစ်ခါတစ်ခါ ကျောင်းကိုလာရင် ဘာကြောင့် အိုဘား မား ဘာကြောင့် ကုရ်အာန်ကျမ်းစာသင်ပေးရလဲ လို့ သူ့အမေက ဆရာတွေ ကို ဒေါသတစ်ကြီး ပြောဖူး တယ်။ ဒါပေမယ့် သူက တော့ ဆက်ပြီး အစ္စလာမ်နဲ့ထိတွေ့ဆဲပဲ ”ဟု အိုဘားမား ကို စာသင်ပေးခဲ့ဖူးသူ Grade 3 ကျောင်းဆရာ Effendi ကပြန်ပြောင်းပြောပြသည်။

ဆလာမ်မေတ္တာပို့သခဲ့သူ
၂၀၀၉ ခုနှစ် သမ္မတအဖြစ် ရွေးကောက်တင် မြောက်ပြီးနောက် ၂၀၀၉ ခုနှစ် အီဂျစ်နိုင်ငံ သို့ ရောက်ရှိ ခဲ့ စဉ် အိုဘားမားသည် ကမ္ဘာမွတ်စလင်တို့အား အတ်စလမ် မုအာလိုင်းကွန်းမ် ဟု ဆိုကာ လူပရိတ် သတ်အားစတင် နှုတ်ခွန်းဆက်ခဲ့သည်။ သူ၏ မိန့်ခွန်းနောက်ဆုံးပိုင်း တွင်လည်း သမ္မာကျမ်း၊ The Talmud ကျမ်းအပါအ၀င် ကုရ်အာန်ကျမ်းစာ ပိုဒ်ကိုကိုးကားပြော ကြားခဲ့သေးသည်။
အိုလူသားအပေါင်းတို့ ။ ငါအရှင်မြတ်သည် သင်တို့ကို အမျိုးသားတစ်ဦး အမျိုးသမီးတစ်ဦးမှ ဖန်ဆင်းခဲ့သည်။ လူမျိုး၊ အသွယ်သွယ် အဖြစ် ဖန်ဆင်းခဲ့သည့်အကြောင်းမှာ တစ်ဦးကို တစ်ဦး အသိအမှတ်ပြုဖို့ရန်ဖြစ်သည်။ ဟူသော ကုရ်အာန်ကျမ်းစာ ပိုဒ်ကို ကိုးကား၍ လူသားများ အတူ တကွ ငြိမ်းချမ်းရေး တည်ဆောက်ကြရန် တိုက်တွန်းပြောကြားခဲ့သည်။ အမှန်တကယ်တမ်း ဘာသာတရားအားလုံးသည် ကောင်းရာကို ညွှန်ကြားကြသည် ချည်းဖြစ်ရာ အစ္စလာမ် ရနံ့မကင်းသူအိုဘားမား မိန့်ခွန်း ၊ အိုဘားမား သတင်းကိုနား စွန့်ရင်း အစ္စလာမ် သာသ နာ အပေါ် အမှန်မြင်လာပြီး အမုန်းတရားများမှ အမြန်ဆုံး လွှတ်ငြိမ်းခွင့်ရရှိပါကာ အမိမြန်မာမြေ ငြိမ်းချမ်း သာယာစေရန် အတူ တကွ လက်တွဲ လုပ်ဆောင်နိုင်ကြပါစေလို့ မွတ်စလင် သတင်းစဉ် မှ ဆုမွန်တောင်း လိုက်ရပါ သည်။

ကျန်းမာရေးမှာ နှလုံးခုန်နှုန်းထိန်းညှိစက်ပေါ်မူတည်ကြောင်း သမ္မတဦးသိန်းစိန် ပြောကြား

Posted by drmyochit Thursday, November 22, 2012, under | No comments


နှလုံးခုန်နှုန်းထိန်းညှိစက် ဒုတိယအကြိမ် အသစ်ထပ်မံ လဲထားရသော သမ္မတဦးသိန်းစိန်သည် အဆိုပါ စက်ကောင်းနေသမျှ ဘာမှ မဖြစ်ဘူးဟု ပြောရမည်ဖြစ်ပြီး စက်ပေါ်တွင်သာ မူတည်ကြောင်း ၄င်းက နိုဝင်ဘာလ ၂၁ ရက်နေ့ နံနက်ပိုင်းတွင် ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့ရှိ ကမ္ဘောဒီးယားနားဟိုတယ်တွင် ပြုလုပ်သော ဖနွမ်းပင်ရောက် မြန်မာသတင်း စာဆရာများနှင့် တွေ့ဆုံပွဲတွင် ပြောကြားသည်။
“ဒီစက် ပထမထည့်ထားတယ်။ သက်တမ်းအတော်လေး ကြာလာတော့ ဒုတိယအကြိမ် စက်တစ်လုံး လဲပေးလိုက်ပါတယ်။ အခုထည့်ထားတဲ့ စက်ကတော့ ပိုပြီးတော့ နေလို့ထိုင်လို့ ကောင်းတယ်။ ဒီစက်ကောင်းနေတုန်း run လုပ်နေသမျှ ကာလပတ်လုံး ဘာမှမဖြစ်ပါဘူး” ဟု ဦးသိန်းစိန်က ၄င်း၏ကျန်းမာရေး အခြေအနေနှင့် ပတ်သက်ကာ ရှင်းပြသည်။
Myanmar Express 

Facebook က အလုပ်အကိုင် ရှာပေးမယ်

Posted by drmyochit Thursday, November 22, 2012, under | No comments


နှစ်အနည်းငယ်အတွင်း သုံးစွဲသူ တဟုန်ထိုး များလာနေတဲ့ Facebook က  အလုပ်အကိုင် ရှာဖွေရေးအတွက်ပါ သီးသန့် ဝန်ဆောင်မှု ပေးတော့မယ် ဆိုပါတယ်။
Facebook ရဲ့ လုပ်ရပ် ဟာ အလုပ်အကိုင် ရှာဖွေရေး ကွန်ရက်မှာ နာမည်ကြီးတဲ့ လင့်ခ်ဒင်  ( LinkedIn )  ကို ခြိမ်းခြောက်လိုက်တာပဲ ဖြစ်ပါတယ်။ လင့်ခ်ဒင်မှာ လတ်တလော အသင်းဝင်  ၁၈၇ သန်း ရှိနေပြီး အလုပ်အကိုင် ရှာဖွေရေး ကွန်ရက်မှာ ဘုရင်တပါး ဖြစ်နေခဲ့တာကြာပါပြီ။ Facebook က ၀န်ဆောင်မှုသစ်အကြောင်း လွန်ခဲ့တဲ့အပတ်က စတင်ကြေညာ ခဲ့တာဖြစ်ပြီး အခုလောလောဆယ်မှာ အလုပ်အကိုင်ပေါင်း တသန်းကျော်မျှကို စာရင်းပြုစု လက်ခံရရှိထားကြောင်း သိရပါတယ်။  Facebook ရဲ့ လုပ်ဆောင်ပုံဟာ ထူးခြားနေပါတယ်။ Facebook စတင်တည်ထောင် ကတည်းက လူတစ်ဦးချင်းစီရဲ့ ကိုယ်ရေးကိုယ်တာ ကွန်ရက်ချိတ်ဆက် မှုအတွက်သာ ကြိုးပမ်းခဲ့တာပါ။  ၀န်ဆောင်မှုသစ်ကို နာမည်ကြီး လုပ်ငန်းရှာဖွေရေး အေဂျင်စီတွေဖြစ်တဲ့  Monster , BranchOut တို့ နဲ့ ချိတ်ဆက်ထားပြီး  သုံးစွဲသူဦးရေ အမြန်ဆုံး တိုးပွားလာအောင် Facebook က ကြိုးစားနေပါတယ်။  Facebook  သုံးသူ များပြားတာကြောင့် ယခု အလုပ်အကိုင် ရှာဖွေရေး အတွက် ၀န်ဆောင်မှု ကွန်ရက်လည်း လူသုံးများလာဖွယ်ရှိပါတယ်။ အလုပ်အကိုင် ရှာဖွေရေး ဘုရင်တဆူဖြစ်တဲ့ လင့်ခ်ဒင် ( LinkedIn )   ရဲ့ စတော့ရှယ်ယာဟာ တပတ်အတွင်း အနည်းငယ် ကျသွားခဲ့တာကိုတွေ့ ရပါတယ်။ နည်းပညာ ပိုင်းဆိုင်ရာကျွမ်းကျင်တဲ့သူတွေကတော့ Facebook ရဲ့ ၀န်ဆောင်မှုသစ်ဟာ ရုတ်ချည်းအောင်မြင်ဖို့ ခက်ပေမယ့်  သုံးစွဲသူဦးရေ သန်း ၈၀၀ ကျော် ရှိပြီးသားဖြစ်တာကြောင့်   တချိန်ချိန်မှာလင့်ခ်ဒင်ကို ကျော်ဖြတ်ပြီး ကောင်းမွန်တဲ့ဝန်ဆောင် မှုတွေပေးနိုင် တယ်လို့ဆိုနေကြ ပြန်ပါတယ်။ Facebook ရဲ့ ၀န်ဆောင်မှုအသစ်ကို စမ်းသပ်ကြည့် ချင်တယ်ဆိုရင်တော့ အောက်ပါလင့်မှာ သွားရောက် ကြည့်ရှုနိုင်ပါတယ်။ https://www.facebook.com/socialjobs/app_417814418282098 မြန်မာ ပြည်က သုံးစွဲသူတွေနဲ့ သိပ် မရင်းနှီးသေးတဲ့ လင့်ခ်ဒင် ၀က်ဆိုဒ် ကိုတော့ ဒီလင့်အတိုင်း ၀င်ရောက် ကြည့်ရှုနိုင်ပါတယ်။

စိုင်းနော်ခမ်းအဆက် ထိုင်းအမျိုးသားတဦး၏ ပိုင်ဆိုင်မှုအားလုံး ထိုင်းအာဏာပိုင်သိမ်းပိုက်

Posted by drmyochit Thursday, November 22, 2012, under | No comments


တရုတ်တရားရုံးမှ သေဒဏ်ချမှတ်ခံရသော ရွှေတြိဂံဒေသ မူးယစ်ရာဇာအမည်ရ စိုင်းနော်ခမ်း နှင့်နီးစပ်သူတယောက်ဟု နာမည်ရနေသူ ထိုင်းအမျိုးသားတဦး ၏နေအိမ်အား ယမန်နေ့က ထိုင်းအာဏာပိုင်များက ဝင်ရောက်စီးနင်းကာ ပိုင်ဆိုင်မှုအားလုံး သိမ်းပိုက်လိုက်ကြောင်း ထိုင်းသတင်းများက ဖော်ပြပါသည်။ “ အိမ်နီးချင်းနိုင်ငံနဲ့ ဆက်နွယ်နေတယ်လို့ ယူဆတဲ့ မူးယစ်ဆေးဝါးနဲ့ နာမည်ထွက် နေတဲ့သူ တွေကို ဆက်လက်စစ်ဆေး သွားမယ်။ အခုလို ရှောင်တခင် ဝင်စစ်တာကိုလဲ ခဏခဏလုပ်သွားမယ် ” ဟု ထိုင်း မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအဖွဲ့ အတွင်း ရေးမှူး ရဲဗိုလ်ချုပ်ကြီး ဖုံးစဖတ် ဖုံးဂျရွန်းက ပြောသည်။
စိုင်းနော်ခမ်း နှင့်နီးစပ်သူဟု နာမည်ကြီးနေသော ထိုင်းနိုင်ငံ ချင်းရိုင်းသား ပူနွတ်၏ (ချင်းရိုင်းခရိုင်အတွင်းရှိ) နေအိမ် ၄ လုံးကို ထိုင်းမူးယစ်ဆေးဝါး ကာကွယ်တားဆီးရေးအဖွဲ့က အင်အား ၇၀၀ ကျော်သုံး၍ ဝင်ရောက်ရှာဖွေခဲ့ကြောင်း၊ ၎င်း၏ ပိုင်ဆိုင်မှုတန်ဘိုး ဘတ်သန်း ၂၀၀ ခန့်အား သိမ်းပိုက်လိုက်ကြောင်း၊ ပူနွတ် ဆိုသူမှာ ကြိုတင်ထွက်ပြေး တိမ်းရှောင် နိုင်ခဲ့ ကြောင်း၊ ၎င်း၏ အိမ်ဖော်တဦးကိုသာ တွေ့ရှိခဲ့ကြောင်း ၎င်း၏ သတင်းများ၌ ဖော်ပြထားသည်။ အလားတူ  ချင်းရိုင်းခရိုင်အတွင်း မြို့နယ် ၃ ခုတွင်လည်း တားဆီးစစ်ဆေးဂိတ်နေရာ ၄၀ ခန့် ချကာ  အထူး စစ်ဆေးခဲ့ ကြောင်း ချင်းရိုင်းဒေသ ခံများကပြောသည်။
ယမန်နေ့က ထိုင်းရဲများရှောင်တခင် စစ်ဆေးမှုအပါအဝင် နော်ခမ်းနှင့် ပတ်သက် ဆက်နွယ်သည့် သူများထံမှ ယာဘ အပြား ပေါင်း ၁ သန်းကျော်နှင့် မူးယစ်ဆေးဝါးတန်ဖိုး ဘတ်သန်း ၅၀၀ ဖမ်းဆီးမိပြီးဖြစ်ကြောင်း ထိုင်းသတင်းများက ဖော်ပြသည်။ ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ ပါမိတ်ရပ် လမ်းသွယ် ၃ ရှိ ပူနွတ်၏ နေအိမ်အားလည်း ပြီးခဲ့သည့် တနှစ်ခန့်က ထိုင်းနှင့် မြန်မာ အာဏာပိုင်များ ဝင်ရောက်စစ်ဆေးမှုပြုခဲ့သေးသည်။ သို့သော် ထိုစဉ်က မူးယစ်ဆေးဝါးနှင့် ပတ်သက်သည့် ပစ္စည်းများ  တရားဥပဒေနှင့် ဆန့်ကျင်သည့် ပစ္စည်းတစ်စုံ တစ်ရာ မတွေ့ခဲ့ရပေ။  ပူနွတ် ဆိုသူသည် Kings Romans Casino လောင်းကစားရုံ ကြီးကြပ်ရေးမှူး လည်းဖြစ်ခဲ့ပြီး ငယ်စဉ်ထိုင်းနာမည်မှာ ဂျမ်းရတ် ဖာ့ဂျရိန်းဖြစ်၏။ ထိုနောက်ပိုင်း အိုးလန်း ဖာ့ဂျရိန်း၊ ဂျမ်းရတ် ဆုမ်ဖုန်းဖန်း စသည့်နာမည်များ ပြောင်းလဲခေါ် ဝေါ်သည် ဟုဆိုသည်။
အသက် ၅၈ နှစ်ခန့်ရှိ ပူနွတ်(ဦးနှုတ်ခမ်းမွေးအဓိပ္ပါယ်ရ) သည် မယ်ဆိုင်ဇာတိဖြစ်ပြီး ၂၀၀၁ ခုနှစ် နယ်စပ်အရေး အခင်း အတွင်း ထိုင်းနိုင်ငံမှ တိမ်းရှောင်ခဲ့ဖူးသည်။  သျှမ်းပြည်အရှေ့ပိုင်း သျှမ်းအမျိုးသမီး ( တချို့က မိုင်းယန်းသူ ဟုဆိုကြ၏) နှင့်အိမ်ထောင်ပြုခဲ့သည်။    ထို့ နောက်ပိုင်း ဇာတိမြေသို့ ပြန်လာပြီး မယ်ဆိုင်မြို့ သျှမ်းတိုင်းရင်းသား အစည်းအရုံး၏ ဥက္ကဋ္ဌ တာဝန် ထမ်းဆောင်နေသူ လည်းဖြစ်သည်။ ၎င်းသည် ယမန်နှစ်က ဒု-ပြည်ထဲရေးဝန်ကြီး ဖြစ်ခဲ့ဖူးသူ ဆန်တီ ချိုင်းဝိရတ်တန ဆိုသူအသတ်ခံရမှုဖြင့်လည်း ရဲဘက်မှ အလိုရှိနေသူဖြစ်သည်။ စိုင်းနော်ခမ်းမှာမူ တရုတ်နိုင်ငံ ခွန်းမင် (ကူမင်း) မြို့တော်တရားရုံး၌ ယခင်အပတ်က တရားရုံးမှသေဒဏ်ချ မှတ်ပေးပြီးဖြစ်သည်။

