Monday, September 30, 2013

သမ္မတ ဦးသိန်းစိန်အား ရခိုင်ပြည်သူပြည်သားများ တစ်ခဲနက် ထောက်ခံ ကြိုဆိုကြမည် ဟု ဆို

Posted by drmyochit Monday, September 30, 2013, under | No comments


မကြာမီကာလအတွင်းမှာ ရခိုင်ပြည်နယ်ကို သမ္မတဦးသိန်းစိန် သွားရောက်တော့မယ် ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာပြီးတဲ့နောက်မှာ အမျိုး၊ ဘာသာ၊ သာသနာကို ချစ်မြတ်နိုးတဲ့ ရခိုင်တိုင်းရင်းသားလူငယ်တွေနဲ့ ရဟန်းသံဃာတွေ ပူးပေါင်းပြီး ဦးသိန်းစိန်ကို တစ်ခဲနက် ကြိုဆိုကြမှာ ဖြစ်ကြောင်း ရခိုင်လူငယ်များ ဝံသာနုအသင်းများက တစ်ဆင့် သိရှိရပါတယ်။

တစ်ချိန်တည်းမှာပဲ OIC ရုံးခွဲ ဖွင့်လှစ်မှုကိုလည်း သမ္မတဦးသိန်းစိန် ကြေညာထားတဲ့အတိုင်း လုံးဝဖွင့်လှစ်ခွင့် မပေးဖို့ အပြင်းအထန် တောင်းဆိုသွားမှာ ဖြစ်ကြောင်း သိရှိရပါတယ်။ သမ္မတဦးသိန်းစိန်ရဲ့ ရခိုင်ပြည်နယ်ခရီးစဉ်ကို အစိုးရက တရားဝင် ထုတ်ဖော် ပြေကြားခြင်း မရှိသေးပေမယ့်လည်း ရခိုင်ပြည်နယ်အတွင်းရှိ ဌာနဆိုင်ရာများကတော့ ကြိုတင်ပြင်ဆင်မှုတွေ အပြင်းအထန် ပြုလုပ်လျက် ရှိပါတယ်။

သမ္မတဦးသိန်းစိန်ရဲ့ ရခိုင်ပြည်နယ် ခရီးစဉ်အတွင်းမှာ ထောက်ခံကြောင်း ထုတ်ဖော်ပြသမှာ ဖြစ်သလို နိုင်ငံတကာဖိအားပေးမှုတွေကြောင့် အလျှော့ပေးမှု လုံးဝ မပြုလုပ်ဖို့လည်း တောင်းဆိုသွားမှာ ဖြစ်ကြောင်း သိရှိရပါတယ်။

"ရက်ပိုင်းအတွင်းမှာပဲ ကျွန်တော်တို့ ရခိုင်ပြည်နယ်သားတွေ လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းနဲ့ တွေ့ခဲ့တဲ့အချိန်မှာ ကိုယ့်ပြည်နယ်ကို ကာကွယ်စောင့်ရှောက်နိုင်မယ့် ပြည်သူ့စစ်တပ်ဖွဲ့တွေ ဖွဲ့စည်းပေးဖို့၊ ပြည်နယ်အတွင်း အခြေခံအဆောက်အအုံတွေ တိုးမြှင့်တည် ဆောက်ပေးဖို့၊ အလုပ်အကိုင် များစွာ ရရှိနိုင်မယ့် စက်ရုံအလုပ် ရုံတွေ ထူထောင်ပေးဖို့၊ ပညာရေး၊ ကျန်းမာရေး မြှင့်တင်ပေးဖို့ ကျွန်တော်တို့ တောင်းဆိုထားပြီး ဖြစ်ပါတယ်။ သမ္မတကြီး လာတဲ့အချိန်မှာလည်း သမ္မတကြီးရဲ့ မူဝါဒတွေကို ထောက်ခံကြောင့် ထုတ်ဖော်ပြသပြီး ကျွန်တော်တို့ရဲ့ တောင်းဆိုမှုတွေ တောင်းဆိုသွားမှာ ဖြစ်ပါတယ်" ဟု ဝံသာနုလူငယ်တစ်ဦးက ပြောကြားသည်။

ဦးဆောင် သံဃာတော်တစ်ဦးကလည်း "သမ္မတကြီး ရခိုင်ပြည်နယ်ကို လာမယ့် သတင်း ကြားတဲ့အတွက် ဘုန်းကြီးတို့ အရမ်းဝမ်းသာတယ်။ ဒီပြည်နယ် တစ်ပြည်နယ်လုံးဟာ သမ္မတကြီးရဲ့ အမျိုးသားရေးရပ်တည်ချက်တွေကို အပြည့်အဝ ထောက်ခံတယ်။ အခုခရီးစဉ်မှာလည်း သမ္မတကြီးကို ထောက်ခံကြောင်း ပြသတဲ့အနေနဲ့ လူထုအားနဲ့ ကြိုဆိုမှုတွေ ပြုလုပ်ဖို့ စီစဉ်နေပါတယ်။ သမ္မတကြီးအနေနဲ့ ဘယ်နိုင်ငံ၊ ဘယ်အဖွဲ့အစည်းကိုမှ စိုးရိမ်မနေဘဲ အမျိုးသားရေးအတွက် ရဲရဲကြီး ရပ်တည်ပေးဖို့ ဘုန်းကြီးတို့ကိုယ်တိုင် သမ္မတကြီးရဲ့ နောက်မှာ၊ ဘုန်ကြီးတို့ တစ်ပြည်နယ်လုံး တစ်နိုင်ငံလုံး ရှိနေတယ် ဆိုတာ သိအောင် ပြသသွားမှာ ဖြစ်ပါတယ်" ဟု မိန့်သည်။

နစက ဖျက်သိမ်းပြီးတဲ့နောက်မှာ ခိုးဝင်ဘင်္ဂါလီတွေ ကိစ္စ ပြတ်ပြတ်သားသား ဖြစ်အောင် ဆောင်ရွက်ပေးဖို့ တောင်းဆိုသွားမှာ ဖြစ်ကြောင်း၊ သမ္မတဦးသိန်းစိန် လာရင် သမ္မတကြီးရဲ့ ဆောင်ရွက်ချက်တွေကို ထောက်ခံကြောင်း အင်နဲ့အားနဲ့ ပြသသွားမှာ ဖြစ်ကြောင်း၊ ရခိုင်ပြည်နယ်အတွင်း ခိုးဝင်ဘင်္ဂါလီကိစ္စတွေ ဆောင်ရွက်ရာမှာ အောက်ခြေအဖွဲ့အစည်းတွေအနေတဲ့ တွန့်ဆုတ်နေဟန် ရှိကြောင်း၊ ဒါကို ပြတ်ပြတ်သားသား ဆောင်ရွက်ပေးဖို့ တောင်းဆိုသွားမှာ ဖြစ်ကြောင်း၊ တစ်နှစ်ကျော် ကြာသည်အထိ ဘယ်သူက နိုင်ငံသား၊ ဘယ်သူက ခိုးဝင်လာသူ ကွဲကွဲပြားပြား မသိရှိရသေးကြောင်း၊ မိမိတို့အနေနဲ့ စုံမှိတ်ပြီး ဆန့်ကျင်နေတာ မဟုတ်ကြောင်း၊ ဥပဒေနဲ့ အညီ နိုင်ငံသားဖြစ်ခွင့် ရသူများလည်း ရှိနေမှာ ဖြစ်ကြောင်း၊ ဥပဒေနဲ့ မညီတဲ့သူတွေကိုတော့ နိုင်ငံသား ပေးလို့ ရမှာ မဟုတ်ကြောင်း ရဟန်းပျိုသမဂ္ဂမှ သံဃာတစ်ပါးက မိန့်သည်။

"ကျွန်တော် သမ္မတကြီးကို တစ်ခါမှ မတွေ့ဘူးပါဘူး။ အခု ဒီကိုလာမယ် ဆိုတော့ အရမ်းဝမ်းသာတယ်။ ကျွန်တော်တို့ ရခိုင်တိုင်းရင်းသားတွေရဲ့ အခြေအနေကို နိုင်ငံတော်အကြီးအကဲကိုယ်တိုင် လာရောက်ကြည့်ရှုတဲ့ အတွက် လိုအပ်ချက်တွေ၊ ဖြစ်ရပ်အမှန်တွေ ကိုယ်တိုင်နားလည်လာမှာ ဖြစ်ပါတယ်။ ဘယ်သူတွေ ဘာပဲ ပြောပြော ကျွန်တော်တို့တစ်အိမ်လုံးက သမ္မတကြီးဦးသိန်းစိန်ကို ထောက်ခံတယ်။ အခုလာတဲ့အခါ ကျွန်တော်တို့ မြို့ရောက်ရင် ကိုယ်တိုင် သွားကြိုမယ်။ သမ္မတကြီး ကျန်းမာနေဖို့ လိုတယ်။ ကျွန်တော်တို့ ရခိုင်ပြည်နယ်ကို ကာကွယ်ပေးနိုင်တာ သမ္မတကြီးပဲလို့ ကျွန်တော်ကတော့ လုံးဝ ယုံတယ်ဗျာ" ဟု စစ်တွေမြို့ခံ ကိုကျော်စံရွှေက ပြောကြားသည်။

သမ္မတဦးသိန်းစိန် လာရောက်မည့် သတင်းကြား၍ သံဃာများနှင့် တက်ကြွ လူငယ်များ ပူးပေါင်းကာ ကြိုဆိုမှုများ၊ ထောက်ခံမှုများ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နိုင်ရန် ကြိုတင်စီစဉ်လျက် ရှိကြောင်း သိရှိရသည်။ ရခိုင်ပြည်နယ်သည် မကြာသေးခင်က လူ့အခွင့်အရေးကိုယ်စား လှယ် ကင်တားနား လာရောက်ခဲ့စဉ်က အမျိုးသမီးများအပါအဝင် ကန့်ကွက်ဆန္ဒပြခဲ့ကြသည့် ပြည်နယ် ဖြစ်သည်။

သမ္မတဦးသိန်းစိန်သည် ရခိုင်ပြည်နယ်အရေးအခင်းများ ဖြစ်ပေါ်ပြီး ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး လာရောက်စဉ် တရားမဝင် ခိုးဝင်လာသူများကို တတိယနိုင်ငံများသို့ ပို့ဆောင်ပေးရန် ထုတ်ဖော် ပြောကြားခဲ့သူ ဖြစ်သည်။ ထို့အပြင် ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေ ကို ပြင်ဆင်ရန် အကြောင်း မရှိ ဟု ပြတ်ပြတ်သားသား ထုတ်ဖော်ပြောကြားခဲ့သူ ဖြစ်သည်။

သမ္မတဦးသိန်းစိန်သည် မြန်မာနိုင်ငံတွင် ရိုဟင်ဂျာ လုံးဝ မရှိဟု ကမ္ဘာသိ ထုတ်ဖော်ပြောကြားထားသော ခေါင်းဆောင်တစ်ဦး ဖြစ်ပြီး ပြည်သူများ၏ ဆန္ဒအရ OIC ရုံးခွဲများ မြန်မာနိုင်ငံတွင် ဖွင့်လှစ်ခွင့် လုံးဝ ပြုမည် မဟုတ်ကြောင်း ထုတ်ပြန် ကြေညာထားပြီး နောက်ပိုင်းတွင် ဥပဒေစိုးမိုးရေးကို ပြတ်ပြတ် သားသား ဆောင်ရွက်ရန် ရဲတပ်ဖွဲ့အား အမိန့်ပေးထားခဲ့သည်။

သမ္မတ၏ ရခိုင်ပြည်နယ်ခရီးစဉ်တွင် မည်သည့်ဒေသများသို့ သွားရောက်မည် မသိရှိရသေးသော်လည်း ဒုက္ခသည်စခန်းများသို့ သွားရောက် နိုင်ဖွယ်ရာ ရှိကြောင်း သိရှိရသည်။
                                                                                             (ရက္ခပူရ သတင်းစဉ်)

အိမ်အကူ အလုပ်လုပ်ရမည်ဟုဆိုပြီး ပြည့်တန်ဆာအဖြစ် ခိုင်းစေသူများကို အမှုဖွင့်

Posted by drmyochit Monday, September 30, 2013, under | No comments


အိမ်အကူ အလုပ်ရမည်ဟု ပြောဆိုခေါ်ဆောင်ပြီး ပြည့်တန်ဆာအဖြစ် ခိုင်းစေခဲ့သူများကို အရေးယူပေးရန် စက်တင်ဘာ ၂၉ ရက်တွင် တိုင်ကြားသဖြင့် ဒလရဲစခန်းက အမှုဖွင့် ဆောင်ရွက်လျက်ရှိသည်။

စက်တင်ဘာ ၄ ရက်က လှိုင်သာယာမြို့နယ်အတွင်း အိမ်အကူ အလုပ်ရမည်ဟု မ-----က ပြောဆိုကာ လိမ်လည်စေခိုင်းခဲ့သည်ဟု ဒလမြို့နယ်တွင် နေထိုင်သည့် အသက် (၂၂)နှစ်အရွယ် အမျိုးသမီးတစ်ဦးက အမှုဖွင့် တိုင်တန်းလိုက်သည်။

လှိုင်သာယာမြို့နယ် ရပ်ကွက်မသိ၊ ဘုရားလမ်းရှိ ကို-----ဆိုသူ အသက်(၃၀)နှစ်ခန့် အမျိုးသားတစ်ဦး၏ နေအိမ်တွင် ပြည့်တန်ဆာအဖြစ် လုပ်ကိုင်ရန် မ-----က ပို့ဆောင်ပေးခဲ့ခြင်းဖြစ်ကြောင်း တိုင်တန်းသူက ဆိုထားသည်။

ယင်းအပြင် ကို-----ဆိုသူနှင့် ၎င်း၏ ဇနီး----တို့က သူမအား ပြည့်တန်ဆာအဖြစ် ခိုင်းစေခြင်းနှင့် ထွက်ပြေးလျှင် ခြေထောက်များအား ရိုက်ချိုးပြီး ခန္ဓာကိုယ်အား ဓါးနှင့် မွန်းခြင်းတို့ပြုလုပ်မည်ဟု ခြိမ်းခြောက်ကြသဖြင့် ပြည့်တန်ဆာအဖြစ် လုပ်ကိုင်ခဲ့ရသည်ဟုလည်း ရဲအား ထွက်ဆိုထားသည်။

ထို့နောက် စက်တင်ဘာ ၂၇ ရက်တွင် ဒလမြို့ရှိ နေအိမ်သို့ ပြန်လည်ရောက်ရှိခဲ့ကာ စက်တင်ဘာလ ၂၉ ရက်တွင် မ---နှင့် လှိုင်သာယာမှ ကို----တို့ဇနီးမောင်နှံတို့ကို အရေးယူပေးရန် စွပ်စွဲတိုင်တန်းခြင်းဖြစ်သည်ဟု ရဲဌာနက ဆိုထားသည်။

ထို့ကြောင့် မြို့နယ်ရဲစခန်းက (ပ)၄၃၂ /၂၀၁၃ဖြင့် အမှုဖွင့်ကာ စွပ်စွဲတိုင်တန်းခံထားရသူများကို ဖမ်းဆီးစစ်ဆေးမည်ဖြစ်ကာ ပြစ်မှုထင်ရှားပါက ပုဒ်မ၃၇၂ဖြင့် တရားစွဲတင်မည်ဟု တိုင်းရဲဌာနမှ စုံစမ်းသိရသည်။

ဇော်ဇော်ထွေး |Mizzima - News in Burmese

ဟင်္သာတမြို့တွင် ကလေးငယ်တစ်ဦး ဓာတ်ဆီပက် မီးရှို့ခံရမှုဖြစ်ပွား

Posted by drmyochit Monday, September 30, 2013, under | No comments

ဟင်္သာတမြို့တွင် ကလေးငယ်လေးတစ်ဦး ဓာတ် ဆီဖြင့် ပတ်ပြီး မီးရှို့ခံရမှုတစ်ခု စက်တင်ဘာ ၂၈ က ဖြစ်ပွား ခဲ့ကြောင်း ကာယကံရှင် ကလေး၏ မိခင်ဖြစ် သူ ဒေါ်စိန်အိက မဇ္ဈိမကို ပြောသည်။

“ကလေးကို ဈေးဝယ်လွှတ်လိုက်တာကနေ မီးရှို့ ခံရ တာပါ၊ ခုကလေးက နောက်ကျောပိုင်းမှာ မီးလောင်ခံ ထားရပါတယ်” ဟု ဒေါ်စိန်အိက ဆိုခဲ့ သည်။

ဖြစ်စဉ်မှာ ဟင်္သာတမြို့၊ မြ၀တီရပ်ကွက်၊ သီရိအောင်မြေ (၇) လမ်းအတွင်းတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်ဟု သိရ သည်။ ဓာတ်ဆီပက်၍ မီးရှို့ခံရသူမှာ အသက်(၁၀)နှစ်ရှိ ဟိန်းထက်အောင် ဆိုသည့် ကလေးငယ် ဖြစ်ပြီး မီးလောင် မှုကြောင့် အသက်အန္တရာယ် မရှိသော်လည်း နောက်ကျောပိုင်းတွင် မီးလောင် ဒဏ်ရာများ ရရှိ ခဲ့သည်ဟု ယင်းတို့အား ကူညီဆောင်ရွက်ပေးနေသူ ကိုကျော်စွာက မဇ္ဈိမသို့ ပြောပြခဲ့ သည်။

“အသက် ၁၉ လောက်ရှိတဲ့ကလေးက လုပ်လိုက်တာပါ။ ဘာပဲဖြစ်ဖြစ်ပါ ခံသင့် ခံထိုက်တဲ့ ပြစ်ဒဏ်ကိုတော့ ပေးသင့် ပါတယ်” ဟု ၎င်းက ဆိုသည်။

ယင်းနေ့က ဈေးဝယ်ထွက်လာသော မောင်ဟိန်းထက်အောင်ဆိုသူအား တစ်ရပ်ကွက်အတွင်းနေ လူငယ်တစ်ဦးက ဓာတ်ဆီဆိုင်မှ ဆီဝယ်ပြီး ပတ်ဖျန်းကာ မီးခြစ်ဖြင့် မီးရှို့လိုက်ခြင်းဖြစ်သည်ဟု ကလေးငယ်၏ မိဘများက ဆိုသည်။

ထို့ကြောင့် အဆိုပါ အဖြစ်အပျက်အား ရပ်ကွက်အုပ်ချုပ်မှူးရုံးသို့ သွားရောက်တိုင်တန်းရာတွင် တစ်စုံ တစ်ရာ ဆောင်ရွက်ပေးခြင်း မရှိသည့်အတွက် ရဲစခန်းသို့ သွားရောက် တိုင်တန်းခဲ့သည့်သော်လည်း ယင်းနေ့ တွင် အမှုဖွင့်ပေးခြင်းမရှိသဖြင့် စက်တင်ဘာ ၂၉ ရက် နံနက်တွင် ထပ်မံသွားရောက်တိုင်တန်းမှ အမှုဖွင့်ပေး ခဲ့ကြောင်း လိုက်ပါကူညီသူ ကိုကျော်စွာက ဆိုသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်၍ ဟင်္သာတမြို့နယ် ရဲစခန်းမှ အမှုစစ်ဖြစ်သူ ဒု-ရဲအုပ် အောင်စေညွန့်က “လောလောဆယ်တော့ မီးရှို့သွားတဲ့သူကို လိုက်ရှာနေပါတယ်။ ဒီကိစ္စက ကလေးချင်း စရင်းနောက်ရင်း နဲ့ ဖြစ်သွားတာပါ၊ တိုင်တန်းခံရသူက ပထမကလေးတစ်ယောက်ကိုလည်း အဲလိုပဲ စပါတယ်။ ဒါပေမဲ့ မီးကို အချိန်မီငြှိမ်းနိုင်တယ်၊ အခုကလေးကျမှ လက်လွန်သွားတာပါ” ဟု မဇ္ဈိမ၏ ဆက်သွယ်မေးမြန်းမှု ကို ဖြေကြားခဲ့သည်။

ထို့ပြင် ပြစ်မှုကျူးလွန်သူဟု စွပ်စွဲတိုင် တန်းခံထားရသူမှာ အသက် (၁၄)၀န်းကျင်ရှိ ကလေးတစ်ဦးဖြစ်ကြောင်းနှင့် ယင်းအား အရေးယူရန် ရဲစခန်းက (ပ)၂၂၀/၂၀၁၃ဖြင့် အမှုဖွင့်ပြီး ပုဒ်မ ၃၂၄ဖြင့် စစ်ဆေးရန် ဆောင်ရွက်လျက် ရှိသည်ဟု ဟင်္သာတ အမှတ် (၁)ရဲစခန်းမှ ဒု-ရဲအုပ် မျိုးမင်းကလည်း မဇ္ဈိမသို့ အတည် ပြုပြောကြားခဲ့သည်။

ဇော်ဇော်ထွေး | Mizzima Burmese

အယ်ရှာဘတ်နှင့် ကင်ညာ စစ်ဖြစ်နေပြီဟု ကင်ညာအစိုးရ ကြေညာ

Posted by drmyochit Monday, September 30, 2013, under | No comments


နိုင်ရိုဘီ၊ စက်တင်ဘာ ၂၈

ကင်ညာနိုင်ငံ နိုင်ရိုဘီမြို့တော်ရှိ ဝက်ထ်ဂိတ် ဈေးဝယ်စင်တာကို အကြမ်းဖက် တိုက်ခိုက်ခဲ့သည့် အယ်ရှာ ဘတ် စစ်သွေးကြွအုပ်စုနှင့် ကင်ညာနိုင်ငံ စစ်ဖြစ်နေပြီဟု ကင်ညာ အစိုးရအဖွဲ့က ကြေညာ လိုက်ကြောင်း Reuters သတင်း တွင် ဖော်ပြထားသည်။

ကင်ညာမြို့တော်ရှိ ဝက်ထ်ဂိတ် ဈေးဝယ်စင်တာကို အယ်ရှာဘတ် စစ်သွေးကြွအုပ်စုက အကြမ်းဖက် တိုက်ခိုက် ခဲ့ခြင်းကြောင့် အရပ်သားနှင့် လုံခြုံရေး တပ်ဖွဲ့ဝင် ၆၇ ဦး သေဆုံးခဲ့ပြီး ယင်းကဲ့သို့သော တိုက်ခိုက် မှုကြီးများ ထပ်မံဖြစ်ပွားခြင်း မရှိအောင် ကာကွယ်ပေးမည်ဟုအစိုးရ အရာရှိများက ကင်ညာ ပြည်သူများ ကို အာမခံ ပြောကြားသည်။

သို့သော်လည်း အစ္စရေး လူမျိုးများ ပိုင်ဆိုင်သည့် ဝက်ထ်ဂိတ် ဈေးဝယ်စင်တာနှင့် မြို့တော်အတွင်းရှိ ခရစ်ယာန် ဘုရားရှိခိုး ကျောင်းများကို အယ်ရှာဘတ် အုပ်စုက အသေခံ ဗုံးခွဲတိုက်ခိုက်ရန် ကြံစည်နေပြီး အယ်ရှာ ဘတ် စစ်သွေးကြွ အဖွဲ့ဝင်များ နိုင်ရိုဘီမြို့တော်တွင်း ခိုအောင်းနေကြောင်း ကင်ညာ အမျိုးသား ထောက်လှမ်းရေး အဖွဲ့ (NIS) က ပြီးခဲ့သည့် ၂၀၁၂ ခုနှစ်ကတည်းက သတိပေးခဲ့ကြောင်း ကင်ညာ သတင်းစာ သုံးစောင်တွင် ထုတ်ဖော် ရေးသားခဲ့ကြသည်။

ကင်ညာ ထောက်လှမ်းရေး အဖွဲ့၏ သတိပေးချက်နှင့် နိုင်ငံခြား ထောက်လှမ်းရေး အဖွဲ့များ၏ သတိပေးချက်များကို ကင်ညာအစိုးရနှင့် စစ်ဘက်က အရေးယူ လုပ်ဆောင်ခြင်း မရှိသည်ကို Nation, Standard, Star သတင်းစာသုံးစောင်၏ မျက်နှာဖုံး စာမျက်နှာများတွင် မေးခွန်း ထုတ်ရေးသားလိုက်သည်။
“ဒါက ဟုတ်တယ်၊ မဟုတ်ဘူးလို့ တိတိကျကျ ဖြေလို့ရတဲ့ အဖြေမျိုး မဟုတ်ဘူး” ဟု ကင်ညာ ပြည်ထဲရေးဝန်ကြီးဌာန အတွင်းဝန် အီရင်ဂိုက Reuters သတင်းကို ပြောကြားလိုက်သည်။