သျှမ်းသံတော်ဆင့်

မင်္ဂလာဆောင်တစ်ခုမှလက်ဖွဲ့ပစ္စည်းနှင့်ငွေများအား နှစ်ဖက်ဆွေမျိုးဟန်ဆောင်ကာ လိမ်လည်ယူဆောင်မှု ဖြစ်ပွား

Posted by drmyochit Thursday, November 22, 2012, under | No comments


ရန်ကုန်မြို့ ဒဂုံမြို့နယ်၊ အလုံလမ်းရှိ Summit Parkview ဟိုတယ်တွင် နိုဝင်ဘာလ ၃ရက်နေ့က ကျင်းပခဲ့သည့် မင်္ဂလာဆောင်တစ်ခုမှ လက်ဖွဲ့ပစ္စည်းများအား နှစ်ဖက်ဆွေမျိုး ဟန်ဆောင်၍ လက်ဖွဲ့ပစ္စည်းများနှင့် ငွေသားများအား လိမ်လည်ယူဆောင်သွားမှု ဖြစ်ပွားခဲ့ကြောင်း သတင်းရ ရှိပါသည်။
အဆိုပါ ဟိုတယ်တွင် နိုဝင်ဘာလ ၃ရက်နေ့ မွန်းလွဲ ၁နာရီမှ ၂နာရီခွဲအချိန်ထိ ကျင်းပခဲ့သည့် မင်္ဂလာဆောင်တစ်ခုတွင် လက်ဖွဲ့ပစ္စည်းများအား လိမ်လည်ရယူရန် ကြိုးပမ်းသူမှ မင်္ဂလာပွဲမကျင်းပမီ အချိန်ကပင် ၀င်ထွက်သွားလာမှုများ ပြုလုပ်ကာ မင်္ဂလာပွဲအတွက် ရောက်ရှိလာသည့် သတို့သား၊ သတို့သမီးအား အလှပြင်ရန် လိုက်လံပို့ဆောင်ပေးခြင်း၊ နှစ်ဖက်မိဘများအား သတ်မှတ်အခန်းများသို့ လိုက်လံပို့ဆောင်ပေးခြင်း စသည့်ကြိုဆိုမှုများ ပြုလုပ်ပြီးနောက် လက်ဖွဲ့ပစ္စည်း လက်ခံနေရာတွင် လက်ဖွဲ့လက်ခံမှုအား သတို့သားဘက်မှ ဆွေမျိုးများနှင့်အတူ လက်ခံပေးခဲ့သည်ဟု သတို့သား၏ အစ်ကိုက ဆိုသည်။
“လက်ဖွဲ့ပစ္စည်းလက်ခံတဲ့ ကောင်မလေးတွေကို သတို့သမီးရဲ့ ဦးလေးပါဆိုပြီး လက်ဖွဲ့တွေ အတူလက်ခံ ရယူတယ်။ ပွဲမစခင်ကတည်းက ရောက်နေတဲ့အပြင် အကြိုအပို့ပါ လုပ်ပေးနေတော့ ဟိုတယ်ဝန်ထမ်းလိုလို အစကထင်တယ်။  နှစ်ဖက်မိဘကလည်း ရင်းနှီးမှုအားနည်းတော့ သူ့ဆွေမျိုးလိုလို၊ ကိုယ့်ဆွေမျိုးလိုလို ဖြစ်နေတယ်၊ မင်္ဂလာမောင်နှံ ပွဲထုတ်ချိန်၊ စတင်ချိန်၊ လူအများ အာရုံပြောင်းချိန်မှာ လက်ဖွဲ့ပစ္စည်းလက်ခံတဲ့ ကောင်မလေးတွေကို မင်္ဂလာအစီအစဉ် သွားကြည့်ပါပြောပြီး သူက လက်ဖွဲ့တွေငွေတွေ ကြည့်ထားမယ်ပြောပြီး ကောင်မလေးတွေ ထွက်သွားတော့မှ ကားနဲ့တင်သွားတယ်၊
ခန့်မှန်းတန်ဖိုးကတော့ ပစ္စည်းရော ငွေသားပါဆို သိန်း ၃၀ ဖိုးဝန်းကျင် ပါသွားတယ်” ဟု ဆွေမျိုးတော်သူက ဆိုသည်။ အဆိုပါလိမ်လည်သူအား မင်္ဂလာဆောင် မှတ်တမ်းများနှင့် စီစီတီဗီ မှတ်တမ်းများမှ ပြန်လည်ရှာ ဖွေရာတွင် လိမ်လည်သူမှာ မှတ်တမ်းတင်ရိုက်ကူးမှု အားလုံးအား ကျွမ်းကျင်စွာ တိမ်းရှောင်ခဲ့ခြင်း၊ လက်ဖွဲ့ပစ္စည်း တင်ဆောင်သွားသည့် အငှားယာဉ်အား နံပါတ်မှတ်သားခဲ့မှု မရှိခြင်း၊ ဟိုတယ်အတွင်း ကျွမ်းကျင်စွာ သွားလာနိုင်ခြင်း တို့ကြောင့် လိမ်လည်ခံရသူများမှ ဟိုတယ်အတွင်းလူ ပါဝင်ကြံစည်သည်ဟု ယူဆမိသဖြင့် ဟိုတယ်မှ တာဝန်ရှိသူတစ်ဦးအား ပြောကြားရာ တာဝန်ရှိသူမှ ဟိုတယ်အတွင်း ဆက်လက်စုံစမ်းပေးမည်ဟု ကတိပြုပြောဆိုမှု ရှိခဲ့သော်လည်း လက်ရှိကာလအထိ ထူးခြားမှု မရှိခဲ့ကြောင်း ဆွေမျိုးတော်စပ် သူတစ်ဦးက ပြောပါသည်။  ဖြစ်စဉ်အားဟိုတယ် တာဝန်ရှိသူထံ ဆက်သွယ်မေးမြန်းရာ တာဝန်ယူ ဖြေဆိုမည့် သူများမရှိဟု ဖြေကြားခဲ့ပါသည်။      

Eleven Media Group


ရိုဟင်ဂျာကို လက်မခံဟု နယ်စပ်ရေးရာ ဝန်ကြီးဆို

Posted by drmyochit Thursday, November 22, 2012, under | No comments


ရိုဟင်ဂျာ အခေါ်အဝေါ်နှင့်ရိုဟင်ဂျာ တိုင်းရင်းသား ဆိုသည့် အသုံး အနှုန်း ကို ပြည်ထောင်စု အစိုးရ က လက်ခံမည်  မဟုတ်ကြောင်း နယ်စပ် ရေးရာ ဝန်ကြီးဌာန ပြည်ထောင် စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး သိန်းဌေးက သတင်း မီဒီယာ များကို ယနေ့ ပြောကြားသည်။
ယနေ့ည ၅နာရီ ၃၀ မိနစ် ခန့်က ကုန်သည် များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် တွင် ကျင်းပသော ရခိုင်ပြည် နယ် အရေး ကိစ္စနှင့် ပတ်သက်၍ ဆောင်ရွက်ချက် များကို ပြန်လည် သုံးသပ်ချက် ထုတ်ပြန်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ၄င်းက ယင်းသို့ ပြောကြားခြင်း ဖြစ်သည်။
“ပြည်ထောင်စု အစိုးရ အနေနဲ့ရော ရှေးအစိုးရ အဆက်ဆက် ကရော ရိုဟင်ဂျာဆိုတဲ့ အခေါ်အဝေါ် ကိုသော် လည်းကောင်း တိုင်းရင်းသား ဆိုတဲ့ အချက်ကို သော်လည်းကောင်း လက်ခံထားခြင်း မရှိခဲ့ပါဘူး” ဟု အထက်ပါ ပုဂ္ဂိုလ်က ရှင်းပြသည်။ မြန်မာနိုင်ငံသို့ နိုဝင်ဘာလ ၁၉ရက်နေ့ က သမိုင်းဝင် ခရီးအဖြစ် လာရောက် ခဲ့သော အမေရိကန် သမ္မတ ဘားရက်အိုဘားမား ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင် ခန်းမတွင် ပြောကြားခဲ့သော မိန့်ခွန်းတွင် ရိုဟင်ဂျာ အခေါ်အဝေါ်ကို သုံးစွဲခဲ့သည်။ ရခိုင်ပြည်နယ်ရှိ ခိုးဝင်လာသော ဘင်္ဂါလီ လူမျိုးများကို နိုင်ငံသား ဟုတ် မဟုတ် စိစစ်ရာတွင် ဘင်္ဂါလီလူမျိုး နေရာ၌ ရိုဟင်ဂျာ ဟု ပြောင်းလဲ မသုံးစွဲပါက လက်မှတ် မထိုးသူ ရာဂဏန်း ရှိကြောင်း ဦးသိန်းဌေးက ထပ်မံ ပြောကြားသည်။
ရခိုင်ပြည်နယ်၌ နိုင်ငံသား စိစစ်မှုများ ပြုလုပ်ရာတွင် လူဝင်မှု ကြီးကြပ်ရေး ဝန်ကြီးဌာနမှ အရာရှိ များ သာမက သက်ဆိုင် ဌာန ဆိုင်ရာမှ တာဝန် ရှိသူများ၊ မြို့မိမြို့ဖများ၊ လူ့ အဖွဲ့အစည်း နှစ်ခုလုံးက ဂုဏ်သရေရှိ ပုဂ္ဂိုလ်များ ပါဝင်ခဲ့ကြောင်း ရခိုင်ပြည်နယ် အစိုးရ အဖွဲ့ထံမှ သိရှိရသည်။

The Voice Weekly

အိုအိုင်စီ နဲ့ နိုင်ငံခြားရေးဝန်ကြီးတွေ ခိုးဝင်ဘင်္ဂါလီအရေး လာရောက်လည်ပတ် စွက်ဖက် ဆွေးနွေးမယ်

Posted by drmyochit Thursday, November 22, 2012, under | No comments


ရခိုင်ပြည်တွင်းမှာ ရောက်နေကြတဲ့ ဘင်္ဂါလီတွေ အရေးကို လာရောက်လည်ပတ် ဆွေးနွေးဖို့ အိုအိုင်စီ (Organization of Islamic Coperation) အဖွဲ့က စီစဉ်နေတယ် လို့ မလေးရှား အစိုးရပိုင် ဘာနားမား သတင်းဌာနရဲ့ သတင်းတစ်ပုဒ် မှာရေးသားထား ပါတယ်။ အိုအိုင်စီရဲ့ အဆိုအရ အဲသလိုဆွေးနွေး ဖို့လာမယ့်အဖွဲ့ကို အိုအင်စီရဲ့ အထွေထွေ အတွင်းရေးမှူးချုပ် Ekmeleddin Ihsanoglu က ဦးဆောင်ပြီး အဖွဲ့ဝင်နိုင်ငံအချို့ရဲ့ နိုင်ငံခြားရေးဝန်ကြီးတွေလည်း အတူလိုက်ပါလာမယ် လို့ဆိုပါတယ်။
အဲသည်နိုင်ငံခြားရေး ၀န်ကြီးတွေဟာ ရခိုင်ပြည်နယ်အတွင်း ဘင်္ဂါလီဆူပူမှုကြောင့် ထိခိုက်ခံစားရ သူတွေအတွက် လူသားချင်း စာနာမှုဆိုင်ရာ အကူအညီပိုင်းအရ ဘာတွေလိုအပ်နေ သလဲဆိုတာကို သုံးသပ်လေ့လာမှု ပြုလုပ်သွားမှာဖြစ်ပြီး၊ အကူအညီ ပေးရေး ဆိုင်ရာ စီမံချက်တစ်ခုကို မြန်မာအာဏာပိုင်တွေနဲ့ ညှိနှိုင်းရေး ဆွဲသွားမယ်လို့ အဖွဲ့ဝင် ၅၇-နိုင်ငံပါ အိုအိုင်စီရဲ့ ထုတ်ပြန်ကြေငြာ ချက်တစ်ခုမှာ ဖော်ပြထားတယ်။
ဒီအလည်အပတ် ခရီးစဉ်ဟာ ဒဂျီဘိုတီနိုင်ငံ (Djibouti)မှာ ကျင်းပသွားခဲ့တဲ့ အိုအိုင်စီ နိုင်ငံခြားရေး ၀န်ကြီးများ ကောင်စီ အစည်းအဝေးရဲ့ ဆုံးဖြတ်ချက်တွေအရ စီစဉ်နေကြ တာဖြစ်တယ်။ ကျင်းပပြီးစီးခဲ့တဲ့ (၃၉) ကြိမ်မြောက် အိုအိုင်စီ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး မှာ သူတို့သုံးတဲ့ အသုံးအနှုန်းအတိုင်း အတိအကျ ဘာသာပြန်ရမယ်ဆိုရင် “ရိုဟင်ဂျာ မူဆလင်တွေကို တိုင်းရင်းသားနဲ့ နိုင်ငံသားအခွင့်အရေးတွေ ပြန်လည် အပ်နှင်းပေးနိုင်ဖို့ (restoration of the Rohingya Muslims' nationality and citizenship
rights)” အရေးကို ပိုမိုအားတိုက် ဖိအားပေးလုပ်ဆောင်ဖို့ ဆုံးဖြတ်ခဲ့တယ် လို့ ဆိုပါ တယ်။
အမေရိကန်သမ္မတ အိုဘားမား မြန်မာပြည်ကို အလည်အပတ်မ၀င်သွားခင် နိုဝင်ဘာ (၁၆) ရက်နေ့က မြန်မာနိုင်ငံအကြီးအကဲ သမ္မတ ဦးသိန်းစိန်ဟာ ဆရာတော်အချို့နဲ့ မူဆလင်ခေါင်းဆောင်အချို့ကို တွေးနွေးတင်ပြတဲ့ စကားတွေထဲမှာ လေသံတော်တော် ပြောင်းနေတာကို တွေ့ရပြီး၊ “တန်းတူရည်တူ” အစရှိတဲ့ စကားလုံးတွေကို သုံးနှုန်းထားတဲ့အပြင် ယူအန်ကထုတ်တဲ့ Rakhine Response Plan ပါ ကိန်းဂဏန်း အချို့ ရှုထောင့်အချို့ကို ယူငင်သုံးစွဲ ပြောဆိုခဲ့တာကို တွေ့ရတဲ့အတွက်၊  နိုင်ငံတကာမှာ မျက်နှာရဖို့ လိုလားနေပုံ ပေါက်တဲ့အတွက်၊ နောက်ထပ် ရခိုင်တွေ သွေးမြေကျနိုင်တဲ့ အလားအလာ ရှိနိုင်တယ်လို့ ဒေသခံ အကဲခတ်တချို့က Coral Arakan ကို ပြောနေကြပါတယ်။