ထို့အပြင် နေ့စဉ်နေ့တိုင်း ထောက်လှမ်းရေး သတိပေးချက်များ ရရှိနေပြီး အရေးယူမှုများ ဆောင်ရွက်နေသလို အကြမ်းဖက်ရန် ကြံစည်မှုများစွာကို ဖယ်ရှားနိုင်ခဲ့ကြောင်း ထောက်လှမ်းရေး သတိပေးချက်များ ရရှိရုံဖြင့် မည်သည့် ဖြစ်ရပ်မျှ မဖြစ်ပွားနိုင်ဟု မဆိုနိုင်ကြောင်း ၎င်းက ဖြည့်စွက် ပြောကြားသည်။
“ကျွန်တော် ပြောနိုင်တာကတော့ ကျွန်တော်တို့ စစ်ဖြစ်နေပါတယ်။ ကင်ညာ လူငယ်လေးတွေကို အယ်ရှာဘတ်အုပ်စုက အစွန်းရောက်ဝါဒ သွတ်သွင်းပြီး ကင်ညာတွေကို သတ်ဖြတ်ခိုင်းဖို့ နေ့စဉ် ကြိုးပမ်းနေပါတယ်” ဟု အီရင်ဂိုက မှတ်ချက်ပြုသည်။

ဝက်ထ်ဂိတ် ဈေးဝယ်စင်တာ တိုက်ခိုက်ခံရမှုနှင့် ပတ်သက်၍ ကင်ညာ လုံခြုံရေး အကြီးအကဲကို တနင်္လာနေ့၌ ကျင်းပမည့် လွှတ်တော် ကာကွယ်ရေးနှင့် နိုင်ငံခြားရေးရာ ကော်မတီ အစည်းအဝေး တွင် မေးမြန်းလိမ့်မည်ဟု အများက မျှော်လင့်နေချိန်တွင် သတင်းစာများ၏ အထက်ပါအတိုင်း ရေးသားမှု ပေါ်ပေါက်လာခြင်း ဖြစ်သည်။

အိန္ဒိယနိုင်ငံ မွန်ဘိုင်းမြို့၌ ၂၀၀၈ ခုနှစ်တွင်း ဖြစ်ပွားခဲ့သည့် သုံးရက်ကြာ အကြမ်းဖက် တိုက်ခိုက်မှု ကဲ့သို့သော လက်ပစ်ဗုံးများ၊ ချေမှုန်းရေး ရိုင်ဖယ်များ အသုံးပြု တိုက်ခိုက်မှုမျိုး ကင်ညာနိုင်ငံ၌ ဖြစ်ပေါ် နိုင်သည်ဟု NIS အဖွဲ့က ဖေဖော်ဝါရီလအတွင်း သတိပေးချက် ထုတ်ပြန်ခဲ့ကြောင်း ကင်ညာ သတင်းစာ The Star တွင် ဖော်ပြထားသည်။

ထို့အပြင် အယ်ရှာဘတ် စစ်သွေးကြွ အုပ်စုသည် ကင်ညာနိုင်ငံတွင်း လက်နက်ကိုင် ပစ်ခတ်မှုများ မကြာခဏ ပြုလုပ်လေ့ ရှိခြင်းကြောင့် တိုက်ခိုက်မှုကြီးများ ဆက်လက် ပြုလုပ်နိုင်မည်ဟု အများက မျှော်လင့်ထားပြီး ယင်းလုံခြုံရေး ခြိမ်းခြောက်မှုကို ကိုင်တွယ်နိုင်ရေးမှာ ကင်ညာသမ္မတ ကင်ယာတာအတွက် အဓိက စိန်ခေါ်ချက်တစ်ရပ် ဖြစ်နေသည်။

ဆိုမာလီယာ အခြေစိုက် အယ်ရှာဘတ် စစ်သွေးကြွ အဖွဲ့ခေါင်းဆောင်ကလည်း ကင်ညာနိုင်ငံတွင်း ယင်းကဲ့သို့သော တိုက်ခိုက်မှုများ ဆက်လက် ပြုလုပ်သွားမည်ဟု ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ခြိမ်း ခြောက် ပြောကြားထားသည်။

အယ်ရှာဘတ် စစ်သွေးကြွအုပ်စု၏ စစ်ဆင်ရေး စွမ်းရည်သည် ဆိုမာလီယာ နိုင်ငံတွင်းသာမက ပြင်ပနိုင်ငံများတွင်လည်း အကြမ်းဖက် တိုက်ခိုက်နိုင်ကြောင်း အနောက်နိုင်ငံများက သတိပေးထားပြီး ဝက်ထ်ဂိတ် ဈေးဝယ်စင်တာ တိုက်ခိုက်မှုက ယင်းသတိပေးချက်ကို အတည်ပြုပေးလိုက်ခြင်း ဖြစ်ကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။

The Voice Weekly

လူပေါင်း (၁၅ဝ)ခန့် သေဆုံးစေသော ကင်ညာ mall အကြမ်းဖက်မှု

Posted by drmyochit Monday, September 30, 2013, under | No comments


ကင်ညာနိုင်ငံ Nairobi mall တွင် ဖြစ်ပွားခဲ့သော အကြမ်းဖက်မှု၌ အကြမ်းဖက်သမားများက ဓားစာခံအဖြစ် ခေါ်ဆောင်သွားခဲ့သူများအား တုန်လှုပ်ခြောက်ခြားစရာ ကောင်းလောက်အောင်ကို နှိပ်စက်ညှဉ်းပန်းမှုများ ပြုလုပ်ခဲ့ကြသည်ဟု ကင်ညာစစ်သားများက ပြောဆိုခဲ့ကြောင်း သိရသည်။
အကြမ်းဖက်သမားများက ဓားစာခံများအား မျက်လုံးများ ဖောက်ထွင်းထားခဲ့ခြင်း ၊ ကိုယ်လက်အင်္ဂါ အပိုင်းပိုင်း ဖြတ်တောက်ထားခဲ့ခြင်း ၊ မျက်နှာကြက်တွင် တွဲလောင်းဆွဲထားခဲ့ခြင်းတို့ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အသတ်ခံခဲ့ရသော အမျိုးသားများဟာဆို သင်းကွပ်ခြင်း ခံခဲ့ရတာဖြစ်ပြီး ၎င်းတို့၏ မျက်လုံးများ မဖောက်ထွင်းမီ ၎င်းတို့၏ လက်ချောင်းများအား ပလာယာများဖြင့် ဖြတ်တောက်ခံခဲ့ရကြောင်း ၊ ထို့နောက် မျက်နှာကြက်တွင် တွဲလောင်း ဆွဲထားခြင်းတို့ကို ခံခဲ့ရတာဖြစ်ကြောင်း သိရသည်။

mall အတွင်းရှိ စားသောက်ဆိုင်များ၏ ရေခဲသေတ္တာထဲတွင် ကလေးငယ်များ၏ အလောင်းများဟာ ဓါးတန်းလန်း ထိုးစိုက်လျက် ဒီအတိုင်းထည့်ထားခဲ့တာ ဖြစ်ကြောင်းလည်း သိရသည်။

ရှုံးနိမ့်နိုင်ချေရှိသော အကြမ်းဖက်သမားများက ၎င်းတို့ ဘယ်သူ ၊ ဘယ်ဝါဆိုတာတွေကို သိရှိခြင်းမှ ကာကွယ်ရန် ပြာဖြစ်အောင် မီးလောင်စေသော အပြင်းဆုံးသော ကိုယ်ကို မီးရှို့ခြင်းဖြင့် ၎င်းတို့အား ပြာအဖြစ်သာ တွေ့ရှိခဲ့ရကြောင်း သိရသည်။

အကြမ်းဖက်သမားများ သတ်ဖြတ်ခဲ့သော သေဆုံးသူများ၏ အလောင်းများဟာ mall ကြမ်းပြင်တွင် ပြန့်ကျဲနေခဲ့ပြီး တတိယ mall ကိုမူ ကင်ညာ စစ်ဆင်ရေးတပ်ဖွဲ့နှင့် အကြမ်းဖက်သမားများ တိုက်ခိုက်ကြရာ၌  မီးရှို့ခဲ့ကြောင်း သိရသည်။

ကင်ညာ ကြက်ခြေနီတပ်ဖွဲ့က ထုတ်ပြန်သောစာရင်းအရ လူ(၇၁)ဦးဟာ ထိုအကြမ်းဖက်မှု၌ ပျောက်ဆုံးနေခဲ့ကြောင်း သိရသည်။

မျက်မြင်သက်သေများ၏ အပြောအရ အကြမ်းဖက်သမားများဟာ မျက်လုံးတွေ ၊ နားရွက်တွေ ၊ နှာခေါင်းတွေကို လှီးဖြတ်ပစ်ခဲ့ပြီး လက်များကို ဓါးများ ၊ ပလာယာများဖြင့် ခဲတံချွန်သလိုမျိုး လှီးဖြတ်ခဲ့ကာ မိမိ၏သွေးဖြင့် မိမိ၏နာမည်ကို ရေးစေခဲ့ကြောင်း ၊ ကလေးများကိုလည်း ဓါးဖြင့် ထိုးသတ်ခဲ့ကြောင်း သိရသည်။


Mall ခေါင်မိုးရှိ ကားရပ်နားရာနေရာကို အစိုးရအဖွဲ့များ ရောက်ရှိချိန်တွင် ကင်ညာစစ်သားများက ဒုံးကျည်ဖြင့် ပစ်ပြီးကူသောကြောင့် အမိုးပြိုကျခဲ့ပြီး mall အပေါ်အလွှာ သုံးထပ်လည်း ပြိုကျခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

လူပေါင်း (၁၅၀)ခန့်အထိဟာ ထို mall အတွင်းတွင် အသတ်ခံထားရဟန် ရှိကြောင်းလည်း သိရသည်။
ကယ်ဆယ်ရေးအဖွဲ့များ ရောက်လာချိန်တွင် ဓါးစာခံများအား တဘက်နားမှ တဘက်နားအထိ လှီးဖြတ်ခြင်း ၊ လည်ဖြတ်ခံရခြင်းတို့ဖြင့် သုံးလွှာလသာဆောင်များမှ ပစ်ချခြင်း ခံခဲ့ရကြောင်းလည်း သိရသည်။
ကယ်ဆယ်ရေးအဖွဲ့တွေ လာချိန်တွင် အကြမ်းဖက်သမားထဲက လက်ဖြောင့်သေနတ်သမားက ကယ်ဆယ်ရေးအဖွဲ့များအား (၂၄)နာရီနီးပါး ကြာအောင်ပင် တန်ပြန်ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်းလည်း သိရသည်။

၎င်းအားရှင်းလင်းရန် မျက်ရည်ယိုဗုံး သုံးခဲ့ချိန်တွင် အကြမ်းဖက်သမားတစ်ဦးက အသေခံဖောက်ခွဲခဲ့သဖြင့် supermarket အတွင်းရှိ ဒါဇင်ပေါင်းများစွာသော လူများ သေဆုံးစေခဲ့သော မီးလောင်မှု ဖြစ်ပေါ်လာခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

နောက်နာရီဝက်ကြာချိန်တွင် mall ဟာ တာဝန်ရှိသူများ လက်ထဲသို့ ပြန်ထိန်းသိမ်းနိုင်ခဲ့ကြောင်း သိရသည်။

ဆေးဝန်ထမ်းများ ၊ စစ်ဆင်ရေးအဖွဲ့များနှင့် အနံ့ခံခွေးများဟာ သေဆုံးသူများ ၊ mall အတွင်း ပိတ်မိနေသူများနှင့် ဖောက်ခွဲရေး ပစ္စည်းများအား ရှာဖွေတွေ့ရှိနိုင်ဖို့ အလို့ငှါ အထူးအားသွန်ခွန်စိုက် ကြိုးစားလျက် ရှိကြောင်း သိရသည်။

လွန်ခဲ့သော စနေနေ့က အကြမ်းဖက်သမား (၁၀)ဦးကနေ (၁၅)ဦးခန့်ဟာ mall ထဲကို ဝင်စီးခဲ့ တာဖြစ်ကြောင်း ကင်ညာ ရှိ တာဝန်ရှိများက ပြောဆိုခဲ့သည်။

ထိုစစ်ဆင်ရေးတွင် ကင်ညာ စစ်သားများအား အသေပစ်ဖမ်းဖို့ အမိန်းခြင်းခံခဲ့ရပြီး နှိမ်နင်းရာ၌ အကြမ်းဖက်သမား (၅)ဦး သေဆုံးခဲ့ကာ အခြား (၁၀)ဦးအား ထိန်းသိမ်းချုပ်နှောင်ထားကြောင်း သိရသည်။

Source : Daily Mail
From: ပုံရိပ်(burmesehearts.com)

ရခိုင်တိုင်းရင်းသားများ မကာကွယ်ပါက မြန်မာမြေပုံ ယခုအတိုင်း မရှိနိုင်ဟု သူရဦးရွှေမန်းဆို

Posted by drmyochit Monday, September 30, 2013, under | No comments


ရန်ကုန်၊ စက်တင်ဘာ ၂၉

ထူးခြားသည့် ပထဝီ အနေအထားအရ ရခိုင်ပြည်နယ်တွင် နယ်မြေပိုင်ဆိုင်ရေး၊ အချုပ်အခြာအာဏာ တည်တံ့ရေး အတွက် ရခိုင်တိုင်းရင်းသားများ ခက်ခက်ခဲခဲ ကာကွယ်နေရပြီး ရခိုင်တိုင်းရင်းသားများ သာ မကာကွယ် ခဲ့ပါက မြန်မာနိုင်ငံ မြေပုံသည် ယခုအတိုင်း တည်ရှိနေမည် မဟုတ်ကြောင်း ပြည်ထောင်စု လွှတ်တော် နာယက သူရဦးရွှေမန်းက ပြောကြားသည်။

ရန်ကုန်မြို့တော် International Business Centre (IBC) တွင် စက်တင်ဘာလ ၂၉ ရက်နေ့က ပြုလုပ် သည့် ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေး မိသားစု တွေ့ဆုံပွဲတွင် ၎င်းက ယင်းသို့ ပြောဆိုခြင်း ဖြစ်သည်။
“ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်မှု မရှိဘူးဆိုရင်။ ရခိုင်တွေ အဆမတန် ခက်ခက်ခဲခဲ ထမ်းဆောင်နေကြတဲ့ နယ်မြေပိုင်ဆိုင်ရေး၊ အချုပ်အခြာအာဏာ တည်မြဲရေး များစွာ အခက်အခဲရှိမှာ ဖြစ်ပါတယ်” ဟု ၎င်းကဆိုသည်။

လုံခြုံရေး မျက်ခြည်ပြတ် မခံနိုင်သည့် ရခိုင်ပြည်နယ်တွင် လုံခြုံရေးနှင့် တရားဥပဒေ စိုးမိုးမှု မရှိသေးကြောင်း ဦးရွှေမန်းက ပြောကြားသည်။“လုံခြုံရေးနဲ့ တည်ငြိမ်ရေး၊ အေးချမ်းရေး၊ တရားဥပဒေ စိုးမိုးရေး ရှိလားဆိုရင် မရှိသေးဘူးလို့ ဖြေရမှာပဲ။ ရှိတယ် ဆိုရင်လည်း မလုံလောက်သေးဘူးလို့ ကျွန်တော်ပြောရမှာ ဖြစ်တယ်” ဟု ဦးရွှေမန်းက ဆိုသည်။

မြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို အကောင်အထည် ဖော်ရာတွင် လက်နက်ကိုင် ပဋိပက္ခ ချုပ်ငြိမ်းရုံဖြင့် ငြိမ်းချမ်းရေးဟု ပြောဆို၍ မရကြောင်း၊ ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသည့် ပြဿနာများသည်လည်း ငြိမ်းချမ်းရေးကို အကောင်အထည် မဖော်ဆောင်နိုင်သည့် ပဋိပက္ခများ ဖြစ်ကြောင်း ၎င်းကထပ်မံ ပြောကြားသည်။

ရခိုင်ပြည်နယ်တွင် အမျိုးသား လုံခြုံရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး အတွင်း ဥပဒေများ ပြဋ္ဌာန်းကာ အကာအကွယ်ပေးရန် လိုအပ်ပြီး ရခိုင်ပြည်နယ် ဖွံ့ဖြိုး တိုးတက်ရေးအတွက် နယ်မြေလုံခြုံရေးနှင့် တရားဥပဒေ စိုးမိုးရေးတို့မှာ လွန်စွာ အရေးပါကြောင်း အထက်ပါ ဆွေးနွေးပွဲကို တက်ရောက်သည့် ရခိုင်ပြည်နယ် ကိုယ်စားလှယ်များ၏ တင်ပြချက်များအရ သိရှိရသည်။
“နယ်စပ်မှာ ခြံစည်းရိုး ကာထားရုံနဲ့ လုံခြုံမှု မရှိသေးဘူး။ ခြံစည်းရိုးမရှိတဲ့ ချောင်းတွေက နေ့စဉ်နဲ့အမျှ လှေတွေ ဝင်ထွက်နေကြတယ်။ ပိုက်ဆံတစ်ထောင် ပေးလိုက်ရင် နတ်မြစ်ကို လှေနဲ့ ထွက်လို့ရတယ်” ဟု ရခိုင်ပြည်နယ်ကိုယ်စား တင်ပြသည့် တရားလွှတ်တော်ရှေ့နေ ဦးဘိုမင်းဖြူက ပြောကြားသည်။

မြန်မာ- ဘင်္ဂလားဒေ့ရှ် နယ်စပ် ခြံစည်းရိုး အနီးရှိ ကျေးရွာများတွင် လက်နက်ကိုင် အုပ်စုများ ဝင်ရောက်မှုကို မကြာခဏ ကြုံတွေ့နေရပြီး ရခိုင်ပြည်နယ်တွင် RSO ခေါ် လက်နက်ကိုင် တပ်ဖွဲ့များ စစ်သင်တန်း ပေးနေသည်ဆိုသည့် သတင်းများကြောင့် ဒေသခံများ စိုးရိမ်မှု မြင့်တက်နေကြောင်း၊ မြန်မာနိုင်ငံတွင် သန်းခေါင်စာရင်း ကောက်မည်ဆိုသည့် အစီအစဉ်ကြောင့် နယ်စပ်က ခိုးဝင်မှုများ များပြားလာကြောင်း ရခိုင်ပြည်နယ် ကိုယ်စားလှယ်များက ဆိုသည်။

ရခိုင်နှင့် ဘင်္ဂါလီလူဦးရေ အလွန်ကွာဟသည့် မောင်တောနှင့် ဘူးသီးတောင်မြို့နယ်တို့တွင် တိုင်းရင်းသား ကျေးရွာများကို တိုးမြှင့်ချပေးရန်၊ ဒေသခံများကို ပြည်သူ့စစ် သင်တန်းများပေးရန် လိုအပ်ကြောင်း ၎င်းတို့၏ တင်ပြချက်များအရ သိရှိရသည်။

ယခုနှစ် ဒီဇင်ဘာလတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် အထွေထွေ ရွေးကောက်ပွဲ ကျင်းပမည်ဖြစ်ရာ နယ်စပ်ဒေသသို့ အနည်းနှင့်အများ ဂယက်ရိုက်မှုများ ရှိနိုင်သဖြင့် နယ်စပ် အခြေအနေများကို မျက်ခြည်မပြတ် စောင့်ကြည့်ရန် လိုအပ်ကြောင်း ရခိုင်ပြည်နယ် ပဋိပက္ခများ စုံစမ်းစစ်ဆေးရေး ကော်မရှင် အစီရင်ခံစာတွင် တိုက်တွန်းထားသည်။

The Voice Weekly

ပါကစ္စတန်တွင် ကားဗုံးပေါက်ကွဲမှုကြောင့် လူ ၄၀ ကျော် သေဆုံး

Posted by drmyochit Monday, September 30, 2013, under | No comments


တနင်္ဂနွေနေ့က ပက်ရှာဝါရှိ လမ်းတစ်ခုပေါ်တွင် မော်တော်ကား တစ်စင်းအတွင်း ထောင်ထားသည့် ဗုံးကို အဝေးထိန်း ခလုတ်ဖြင့် ဖောက်ခွဲခဲ့ပြီး လူပေါင်း (၄၂)ဦးထက်မနည်း သေဆုံးကာ အများအပြား ဒဏ်ရာရခဲ့ကြောင်း သတင်းများက ဖော်ပြခဲ့သည်။

ပါကစ္စတန် နိုင်ငံ၊ ပက်ရှာဝါမြို့တွင် ကားဗုံးတစ်လုံး ပေါက်ကွဲရာ လူပေါင်း (၄၀)ကျော် သေဆုံးသွားကြောင်း သိရှိရသည်။ တနင်္ဂနွေနေ့က ပက်ရှာဝါရှိ လမ်းတစ်ခုပေါ်တွင် မော်တော်ကား တစ်စင်းအတွင်း ထောင်ထားသည့် ဗုံးကို အဝေးထိန်း ခလုတ်ဖြင့် ဖောက်ခွဲခဲ့ပြီး လူပေါင်း (၄၂)ဦးထက်မနည်း သေဆုံးကာ အများအပြား ဒဏ်ရာရခဲ့ကြောင်း သတင်းများက ဖော်ပြခဲ့သည်။ ယင်းအခြေအနေသည် ပါကစ္စတန် အခြေစိုက် ဘာသာရေး အစွန်းရောက် စစ်သွေးကြွများနှင့် အစိုးရတို့ကြား ငြိမ်းချမ်းရေး ဆွေးနွေးရန် အစီအစဉ် ပျက်ပြားသွားစေရန် ပိုမိုကြီးမားသည့် ဖိအားမျိုးလည်း သက်ရောက်လာစေသည်။

ယခုတိုက်ခိုက်မှုသည် ပက်ရှာဝါတွင် တစ်ပတ်အတွင်း တတိယအကြိမ်မြောက် အကြမ်းဖက်မှုလည်း ဖြစ်ခဲ့သည်။ ထို့ကြောင့်လည်း မြို့ထဲရှိ ဆေးရုံများတွင် လူနာများ မပြတ်လပ်သလောက်နီးပါး ဖြစ်လာကြောင်း ဒေသခံ သတင်းမီဒီယာများက ဆိုသည်။ ဗုံးပေါက်ကွဲမှုကြောင့် ပက်ရှာဝါရှိ သမိုင်းဝင် နေရာတစ်ခုဖြစ်သော ပုံပြောသူများ ဈေးတန်းတွင် ပြင်းထန်စွာ ထိခိုက် ပျက်စီးသွားခဲ့သည်။ ထို့အပြင် အနီးရှိ နှစ်ထပ် အဆောက်အအုံတစ်လုံး ပြိုကျသွားသလို ဆိုင်ခန်းအများအပြား ထိခိုက်ခဲ့ရသည်။

မြို့၏ အုပ်ချုပ်ရေးဌာန တာဝန်ရှိသူ တစ်ဦးက အနည်းဆုံး လူ(၁၀၇)ဦးမျှ ဒဏ်ရာများ ရရှိခဲ့ကြောင်း Reutersသို့ ပြောကြားခဲ့သည်။ သေဆုံးသူများထဲတွင် အနီးရှိ ရွာငယ်တစ်ခုမှ ပက်ရှာဝါသို့ ရောက်ရှိလာကာ မင်္ဂလာပွဲ ကျင်းပရန် လိုအပ်သော ပစ္စည်းများ ဝယ်ယူနေသည့် မိသားစုဝင် (၁၅)ဦးလည်း ပါဝင်ကြောင်း သိရသည်။ "ပေါက်ကွဲမှု အရှိန်က ပြင်းလွန်းတယ်။ နောက်တော့ ကားတွေပါ မီးလောင်ကုန်တယ်။ မီးခိုးလုံး မည်းမည်းကြီးတွေ ဖုံးသွားပြီး နေရာတိုင်းလည်း ဆူညံသွားတာပဲ။ နေရာတိုင်းမှာ လူတွေလဲနေပြီး သွေးတွေဖုံးနေတာကို ကျွန်တော်မြင်ခဲ့တယ်"ဟု စာအုပ်ဆိုင် ပိုင်ရှင်တစ်ဦးဖြစ်သည့် နာဇာအလီက ပြောကြားခဲ့သည်။ ဗုံးပေါက်ကွဲချိန်တွင် ၎င်းသည် ဆိုင်ကို စတင်ဖွင့်လှစ်နေဆဲ ဖြစ်သည်။

သမိုင်းဝင် နေရာတစ်ခုဖြစ်သည့် ပုံပြောသူများ ဈေးတန်းသည် (၁၉၃၀)ပြည့်နှစ်နောက်ပိုင်း အဆိုးရွားဆုံး အနိဋ္ဌာရုံ အတွေ့အကြုံတစ်ခုကို ပိုင်ဆိုင်ခဲ့ခြင်း ဖြစ်သည်။ ထိုစဉ်က ဗြိတိသျှ အစိုးရ၏ စစ်သားများသည် ငြိမ်းချမ်းစွာ ဆန္ဒပြနေသူများကို ပစ်ခတ်ရာ ရာနှင့်ချီ သေဆုံးခဲ့ဖူးသည်။ ပက်ရှာဝါတွင် ပြီးခဲ့သည့် သီတင်းပတ်အတွင်း ခရစ်ယာန် ဘာသာဝင်များကို ဦးတည်သည့် အသေခံ ဗုံးခွဲမှုသမား နှစ်ဦးကြောင့် လူ(၈၂)ဦး သေဆုံးခဲ့သည်။ ထို့အပြင် သောကြာနေ့ကလည်း ယင်းမြို့အတွင်းရှိ အစိုးရ အမှုထမ်း ဖယ်ရီတစ်စင်းကို ဗုံးထောင်တိုက်ခိုက်မှုကြောင့် လူ(၁၈)ဦး သေဆုံးခဲ့သေးကြောင်း သိရှိရသည်။