မွန်ဘိုင်းမြို့  တိုက်ခိုက်သူကို ကွပ်မျက်

Posted by drmyochit Thursday, November 22, 2012, under | No comments


အိန္ဒိယ နိုင်ငံ မွန်ဘိုင်းမြို့ကို ပြီးခဲ့တဲ့ ၄ နှစ်က ဝင်ရောက် တိုက်ခိုက် ခဲ့တဲ့ စစ်သွေးကြွ တွေထဲက တဦးတည်း အသက်ရှင် ကျန်ရစ်သူ အာ(ချ)မာ ကာဆတ်ကို ကြိုးပေး ကွပ်မျက် လိုက်ပြီ ဖြစ်ပါတယ်။
ပါကစ္စတန် နိုင်ငံသား ဖြစ်တဲ့ အာ(ချ)မာ ကာဆတ်ဟာ ဟာ တခြား သေနတ်သမား ၉ ဦးနဲ့ အတူ မွန်ဘိုင်းမြို့လယ် တဝိုက်ကို ၂၀ဝ၈ ခုနှစ်က အကြမ်းဖက် တိုက်ခိုက် သိမ်းယူခဲ့ပြီး ၃ ရက်ကြာ ထိန်းချုပ် ထားခဲ့တာဖြစ်ပါတယ်။ အဲဒီလို အကြမ်းဖက် တိုက်ခိုက်မှုကြောင့် လူပေါင်း ၁၆၆ ဦး သေဆုံး သွားခဲ့ရ ပါတယ်။အာ(ချ)မာ အာဆတ်ကို ကွပ်မျက် လိုက်တဲ့ အကျဉ်းထောင် အပြင်ဘက်မှာ လူတွေဟာ အောင်ပွဲခံနေ ကြပါတယ်။ အခုလို ကြိုးပေး ကွပ်မျက် လိုက်ပြီ ဆိုတာကို ပါကစ္စတန် နိုင်ငံကို အကြောင်းကြား လိုက်ပြီ ဖြစ်တယ် လို့လည်း အိန္ဒိယ ပြည်ထဲရေး ဝန်ကြီးက ပြောပါတယ်။ အိန္ဒိယ အစိုးရ အနေနဲ့ အခုလို အရေးယူ ဆောင်ရွက်မှုတွေ လုပ်ဖို့ လူထုရဲ့ ဖိအား ပေးမှုတွေနဲ့ ရင်ဆိုင် နေခဲ့ရတာ ဖြစ်တယ်လို့ သတင်းထောက်တွေက ပြောပါတယ်။ ဒါပေမယ့် အခုလို အလျင် အမြန် ကွပ်မျက် လိုက်တဲ့ အပေါ် အများက အံ့သြနေကြပါတယ်။

နိုင်ငံတော်သမ္မတဦးသိန်းစိန်၏ ရခိုင်အရေးနှင်ပတ်သက်ကာ ပြောကြားချက်

Posted by drmyochit Thursday, November 22, 2012, under | No comments


“အကျည်းတန်အရုပ်ဆိုးတဲ့ ရာဇ၀တ်မှုပေါ်မှာ အခြေခံပြီးတော့ လူအုပ်စု ၂ခုက ခုနကလို တလှည့်စီ လက်စားချေကြ တိုက်ခိုက်ကြ သတ်ဖြတ်ကြ မီးရှို့ကြနဲ့ ဒီလိုတွေဖြစ်ပွားတာ ဖြစ်ပါတယ်”
သမ္မတဦးသိန်းစိန်သည် ဖနွမ်းပင်ရောက်သတင်းသမားများနှင့် ယနေ့ နံနက် ၉ နာရီခန့်တွင် ဖနွမ်းပင်ရှိ ကမ္ဘောဒီးယားနား ဟိုတယ်တွင် တွေ့ဆုံခဲ့ပြီး ရခိုင်အရေးနှင့်ပတ်သက်ကာ (၂၁)ကြိမ်မြောက် အာဆီယံအစည်း အဝေးတွင်မြန်မာနိုင်ငံ အနေနှင့်ဆွေးနွေး ခဲ့နိုင်မှုများကို သမ္မတဦးသိန်းစိန် ပြည်လည်ပြောပြချက်များမှ ကောက်နုတ်ဖော်ပြထားခြင်းဖြစ်ပါသည်။
“ရခိုင်ပြည်နယ် ပဋိပက္ခက လူမျိုးရေးနဲ့ ဘာသာရေးကို အခြေခံပြီးတော့ ဖြစ်တာ မဟုတ်ပါဘူး။  အကျည်းတန် အရုပ်ဆိုးတဲ့ ရာဇ၀တ်မှုပေါ်မှာ အခြေခံပြီးတော့ လူအုပ်စု ၂ခုက ခုနကလို တလှည့်စီ လက်စားချေကြပြုကြ တိုက်ခိုက်ကြ သတ်ဖြတ်ကြ မီးရှို့ကြနဲ့ ဒီလိုတွေဖြစ်ပွားတာ ဖြစ်ပါတယ်။ သေဆုံးတဲ့ အရေအတွက်ကလည်း ဟိုတစ်နေ့က မြန်မာနိုင်ငံမှာ ဘုန်းကြီး ရဟန်းတွေ လျှောက်တဲ့အတိုင်းပါပဲ။ မှန်မှန်ကန်ကန်သိအောင် ရှင်းပြခဲ့ပါတယ်။ ရာဇ၀တ်မှုတစ်ခုအပေါ်မှာ မကျေနပ်တဲ့ အတွက်ကြောင့် အစပျိုးပြီးတော့ ဒီကနေ စတင်ဖြစ်လာတာ ဖြစ်ပါတယ်။ သို့သော်လည်းပဲ ဒီလိုရာဇ၀တ်မှု တစ်ခုပေါ်မှာ အခြေခံပြီး ဖြစ်ပေမယ့်လည်း ကိုးကွယ်တဲ့ ဘာသာမတူညီကြတဲ့ လူမျိုးစုအချင်းချင်း၊ လူမျိုးချင်းမတူကြ တဲ့အတွက် လူမျိုးစုအချင်းချင်း၊ ဒီအချင်းချင်းတွေဟာ ပဋိပက္ခအခြေ အနေဆောင်သွားပြီး နည်းနည်း ကျယ်ပြန့်သွားတဲ့ သဘောဖြစ်ပါတယ်။ ဒီလိုကြီးမားကျယ်ပြန့်သွားအောင်လည်း ခုနကလို လူမျိုးစွဲ၊ ဘာသာစွဲပြင်းထန်တဲ့ ပြည်တွင်းကတချို့ရဲ့ မြှောက်ပင့်သွေးထိုးပေးမှုတွေ၊ ပြည်ပကနေ ဒါတွေကို မဟုတ်မမှန် သတင်းတွေ လုပ်ကြံပြီးတော့ လွှင့်မှု။ ဒါတွေကို ခင်ဗျားတို့လည်း သိပါတယ်။ တိဗက်တို့ ဘာတို့မှာ ငလျင်လှုပ်တုန်းက အတုံးအရုန်းနဲ့ သေကြ ပြုကြတဲ့ ပုံတွေကို အင်တာနက်တွေထဲမှာ လွှင့် ပြီးတော့မှ ရခိုင်ပြည်နယ်မှာ ဒီလိုသေနေပါတယ် ဒါမျိုးတွေ လုပ်လိုက်တဲ့အတွက်ကြောင့် အတော်လေးကို ဂယက်၇ိုက်သွားပါတယ်။ ပြည်တွင်းကလည်း လူမျိုးစွဲစိတ်ဓာတ်ပြင်းထန်တဲ့သူတွေ ဘာသာစွဲ စိတ်ဓာတ် ပြင်းထန်တဲ့သူတွေ ဒီလူတွေရဲ့ သွေးထိုးမှုတွေ ဒါတွေလည်း ပါ ပါတယ်။ အဆိုးဆုံးကတော့ ပြည်ပကနေ မဟုတ်မှန် သတင်းတွေ လွှင့်တဲ့အတွက်ကြောင့် မူဆလင်နိုင်ငံ အတော်များများဟာ ဒီကိစနဲ့ ပတ်သက်ပြီး တော်တော်လေး ကျွန်တော်တို့အပေါ်မှာ ယုံမှား သံသယတွေဖြစ်ပါတယ်။ တချို့ဆိုရင် ဆန္ဒတွေဘာတွေ ပြကြ ပြုကြနဲ့ ။ သံရုံးတွေက လုံခြံရေးတွေပါ ဒါတွေဟာ အင်မတန်မှ ဂရုစိုက်ရတဲ့ အနေအထားမှာ ရှိပါတယ်။ အီဂျစ်တို့ဘာတို့ဆိုရင် သံရုံးကမိသားစုဝင်တွေ ဘာတွေ အသက်အန္တရယ်ရှိလို့ ခေါ်ထားရတာတွေ ဘာတွေရှိပါတယ်။
ဒီအစည်းအဝေးမှာ ၇ခိုင်ပြည်နယ် အကြောင်းကို ကိုယ့်နိုင်ငံဘက် ကနေပြီးတော့ ရှင်းပြနိုင်တဲ့ အခွင့်အရေး ကျွန်တော်တို့ ရရှိခဲ့ပါတယ်။ လူ့အဖွဲ့အစည်း ၂ခု ရာသက်ပန် အတူယှဉ်တွဲ နေထိုင်နိုင်ဖို့ အခြေခံအားဖြင့် ကျွန်တော်တို့ ဘာတွေ လုပ်ရမလဲ။ အခြေခံအားဖြင့် ကျွန်တော်တို့ Mind set တွေကို ပြောင်းသွားဖို့ လိုပါတယ်။ လူသားချင်းစာနာတဲ့ လူသားချင်း ထောက်ထားတယ်ဆိုတဲ့ စိတ်ဓာတ်မျိုးတွေကို ကျွန်တော်တို့ ပြောင်းသွားအောင် လုပ်ဖို့လိုပါတယ်။ နောက်တစ်ခုက ဒီဒေသတွေမှာ ပညာရေးနဲ့ပတ်သက်ပြီး အလွန်နိမ့်ကျပြီး ပညာေ၇းနဲ့ပတ်သက်ပြီး အဆင့်အတန်းတွေ မြှင့်ပေးဖို့ လိုပါတယ်။ ပညာေ၇းနဲ့ပတ်သက်ပြီး အဆင့်အတန်းတွေ မြှင့်ပေးမှ လူတွေရဲ့ အသိစိတ်ဓာတ်တွေ ပိုပြီး မြင့်မား လာမှာဖြစ်ပါတယ်။ အသိစိတ်ဓာတ်တွေ တိုးတက်လာမှ ပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေဖြစ်အောင် နေနိုင်ကြမှာ ဖြစ်တယ်။ နောက်တစ်ခုက အလုပ်အကိုင် အခွင့်အလမ်းတွေ တော်တော်လေး လိုပါတယ်။အလုပ်အကိုင်အခွင့်အလမ်းနဲ့တော့ လူဆိုတာ ဆင်းရဲနေတဲ့အတွက် နေရင်းထိုင်ရင်းနဲ့ကို ဒေါသတွေ ဖြစ်နေတာ။ ဒါကြောင့် အလုပ်အကိုင် အခွင့်အလမ်းတွေ ရရှိအောင် အခြေခံအားဖြင့် ဒါတွေ လုပ်ပေးဖို့လိုတယ်။ အဲ့မှာ ရှိနေတဲ့ လွတ်လပ်ရေး ရပြီးနောက်ပိုင်းပေါ့လေ။ တချို့ အဲ့မှာ အိမ်ထောင်စုတွေ ဆိုရင် အိမ်ထောင်စု တစ်စုတည်းနဲ့တင် လူ ၇၀၊ ၈၀ လောက်ရှိပါတယ်။ ဒါတွေနဲ့ပတ်သက်ပြီး ပညာပေးရမယ့် အပိုင်းတွေ ဒါတွေဟာ ကမာ့ရဲ့ စံချိန်စံညွှန်းတွေနဲ့ အညီပေါ့။ ဒါတွေ ကျွန်တော်တို့ လုပ်ရမယ့်ကိစတွေ ။ ဒီကိစတွေဟာ ကျွန်တော်တို့ ကြီးပဲ ကြိုးစားပြီးတော့ လုပ်နေတယ်။ ဒါပေမဲ့ ခုနကလို ပတ်ဝန်းကျင် နိုင်ငံတွေကပါ ၀င်ပြုပြီးတော့ ကျွန်တော်တို့ကို ကူညီကြ၊ ပြုကြမယ်ဆိုရင် အခြေအနေကောင်းကို ကျွန်တော်တို့ မြန်မြန်ဆန်ဆန်နဲ့ ရောက်ရှိနိုင်မယ်လို့ ဒါလေးတွေ ကျွန်တော်ရှင်းပြခဲ့ပါတယ်။
ဒီကနေ့ဆိုရင် မီးလောင်ပျက်စီး ဆုံးရှုံးတဲ့ အတွက်ကြောင့် အိုးမဲ့အိမ်မဲ့ဖြစ်တဲ့ လူဦးရေ တစ်သိန်းနဲ့တစ်သောင်းကျော်လောက်၇ှိပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် မီးရှို့ကြ ပြုကြနဲ့ဆိုတော့ မီးလောင်ရင် တစ်အိမ်ထဲလောင် တာမဟုတ်ဘူးလေ။ ဘေးကအိမ်တွေကိုပါ အကုန်ကူး စက်ပြီးတော့လောင်မှာ ပြုမှာဆိုတော့ ဒီအိမ်တွေ မီးလောင်တဲ့အတွက်ကြောင့် အိုးမဲ့အိမ်မဲ့ဖြစ်ပြီးတော့ ဒီကနေ့ ကျွေးမွေးထားရတဲ့ အတိဒုကရောက်နေတဲ့သူတွေ တစ်သိန်းကျော်ကျော်လောက်၇ှိပါတယ်။ တစ်လ တစ်လကိုဒေါ်လာ တစ်သန်းလောက် ကုန်ပါတယ်။ အဲ့တော့ ဒီလူတွေကို ယာယီအသက်ရှင် နေထိုင်နိုင်ရေးအတွက် သူတို့ကို ကျွေးမွေးထားဖို့၊ ယာယီခိုလှုံနိုင်ဖို့ ၊ အဆောက်အဦးတွေ ဆောက်ဖို့ အမြဲတမ်းနေနိုင်ဖို့အတွက် အဆောက်အအုံတွေ ဆောက်ပေးဖို့ အလုပ်အကိုင်အခွင့်အလမ်းတွေ ရအောင်လို့ လုပ်ပေးဖို့အတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ ဒါတွေလုပ်ဖို့အတွက် ကျွန်တော်တို့တွက်ထားတာ အနည်းဆုံး ဒေါ်လာ၆၅ သန်းလိုပါတယ်။ ဒါကြောင့်မလို့ ဒီဒေသနဲ့ ပတ်သက်ပြီးတော့ အစိုးရ၊ နောက် စေတနာထက်သန်တဲ့ ကျွန်တော်တို့ရဲ့ ပြည်သူတွေ မြန်မာနိုင်ငံမှာ ရှိနေတဲ့ UN က လူတွေ၊ ဌာနေအဖွဲ့အစည်းတွေ၊ ဒီအဖွဲ့အစည်းအတွေရဲ့ အကူအညီနဲ့ ဒါတွေကို ၀ိုင်းဝန်းပြီးတော့ ဆောင်ရွက်နေတာ ရှိပါတယ်။အဲ့ဒါအပြင် တခြား နိုင်ငံတွေထဲက တစ်နိုင်ငံချင်းအလိုက် သူတို့ရဲ့အထောက်အပံ့အကူအညီတွေ ကျွန်တော်တို့ ရယူနေတာတွေလည်း ရှိပါတယ်။ ဥပမာ မလေးရှားဆိုရင်လည်း သဘောင်္နဲ့ ဘာနဲ့ပို့ပေးပြီးတော့မှ အစားအသောက်တွေ၊ အသုံးအဆောင်တွေ ဒါတွေ ပို့ပေးတာ ရှိပါတယ်။ အင်ဒိုနီးရှားက ကြက်ခြေနီဆိုရင်လည်း ကူညီကယ်ဆယ်တဲ့ ပစ္စည်းတွေ ပို့ပေးနေတာတွေ ရှိပါတယ်။ အလားတူပဲ တူရကီတို့ဘာတို့ကလည်း ပို့ပေးနေတာတွေ ရှိပါတယ်။ တစ်နိုင်ငံချင်းပို့ပေးတဲ့ အကူအညီတွေ ဒါတွေကိုလည်း ကျွန်တော်တို့ ရယူနေပါတယ်။ သို့ပေမယ့်လည်း မူဆလင်အဖွဲ့အစည်းဖြစ်တဲ့ OIC အနေနဲ့ကတော့ ဒါကို International Issue တစ်ခုလိုမျိုးဖြစ်အောင် လုပ်မယ့်သဘောမျိုးတွေတွေ့ပါတယ်။ အဲ့တော့ဒီအဖွဲ့အစည်းက ပုဂိုလ်အချို့ကလည်းကျွန်တော်တို့ခုနကလို ခေါ်ပြီးတော့မှ ဒီအဖြစ်အပျက်တွေကို မှန်မှန်ကန်ကန်နဲ့သိအောင် ဆိုပြီးတော့ ရခိုင်ပြည်နယ်ဘက်ကိုလည်း ပို့လွှတ်ပေးတာတွေ ရှိပါတယ်။ သို့သော်လည်းပဲ OIC အနေနဲ့ ဒီကိစကို International Issue တစ်ခု အနေနဲ့ UNမှာ agenda တစ်ခုအနေနဲ့ ပါလာအောင် ကျွန်တော်တို့ လုပ်ဖို့ UN ရဲ့ လူ့အခွင့်အရေး ဆိုင်ရာနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံအပေါ်မှာ ဖိအားပေးတဲ့လုပ်ရပ်တွေလုပ်ဖို့ ကြိုးစားပြီးဆောင်ရွက် နေတဲ့အတွက်ကြောင့် ဒါတွေကို ချေဖျက်နိုင်ဖို့ အတွက်လည်း အစွမ်းကုန်ကျွန်တော်တို့ လုပ်နေရတာတွေ ရှိပါတယ်။ UN အနေနဲ့လည်း ကုလသမဂအထွေထွေအတွင်းရေးမှူးချုပ် ၂ ကြိမ် ၃ ကြိမ်လောက် ရောက်ဖူးတဲ့ အတွက်ကြောင့် ပုဂိုလ်ရေးလည်း ရင်းနှီးနေတာကြောင့် သူ့ဆီကို ကျွန်တော်တို့ စာတွေဘာတွေ ရေးပြုပြီးတော့မှ ဖြစ်ရပ်အမှန်တွေကို ရှင်းလင်းပြထားတာတွေ ရှိပါတယ်။ နောက်တစ်ခါ ဒေသတွင်းမှာရှိနေတဲ့ မူဆလင်ဘာသာဝင်တွေ အများစုကိုးကွယ်တဲ့ နိုင်ငံတစ်ခုဖြစ်တဲ့ အင်ဒိုနီးရှားလို နိုင်ငံမျိုး၊အင်ဒိုနီးရှားဟာဆိုရင် သမ္မတကြီး လုပ်ဖော်ကိုင်ဖက်ဖြစ်တဲ့အတွက်ကြောင့် ဘာပဲဖြစ်ဖြစ် ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ မြန်မာနိုင်ငံဘက်ကနေ အများကြီးရပ်တည်ပေးပါတယ်။
နောက်တစ်ခါ ဘရူနိုင်းဆိုလို့ရှိရင် အလားတူပါပဲ။ ကျွန်တော်တို့ နိုင်ငံအပေါ်မှာ ထောက်ခံအားပေးနေတာ ဖြစ်ပါတယ်။ သူတို့ပြသနာဖြစ်တာကို သူတို့အနေနဲ့လည်း ဘာသာရေးကြောင့် ဖြစ်တယ်။ လူမျိုးရေးကြောင့်ဖြစ်တယ်။ အလားတူ မလေးရှားနိုင်ငံ ဆိုလို့ရှိရင်လည်း ၀န်ကြီးချုပ်နဲ့ ပုဂိုလ်ရေး ရင်းနှီးနေကြတော့ ၀ိုင်းပြုပြီးတော့ ကူညီတာတွေ ရှိပါတယ်။ သို့သော်လည်းပဲ တချို့ ခုနကလို ဘာသာရေးအစွဲအလမ်းပြင်းထန်တဲ့ ဆန္ဒပြတာတွေ ဒါတွေ ရှိပါတယ်။ ဒါတွေကိုလည်း ကျွန်တော်တို့ကျေပျက်အောင် ၀ိုင်းဝန်းပြီးတော့ ဆောင်ရွက်နေရတဲ့အနေအထားရှိပါတယ်။ Reginal မှာရော East Asia မှာ ရော မှန်မှန်ကန်ကန်နဲ့ သိနိုင်အောင် ဆိုပြီးတော့ ဒါလေးတွေကို ဒီအစည်းအဝေးမှာ ရှင်းပြနိုင်တဲ့ အခွင့်အရေးတစ်ရပ် ကျွန်တော်တို့ ရရှိခဲ့ပါတယ်။ 