From: Planet Myanmar Network

ကလေးတို့ရဲ့ အနာဂတ်မှာ စိတ်ဒဏ်ရာ အနာတရ ကင်းပစေဖို့

Posted by drmyochit Monday, September 30, 2013, under | No comments


ကလေး, အဓမ္မမှုကလေးတယောက် စိတ်ပိုင်း၊ ရုပ်ပိုင်း ဆိုင်ရာ မထိခိုက် မနာကျင်ရဘဲနဲ့ လုံလုံခြုံခြုံ ကြီးပြင်း ဖို့ ဆိုတာ သိပ်ကိုမှ အရေးကြီးလှ ပါတယ်။ ကလေး ဆိုတာမျိုးဟာ ခြောက်လိုက်ရင် ကြောက် တတ်၊ ချော့လိုက်ရင် ပျော့တတ်သူများ ဖြစ်တာမို့ ကမ္ဘာ့နေရာများ၊ နိုင်ငံများမှာ ကလေးတို့ကို စိတ်ပိုင်း၊ ရုပ်ပိုင်း အနိုင် ကျင့်မှုတွေ သိပ်ကိုမှ များပြားလှပါတယ်။

တခြား တိုးတက်တဲ့ နိုင်ငံတွေမှာတော့ အနိုင်ကျင့်လာရင် ဘယ်လို ကာကွယ်ရမယ်၊ ဘာတွေ လုပ်ရမယ် ဆိုတာ ကို ကျောင်းတွေက သင်ပေးကြတာမျိုး၊ မိဘတွေက ပြောဆိုဆုံးမ ထားတာမျိုး ရှိပါတယ်။ ကျမတို့ ဆီ မှာတော့ ဒီလို ကိစ္စမျိုးကို ကျောင်းတွေက သင်ပေးတာမျိုး အင်မတန်နည်းလှသေး သလို၊ မိဘများ ကလည်း အရေးတကြီး ကိစ္စတခု အနေနဲ့ ကလေးများကို သတိပေး သင်ကြားပေး ထားတာမျိုး မရှိပါဘူး။

ခေတ်ဘုန်းသစ်သည် စာရေးဆရာမ ပန်းရိပ်ဖြူ၏ ကလောင်ခွဲ ဖြစ်သည်။ခေတ်ဘုန်း သစ် ကလောင် အမည်ဖြင့် ကလေးစာပေ၊ ပုံပြင်၊ ကဗျာများရေးသားနေသကဲ့သို့ ပန်းရိပ်ဖြူ ကလောင်အမည်ဖြင့် ရသစာပေ ၀တ္ထုတို၊ ၀တ္ထုရှည်နှင့် ကဗျာများ ရေးသားလျက် ရှိသည်။

အထူးသဖြင့် ကလေးတို့ရဲ့ လိင်ပိုင်း ဆိုင်ရာကို ထိခိုက်စော်ကား ခံရမှုကိစ္စများကို ကလေးများဟာ သူတို့ကိုယ် သူတို့ ဘယ်လို ကာကွယ်ကြရမှန်း မသိရှာသေးပါဘူး။ မသိနားမလည်တဲ့ ကလေးတို့ခမြာ လိင်ပိုင်းဆိုင်ရာ ထိပါးစော်ကားမှု ခံကြရ ရှာပါ တယ်။ အဲဒီလို ခံစားကြရမှုဟာ အဓမ္မမှု အဆင့်ထိ မတတ်လာသေးတာ တောင်မှ ကလေးတို့ရဲ့ စိတ်ပိုင်း၊ ရုပ်ပိုင်းမှာ ထိခိုက်ခံစားမှု ဖြစ်စေ နိုင်တာမို့ အင်မတန် အန္တရာယ်ကြီးတဲ့ ကိစ္စပါ။

ဒီလိုကိစ္စတွေ ဘာကြောင့် ဖြစ်ရသလဲ လို့ ဆန်းစစ်ကြည့်တော့ ပထမဆုံး ကျမတို့ လူမျိုးတွေမှာ တွေ့ရတဲ့ အဓိက ပြဿနာက “အယုံလွန်ခြင်း၊ သို့မဟုတ် အယုံလွယ်ခြင်း” ကြောင့်ပါပဲ။ ကလေးကို အိမ်ဘေးနားမှာ အပ်ခဲ့တာမျိုး၊ တွေ့တဲ့ လူနဲ့ ကျောင်းကြို ကျောင်းပို့ လုပ်ခိုင်းတာမျိုး၊ ကလေးတယောက်တည်း ဟိုနား ဒီနား ဈေးဝယ်ခိုင်းတာမျိုးတွေ လုပ်ခိုင်း တတ်ကြ ပါတယ်။ ပြီးတော့ မိဘ တော်တော်များများဟာ ကလေးတို့ကို အကြောက်နဲ့ အုပ်ချုပ်ကြတာ များတာမို့ ကလေးတို့ဟာ သူတို့ကို ထိပါး ခံလာရတဲ့ ကိစ္စတွေကို လူကြီးတွေထံ ပြန်မပြောရဲကြပါဘူး။ ပြန်ပြောလိုက်ရင် အဆူခံရမှာ၊ အရိုက်ခံရမှာ ကြောက်ကြပါတယ်။

မိဘများ အနေနဲ့ကလည်း ကလေးတို့ကို ဘယ်လိုနေရမယ်၊ ဘယ်လိုရှောင်ရမယ်၊ တကယ်လို့ ကိုယ့်ကို ထိပါးကိုင်တွယ် လာရင် ဘယ်လို ကာကွယ် ရမယ် ဆိုတာကို သင်ကြားပေး ထားတာ မဟုတ်တော့ ကလေးတို့ဟာ ကိုယ့်ကိုယ်ကိုယ် မကာကွယ် တတ်ကြပါဘူး။ တချို့တလေများဆို မိဘရှေ့မှာတောင်မှ ကလေးများကို ချစ်လို့ ဆိုတဲ့ အကြောင်းပြချက်နဲ့ စသလို၊ နောက်သလို ကိုင်တွယ်တတ်ကြတာ ရှိပါသေးတယ်။ အမှန်တော့ ဒါဟာ လက်ခံရမယ့် ကိစ္စ မဟုတ်ပါဘူး။ အားနာလို့ ဆိုပြီးတော့ ထိုင်ကြည့်နေရမယ့် အရာမဟုတ်ပါဘူး။ ကလေး ဘယ်လောက်ငယ်ငယ်၊ မွေးစပဲ ဖြစ်ပါစေ လက်မခံရမယ့် အပြုအမူမျိုးပါ။

အဲဒီလိုပဲ ကလေးနည်းနည်း ကြီးလာ၊ နားလည်လာပြီ ဆိုရင်ဖြင့် ကလေးတို့ရဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းများဟာ တကိုယ်ရေ အရေးကြီးတဲ့ အင်္ဂါများ ဖြစ်တဲ့အကြောင်း၊ ဘယ်သူ့ကိုမှ အကိုင်အတွယ် မခံဖို့ အကြောင်း၊ တကယ်လို့ ထိပါး ကိုင်တွယ် လာပြီဆိုရင်လည်း အော်ပြီးတော့ အဝေးကို ထွက်ပြေးဖို့ လိုတဲ့ အကြောင်း ကလေးကို နားလည်အောင် သင်ကြားပေးထား ရပါမယ်။

ကလေးဆိုတဲ့ နေရာမှာ မိန်းကလေးမှ အရေးကြီးတာ မဟုတ်ပါဘူး။ ယောက်ျားလေးလည်း အရေးကြီး ပါတယ်။ ယောက်ျားလေးပဲ၊ အရေး မကြီးဘူး၊ တွေ့ရာလူနဲ့ ထည့်လိုက်တာပဲ ဆိုပြီးတော့ ကျမတို့ရဲ့ မြန်မာ မိဘတော်တော်များများ လုပ်လေ့ ရှိပါတယ်။ အဲလို လုပ်ခြင်းဟာ အင်မတန်မှ မှားယွင်းတဲ့ အပြုအမူပါ။ ကလေးသူငယ် ယောက်ျားလေးကို ယောက်ျားကြီးက အဓမ္မပြုကျင့်တာ၊ ထိပါးကိုင်တွယ်တာ မျိုးတွေလည်း ကျမတို့ ဆီမှာ တော်တော်များများ ရှိလာကြပါပြီ။

ကျမတို့ဆီမှာ ကလေးတို့ကို ဖျားယောင်း သွေးဆောင်ကြတဲ့ အခါမှာ လုပ်တတ်တဲ့ အလုပ်တွေ ထဲက တခုကတော့ လမ်းပြခိုင်းခြင်း ပါပဲ။ ဘယ်နားကို မသွားတတ်လို့ လိုက်ပို့ပါ၊ ဟိုနား ပို့ပေးပါ၊ ဒီနား ပို့ပေးပါ ဆိုတာမျိုးပါ။ သူစိမ်းတွေ ခေါ်ရာကို တယောက်တည်း မလိုက်ဖို့ ကလေးများကို ကြိုတင် သတိပေး ထားဖို့ လိုပါတယ်။ နောက်တခုကတော့ စူပါမားကတ်များပါ။ လူရှုပ်တဲ့ စူပါမားကက်များမှာ မိဘများက ရှေ့က ပစ္စည်းကို သဲကြီးမဲကြီးရွေးနေ၊ ကလေးက နောက်မှာ ရှိနေတယ်၊ မရှိနေဘူး ဆိုတာ သတိမထားမိ ဖြစ်တတ်ကြပါတယ်။ အဲဒီ အချိန်မှာ ကိုယ့်ကလေးရဲ့ အနားမှာ ကလေးကို အရုပ် (သို့) သကြားလုံးလေးပြ ချော့ပြီးတော့ ဖမ်းခေါ်သွားနိုင်တဲ့ လူတယောက်ယောက် ရှိမနေဘူးလို့ ဘယ်သူမှ မပြောနိုင်ပါဘူး။ ဒါကြောင့်မို့လို့ လူရှုပ်တဲ့ နေရာတွေကို သွားတဲ့ အခါမျိုးမှာ ကလေးတို့ကို မျက်စိအောက်က အပျောက် မခံသင့်ပါဘူး။

ကလေးတို့ ကျောင်းကို သွားတဲ့အခါမှာ ကျောင်းနဲ့ အိမ်အကြား လမ်းမှာ ကိုယ်မသိတဲ့ သူစိမ်းတရံဆံများနဲ့ စကားရပ် မပြောဖို့၊ သူများ ကျွေးတာ မစားဖို့၊ ရပ်ထားတဲ့ ကားတွေ အနားကနေ အရမ်းကပ်ပြီးတော့ မသွားဖို့ သင်ကြားပေးထားဖို့လည်း လိုပါတယ်။

ကလေးကို ဆွေမျိုးသားချင်းများနဲ့ ထားခဲ့တာက လွဲရင် ဘယ်လို တစိမ်းတရံဆံနဲ့မှ ထားမပစ်ခဲ့သင့် ပါဘူး။ ဘာပဲ ကြုံလာလာ၊ တွေ့လာလာ လူကြီးမိဘကို အကုန်လုံး ပြန်ပြောရဲ စေဖို့ အတွက် ကလေးတို့ကို ရဲရဲရင့်ရင့်နဲ့ ပြောတတ် ဆိုတတ်အောင် လေ့ကျင့်ပေးဖို့ လိုပါတယ်။

လူ့ရဲ့ စိတ်ဆိုတာဟာ အင်မတန်မှ မြင်ရခက်ပါတယ်။ မိဘများ အနေနဲ့ ကိုယ့်ရဲ့ကလေးကို ကိုယ် ကာကွယ်ဖို့ အတွက် ဘယ် သူစိမ်းတရံဆံရဲ့ လက်ထဲကိုမှ ကိုယ့်ရဲ့ကလေးကို ယုံယုံကြည်ကြည်နဲ့ ထည့်မပေးလိုက်ဖို့ လိုပါတယ်။ ကလေးတို့ ကျန်းမာဖို့၊ ဖွံ့ဖြိုးဖို့၊ ပညာတတ်ဖို့ အရေးကြီးသလိုပဲ ကလေးတို့ အနေနဲ့ ကလေးဘ၀ကို စိတ်လုံခြုံမှု၊ ကိုယ်လုံခြုံမှု ရှိရှိနဲ့ ဖြတ်သန်းနိုင်ဖို့ ဆိုတဲ့ ကိစ္စဟာ အင်မတန်မှ အရေးကြီးတဲ့ အရာပါပဲ။ ကလေးတို့ အနိုင်ကျင့် စော်ကားမခံရဖို့ လည်း အရေးကြီး ပါတယ်။

ကျမရဲ့ မိတ်ဆွေ အမျိုးသမီးကြီး တယောက်ဆိုရင် သူငယ်ငယ် အသက် ၈ နှစ်၊ ၉ နှစ် လောက် ကတည်းကိုက လိင်ပိုင်း ဆိုင်ရာ ထိပါးနှောင့်ယှက်မှုကို ခံခဲ့ရတယ်လို့ ဆိုပါတယ်။ စိတ်ချရတဲ့ ဆိုက်ကားဆရာနဲ့ ကျောင်းကို လွှတ်တာပါလို့ သူ့ရဲ့ အမေက ထင်ပေမယ့်လည်း အဲဒီ သမီးလေးငယ်လေးကို ဆိုက်ကားသမားက အပေါ်ယံ လိင်ပိုင်းဆိုင်ရာ ထိပါး နှောင့်ယှက် နေတာကို သူ့ရဲ့ အမေခမြာ မသိရှာပါဘူး။ စိတ်ထဲမှာ ငယ်စဉ်ကတည်းက ယောက်ျားလေးတွေကို မုန်းတီးတဲ့စိတ်၊ အိမ်ထောင်ပြုရမှာကို ကြောက်ရွံ့တဲ့စိတ် ၀င်ခဲ့တယ်လို့ ဆိုပါတယ်။ အမေကလည်း အကြောက်နဲ့ အုပ်ချုပ်တဲ့ အမေမျိုးမို့ အမေကို ပြန်တိုင်ပြောဖို့ လည်း မရဲခဲ့ရှာပါဘူး။ အဓမ္မမှု အထိ ကျူးလွန် မခံခဲ့ရတာကိုပဲ ကျေးဇူးတင်ရကြောင်း ကျမကို ပြောပြရှာပါတယ်။

ကျမတို့ဆီက ဥပဒေတွေမှာ ကလေးသူငယ်ဆိုင်ရာ လိင်ပိုင်းစော်ကားမှုကို ကျူးလွန်ရင် တရားစွဲလို့ရ၊ အပြစ်ပေးလို့ ရပေမယ့် ဒီိလို အပေါ်ယံ စော်ကားတာမျိုးကိုတော့ တိုင်တာ၊ တောတာ၊ အပြစ်ပေးတာမျိုး မကြားရ၊ မကြုံရသေးပါဘူး။ ဥပဒေမှာ ကလေးသူငယ်များကို အပေါ်ယံ ကျူးလွန်စော်ကားခဲ့ရင် ဘယ်လိုမျိုး အပြစ်ပေးရမယ်လို့ သတ်မှတ်ထားတာ မရှိသေးဘူးလို့ ထင်တာပါပဲ။ တကယ်လို့ မရှိသေးခဲ့ရင်ဖြင့် ဥပဒေ တရပ်အနေနဲ့ ပြဋ္ဌာန်းပေးဖို့ လိုပါပြီ။ ဒီလို ကျူးလွန် စော်ကားမှုမျိုး ဟာလည်း အဓမ္မမှု အထိ မရောက်ပေမယ့် ကလေးတို့ရဲ့ ရင်ထဲမှာ ချွန်မြတဲ့ အန္တရာယ် ဆူးတချောင်းလို စိုက်ဝင်သွားနိုင်တဲ့ စော်ကားမှုမျိုး ဖြစ်တာကြောင့် ကလေးရဲ့ အနာဂတ်မှာ အရိပ်မည်းကြီး ဖြစ်သွားစေပါတယ်။ နောက်တခုက စော်ကားသူများ အနေနဲ့လည်း အဓမ္မမှု မဟုတ်တာမို့ ငြင်းလို့ရနေတာပဲ ဆိုပြီးတော့ လွယ်လင့်တကူ ကျူးလွန်တတ်ကြ ပါတယ်။ ဒါကြောင့်မို့ ပြင်းထန် ထိရောက်တဲ့ ဥပဒေ တရပ်နဲ့ တားမြစ်ဖို့ လိုပါတယ်။

မကြာသေးခင်က ဂျာနယ်တခုမှာ အရွယ်မရောက်သေးတဲ့ ကလေးတွေနဲ့ ပတ်သက်ပြီး သတင်းတခု ဖတ်ခဲ့ရပါတယ်။ သင်္ဃန်းကျွန်းမြို့နယ် လွှတ်တော် အမတ် ဦးသိန်းညွန့်က အရွယ်မရောက်သေးတဲ့ ကလေးသူငယ်တွေ အပေါ် လိင်ပိုင်းဆိုင်ရာ ပြစ်မှု ကျူးလွန်သူများကို သေဒဏ်ချမှတ်သည် အထိ အပြစ်ပေးအရေးယူရေး အဆိုတင်သွင်းမယ် ဆိုတဲ့ သတင်းပါ။ ဒီသတင်းဟာ အရွယ်မရောက်သေးတဲ့ ကလေးသူငယ်တို့ အတွက် ထိရောက်တဲ့ အကာအကွယ် တခုဖြစ်လာဖို့ မျှော်လင့်မိပါတယ်။

မိဘတို့ အနေနဲ့လည်း ကိုယ့်ရဲ့ ကလေးကို ယောက်ျားလေး ဖြစ်စေ၊ မိန်းကလေး ဖြစ်စေ စိတ်လုံခြုံမှု၊ ကိုယ်လုံခြုံမှု ရှိစေဖို့ အတွက် တာဝန်ယူ ထိန်းသိမ်းစောင့်ရှောက် သင်ကြားပေးဖို့ လိုပါတယ်။ ကလေးတို့ရဲ့ အနာဂတ် ဘ၀ခရီးမှာ စိတ်ဒဏ်ရာကင်းပပြီး ရှင်သန်ဖြတ်သန်းသွားစေဖို့ အတွက် ကလေးများကို ၀ိုင်းဝန်းပြီး အကူအညီ ပေးကြပါဦး။


ခေတ်ဘုန်းသစ်| ဧရာဝတီ

အသက်ကြီးကြီးမမကြီးတွေကို ချစ်နေသောမောင်လေးများနှင့် အသက်ငယ်ငယ်မောင်လေးတွေကို ချစ်နေတဲ့ မမကြီးတို့ မဖြစ်မနေဖတ်ဖို့

Posted by drmyochit Monday, September 30, 2013, under | 7 comments


Q: ဆရာ ကျွန်တော် တိုင်ပင်စရာ တစ်ခု ရှိလို့။ အခု ကျွန်တော့် အသက်က ၂၀ ပါဆရာ။ ကျွန်တော့် ချစ်သူက အသက် ၂၉ ပါ။ အသက်က တော်တော် ကွာနေတယ် ဆရာ။အဲဒါ ကျွန်တော့် သူငယ်ချင်းတွေက ၀ိုင်းပြောနေကြတယ်။ အဖွားကြီးကို ယူရင် မင်းဘ၀တော့ လူညွန့်တုံးပြီတဲ့ ဆရာ။ မိန်းကလေးတွေက အသက် ၄၀ ကျော်ရင် အဲဒီဘက်တွေ စိတ်မပါတော့ဘူးတဲ့။အဲဒီကိစ္စတွေကြောင့် ကျွန်တော် အမြဲ စိတ်ညစ်နေရတယ် ဆရာ။ သူ့ကို ကျွန်တော် ချစ်တယ်။ ဒါပေမဲ့ အဲဒီကိစ္စတွေ တွေးလိုက်ရင် ကျွန်တော် တွေဝေသွားတတ်တယ်။ အဲဒါဆရာ့ဆီက အကြံဉာဏ် တောင်းမလို့ပါ ဆရာ။ ဘယ်လို လုပ်ရင် ကောင်းမလဲလို့။

ပြီးတော့ မိန်းကလေးတွေ သွေးဆုံးပြီးသွားရင် HIV/AIDS ရောဂါကို သူတို့ဆီက မကူးတော့ဘူးဆိုတာ သေချာလားဆရာ။ ကျွန်တော် မေးတာကို ကျေးဇူးပြုပြီး ပြန်ဖြေပေးပါ ဆရာ။

Q: သည်ဘလော့(ဂ်)ထဲက Last Post On Masturbation ဆိုတဲ့ စာရဲ့ အောက်မှာ မေးသွားတဲ့ မေးခွန်းပါ။ စာရောက်နေတာ တစ်လကျော် နှစ်လနား နီးနေပြီ ဖြစ်ပေမယ့် ကျွန်တော့်မှာ ဗျာများနေတာနဲ့ အခုမှ အဖြေပေးလိုက်နိုင်ပါတယ်။

ယောက်ျားလေးက ငယ်နေပြီး မိန်းကလေးက အသက်ကြီးနေရင်၊ ဒါမှမဟုတ် ရွယ်တူဖြစ်နေရင် အဲလို ချစ်သူစုံတွဲတွေ အိမ်ထောင်ပြုတဲ့အထိ ကျွန်တော်က လုံးဝ အားမပေးချင်ပါဘူး။ “ယောက်ျားပဇင်း၊ မိန်းမ ပုခက်တွင်း”ဆိုတဲ့ မြန်မာဆိုရိုးစကားဟာ အမှန်တော့ ဆင်ခြင်တုံတရားနဲ့ ပြည့်ဝတဲ့ စကားလို့တောင် ဆိုနိုင်ပါလိမ့်မယ်။

ယောက်ျားနဲ့ မိန်းမတို့ရဲ့ ကိုယ်ခန္ဓာဖွဲ့စည်းပုံတွေ ကွာခြားပါတယ်။ အလားတူပဲ ကိုယ်ခန္ဓာဖွံ့ဖြိုးမှုနဲ့ ယိုယွင်းမှုမှာလည်း အကြီးအကျယ် ကွာပါတယ်။ ယောက်ျားလေးတွေ ၁၃-၄ နှစ်မှာ ပုဆိုးကွင်းသိုင်းနဲ့၊ ဘောင်းဘီတိုနဲ့ ကလေးတစ်ယောက်လို အရပ်ထဲ လည်ဆော့လို့ ကောင်းနေပေမယ့် မိန်းကလေး အဲဒီ့အရွယ်ဟာ အပျိုရည် အပျိုသွေးတွေ စတင်နေပါပြီ။ အမျိုးသမီးတို့ရဲ့ လစဉ်ဓမ္မတာ သွေးပေါ်တာလည်း အဲဒီ့အရွယ်လောက်ဆိုရင် စပါပြီ။ ပြောရရင် အဲဒီ့အရွယ်ဟာ မိန်းကလေးတွေ လင်ယူသားမွေးဖို့အတွက် စတင် ပြင်ဆင်ချိန်ပါပဲ။ ယောက်ျားလေးတွေအတွက်ကျတော့ အဲဒါက တစ်နှစ်၊ နှစ်နှစ်လောက် နောက်ကျပါတယ်။ အလွယ်ပြောရရင် ကြီးကောင်ဝင်ရာမှာ မိန်းကလေးက ယောက်ျားလေးတွေထက် စောပါတယ်။ အရပ်အမောင်း၊ ကိုယ်လုံးကိုယ်ဖန်မှာတင် သည်အချက်က တအားသိသာပါတယ်။

ကြီးကောင်ဝင်ရာမှာ ယောက်ျားတွေထက် စောသလို အရွယ်ကျရာမှာလည်း မိန်းမတွေက ယောက်ျားတွေထက် စောပြန်တယ်။ မိမိကိုယ်မိမိ တအား ထိန်းသိမ်းတတ်တဲ့ မိန်းမတွေ၊ ဘ၀ပေး ကုသိုလ်ကောင်းတဲ့ မိန်းမတွေကျတော့ ၅၀ ကျော်၊ ၆၀ လောက်အထိ အပြင်ပန်းအမြင်မှာ တင့်တင့်တယ်တယ် ရှိနေနိုင်သေးတာ မှန်ပေမယ့် အဲဒါက အနည်းစုသာ ဖြစ်ပါတယ်။ နောက်တစ်ခုက အပြင်ပန်းမှာသာ တင့်တယ်နေပြီး အတွင်းပိုင်းက ယိုယွင်းနေတာတွေကိုကျတော့ သူ့အိမ်ထောင်ဖက်မှသာ သိနိုင်တာမျိုးပါ။