 Myanmar Express

နိုင်ငံခြားတွင် လိင်မှုဆိုင်ရာ အတွေ့အကြုံရှိသူ ဒေါ်အောင်ဆန်းစုကြည်အား AIDS သံတမန်အဖြစ်ခန့်အပ်

Posted by drmyochit Thursday, November 22, 2012, under | No comments


နိုင်ငံခြားတွင် လိင်မှုဆိုင်ရာ အတွေ့အကြုံရှိသူ ဒေါ်အောင်ဆန်းစုကြည်အား AIDS သံတမန်အဖြစ်ခန့်အပ် တာဝန် ပေးအပ်ခဲ့ကြောင်း UNAIDS ၏ ထုတ်ပြန်ချက်အရ သိရသည်။ ယခု ခန့်အပ်လိုက်သော တာဝန်အရ ဒေါ်အောင်ဆန်းစုကြည်သည် အေ့ဒ်စ်ရောဂါသည်များ ခွဲခြား ဆက်ဆံခံရမှုနှင့် ၄င်းတို့၏ ဘ၀အမည်းစက် အား ထိုးနှက်ခံရမှုတို့ကို တိုက်ဖျက်ရမည်ဖြစ်သည်။“ထုတ်ဖော်ပြောဆိုခွင့် မရတဲ့သူတွေရဲ့အသံကို ကိုယ်စားပြုတဲ့သူ ဖြစ်ချင်ပါ တယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့ကြောင်း UNAIDS ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အေအိုင်ဒီအက်စ် ရောဂါသည်များ အပေါ် ခွဲခြားဆက်ဆံမှု လုံးဝ မရှိရေးအတွက် ဦးဆောင် ပြောဆိုဖို့ မြန်မာနိုင်ငံမှ အမျိုးသား ဒီမိုကရေစီ ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား UNAIDS သံတမန်အဖြစ် ကုလသမဂ္ဂ UNAIDS အဖွဲ့က ရွေးချယ် ခန့်အပ်လိုက်ပါသည်။  ဒေါ်အောင်ဆန်းစုကြည်ဟာ အခုနှစ် အစောပိုင်းကလည်း ဝါရှင်တန်မှာ ကျင်းပခဲ့တဲ့ နိုင်ငံတကာ AIDS တိုက်ဖျက်ရေး ညီလာခံမှာ HIV/AIDS ဝေဒနာသည်များအား လုံးဝခွဲခြားဆက်ဆံခြင်း မပြုရန် UNAIDS Global Advocate for Zero Discrimination ဟူသော စကားလုံးဖြင့် ကမ္ဘာ့လူထုကို ဗွီဒီယိုမှတစ်ဆင့် တိုက်တွန်း ပြောကြားခဲ့သည်ဟု  UNAIDS အဖွဲ့ မြန်မာနိုင်ငံ ညှိနှိုင်းရေးမှူး Eamonn Murphy မှ ပြောကြားခဲ့သည်။ လောလောဆယ် လူမှု အသိုင်းအဝိုင်း အတွင်းများတွင် HIV/AIDS ဝေဒနာသည်များအပေါ် ခွဲခြား ဆက်ဆံမှုများ အတော်များများမှာ ရှိနေဆဲ ဖြစ်ကြောင်းလည်း မစ္စတာ မာဖီက ပြောကြားခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်သည် ပါကစ္စတန်သား တစ်ဦး နှစ် နှစ်ရှည်ချစ်ကြိုက်နေထိုင်ပြီးနောက် အသက် ၂၅ နှစ်တွင် အင်္ဂလန်သား နှင့်လက်ထပ်ကာ ကလေးနှစ်ဦးမွေးပေးခဲ့ကြောင်း WIkipedia တွင်ဖော်ပြထားတသည်။

Myanmar Express 

မြန်မာနိုင်ငံတွင် စစ်မှုမထမ်းမနေရစနစ် အသက်ဝင်တော့မည်

Posted by drmyochit Thursday, November 22, 2012, under | No comments


ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် နိုင်ငံတော်စစ်မှုထမ်း ဥပဒေများအရ အမျိုးသမီး စစ်မှုထမ်းများအား လိုအပ်သည့် အချိန်တွင် လိုအပ်သလို ခန့်ထားနိုင်ရန် ဆောင်ရွက်သွား မည်ဖြစ်ကြောင်း ကာကွယ်ရေး ၀န်ကြီးဌာနမှ ဒုတိယ စစ်ရေးချုပ် ဗိုလ်မှူးကြီးသန်းဦးက ပြောကြားသည်။
အမျိုးသား လွှတ်တော်အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီက ယနေ့ ပြုလုပ်သော ပထမအကြိမ် ပြည်ထောင်စု အဆင့်ဌာနများနှင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် ဒုတိယစစ်ရေးချုပ်က အထက်ပါအတိုင်း ဖြေကြားခဲ့ခြင်းဖြစ်သည်။ အမျိုးသမီး စစ်မှုထမ်းများခန့်ထားရေး တိုက်တွန်းကြောင်းအဆိုကို အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေ (မကွေး-၁၂)က ဒုတိယအကြိမ် ပုံမှန်အစည်းအဝေးတွင် တင်သွင်းခဲ့ခြင်းဖြစ်သည်။
ထို့အပြင် ဆေးဝန်ထမ်း ညွှန်ကြားရေးမှူးရုံး ကွပ်ကဲမှုအောက်ရှိ တပ်များအတွက် အမျိုးသမီးဆရာဝန် ၂၀ ဦး ခန့်နှင့် သူနာပြုသိပ္ပံဘွဲ့ရ အမျိုးသမီး ခုနစ်ဦးခန့်အပ်ခဲ့ပြီးဖြစ်ကြောင်း၊ အမျိုးသမီးတပ်ကြပ်ကြီးသားဖွား (စစ်သည်အစားခန့်) ၁၁၇ ဦးလည်း သင်တန်းတက်ရောက်လျက်ရှိပြီး လာမည့်ဒီဇင်ဘာ ၁၄ ရက်တွင် သင်တန်းဆင်းမည်ဖြစ်ကြောင်း၊ အမျိုးသမီးသူနာပြု အကူ ၁၁၃ ဦးအား ခန့်ထားရန်အတွက် သင်တန်းတက်ရောက် လျက်ရှိကြောင်းလည်း ၎င်း၏ ဖြေကြားချက်အရ သိရသည်။ ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် အရပ်ဘက်မှ သွားဆေးကုဆရာဝန် အမျိုးသမီး ၁၀ ဦးနှင့် သူနာပြုသိပ္ပံဘွဲ့ရ အမျိုးသမီးများကို ထပ်မံခေါ်ယူခန့်အပ်ရန် စီစဉ်လျက်ရှိကြောင်း သိရသည်။ တပ်မတော်အတွင်း ၁၉၄၈ ခုနှစ်မှ ယနေ့အထိ ကာကွယ်ရေးပစ္စည်း ထုတ်လုပ်ရေး အရာရှိချုပ်ရုံး ကွပ်ကဲမှုအောက်တပ်များတွင် ၁၂၀၀၀ ခန့်၊ ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူး ကွပ်ကဲမှုအောက်တပ်များ တွင် ၇၃၀၀ ခန့်နှင့် ဆေးဝန်ထမ်း ညွှန်ကြားရေးမှူးရုံး ကွပ်ကဲမှုအောက် တပ်များတွင် ၅၀၀ ခန့်၊ စုစုပေါင်း ၂၀၃၀၀ ခန့် အမျိုးသမီး စစ်မှုထမ်း (စစ်သည်အစမ်းခန့် အပါအ၀င်) ခန့်အပ်ခဲ့ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူက (ဒုတိယပုံမှန်အစည်းအဝေးတွင် ဖြေကြားစဉ်က) ရှင်းလင်းဖြေကြားခဲ့သည်။
အမျိုးသမီးစစ်မှုထမ်းများ လိုအပ်သည့်အချိန်တွင် ခန့်ထားနိုင်ရန် ဆောင်ရွက်သွားမည်ဟုဆို နေပြည်တော်၊ နိုဝင်ဘာ - ၁၅ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် နိုင်ငံတော်စစ်မှုထမ်း ဥပဒေများအရ အမျိုးသမီးစစ်မှုထမ်းများအား လိုအပ်သည့်အချိန်တွင် လိုအပ်သလို ခန့်ထားနိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနမှ ဒုတိယစစ်ရေးချုပ် ဗိုလ်မှူးကြီးသန်းဦးက ပြောကြားသည်။ အမျိုးသားလွှတ်တော်အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေး ကော်မတီက ယနေ့ ပြုလုပ်သော ပထမအကြိမ် ပြည်ထောင်စု အဆင့်ဌာနများနှင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် ဒုတိယစစ်ရေးချုပ်က အထက်ပါအတိုင်း ဖြေကြားခဲ့ခြင်းဖြစ်သည်။ အမျိုးသမီး စစ်မှုထမ်းများခန့်ထားရေး တိုက်တွန်းကြောင်းအဆိုကို အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေ (မကွေး-၁၂)က ဒုတိယအကြိမ် ပုံမှန်အစည်းအဝေးတွင် တင်သွင်းခဲ့ခြင်းဖြစ်သည်။ ထို့အပြင် ဆေးဝန်ထမ်း ညွှန်ကြားရေးမှူးရုံး ကွပ်ကဲမှုအောက်ရှိ တပ်များအတွက် အမျိုးသမီးဆရာဝန် ၂၀ ဦး ခန့်နှင့် သူနာပြုသိပ္ပံဘွဲ့ရ အမျိုးသမီး ခုနစ်ဦးခန့်အပ်ခဲ့ပြီးဖြစ်ကြောင်း၊ အမျိုးသမီး တပ်ကြပ်ကြီး သားဖွား (စစ်သည်အစားခန့်) ၁၁၇ ဦးလည်း သင်တန်းတက်ရောက်လျက်ရှိပြီး လာမည့်ဒီဇင်ဘာ ၁၄ ရက်တွင် သင်တန်းဆင်းမည်ဖြစ်ကြောင်း၊ အမျိုးသမီးသူနာပြု အကူ ၁၁၃ ဦးအား ခန့်ထားရန်အတွက် သင်တန်းတက်ရောက် လျက်ရှိကြောင်းလည်း ၎င်း၏ ဖြေကြားချက်အရ သိရသည်။ ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် အရပ်ဘက်မှ သွားဆေးကုဆရာဝန် အမျိုးသမီး ၁၀ ဦးနှင့် သူနာပြုသိပ္ပံဘွဲ့ရ အမျိုးသမီးများကို ထပ်မံခေါ်ယူခန့်အပ်ရန် စီစဉ်လျက်ရှိကြောင်း သိရသည်။ တပ်မတော်အတွင်း ၁၉၄၈ ခုနှစ်မှ ယနေ့အထိ ကာကွယ်ရေးပစ္စည်း ထုတ်လုပ်ရေး အရာရှိချုပ်ရုံး ကွပ်ကဲမှုအောက်တပ်များတွင် ၁၂၀၀၀ ခန့်၊ ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူး ကွပ်ကဲမှုအောက်တပ်များ တွင် ၇၃၀၀ ခန့်နှင့် ဆေးဝန်ထမ်း ညွှန်ကြားရေးမှူးရုံး ကွပ်ကဲမှုအောက် တပ်များတွင် ၅၀၀ ခန့်၊ စုစုပေါင်း ၂၀၃၀၀ ခန့် အမျိုးသမီး စစ်မှုထမ်း (စစ်သည်အစမ်းခန့် အပါအ၀င်) ခန့်အပ်ခဲ့ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူက (ဒုတိယပုံမှန်အစည်းအဝေးတွင် ဖြေကြားစဉ်က) ရှင်းလင်းဖြေကြားခဲ့သည်။
 
  Myanmar Express 

နိုင်ငံတော်သမ္မတဦးသိန်းစိန် ကမ္ဘောဒီးယားနိုင်ငံ ဖနောင်ပင်မြို့၌ ကျင်းပသည့် ( ၂၁ ) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများသို့ တက်ရောက်ခဲ့ပြီး နေပြည်တော်သို့ ပြန်လည်ရောက်ရှိ

Posted by drmyochit Thursday, November 22, 2012, under | No comments


ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော် သမ္မတဦးသိန်းစိန်သည် ကမ္ဘောဒီးယား နိုင်ငံ ဖနောင်ပင်မြို့၌ ကျင်းပသည့် ( ၂၁ ) ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများသို့ တက်ရောက်ခဲ့ပြီး ယနေ့ မွန်းလွဲ ၁၂ နာရီခွဲတွင် နေပြည်တော်သို့ မြန်မာ့လေကြောင်း အထူးလေယာဉ်ဖြင့် ပြန်လည်ရောက် ရှိသည်။
နိုင်ငံတော် သမ္မတ ဦးသိန်းစိန် ခေါင်းဆောင်သော မြန်မာကိုယ်စားလှယ် အဖွဲ့ဝင်များအား ဒုတိယသမ္မတများ ဖြစ်ကြသည့် ဒေါက်တာစိုင်းမောက်ခမ်းနှင့် ဦးဥာဏ်ထွန်း၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒုတိယတပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဗိုလ်ချုပ်ကြီးစိုးဝင်း၊ ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီးဝေလွင်၊ ဦးခင်မောင်စိုး၊ ဦးခင်ရီ၊ ဦးကျော်လွင်၊ ဒေါက်တာမြင့်အောင်နှင့် ဦးဌေးအောင်၊ ဌာနဆိုင်ရာ အကြီးအကဲများနှင့် မြန်မာနိုင်ငံဆိုင်ရာ ကမ္ဘောဒီးယားနိုင်ငံသံရုံးမှ သံရုံးယာယီတာဝန်ခံ Mrs. Tuot Kunthea  တို့က နေပြည်တော် လေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ခေါင်းဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့တွင်  အဖွဲ့ဝင်များအဖြစ် လိုက်ပါသွားကြသည့် ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသော ဦးဝဏ္ဏမောင်လွင်၊ ဦးတင်နိုင်သိန်းနှင့် ဒေါက်တာကံဇော်၊ ဒုတိယဝန်ကြီးများ ဖြစ်ကြသော ဦးဇင်ယော်၊ ဒေါ်စန္ဒာခင်၊ ဒေါက်တာ ဒေါ်သိန်းသိန်းဌေးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ ပြန်လည် လိုက်ပါလာကြသည်။

 Myanmar Express 

တပ်မတော်သား ၃ ဦး ပြန်မရသဖြင့် မြန်မာဘက်က နယ်စပ်ဂိတ်များကို စတင်ပိတ်

Posted by drmyochit Thursday, November 22, 2012, under | No comments


ပျောက်ဆုံးနေသော မြန်မာ စစ်သား (၃) ဦးကို ယခု အချိန်ထိ ပြန်မရသဖြင့် ဘင်္ဂလာဒေခ်ျ့နှင့် မြန်မာအကြား ဖြတ်ကျော် သွားလာနေသော နယ်စပ်ဂိတ်များ အားလုံးကို မြန်မာဘကက် စတင် ပိတ်ထားလိုက်ပြီ ဖြစ်သည်။
ယခုပိတ်လိုက်သော နယ်စပ်ဂိတ်များတွင် နတ်မြစ်ကို မော်တော်ဘုတ်များဖြင့် နေ့စဉ် ဖြတ်ကျော် သွားလာနေသော ပတ်စ်ပို့ဂိတ်လည်း ပါဝင်သည်ဟု ဒေသခံ စီးပွားရေး သမား တစ်ဦးက ပြောသည်။
“ အခုပိတ်ထားလိုက်တဲ့ ဂိတ်တွေမှာ မောင်တောနဲ့ တက်ကနက်မြို့အကြား တရက်တာ ဗီဇာနဲ့ ပတ်စ်ပို့ကိုင် သွားလာနေတဲ့ မောင်တောမြို့ပေါ်က ပီအိုကြီးဂိတ်လည်း ပါဝင်ပါတယ်။ ဒီလ ၁၉ ရက်နေ့ကနေ စတင် ပိတ်ထားလိုက်တာ ဖြစ်ပါတယ်” ဟု ဆိုသည်။ တခြား ပိတ်ထားလိုက်သော ဂိတ်များမှာ ချောင်းဝတိုင်းတွင် ဖွင့်လှစ်ထားသော ငခူရဂိတ်၊ ခံပြင်ဂိတ်၊ ရွက်ညိုးတောင်ဂိတ်၊ မင်္ဂလာကြီးဂိတ်၊ မကျဲချောင်းဂိတ်၊ နခေါင်းတောင်စသည့် ဂိတ်များ အားလုံး ပါဝင်သည်ဟု သိရသည်။ မြန်မာဘက်က ဂျီးအီး စစ်သား (၃) ကို ပြန်လည် မရရှိသဖြင့် နယ်စပ်တွင် အခြေအနေများ တစ်နေ့ထက် တစ်နေ့ တင်းမာလာနေရာမှ ယခုအခါ နယ်စပ် ဖြတ်ကျော်သွားလာနေသော ဂိတ်များကို စတင် ပိတ်ထားလိုက်ခြင်း ဖြစ်သည်ဟု ဆိုသည်။
“ မြန်မာ နစကနဲ့ ဘင်္ဂလာဒေခ်ျ့က နယ်ခြားစောင့်တပ်ဖွဲ့ ဘီဂျီဘီတို့ တပ်သား သုံးယောက် ကိစ္စ အကြိမ်ကြိမ် အစည်းအဝေး ထိုင်ခဲ့ကြပါပြီ။ မြန်မာဘက်က တောင်းတာလည်း အကြိမ်ကြိမ်ရှိပါပြီ။ ဒါပေမယ့် မရတဲ့ အတွက် နယ်စပ် အခြေအနေက တဖြည်းဖြည်းတင်းမာလာပြီး အခုတော့ ဂိတ်တွေကိုပါ မြန်မာဘက်က စတင် ပိတ်လာတာ ဖြစ်ပါတယ်” ဟု ဆိုသည်။ မြန်မာဘက်က နယ်စပ် တလျှောက်တွင် တပ်ရင်းများ အခိုင်အမာ ချထားပြီး အခင်းဖြစ်ပွားရာ ဒေသတွင် အခုအချိန်ထိ စစ်သားများ နေရာယူထားသည်ဟု သိရသည်။
ယခုကဲ့သို့ ပြဿနာ တင်းမာနေချိန်တွင် နစက တပ်ဖွဲ့ဝင် ၂၀ ခန့်သည် နိုဝင်္ဘာလ ၁၇ ရက်နေ့က နတ်မြစ်ထဲရှိ ဘင်္ဂလာဒေခ်ျ့ ရေပိုင်နက်ထဲသို့ ၀င်ရောက်ကာ လှေနှစ်စီးဖြင့် ငါးဖမ်းနေသော ဘင်္ဂလာဒေခ်ျ့ နိုင်ငံသား ၁၀ ဦးကို ဖမ်းဆီး ခေါ်ဆောင် သွားခဲ့သည်ဟု ဆိုသည်။ ယခု ဖမ်းဆီးမူမှာ နိုဝင်ဘာ ၆ ရက်နေ့က နယ်စပ်တွင် အမည်မသိ လက်နက်ကိုင် တပ်ဖွဲ့ တစ်ခုမှ ဖမ်းဆီး ခေါ်ဆောင်ခံသွားရသော မြန်မာ တပ်သား (၃) ဦး အပေါ် တုန့်ပြန်သည့် အနေဖြင့် ဖမ်းဆီးသည်ဟု ဒေသအတွင်း သတင်း ဖြစ်ပေါ်နေသော်လည်း အတည်ပြုနိုင်ခြင်းမရှိသေးပါ။
မြန်မာ တပ်သား (၃) ဦးသည် မောင်တောမြို့နယ် မြောက်ပိုင်း ဘင်္ဂလာဒေခ်ျ့ နိုင်ငံနှင့် ကပ်ရပ် တည်ရှိသော အောင်သပြေ နစက နယ်မြေ (၁) တွင် လမ်းလုပ်နေရာမှ လက်နက်ကိုင် တပ်ဖွဲ့ တစ်ခု၏ ဖမ်းဆီး ခေါ်ဆောင်ခြင်းကို ခံခဲ့ရသည်။ ဖမ်းဆီးစဉ် အတွင်း ပစ်ခတ်မူ ဖြစ်ပွားသဖြင့် ကျော်ကျော်ထွေးဆိုသည့် စက်ပြင် ဆရာ တစ်ဦး သေဆုံးခဲ့သည်။ နယ်စပ် အခြေအနေ တင်းမားနေသဖြင့် ယနေ့တွင် နစကနှင့် ဘီဂျီဘီ တပ်ဖွဲ့တို့ အကြား နှစ်နိုင်ငံ တပ်မှူး အဆင့် အလံတင် အစည်းအဝေးကို မြန်မာဘက်ခြမ်း တောင်ပြိုတွင် ပြုလုပ်ကြမည်ဟုသတင်းရရှိသည်။

 
 Myanmar Express 

ဂါဇာတွင် အစ္စရေးသူလျှိုအဖြစ် စွပ်စွဲခံရသူအား သတ်ဖြတ်၍ ဆိုင်ကယ်ဖြင့်တရွတ်ဆွဲ

Posted by drmyochit Thursday, November 22, 2012, under | No comments


ဂါဇာဒေသတွင် အစ္စရေးအတွက် သူလျှိုအဖြစ် လုပ်ဆောင်ပေးကြောင်း စွပ်စွဲခံရပြီးနောက် လူ(၆)ဦး သတ်ဖြတ် ခံရကာ လမ်းပေါ်တွင် ဆိုင်ကယ်ဖြင့် တရွတ် ဆွဲခဲ့သည့် ဖြစ်ရပ်တစ်ခု ပေါ်ပေါက်ခဲ့ကြောင်း သိရသည်။ ဂါဇာရှိ ဟားမတ်စ် စစ်သွေးကြွများနှင့် အစ္စရေး တို့ကြား တိုက်ခိုက်မှု အရှိန်အဟုန် မြင့်တက် လာချိန်တွင် ဂါဇာစီးတီး၌ လူ(၆)ဦးမှာ သူလျှိုများအဖြစ် စွပ်စွဲခံရပြီး ယခုလို ရက်ရက်စက်စက် သတ်ဖြတ် ခံခဲ့ရခြင်း ဖြစ်သည်။
မျက်မြင်များက လူအများအပြား ရှေ့မှောက်တွင်ပင် မော်တော်ဆိုင်ကယ်စီး လူရမ်းကား တစ်စုက လူ(၆)ဦးအား ပစ်သတ်ကာ အလောင်းများကို ဆိုင်ကယ်နောက်တွင် ကြိုးချည်ပြီး တရွတ်တိုက် ဆွဲခေါ်သွားခြင်း ဟုပြောကြားခဲ့ကြသည်။ လတ်တလောတွင် အစ္စရေးသည် ပါလက်စတိုင်း ပြည်သူအချို့အား နေရပ်ကို စွန့်ခွာရန် သတိပေးပြီး မြေပြင်ထိုးစစ်အတွက် ပြင်ဆင်နေပြီ ဖြစ်သည်။
ပါလက်စတိုင်းမှ သေနတ်သမားများသည် ၎င်းတို့ သူလျှိုအဖြစ် စွပ်စွဲထားသူများကို ရုံးတင်စစ်ဆေးမှု လုံးဝမရှိဘဲ အများသူငါ စံပြဖြစ်စေရန်ဟုဆိုကာ ပစ်သတ်ခဲ့ခြင်း ဖြစ်သည်။ အနည်းဆုံး ရုပ်အလောင်း တစ်ခုသည်ခြေထောက်တွင် သံကြိုးဖြင့် ချည်နှောင်ပြီး ဂါဇာစီးတီး လမ်းမများ
တစ်လျှောက် ဆိုင်ကယ်ဖြင့် တရွတ်တိုက် ဆွဲယူပြသခြင်း ခံခဲ့ရသည်။ ၎င်းတို့က အဆိုပါ အသတ်ခံရသူသည် ပါလက်စတိုင်းကို သစ္စာဖောက်ခဲ့ကြောင်း စွပ်စွဲပြောဆိုခဲ့ကြသည်။ ဟားမတ်စ် လုံခြုံရေး တပ်ဖွဲ့များကမူ ယင်းကိစ္စကို အလေးအနက် မှတ်ချက်ပေးမှုမျိုး မပြုခဲ့ဘဲ သေနတ်သမားများသည် ၎င်းတို့၏ လုပ်ရပ်ကို ကြိုတင် မှတ်တမ်းတင်ရန် စီစဉ်ထားခဲ့ဟန် ရှိကြောင်းသာပြောဆိုခဲ့သည်။
ထို့အပြင် အင်္ဂါနေ့ညက အသက်(၄)နှစ်နှင့် (၂)နှစ်အရွယ် ကလေးငယ်နှစ်ဦးသည် အစ္စရေး လေတပ်၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ကြောင်း ဟားမတ်စ် ကျန်းမာရေးဌာနက စွပ်စွဲခဲ့သည်။
ဟားမတ်စ်တို့က အစ္စရေးဘက်သို့ ဒုံးကျည်များဖြင့် စတင်ပစ်ခတ်ပြီး အစ္စရေးလေတပ်က တုံ့ပြန်ခဲ့သော ပဋိပက္ခအတွင်း ပါလက်စတိုင်း (၁၁၀)ကျော်နှင့် အစ္စရေး (၃)ဦး သေဆုံးခဲ့ပြီး ဖြစ်သည်။ လတ်တလောတွင် အစ္စရေးသည် အမေရိကန် ကာကွယ်ရေးဝန်ကြီး ဟီလာရီ ကလင်တန်နှင့်ဆွေးနွေးရန်အတွက် မြေပြင်ထိုးစစ် ဆင်နွှဲရေး ကိုခေတ္တဆိုင်းငံ့ ထားလိုက်ကြောင်းသိရှိရသည်။