အများစုအတွက်ကတော့ ၄၀ ကျော်လာ၊ ကလေးသားမြေး ရပြီးချိန်မှာ အပြင်ပန်းမှာတင်ပဲ ပုံပျက်ပန်းပျက် ဖြစ်လာတတ်ပါတယ်။ အတွင်းပိုင်း ယိုယွင်းမှုကလည်း သိသာလာတတ်တယ်။

ပြဿနာက ကျွန်တော့်ဆီ စာရေးလာတဲ့ အသက် ၂၀ လူငယ်လေးရဲ့ သူငယ်ချင်းတွေ ပြောသလို မိန်းမတွေ ၄၀ ကျော်လာချိန်မှာ လိင်စိတ်တွေ ကုန်ခမ်းသွားတာ မဟုတ်ပါဘူး။ လိင်စိတ်ဆိုတာ ခြောက်ခမ်းရိုးထုံးစံလည်း မရှိပါဘူး။ ကိုယ်ရော၊ စိတ်ပါ ကျန်းမာနေရင် လိင်စိတ်ဟာ အရွယ်သုံးပါးစလုံးမှာ ရှိနေနိုင်ပါတယ်။

မိန်းမတွေရဲ့ လိင်စိတ်ဟာ ယောက်ျားတွေလို မဟုတ်ဘဲ အလကားနေရင်း ထကြွမနေတတ်တာတော့ အမှန်ပါပဲ။ အဲဒါကျတော့ အရွယ်နဲ့ မဆိုင်ပါဘူး။ ဘယ်အရွယ် မိန်းမဖြစ်ဖြစ်၊ ဘယ်လောက် သွေးသားကောင်းကောင်း၊ တစ်ဖက်သားရဲ့ လှုံ့ဆော်မှု မရှိဘဲနဲ့ မိန်းမတစ်ယောက်ရဲ့ လိင်စိတ်ဟာ အလကားနေရင်း ထ ဖြစ်ခဲလှပါတယ်။ ရှားရှားပါးပါး၊ တစ်ထောင်တစ်ယောက်၊ တစ်သောင်းတစ်ယောက်လောက်သာ ယောက်ျားများနည်းတူ အလကားနေရင်း လိင်စိတ်တွေ နိုးကြားတတ်တာပါ။

ယောက်ျားတွေကတော့ အားအားရှိ သည်စိတ်က ဦးဆောင်နေပါတယ်။ မျက်စိအာရုံ၊ နားအာရုံကြောင့်၊ ဘာမဟုတ်တဲ့ အတွေ့အထိခဏတာလေးကြောင့် လိင်စိတ် နိုးကြားလွယ်တာ ယောက်ျားများပါပဲ။ အပြာကားတွေ၊ အပြာစာအုပ်တွေရဲ့ အဓိက ပရိသတ်ဟာ ယောက်ျားသားများသာ ဖြစ်ပါတယ်။ မိန်းမသားတွေက မကြည့်ဖူး၊ မမြင်ဖူးသေးလို့သာ ခဏတဖြုတ် ကြည့်ကြပါလိမ့်မယ်။ ယောက်ျားတွေလို စွဲစွဲလန်းလန်းကြီး မဖြစ်ကြပါဘူး။ တချို့မိန်းမတွေဆိုရင် အဲဒါတွေ ကြည့်ပြီး၊ ဖတ်ပြီး၊ အော်ဂလီဆန်လာ၊ ရွံရှာစက်ဆုပ်လာတတ်ကာ နဂိုက ရှိနေတဲ့ လိင်စိတ်တောင် ငုပ်ကုန်တတ်ပါတယ်။

ပြောချင်တာက အလကားနေရင်း လိင်စိတ်နိုးကြားတတ်တဲ့ ယောက်ျားသားတစ်ယောက်ဟာ အရွယ်လွန်နေသည့်တိုင် သည်စိတ်တွေ ပြင်းပြနေတတ်တဲ့ သဘာဝကိုပါပဲ။ ယောက်ျားတစ်ယောက်ဟာ “ဖွဲတစ်ဆုပ်နိုင်တဲ့အထိ” သည်စိတ်တွေ ပြင်းထန်နေတတ်ပါတယ်။

အသက် ၄၅ နှစ်အရွယ် ယောက်ျားတစ်ယောက်ဟာ ကိုယ်နဲ့ ရွယ်တူလည်းဖြစ်၊ ကိုယ့်အိမ်ထောင်ဖက်လည်းဖြစ်တဲ့ အသက် ၄၅ နှစ်အရွယ် မိန်းမတစ်ယောက်ကို မြင်ရုံနဲ့ ရင်မခုန်တော့တာတော့ အင်မတန် သေချာတဲ့အချက်ပါ။ အဲဒီ့မတိုင်ခင် နှစ် ၂၀ လောက်ကတော့ သည်မိန်းမအပေါ် မြင်ရုံနဲ့ ရင်ခုန်ခဲ့ဖူးမှာ မှန်ပေမယ့် နှစ် ၂၀ လောက် ပေါင်းဖက်လာပြီးတဲ့အခါမှာတော့ သူ့အတွက် သည်မိန်းမဟာ ရင်ခုန်စရာ တစ်စက်မှ မရှိတော့မှာ သေချာပါတယ်။ ယောက်ျားတို့ရဲ့ အချိန်မရွေး၊ နေရာမရွေး၊ လူပုဂ္ဂိုလ်မရွေး နိုးကြားနိုင်တဲ့ လိင်စိတ်အရ အဲဒီ့မိန်းမကို လိင်ဆက်ဆံဖို့အတွက်တော့ နိုးကြားချင် နိုးကြားနေနိုင်ပါသေးတယ်။ ဒါပေမယ့် တကယ်တမ်းမှာ ၄၅ နှစ် ယောက်ျားတစ်ယောက်ဟာ ကိုယ့်အိမ်ထောင်ဖက်မှအပ တခြားတစ်ပါးသော မိန်းမများကိုသာ ရင်ခုန်နေပါပြီ၊ လိင်စိတ်အရလည်း ပိုမို နိုးကြား တောင့်တနေတတ်ကြပါပြီ။ ခါရာအိုခေဆိုင်တွေ၊ အနှိပ်ခန်းတွေ၊ ဇိမ်ခန်းတွေဆီ ရောက်နေတဲ့ ယောက်ျားတွေရဲ့ အရွယ်တန်းကို ကြည့်ရင် ၄၀ နဲ့ အထက် ပရိသတ်က အဆမတန် များပြားနေတာကို တွေ့ရမှာပါ။ သည်အချက်နဲ့တင် ကျွန်တော်ပြောနေတဲ့ “နွားအို မြက်နုကြိုက်”လာတဲ့ သဘောက အလွန်ထင်ရှားပါတယ်။

အဲ… ယောက်ျားက ၄၅ နှစ်၊ မိန်းမက ၅၀၊ ဒါမှမဟုတ် ၅၅ နှစ်ဖြစ်နေရင်တော့လား၊ အဲဒီ့ယောက်ျားဟာ ကျင့်ဝတ်စည်းကမ်းတွေအရသာ သူနဲ့ ပေါင်းလာခဲ့တဲ့ မိန်းမ အပေါ်မှာ သားမှတ်မှတ် မယားမှတ်မှတ် ပေါင်းနေဦးမှာပေမယ့် လစ်တာနဲ့ ကြောင်သူတော် ကြွက်သူခိုး လုပ်နေမှာလည်း မလွဲပါဘူး။ ဒါမှမဟုတ်လည်း အတွင်းလှိုက်ပြီး တရိရိနဲ့ စိတ်အဆင်းရဲကြီး ဆင်းရဲနေတော့မှာပါ။ လူရှေ့မှာလည်း ကိုယ့်မိန်းမကို ပွဲမထုတ်ရဲတဲ့ ဘ၀ကို ရောက်နေတာတွေလည်း ကျွန်တော့် မျက်လုံးနဲ့ တပ်အပ်မြင်ခဲ့ဖူးပါတယ်။

ခြွင်းချက်တော့ ရှိသပေါ့။ ယောက်ျားက ခြေမဲ့လက်မဲ့၊ မိန်းမက ပိုက်ဆံချမ်းသာတယ်၊ ဘ၀ ရပ်တည်မှုအတွက် အဲဒီ့မိန်းမက ခုနစ်ဆွေး ရှစ်ဆွေးလည်းဖြစ်၊ အမယ်ကြီးအိုကြီးလည်း ဖြစ်နေသည့်တိုင် အဲဒီ့မိန်းမကို အိမ်ထောင်ဖက်အဖြစ် ပေါင်းဖက်လိုက်တဲ့ လူငယ် ယောက်ျားတစ်ယောက်စ နှစ်ယောက်စလည်း ကျွန်တော် မြင်ခဲ့ဖူးပါတယ်။ သူတို့ကကျတော့ ငွေမက်လို့ ယူထားတာမို့ အဲဒီ့မိန်းမကြီးတွေ ကြည်ဖြူဖို့အရေးအတွက် စိတ်မပါဘဲ တအား ကြင်နာပြ၊ တအား ယုယပြနေတာတွေလည်း တွေ့ဖူးပါတယ်။

နောက်တစ်မျိုးက မိန်းမလည် သိန်းကြွယ်တွေပါ။ သူတို့က ယောက်ျားတကာနဲ့ နေခဲ့ဖူးပြီး ယောက်ျားကျောကို ကောင်းကောင်းသိထားကြသူတွေဖြစ်ပါတယ်။ အဲလို မိန်းမတွေကျတော့လည်း လင်ငယ်ငယ်လေးကို မလှုပ်နိုင်အောင် အနုနည်းနဲ့ ချုပ်ထားတဲ့ အတတ်ပညာတွေကို တတ်ကျွမ်းကြတာမို့ သူတို့ လင်လေးတွေခမျာ မလူးသာ မလွန့်သာ ဖြစ်နေတတ်ကြပါတယ်။ ဒါပေမယ့် အဲလို မိန်းမမျိုးက သိပ်ကို နည်းတဲ့ အနည်းစုမျှသာ ဖြစ်ပြီး လင်လေးတွေကလည်း မလစ်လို့သာပါ၊ လစ်တာနဲ့ သူတို့ကလည်း ကွယ်ရာမှာ ခြေများဖို့ အသင့်ဖြစ်နေတတ်ကြပါတယ်။ မိန်းမလည် သိန်းကြွယ်တွေကလည်း အဲလို ခြေများတာကို သိသွားရင် မသိချင်ယောင်ဆောင်နေပြီး သူတို့နည်းနဲ့ သူတို့၊ လင်ကလေးတွေ သူတို့ချည်တိုင်ကို အချိန်တန်ရင် ပြန်ခစားလာအောင် လုပ်ထားတတ်ကြပါတယ်။

အဲတော့ကာ အားလုံးကို ချုပ်လိုက်မယ်ဆိုရင် ယောက်ျားတို့ရဲ့ အခါခပ်သိမ်း နိုးကြားနေတတ်တဲ့ လိင်စိတ်၊ ယောက်ျားတွေရဲ့ ရိုးလွယ်တဲ့စိတ်၊ ယောက်ျားတွေရဲ့ မိန်းမ တစ်ယောက်တည်းနဲ့ မရောင့်ရဲတတ်တဲ့ မွေးရာပါ သဘာဝများကြောင့် “ယောက်ျား ပဇင်း၊ မိန်းမ ပုခက်တွင်း”ဆိုတဲ့ စကားက ပေါ်ပေါက်လာရတာပဲလို့ အတတ်ပြောနိုင်ပါတယ်။

ယောက်ျားနဲ့ မိန်းမ အသက် ၁၈ နှစ်လောက်များ ကွာနေလို့ကတော့ အဲဒီ့ယောက်ျားဟာ သူ့မယားလေးကို အရိပ်တကြည့်ကြည့်နဲ့ ချစ်မ၀နိုင်အောင် ဖြစ်နေမှာ သေချာပါတယ်။ ယောက်ျားက ၄၀၊ မိန်းမက ၂၂ နှစ်၊ ယောက်ျားက ၅၀ မိန်းမက ၃၂ နှစ်၊ ယောက်ျားက ၆၀၊ မိန်းမက ၄၂ နှစ်… ယောက်ျား ဘယ်အရွယ်ပဲ ရောက်သွားသွား သူ့မိန်းမက ရိုးချင်စရာ မကောင်းတော့မှာ တအား သေချာလို့ နေပါတယ်။ ကျွန်တော့်မျက်စိအောက်မှာလည်း အဲလို လင်မယားတွေ တွေ့ဖူးပါတယ်။ အမလေးဗျာ… အဲလို ယောက်ျားကြီးတွေများ သူတို့ မိန်းမကို ချစ်လိုက်တာမှ တုန်လို့။ ဖူးဖူးလည်း ဘာမှုတ်ကြသလဲ မမေးနဲ့။ ဟိုမိန်းမလေးတွေ အအေးတောင် မိကုန်မလား အောက်မေ့ရတယ်။