 Myanmar Express 

အမေရိကန်ပြည်ထောင်စုက မြန်မာနိုင်ငံနှင့် စစ်ဘက်ဆိုင်ရာ ဆက်ဆံရေး စတင်v

Posted by drmyochit Thursday, November 22, 2012, under | No comments


အမေရိကန်ပြည်ထောင်စု၏ USS Bonhomme Richard စစ်သင်္ဘောပေါ်သို့ မြန်မာရေတပ် အရာရှိများလာ ရောက်လည်ပတ် ခဲ့ကြောင်း သိရသည်။ ယင်းသည် ဆယ်စုနှစ် များအတွင်းအမေ ရိကန် စစ်တပ်နှင့် မြန်မာနိုင်ငံ စစ်တပ်တို့ ၏ ချစ်ကြည်ရင်းနှီးသော ဆက်ဆံမှုတစ် ရပ်အဖြစ် တွေ့မြင်ရခြင်း လည်းဖြစ်သည်။ အမေရိကန် စစ်သင်္ဘော USS Bonhomme Richard သည် အန်ဒါမန်ဆီး အနီးရှိ ဆိပ်ကမ်းတစ်ခုတွင် ၎င်း၏လှည့် လည်ရေးခရီးစဉ် အတောအတွင်း ရပ်နား ထားစဉ် မြန်မာရေတပ် အရာရှိတို့ကလာ ရောက် လည်ပတ်ခဲ့ခြင်း လည်းဖြစ်ကြောင်း သိရသည်။
အမေရိကန် ပြည်ထောင်စု စစ်တပ်၏ သတိအနေအထားနှင့် ဆက်စပ် ပတ်သက်မှုသည် မြန်မာနိုင်ငံသို့ အလည် အပတ်ရောက်ရှိစဉ် သမ္မတဘားရတ်အို ဘားမား၏ အထင်ကရ မိန့်ခွန်းထဲမှ မြန်မာ နိုင်ငံနှင့် အမေရိကန် ပြည်ထောင်စုတို့၏ ဆက်ဆံရေး အဆင်ပြေချောမွေ့မည့် အနေ အထားတွင် ရှိလာမည်ဟူသော အာဘော် ကို ထင်ဟပ်ခြင်းလည်းဖြစ် သည်ဟု သိရ သည်။ မြန်မာနိုင်ငံ၏ အာဏာဖွဲ့စည်း တည်ဆောက်မှုတွင် ၁၉၆၂ခုနှစ် စစ်တပ် အာဏာသိမ်းပြီးကတည်းက စစ်တပ်က လွှမ်းမိုး နေဆဲရှိသကဲ့သို့ မြန်မာနိုင်ငံ၏ ဒီမိုကရေစီအရေး ကန့်ကွက်ဆန္ဒပြသူများ ကို စစ်တပ်မှ နှိမ်နင်းချေမှုန်း မှုအကျိုးဆက် အဖြစ် မြန်မာနိုင်ငံတွင် လက်ရှိအချိန်အထိ အရေးယူ ပိတ်ဆို့မှုများကို ခါးစည်းခံနေရ ဆဲရှိကြောင်း သိရသည်။ မကြာသေးမီက မြန်မာနိုင်ငံသို့ အမေရိကန်ပြည်ထောင်စု နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီကလင်တန် လာရောက် လည်ပတ်ပြီးနောက်ပိုင်း သမ္မတအိုဘား မားက ခရီးတစ်ထောက် ရောက်ရှိလာခဲ့ ခြင်းသည် ပင် နှစ်နိုင်ငံစစ်တပ်အချင်းချင်း ဆက်ဆံရေးအတွက် လမ်းဖွင့်ပေးခဲ့ခြင်း လည်းဖြစ်သည်။ လက်ရှိ အချိန်တွင် စစ် တပ်ချင်း ပြောဆိုဆွေးနွေးမှုသည် စစ်ဖက် ပြိုင်နေသော တိုင်းရင်းသားလူနည်းစု အုပ်စုများ၊ နိုင်ငံရေးအကျဉ်းသားများနှင့် နိုင်ငံ၏ အကျင့်ပျက်ခြစား မှုများအပေါ် တွင် မြန်မာနိုင်ငံ အစိုးရ၏ ကိုင်တွယ်ဖြေ ရှင်းမှုများအပေါ် များစွာတည်မှီနေလျက် ရှိကြောင်း သိရသည်။ လွန်ခဲ့သည့် လက ပစိဖိတ်စစ် တပ် တပ်မှူး ဗိုလ်မှူးချုပ် ဖရန်စစ်ဝီယာ စင်စကီးနှင့် အရှေ့အာရှဆိုင်ရာ လက် ထောက် ကာကွယ်ရေးဝန်ကြီး ဗီကရမ်ဆင်း တို့ ဦးဆောင်သော ကိုယ်စား လှယ်အဖွဲ့နှင့် မြန်မာ နိုင်ငံခေါင်းဆောင် တို့က ပြဿနာ များနှင့် ပတ်သက်၍ ဆွေးနွေးပြော ဆိုခဲ့ ကြောင်း သိရသည်။ ထိုသို့ဆွေးနွေးပြော ဆိုရာတွင် လူ့အခွင့်အရေး၊ တရားဥပဒေ စိုးမိုးရေးနှင့် အခြားသော စိုးရိမ်ပူပန်ဖွယ် ရာများကို ဆွေးနွေးခဲ့ကြောင်း ပစိဖိတ် စစ်တပ်ပြောခွင့်ရပုဂ္ဂိုလ် ဒုတိယ ဗိုလ်မှူး ကြီး သီရိဆာဒွန်နယ်လီ က ပြောကြားခဲ့ ကြောင်း သိရသည်။

 Myanmar Express 

မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေဖြင့် အီလက်ထရောနစ်နည်းပညာအသုံးပြုမှုနှင့် သယ်ယူပို့ဆောင်ရေးကဏ္ဍတို့တွင် လိုအပ်ချက်များစွာရှိနေသည်ဟု ရဲချုပ်ပြောကြား

Posted by drmyochit Thursday, November 22, 2012, under | No comments


မြန်မာနိုင်ငံ ရဲတပ်ဖွဲ့အနေဖြင့် အီလက်ထရောနစ် နည်းပညာ အသုံးပြုမှုနှင့် သယ်ယူပို့ဆောင်ရေး ကဏ္ဍများအပြင် အခြားကဏ္ဍ များတွင်လည်း လိုအပ်ချက်များစွာ ရှိနေကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်မှ ရဲချုပ်ကျော်ကျော်ထွန်းက ပြောကြားခဲ့သည်။ ယင်းကဲ့သို့ မြန်မာနိုင်ငံရဲ တပ်ဖွဲ့ဝင်များ အနေဖြင့် ဘက်ပေါင်းစုံတွင် လိုအပ်ချက်များစွာ ရှိနေသဖြင့် အချို့ကဏ္ဍများကို အကောင်အထည် ဖော်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရှိရသည်။ ယခုနှစ်ပိုင်းတွင်လည်း အာရှ နိုင်ငံများတွင် နိုင်ငံတကာမှ ရဲတပ်ဖွဲ့ဝင်များကို သင်ကြားပေးနေသည့် သင်တန်းအချို့သို့လည်း စေလွှတ်သွားမည်ဖြစ်ကြောင်း ရဲချုပ်ထံမှ သိရှိရသည်။
မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်မှ ရဲချုပ်ကျော်ကျော်ထွန်းက '' ရဲတပ်ဖွဲ့ဝင်တွေအနေနဲ့ လိုအပ်ချက်တွေ အများကြီးရှိနေပါတယ်။ နည်းပညာပိုင်းတွေ၊လေ့ကျင့်ရေးအပိုင်းတွေ၊ သယ်ယူပို့ဆောင်ရေးအပိုင်းတွေ၊ ဆက်သွယ်ရေး အပိုင်းတွေ၊ ရဲတပ်ဖွဲ့ဝင်တွေရဲ့ အသုံးအဆောင် ပစ္စည်းအပိုင်းတွေ အားလုံးမှာ လိုအပ်မှုတွေရှိနေပါတယ်။ တချို့ကဏ္ဍတွေကို ဖြည့်ဆည်းဖို့ အတွက်ဆောင်ရွက် နေပါပြီ။ ဘာတွေလုပ်ဆောင် ရမယ်ဆိုတာကို သိပြီးသားပါ။ ဒါပေမဲ့ ငွေကြေးအခက် အခဲတွေကြောင့် လိုအပ်တဲ့ ကဏ္ဍတွေ အားလုံးကို လုပ်ဆောင်ဖို့ အခက်အခဲရှိပါတယ်။ အိုဘားမားခရီးစဉ်တုန်းက ဆက်သွယ်ရေးကဏ္ဍတွေနဲ့ သယ်ယူ ပို့ဆောင်ရေး ကဏ္ဍတွေမှာ အခက်အခဲတချို့ တွေရှိခဲ့ပါတယ်'' ဟု ပြောကြားခဲ့ပါသည်။
မြန်မာနိုင်ငံတွင် မြို့နယ်ရဲစခန်းပေါင်း ၃၃၀ ရှိပြီး ရဲတပ်ဖွဲ့ဝင်အင်အား ၁၁၀၀၀၀ ၀န်းကျင် ရှိကြောင်းလည်း ရဲချုပ်ထံမှ သိရှိရပါသည်။ ရဲချုပ်ကျော်ကျော်ထွန်းက ''မြန်မာနိုင်ငံမှာရှိတဲ့ လူဦးရေနဲ့ ရဲတပ်ဖွဲ့အင်အားက အချိုးအစားမျှ တမှုမရှိတာက အရေးမကြီးဘူး။ ဒါပေမဲ့ ရဲတပ်ဖွဲ့ဝင် တွေအနေနဲ့ လုပ်ငန်းဆောင်ရွက်ရာမှာ အဓိကနည်း ပညာလိုအပ်ချက်တွေ ရှိနေတာကတော့ အရေးကြီးပါတယ်။ အခုရဲတပ်ဖွဲ့ဝင်တချို့ကို ထိုင်းနိုင်ငံမှာရှိတဲ့ ရဲတပ်ဖွဲ့ သင်တန်းကျောင်းတစ်ခုကို သွားရောက်သင်ကြားဖို့ စီစဉ်နေပါတယ်။ အဲဒီ သင်တန်းကျောင်းက ၁၉၈၈ ခုနှစ်ကစပြီးတော့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်တွေကို သင်ကြားခွင့်ပိတ်ခဲ့ပါတယ်။ ဒါ့အပြင် နောက်ပိုင်းတွေမှာ အမေရိကန်နိုင်ငံနဲ့ ချိတ်ဆက်ပြီးတော့ သင်တန်းတွေတက်ရောက်သွားဖို့ အစီအစဉ်ရှိပါတယ်'' ဟုလည်းဆက်လက်ပြော ကြားခဲ့ပါသည်။

 
 Myanmar Express 

ထားဝယ် အထူးစီးပွားရေးဇုန် ဦးစားပေး စီမံကိန်းများ ၂၀၁၅ တွင် အပြီး လုပ်မည်

Posted by drmyochit Thursday, November 22, 2012, under | No comments


ထားဝယ် အထူးစီးပွားရေးဇုန် တည်ဆောက်ရေးတွင် အဓိက ဦးစားပေး စီမံကိန်းများကို ၂၀၁၅ တွင် အပြီးတည်ဆောက်မည် ဖြစ်ကြောင်း သိရသည်။ ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်ပင်မြို့၌ ကျင်းပသော အာဆီယံ-တရုတ် အစည်းအဝေးအတွင်း သမ္မတ ဦးသိန်းစိန်နှင့် ထိုင်း ဝန်ကြီးချုပ် ယင်းလတ်တို့ နိုဝင်ဘာလ ၁၉ ရက်တွင် သီးခြားတွေ့ဆုံပြီး ထားဝယ် အထူးစီးပွားရေးဇုန် စီမံကိန်း နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက် မှုမြှင့်တင်ရေးဆွေးနွေး ခဲ့ကြသည်။ စီးပွားရေးဇုန်နှင့် ဆက်စပ်လျက်ရှိသော စီမံကိန်းများအနက် ထိုင်းနိုင်ငံမှ ပူးပေါင်းဆောင်ရွက် ရန်ရှိသည့် လမ်းများ၊ လျှပ်စစ် စက်ရုံ၊ ရေပေးဝေရေး၊ရေဆိုးစွန့်စနစ်၊ ရထားလမ်း အပါအဝင် ဒေသဖွံ့ဖြိုးရေး ဆောင်ရွက် မည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ စီမံကိန်းအတွက် နှစ်နိုင်ငံပူးတွဲ ကော်မတီ အစည်းအဝေးကို ယခုနှစ် ဒီဇင်ဘာတွင် ထပ်မံကျင်းမည် ဖြစ်သည်။
သမ္မတ ဦးသိန်းစိန်နှင့် ထိုင်းဝန်ကြီးချုပ် ယင်းလတ်တို့သည် ထားဝယ်ရေနက် ဆိပ်ကမ်းစီမံကိန်း ပူးတွဲ ကြေညာချက်ကိုလည်း နိုဝင်ဘာလ ၁၈ ရက်နေ့က ထုတ်ပြန်ခဲ့ပြီး အာဆီယံ ခေါင်းဆောင်များကို ထိုင်း-မြန်မာ ၂ နိုင်ငံခေါင်းဆောင်များ သဘောတူခဲ့ကြသည့် ထားဝယ်ရေနက်ဆိပ်ကမ်း ပူးပေါင်းဆောင်ရွက်မှုကို အသိပေးလိုက်ခြင်းလည်းဖြစ်သည်။
ထို့အပြင် နိုင်ငံ တကာ ရင်းနှီးမြှုပ်နှံသူများ လာရောက်ရေး ဖိတ်ခေါ်မှုများလည်း အဆိုပါ ပူးတွဲ သဘောတူညီချက် တွင်ပါရှိသည်။ အဆိုပါ စီမံကိန်းနှင့် ပတ်သက်၍ နိုဝင်ဘာလ ၇ ရက်နေ့က ဖွဲ့စည်းခဲ့သည့် ၂ နိုင်ငံ ပူးတွဲကော်မတီမှ အဓိက ဦးစားပေး စီမံကိန်းလုပ်ငန်းများကို ၂၀၁၅ ခုနှစ်တွင် အပြီးအကောင်အထည် ဖော်ရန်သဘောတူခဲ့သည်။ ထိုင်းဝန်ကြီးချုပ် မစ္စ ယင်းလပ်ကလည်း ဖနွမ်းပင် မိန့်ခွန်းတွင် ထားဝယ်ရေးနက် ဆိပ်ကမ်းသည် အရှေ့တောင်အာရှနှင့် တောင်အာရှကို ဆက်သွယ်ပေးမည် ဆက်ကြောင်း ဖြစ်ကြောင်း၊ ထိုင်းနိုင်ငံဘက်က အထူးသဖြင့် အခြေခံ အဆောက်အအုံဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုများကို လုပ်ဆောင်မည်ဖြစ်ကြောင်း ထည့်သွင်း ပြောဆိုသွားသည်။ ထိုင်းလုပ်ငန်းရှင်များ အနေဖြင့် မြန်မာနိုင်ငံ ထားဝယ် ရေနက်ဆိပ်ကမ်းတွင် ရင်းနှီးမြှုပ်နှံမှုများ လုပ်ဆောင်ကြရာတွင် ပုဂ္ဂလိက အကျိုးအမြတ်များ ရသည့်အပေါ် ထိုင်းအစိုးရကို အခွန်ပေးဆောင်ရန် မလိုဟု ပြောဆိုမှုသည် အဓိက စိတ်ဝင်စားမှု အရှိဆုံးဖြစ်ကြောင်း ဘန်ကောက်ပို့စ် သတင်းစာတွင် ဖော်ပြခဲ့သည်။ ထိုင်းနိုင်ငံဘက်က လျှပ်စစ် စက်ရုံများနှင့် ပတ်သက်၍ လှူဒါန်းမှုကိုလည်း ထိုင်းဘက်က ကြေညာခဲ့ပြီး သမ္မတ ဦးသိန်းစိန်အား ထိုင်းဝန်ကြီးချုပ် ယင်းလပ်က ထားဝယ် အထူးစီးပွားရေးဇုန် စီမံကိန်းတွင် တည်ဆောက်မည့် ဂက်စတာဘိုင် နမူနာပုံကိုလည်း ပေးအပ်ခဲ့သည်။ မကြာသေးမီက ဘန်ကောက်မြို့ ဆွေးနွေးပွဲတခုတွင် ဂျပန်နိုင်ငံကလည်း ထားဝယ် ရေနက်ဆိပ်ကမ်း အထူးစီးပွားရေးဇုန် စီမံကိန်းတွင် ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားလျှက်ရှိကြောင်း သတင်းများက ဖော်ပြသည်။ လာမည့် ၂၀၁၅ ခုနှစ်တွင် စတင် အကောင်အထည်ဖော်မည့် အာဆီယံ စီးပွားရေးဇုန် (AEC) အကြို ထိုင်းနိုင်ငံက မြန်မာနိုင်ငံ ထားဝယ် ရေနက်ဆိပ်ကမ်း အထူးစီးပွားရေးဇုန် စီမံကိန်းကို အားတက်သရော စိတ်ဝင်စားလျှက်ရှိသည်။


 Myanmar Express 

အိုစမာဘင်လာဒင်သည် စီအိုင်အေ အေးဂျင့်တစ်ဦးဖြစ်ခဲ့

Posted by drmyochit Thursday, November 22, 2012, under | No comments


 အိုစမာဘင်လာဒင်ဟာ စီအိုင်အေရဲ့  အေးဂျင့် တစ်ဦး ဖြစ်ခဲ့ဖူးတယ်ဆိုတာ ၁၀ ယောက်မှာ ၇ ယောက်မသိတဲ့ ကိစ္စ ဖြစ်ပါတယ်။ ငြင်းဆိုချက်တွေ အမျိုးမျိုးကို အမေရိကန်တို့ ထုတ်ပြန်ခဲ့ပေမယ့် သက်သေ အထောက်အထား အခိုင်အမာချပြတဲ့အခါ ငြင်းဆန်ရန် ခက်ခဲသွားပါတယ်။ အမေရိကန် စီအိုင်အေ (လျှို့ ဝှက် ထောက်လှမ်းရေး အေဂျင်စီ)မှာ ၁၉၇၉ ခုနှစ်ကနေ ၁၉၈၉ ခုနှစ်အထိ လုပ်ကိုက်ခဲ့တယ်လို့ ဆိုပါ တယ်။ ဖြစ်ပုံက ဒီလို ဖြစ်ပါတယ်။ ၁၉၇၉ ခုနှစ် ဒီဇင်ဘာလ ကနေ ၁၉၈၉ ခုနှစ် ဖေဖော်ဝါရီလ အထိ ကြာမြင်တဲ့ အာဖဂန်မှ ဆိုဗီယက်စစ်ပွဲကို သိသူများ ရှိမယ် ထင်ပါတယ်။ ယင်းစစ်ပွဲထဲ အဓိက ပါဝင်တော်လှန်သူထဲမှာ အိုစမာ ဘင်လာဒင်လည်း ပါဝင်ပါတယ်။ ပါဝင်ဒါမှ အဓိက နေရာတွေထဲမှာ ပါဝင်တာ ဖြစ်ပြီး သူ့ကြောင့် အာဖဂန်ဘက်ကနေ တိုက်ပေးမယ့် စစ်သားဦးရေ အမြောက်အများ ရရှိခဲ့ ပါတယ်။ အများစုကတော့ အာရပ်ကမ္ဘာတစ်ဝန်းက အစ္စလာမ် ဘာသာချစ် Jihadism တော်လှန်းရေး စစ်သား နဲ့ အာဖရန် အာရပ် စစ်သားများ ဖြစ်ပါတယ်။ လိုအပ်တဲ့ လက်နက်တွေ၊ အရင်းအနှီးတွေကိုလည်း ဘင်လာဒင်က ရှာဖွေပေးပါတယ်။ အဲ့တုန်းက အာဖဂန်ဘက်ကနေ ကူညီနေတဲ့ နိုင်ငံက များပါတယ်။ အများ သိထားတာကတော့ ပါကစ္စတန်၊ အမေရိကန်၊ တရုတ် တို့ ဖြစ်ပြီး အမေရိကန်ရဲ့  ကူညီမှုကတော့ တိတ်တဆိတ် ဖြစ်ပါတယ်။ ဒီနေရာမှာ စီအိုင်အေက အဓိက ပါဝင်ပါတယ်။ စီအိုင်အေကြောင့် အာဖဂန်တို့ နိုင်တဲ့ စစ်ပွဲလို့တောင် တင်စားကြပါတယ်။ ဒီမှာ ဘင်လာဒင်တို့ အဖွဲ့ဟာ အမေရိကန်ကို သွားရောက်ပြီး လေ့ကျင့်မှု ယူရပါတယ်။ အမေရိကန် စီအိုင်အေရဲ့  စစ်ရေးလေ့ကျင့် ပေးမှုများရရှိပြီး အဲ့တုန်းက Tim Osama အမည်နဲ့ စီအိုင်အေမှာ တာဝန်ထမ်းဆောင်ခဲ့ တာ ဖြစ်ပါတယ်။ ၉ နှစ်ကြာတဲ့ စစ်ပွဲ တောက်လျှောက် အိုစမာဟာ စီအိုင်အေ နဲ့ လက်တွဲခဲ့ရပြီး အမေရိကန်အကြောင်း ကောင်းကောင်း နားလည် ခဲ့ပါတယ်။ ဒါကြောင့် အိုစမာ ဘင်လာဒင်ဟာ စီအိုင်အေ ဖန်တီးခဲ့တဲ့ အေးဂျင့်တွေထဲမှာ အကြီးမားဆုံး ပြုစုပျိုးထောင်မှု တစ်ခုလို့ ကမ္ဘာတစ်လွှားမှ ယနေ့တိုင် လောင်ပြောင်ခဲ့ကြပါတယ်။ အမေရိကန်က ယနေ့တိုင် ငြင်းဆိုနေပေမယ့် ဗြိတိန်၊ ရုရှား၊ တရုတ် နဲ့ အရှေ့ အလယ်ပိုင်း နိုင်ငံများကတော့ အိုစမာ ဘင်လာဒင်ဟာ စီအိုင်အေ အေးဂျင့် တစ်ဦး ဖြစ်ခဲ့တယ်လို့ ယနေ့တိုင် လက်ခံထားတယ် လို့သိရပါတယ်။ 

 Myanmar Express 

ထိုင်းနိုင်ငံတွင် အကျဉ်းကျခံနေရသည့် မြန်မာအလုပ်သမား သောင်းဂဏန်းရှိ

Posted by drmyochit Thursday, November 22, 2012, under | No comments


ထိုင်းနိုင်ငံတွင် အကျဉ်းကျခံနေရသော မြန်မာအလုပ် သမားဦးရေ သောင်းဂဏန်းမျှရှိပြီး ထိုင်းနိုင်ငံသည် အခြားနိုင်ငံများထက် အကျဉ်းကျခံရသူ မြန်မာလုပ်သား အရေအတွက် ပိုများကြောင်း အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာနမှ ဒုဝန်ကြီး ဦးမြင့်သိန်းက ပြောသည်။ ပြည်ပတွင် အကျဉ်းကျခံနေရသူများ အနေဖြင့် ၄င်းတို့ကိုယ်တိုင် အပြစ်ကျူးလွန်မှုရှိ၍ ကျခံရသကဲ့သို့ အချို့မှာ အကြောင်းပြချက် မရှိဘဲ ကျခံနေရခြင်းရှိသည်ဟု ဒုဝန်ကြီးက ပြောဆိုခဲ့သည်။ အကျဉ်းကျရသည့် ကိစ္စနှင့် ပတ်သက်၍ သက်ဆိုင်ရာ အစိုးရဌာန အနေဖြင့်လည်း သေချာတိကျစွာ မသိရှိသေးကြောင်း သတင်းရရှိသည်။ “ထိုင်းမှာ အကျဉ်းကျခံနေရတဲ့ သူတွေနဲ့ ပတ်သက်ပြီး တို့လည်း တောက်လျှောက်လုပ်တော့ လုပ်နေတာပဲ။ ဟိုမှာ အပြစ်ရှိလို့ ကျရင်လည်း ကြီးတဲ့အမှု သေးအောင်၊ ငယ်တဲ့အမှု ပပျောက်အောင် လုပ်နေတာပဲ” ဟု ဒုဝန်ကြီး ဦးမြင့်သိန်းက ပြောသည်။ အကျဉ်းကျ ခံရသူအချို့မှာ သက်ဆိုင်ရာ အစိုးရဘက်သို့ အကြောင်းကြား ပြောဆိုခြင်း မရှိသည့်အတွက် အစိုးရအနေဖြင့် လိုက်လံကူညီ ဆောင်ရွက်ပေးရန် အခက်အခဲရှိနေကြောင်း အလုပ်သမား ညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမျိုးအောင်က ပြောသည်။ “သူတို့ဘာကြောင့် အကျဉ်းကျတယ်၊ ဘယ်လိုကြောင့် ကျတယ်ဆိုတာ ဘာမှလာမပြောကြတော့ လုပ်ပေးဖို့က ခက်ခဲတယ်။ ဒီလူတွေအတွက်တော့ လုပ်ပေးနိုင်သလောက် လုပ်ပေးနေတယ်” ဟု အထက်ပါပုဂ္ဂိုလ်က ပြောသည်။ ပြည်ပတွင် အကျဉ်းကျခံနေသော အလုပ်သမားအများစုမှာ နေထိုင်ခွင့်သက်တမ်း ကျော်လွန်နေထိုင်ခြင်း အပါအဝင် မိမိအလုပ်ရှင်တို့နှင့် ပြေလည်မှုမရှိခြင်းတို့ကြောင့် ဖြစ်နိုင်ကြောင်း အေဂျင်စီအချို့  ကသုံးသပ်ခဲ့ကြကြောင်းသိရှိရသည်။
  
 Myanmar Express 

လာမည့်နှစ်မှ စတင်ကာ မလေးရှား နိုင်ငံသို့ သွားရောက် လုပ်ကိုင်သူများ အနေဖြင့် လုပ်ခလစာ ရင်းဂစ် ၉၀၀ အထိ တိုးမြှင့် ခံစားခွင့် ရရှိမည်

Posted by drmyochit Thursday, November 22, 2012, under | No comments


လာမယ့် ၂၀၁၃ ခုနှစ် ဇန်န၀ါရီလ ၁ ရက်နေ့မှ စတင်ပြီး မလေးရှား နိုင်ငံသို့ သွားရောက်အလုပ် လုပ်ကိုင်မယ့် သူတွေရဲ့ အခြေခံ လစာကို ၁ လလျှင် ရင်းဂစ်၉၀၀ နဲ့ တိုးမြှင့် သတ်မှတ်ပြီး ခေါ်ယူဖို့ရှိ တယ်လို့ သုခစုစံ ပြည်ပ အလုပ်အကိုင် အေဂျင်စီမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောပြချက် အရ သိရပါတယ်။ အခုလက်ရှိ မလေးရှား နိုင်ငံသို့ သွားရောက် လုပ်ကိုင်နေသူတွေ အနေနဲ့ ရရှိတဲ့ လုပ်ခ လစာဟာ ၁ ရက်ကို မလေးရှားငွေ ၂၁ ရင်းဂစ် ရရှိပြီး တစ်လလျှင် မလေးရှား ရင်ဂစ် ၅၀၀ ကျော် ၆၀၀ နီးပါးသာ ရရှိတာ ဖြစ်ပါတယ်။
ဒါပေမယ့် လာမယ့် နှစ်မှာတော့ မလေးရှား နိုင်ငံရဲ့ ပြည်ပလုပ်သား အခြေခံလစာကို ၉၀၀ ရင်းဂစ် အထိ တိုးမြှင့်ပေး သွားမှာ ဖြစ်ပါတယ်။ အဆိုပါ အေဂျင်စီမှ တာဝန်ရှိသူရဲ့ ပြောပြချက် အရ ယခုလ အတွင်း လာရောက် လျှောက်ထား သူများ ကိုလည်း မလေးရှားမှ အလုပ်ရှင်များ အနေနဲ့ အင်တာဗျူး ခေါ်တွေ့ပြီး အဆင်ပြေပါက စာချုပ်မှာ လုပ်ခလစာကို အခြေခံက စပြီး ရင်းဂစ် ၉၀၀ သတ်မှတ်ကာ ခန့်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ လက်ရှိမှာ မလေးရှား နိုင်ငံကို သွားရောက် လုပ်ကိုင်တဲ့ အလုပ်သမား အများစုမှာ စက်ရုံ လုပ်ငန်းများ၊ ဆောက်လုပ်ရေး လုပ်ငန်းများနဲ့ စိုက်ပျိုးရေး လုပ်ငန်း စတဲ့ လုပ်ငန်း အများစုမှာ လုပ်ကိုင် နေတာ ဖြစ်တယ်လို့ သတင်း ရရှိပါတယ်။

Myanmar Express

သမ္မတအိုဘားမား၏ ရန်ကုန်တက္ကသိုလ်မိန့်ခွန်းမှ ဒီမိုကရေစီအရေး ပြောကြားချက်အပေါ် ကျေနပ်အားရသော်လည်း ရခိုင်ပြည်နယ်အရေး သုံးသပ်မှုအပေါ် အမြင်မတူမှုများရှိနေ

Posted by drmyochit Thursday, November 22, 2012, under | No comments


အမေရိကန်သမ္မတ အိုဘားမား၏ ရန်ကုန်တက္ကသိုလ် မိန့်ခွန်းမှ ဒီမိုကရေစီရေး ပြောကြားချက်အပေါ် ကျေနပ်အားရမှုများ ရှိသော်လည်း ရခိုင်ပြည်နယ်အရေး သုံးသပ်မှုအပေါ် အမြင်မတူမှုများ ရှိနေကြောင်း တိုင်းရင်းသားပါတီ ခေါင်းဆောင်များနှင့် နိုင်ငံရေး ခေါင်းဆောင်များထံမှ သိရသည်။
နိုဝင်ဘာလ ၁၉ ရက်က ရန်ကုန်တက္ကသိုလ်၌ ပထမဦးဆုံး အကြိမ်အဖြစ်ပြော ကြားခဲ့သော အမေရိကန်သမ္မတ အိုဘားမား၏ မိန့်ခွန်းတွင် “ကာလကြာရှည်စွာပဲ တိုင်းရင်းသား လူမျိုးစု ရခိုင်တွေ အပါအ၀င် ဒီပြည်နယ်က ပြည်သူတွေဟာ ဆင်းရဲမွဲတေမှုနဲ့ ဖိနှိပ်ချုပ်ချယ်မှုကို ကြုံခဲ့ရပါတယ်။ ဒါပေမဲ့ အပြစ်မဲ့တဲ့ ပြည်သူတွေအပေါ် အကြမ်းဖက်မှုအတွက် ခြွှင်းချက်ဆိုတာ မရှိပါဘူး။ ရိုဟင်ဂျာတွေ ကိုယ်တိုင်ကလည်း ခင်ဗျားတို့မှာရှိသလို ကျွန်တော်တို့မှာရှိသလို တူညီတဲ့ လူဂုဏ်သရေ ဆိုတာရှိပါတယ်” ဟု စသည်ဖြင့် ထည့်သွင်းပြောကြား ခဲ့ခြင်းဖြစ်သည်။
အမေရိကန်သမ္မတ၏ “ရိုဟင်ဂျာ” ဟူသော အသုံးအနှုန်း သုံးစွဲသွားမှုအပေါ် လက်မခံနိုင်ကြောင်းနှင့် တိုင်းရင်းသားအရေးကို သေသေချာချာ လေ့လာမှုများမရှိဘဲ သုံးသပ်ပြောကြားမှုများ မပြုလုပ်သင့်ကြောင်း နိုင်ငံရေးပါတီ ခေါင်းဆောင်များနှင့် တိုင်းရင်းသား ခေါင်းဆောင်များက သုံးသပ်ကြသည်။ “နိုင်ငံတော်သမ္မတကြီး ပြောခဲ့သလိုမျိုး ရိုဟင်ဂျာဆိုတာ တိုင်းရင်းသား မဟုတ်ဘူး ဆိုတာကိုပဲ အပြည့်အ၀ရပ် တည်ချင်ပါတယ်။ ကျွန်တော်တို့နိုင်ငံဟာ အင်အားကြီး ဒီမိုကရေစီ နိုင်ငံတစ်ခုနဲ့ ချစ်ကြည်ရေး တိုးမြှင့်ဖို့တော့ လိုလားပါတယ်။ ဒါပေမယ့် တိုင်းရင်းသား စည်းလုံးညီညွတ်မှုကို ပြိုကွဲစေမယ့်၊ အချုပ်အခြာအာဏာကို ထိပါးစေမယ့် အသုံးအနှုန်းမျိုးကိုတော့ ဘယ်အင်ပါယာ အရှင်သခင်ကပဲ ပြောပြော ကန့်ကွက်ပါတယ်။ မြန်မာ့ပြည်တွင်းရေးကို မြန်မာတွေသာ အသိဆုံးပါပဲ။ ကျွန်တော်တို့နိုင်ငံရဲ့ သမိုင်းကြောင်းမှာ ဒီလူမျိုးဆိုတာမရှိခဲ့ဘူး ဆိုတာကိုလည်း ပြောချင်ပါတယ်။ အမေရိကန် သမ္မတကြီး အနေနဲ့ တိုင်းရင်းသားတွေ နစ်နာနိုင်တဲ့ ဒီအသုံးနှုန်းမျိုးကို သုံးတာတွေ့ရတော့ ၀မ်းနည်းပါတယ်။ ကျွန်တော်ဟာ ဒီကိစ္စမှာ တိုင်းရင်းသားတွေနည်းတူ၊ ရခိုင်လူမျိုး တွေနည်းတူ ရပ်တည်သွား မှာပါ” ဟု အမျိုးသားဒီမိုကရေစီ ပါတီသစ်ဥက္ကဋ္ဌ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့် ကပြောကြားခဲ့သည်။
“ကျွန်တော်ထင်ပါတယ် ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ ဖွဲ့စည်းတည်ဆောက်ပုံ၊ ပြည်ထောင်စုမြန်မာနိုင်ငံရဲ့ အစအဆုံးတောင်မှ သူသေချာ လေ့လာပုံ မရပါဘူး။ တိုင်းရင်းသားတွေရဲ့ အခြေအနေတွေလည်း သူနားလည် ပုံမရပါဘူး။ အဲဒါကြောင့် သူပြောတဲ့ ရိုဟင်ဂျာဆိုတဲ့ စကားအပေါ်မှာ ဘာမှ မဝေဖန်ချင်ဘူးပေါ့ဗျာ” ဟု ချင်းအမျိုးသားပါတီဥက္ကဋ္ဌဦးဇိုဇမ်ကပြောကြားခဲ့သည်။
နိုင်ငံအတွင်းမှာ ဖြစ်ပျက်နေသော တိုင်းရင်းသားရေးရာ ကိစ္စများမှာ တိုင်းရင်းသား အချင်းချင်း ဖြေရှင်းရမည့် ကိစ္စသာဖြစ်ကြောင်း၊ တရားမ၀င် ၀င်ရောက်လာသူများနှင့် ပတ်သက်၍ ဖြေရှင်းရသည့် ပြဿနာသည် နိုင်ငံတိုင်းတွင် ရှိနေကြောင်း၊ နိုင်ငံသား ဖြစ်လာသည့်သူများ ကိုနိုင်ငံသား အခွင့်အရေး တန်းတူညီမျှပေးရန် ကြိုးပမ်းရမည် ဖြစ်သလို နိုင်ငံသားဖြစ် မှုကိုလည်း စစ်ဆေးရမည်ဖြစ်ကြောင်း၊ လူနည်းစု၊ လူများစုဆိုသည့် နေရာ၌ နိုင်ငံသားကိုသာ ဦးစားပေးစဉ်းစားသည် ဆိုသည်မှာ နိုင်ငံတိုင်း၏ ကမ္ဘာ့နိယာမ တရားပင် ဖြစ်ကြောင်း ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးကိုကိုကြီးက ပြောကြားခဲ့သည်။ “လူ့အခွင့်အရေး ရှုထောင့်က ပြောမယ်ဆိုရင် တကယ်လို့ နိုင်ငံနယ်နိမိတ်နဲ့ပြောမယ်ဆိုရင် နိုင်ငံရဲ့ နယ်နိမိတ်အတွင်းမှာရှိတဲ့ နိုင်ငံသားအများစုရဲ့ ဆန္ဒပေါ့။ လူ ၁၀၀ မှာ ၆၀ က အများစုဆန္ဒဖြစ်လို့လိုက်နာရမယ်ဆို ရင်တောင်မှ အနည်းစုဖြစ်တဲ့ ၄၀ ကို အကာအကွယ်ပေး ရမယ်ဆိုတာသည် မဲဆန္ဒပေးပိုင်ခွင့်ရှိသော နိုင်ငံသားများဆိုပြီး အကန့်အသတ်ရှိတယ်။ ဥပမာဆို အမေရိကန်မှာဆိုရင် Green Card ရထားရုံနဲ့ မဲပေးလို့မရဘူး။ စင်ကာပူမှာ PR ရထားတဲ့သူတွေ မဲပေးလို့မရဘူး။ လူနည်းစု လူများစုဆိုတဲ့ နေရာမှာ နိုင်ငံသားကိုပဲ ဦးစားပေး စဉ်းစားတယ်ဆိုတာနိုင်ငံတိုင်းရဲ့ ကမ္ဘာ့နိယာမပဲ။ ဒါကိုတော့ ခွဲခွဲခြားခြား နားလည်ဖို့လိုတယ်” ဟု ဦးကိုကိုကြီးက ပြောကြားခဲ့သည်။ သမ္မတအိုဘားမား၏ ပြောကြားမှုအပေါ် ရခိုင်တိုင်းရင်းသားရေးရာခေါင်းဆောင်များဘက်ကလည်း နိုင်ငံတော် သမ္မတဦးသိန်းစိန်၏ တိုင်းရင်းသား လူမျိုးများထဲတွင် မပါဝင်ဟူသော ရိုဟင်ဂျာဆိုသည့် အသုံးအနှုန်းကို ထည့်သွင်းပြော ကြားခဲ့ခြင်းကို လက်မခံနိုင်ကြောင်း သုံးသပ်ခဲ့သည်။ “သမ္မတကြီး ဦးသိန်းစိန် ကိုယ်တိုင်ကတောင်မှ ရိုဟင်ဂျာမရှိပါဘူးလို့ ပြောထားပေမယ့် အိုဘားမားမိန့်ခွန်းမှာ ရိုဟင်ဂျာလို့ ထည့်သွင်းသုံးနှုန်းခဲ့တာမို့သေချာလေ့လာ ထားခြင်းမရှိတာ ပေါ်လွင်ပါတယ်” ဟု ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင်က ပြောကြားခဲ့သည်။
ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီဥက္ကဋ္ဌ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင်ကလည်း “ကျွန်တော်တို့အနေနဲ့ အမေရိကန်သမ္မတ အိုဘားမားရဲ့ မိန့်ခွန်းကို သိပ်တော့ သဘောမကျချင်ဘူး။ အမျိုးသားရင်ကြားစေ့ရေးကို လက်ခံတယ်။ မိန့်ခွန်းမှာ ဘင်္ဂါလီတွေကို ရိုဟင်ဂျာလို့ သုံးသွားပြီ။သူတို့နဲ့ရင်ကြားစေ့ရေးဆိုတာကို အားပေးပြီး ပြောသွားတယ်။ အဲဒီအပေါ် အမြင်ချင်းမတူဘူး။ ကိုယ့်အမျိုးသား မဟုတ်တဲ့ သူတွေနဲ့ ရင်ကြားစေ့ရေးဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး” ဟု ပြောကြားခဲ့သည်။
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စောဝေကလည်း “အမေရိကန် သမ္မတကြီး အိုဘားမာပြောသလို တူယှဉ်တွဲ နေထိုင်ဖို့ဆိုတာတော့ ဘယ်လိုမှမဖြစ်နိုင်ဘူး။ ပထမအကြိမ် ဖြစ်ပြီးနောက် ဒုတိယအကြိမ် ထပ်ဖြစ်ပြီးပြီ။ နောက်ထပ် တတိယအကြိမ် ဖြစ်ဖို့ကို ထပ်မျှော်လင့်နေရမှာလား။ သူဘယ်လောက်ပဲ ဖိအားပေးပေး ဒီနိုင်ငံကို အမြဲအုပ်ချုပ်မှာ မဟုတ်ပါဘူး။ ခဏပဲလာတာပါ။ ၁၉၈၂ မြန်မာ နိုင်ငံသားဥပဒေကိုပဲ လိုက်နာသွားပါမယ်” ဟု ပြောကြားခဲ့သည်။ တိုင်းရင်းသားပါတီများကလည်း သမ္မတအိုဘားမား၏ ရိုဟင်ဂျာဟူသော အသုံးအနှုန်းမှာ နိုင်ငံတကာ၌ ရိုဟင်ဂျာဟူသော အသုံးအနှုန်းကို လူသိများခြင်းကြောင့် ဖြစ်နိုင်ပြီး အိုဘားမားအနေဖြင့် တိုင်းရင်းသားအရေးကို ပြောမည်ဆိုပါက အသေအချာလေ့လာမှု ပြုလုပ်ထား သင့်ကြောင်းသုံးသပ်ပြော ဆိုမှုများရှိနေသည်။
“ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို သူသုံးသွားတာက နိုင်ငံတကာမှာ ရိုဟင်ဂျာဆိုတာကိုပဲ အသိများလို့ ဖြစ်နိုင်တယ်။ အိုဘားမားအနေ နဲ့မြန်မာနိုင်ငံရဲ့ နိုင်ငံရေးပဲသိတာ။ ပြည်တွင်းရေးကို သူမသိပါဘူး။ တစ်ဖက်ကလည်း နိုင်ငံတကာ အဖွဲ့အစည်းတွေကို တင်ပြချက်တွေဟာ တိုင်းရင်းသားတွေဘက်က မပါဘဲ တစ်ဖက်တည်း ဖြစ်နေတာကြောင့်လို့ ထင်မိတယ်” ဟု ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီမှ ဦးစိုင်းစောသန်းမြင့်က ပြောကြားခဲ့သည်။ ရှမ်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ အထွေထွေအတွင်းရေးမှူး ဦးစိုင်းညွန့်လွင်က “အမေရိကန်သမ္မတတစ်ယောက်အနေနဲ့ ကမ္ဘာနဲ့ချီပြီး အလုပ်လုပ်နေရတဲ့ အတိုင်းအတာမို့လို့ မြန်မာ့ပြည်တွင်းရေးကို လက်လှမ်းမမှီတာလို့ ထင်ပါတယ်။ ဒီနိုင်ငံကို မလာခင် သူတို့တွေ မြန်မာနိုင်ငံအကြောင်း အများကြီး လေ့လာခဲ့တယ်ဆိုတာ မိန့်ခွန်းကို မြန်မာနိုင်ငံ မင်္ဂလာပါ လို့ပြောခဲ့တာကို ကြည့်လို့ရပါတယ်။ ကျွန်တော်တို့ အနေနဲ့ကတော့ ကျွန်တော်တို့နိုင်ငံသမ္မတရဲ့ ရိုဟင်ဂျာနဲ့ ပတ်သက်တဲ့ သဘောထားကိုပဲ ရပ်တည်ချင်ပါတယ်။ ထပ်ပြီးပြောလိုတာက ကျွန်တော့်ရဲ့ ရခိုင်မိတ်ဆွေတွေကို အမြဲပြောသလိုမျိုး နှလုံးသားနဲ့ အလုပ်မလုပ်ပါနဲ့၊ ဦးနှောက်နဲ့ အလုပ်လုပ်ပါဆိုတာကိုပဲ ပြောချင်တယ်၊ တိုင်းရင်းသား လူမျိုးတွေရဲ့ ဘက်ကပဲ ရပ်တည်ချင်ပါတယ်” ဟုပြောကြားခဲ့သည်။

 Myanmar Express 

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်