သူတို့လောက် မကွာပါဘူး။ ကျွန်တော့်မိန်းမက ကျွန်တော့်ထက် ၇ နှစ်ပဲ ငယ်ပါတယ်။ ဒါပေမယ့် အဲဒီ့အရွယ် ကွာဟမှုကလည်း ကျွန်တော်တို့ အိမ်ထောင်ရေး သာယာခြင်းရဲ့ အဓိက အချက်တစ်ချက်ထဲမှာ ပါပါတယ်။ ကျွန်တော်တို့ အိမ်ထောင်သက်ဆိုရင် မကြာခင် ၂၃ နှစ် ပြည့်ပါတော့မယ်။ ကျွန်တော့်မိန်းမကို ကျွန်တော် မရိုးနိုင်သေးပါဘူး။ လိုချင်တပ်မက်နေဆဲသာ ဖြစ်ပါတယ်။ ကျွန်တော့်ဘာသာ ကျွန်တော် ၀ါသနာ သိပ်ကြီးလွန်းလို့ သူနဲ့ အိမ်ထောင်မကျခင်ကရော၊ သူနဲ့ အိမ်ထောင်ကျပြီးတဲ့ နောက်မှာပါ ရည်းစားတွေ ထားဖြစ်ခဲ့သေးပေမယ့် တကယ်တမ်းမှာ ကျွန်တော့်မိန်းမကို ကျွန်တော် ဘယ်သူနဲ့မှ မလဲနိုင်၊ အစားမထိုးနိုင်ပါဘူး။ (ဒါကတော့ သွေးသားကိစ္စအပြင် တခြား အရေးကြီးတဲ့ စိတ်နေသဘောထားတွေလည်း ပါဝင်နေပါတယ်။)

အမှန်ကို ၀န်ခံရရင် အိမ်ထောင်ကျပြီးတဲ့နောက်ပိုင်း ကျွန်တော် ကျူးလွန်ခဲ့တဲ့ အမှုတွေထဲမှာ ကျွန်တော့်ထက် အသက် ၁၈ နှစ်ငယ်သူ တစ်ဦးလည်း ပါပါတယ်။ သူ့ကိုကျတော့ လိင်ပိုင်းအရ ကျွန်တော် အတော်သာယာသွားခဲ့ဖူးပါတယ်။ ကျွန်တော်လည်း ယောက်ျားပီပီ မြက်နုကြိုက်တဲ့ နွားအိုကြီး ဖြစ်ခဲ့ဖူးတာပေါ့ခင်ဗျာ။ အတည်ယူဖို့အထိတောင် မကြံကောင်း မစည်ရာ ကြံခဲ့ဖူးပါတယ်။ အဲလောက် မွှန်သွားတာပါ။ ကံသီလို့သာ ကျွန်တော် ဒုက္ခမတွေ့ရတာပါ။

အဲတော့ အခု လူငယ်လေးကိုလည်း ကျွန်တော်က ပြင်းပြင်းထန်ထန် တားချင်ပါတယ်။ ကျွန်တော်အခု ပြောတဲ့ စကားတွေအားလုံးက အသက်အရွယ်၊ အတွေ့အကြုံတွေ အပေါ်မှာ အခြေခံထားတာ ဖြစ်ပါတယ်။ နောက်တစ်ချက်က လူ့ခန္ဓာဗေဒ၊ လိင်စိတ်နဲ့တကွ လူ့စိတ်နဲ့ လူ့အပြုအမူတို့ရဲ့ အပြောင်းအလဲများအပေါ်မှာ သိပ္ပံနည်းကျ စူးစမ်းဖော်ထုတ်ထားတဲ့ စိတ်ပညာသဘောတွေလည်း အနည်းနဲ့ အများ ပါဝင်ပါတယ်။

အရာတိုင်းမှာ ခြွင်းချက်ရှိတာကို လက်ခံပါတယ်။ ဒါပေမယ့် ခြွင်းချက်ဟာ ခြွင်းချက်မျှသာ ဖြစ်ပြီး ယေဘုယျက ယေဘုယျပါပဲ။ ကိုယ့်ကျမှ အဲဒီ့ ခြွင်းချက်အတိုင်း ဖြစ်လိမ့်မယ်လို့ ထင်မြင်ယူဆခြင်းဟာ ထီထိုးတာနဲ့ တူပါတယ်။ ထီလက်မှတ် အစောင်ပေါင်း တစ်သိန်း၊ တစ်သန်းမှာ တစ်ယောက်သာ ပေါက်နိုင်တာမျိုးပါ။ ဒါမှမဟုတ်လည်း ကံကို ယုံပြီး မီးပုံထဲ ခုန်ချလိုက်သလိုသာ ဖြစ်နိုင်ပါတယ်။ ခြွင်းချက်အရ မီးပုံထဲ ကျသွားပေမယ့် မီးမလောင်ခဲ့ဖူးသူတွေ ရှိတယ်ဆိုတဲ့ အသိလေးနဲ့ ကိုယ်လည်း အဲဒီ့ ခြွင်းချက်ထဲ ပါတန်ကောင်းရဲ့လို့ တွေးကာ ခုန်ချလိုက်မယ်ဆိုရင် ကိုယ့်ပြဿနာနဲ့ ကိုယ်ပါ။ လောင်မြိုက်တော့ ကိုယ်ပဲ ခံရမှာပါ။

“မိန်းမတွေများ နှာခေါင်းမပါရင် ဟိုသင်းတောင် စားတယ်”လို့ အပြောခံရတဲ့ အခု ကျွန်တော့်ဆီ စာရေးလာတဲ့ ၂၀ အရွယ် လူငယ်လေးရဲ့ ရည်းစားလို ၂၉ နှစ်အရွယ် မိန်းမပါ။ အဲဒီ့မိန်းမမှာ နှာခေါင်းလည်း မပါ၊ ဦးနှောက်လည်း မပါရှာပါဘူး။ ဦးနှောက်က ရိုးရိုးလေးပါပဲ။ အသက်အရွယ်ဆိုတာ ရပ်နေတဲ့ အရာမဟုတ်ဘူးဆိုတာလေးကို မြင်ဖို့လေးလောက်ပဲ လိုပါတယ်။ အခု ၂၀/၂၉ ပေမယ့် နောက် နှစ်၂၀ ကြာရင် ၄၀/၄၉ဆိုတာကို မြင်ဖို့ပါ။ ၄၀ အရွယ် ယောက်ျားသားတွေကို ပတ်ဝန်းကျင်မှာ ကြည့်လိုက်ရင် ကျော့လို့၊ မော့လို့၊ ၃၀ ကျော်အလား ထင်ယောင်မှားလောက်အောင် နုပျို စိုလန်းနေဆဲ ဖြစ်နေတာကို မြင်ရပါလိမ့်မယ်။

၄၉ အရွယ် မိန်းမသားတွေကိုလည်း ပတ်ဝန်းကျင်မှာ ကြည့်လိုက်မယ်ဆိုရင် ရွဲပလဲပြီး ပုံမလာ ပန်းမလာနဲ့ မိန်းမချင်းတောင်မှ မျက်နှာလွှဲလိုက်ချင်စရာ ဖြစ်နေတာက အများစုဆိုတာကိုလည်း မြင်ရပါလိမ့်မယ်။ ၅၀/၅၉ ဆိုရင်တော့ မပြောပါနဲ့တော့ဗျာ။ ဟုတ်ကဲ့… ကျွန်တော် ၅၄ နှစ်ထဲမှာပါ။ အိမ်က မိန်းမကို အားနာလွန်းမက အားနာလာလို့သာ ကျွန်တော့် ခြေကို မနည်း ချုပ်ထားရပါတယ်။ စိတ်ထဲမှာတော့ ဖြူဖြူပြာပြာ နီနီဝါ၀ါ ဝေဆာမြူးလို့လွင်တွေ တွေ့ရင် သရိုးသရီဖြစ်လို့ ကောင်းနေဆဲဖြစ်သလို ကျွန်တော် ဆွတ်ရင် ညွတ်ကျလာနိုင်တဲ့ အရွယ်လှလှ သူငယ်မတွေလည်း မကြာခဏ ဆုံနေရဆဲပါပဲ။ အင်း… ၅၉ နှစ် မိန်းမဆိုရင်တော့ ယောက်ျားလေးတွေက “အမေ” “အမေကြီး”စသဖြင့် ခေါ်ပြီး ရိုသေနေကြမှာဖြစ်တဲ့အပြင် ဘယ်အစ်ကို ပုရိသကမှလည်း အဲဒါကြီး ကြည့်ပြီး နိုးကြားလာနိုင်စရာ အကြောင်း မမြင်တော့ပါဘူး။

သူ့ဦးနှောက်ကို သည်လောက်လေး သုံးလိုက်ရုံနဲ့ သည် ၂၀ အရွယ် လူငယ်လေးနဲ့ ဆက်စခန်းသွားတာကို ရပ်တန်းက ရပ်သင့်ပါပြီ။

ချစ်တာကတော့ဗျာ၊ ဘယ်သူ့ကိုမဆို၊ ဘယ်အရွယ်မှာ မဆို ချစ်လို့ ရပါတယ်။ အထူးသဖြင့် အချစ်ဆိုတာဟာ မပေါင်းမဖက်ဘဲ နေလိုက်တာနဲ့ တစ်ပြိုင်နက် ရင်ထဲမှာ သေတစ်ပန် သက်တစ်ဆုံး သိမ်းထားပြီး ကြည်နူးစရာ ကောင်းနေတတ်တဲ့ အရာမျိုးပါ။ သည့်ထက် တစ်ဆင့်မြှင့်ပြီး ပြောရရင် ချစ်တယ်လို့တောင် ဖွင့်မပြောလိုက်ဘဲ ရင်ထဲမှာ သိမ်းထားလိုက်ရတဲ့ အချစ်မျိုးတွေက ဖွဲမီးလို ကိုယ့်ကို တငွေ့ငွေ့လောင်ပြီး သေသည်အထိ ချစ်မဆုံးအောင် ဖြစ်နေတတ်စမြဲပါ။

အချစ်ရဲ့ သင်္ချိုင်းက အိမ်ထောင်ရေးသာ ဖြစ်ပါတယ်။ အဲဒါကို အိမ်ထောင်သည် အတော်များများ သတိထားမိကြပါတယ်။ သာယာတဲ့ အိမ်ထောင်ရေး အများစုမှာ အကြွင်းအဖြစ် ကျန်ရစ်တာက သံယောဇဉ်သာ ဖြစ်ပါတယ်။ အချစ် မဟုတ်တော့ပါဘူး။

နောက်ဆုံးတစ်ချက်က သွေးဆုံးတာနဲ့ HIV ပိုးနဲ့က ဘယ်လိုမှ မပတ်သက်ပါဘူး။ HIV ပိုးဟာ သွေးရှိနေသမျှ ခိုအောင်းနေနိုင်တာမျိုးမို့ အသက်ရှိနေသူ လူသားမှန်သမျှ ဘယ်အရွယ်မှာဖြစ်ဖြစ် ကူးစက်ခံရနိုင်ပါတယ်။ သွေးဆုံးတဲ့ မိန်းမဆီက သည်ပိုး မကူးတော့ဘူးဆိုတဲ့ အလွဲစကားကို ဘယ်သူကောင့်သားကများ တီထွင်လိုက်သလဲ မသိဘူး။ ကိုယ့်သင်္ချိုင်း ကိုယ်တူးတဲ့ ယုံတမ်းစကား အလွဲကြီးပါခင်ဗျား။

ကျွန်တော်ကတော့ ပြောသင့်တဲ့ စကားကို ပြောလိုက်ပြီးပါပြီ။ ကျန်တာတော့ ကိုယ့်သဘောနဲ့ ကိုယ်ပါ။

by lettwebaw

မယ်ကမ္ဘာသရဖူကို အမေရိကန်ဖွား ဖိလစ်ပိုင်အလှမယ် မီဂန်ယန်း ဆွတ်ခူး

Posted by drmyochit Monday, September 30, 2013, under | No comments


အမေရိကန်ဖွား မီဂန်သည် ပြိုင်ဘက် (၁၂၆)ဦးကို ကျော်ဖြတ်ကာ အင်ဒိုနီးရှားတွင် ကျင်းပသည့် ပြိုင်ပွဲ၌ မယ်ကမ္ဘာအဖြစ် အောင်ပွဲခံခဲ့ခြင်း ဖြစ်သည်။

(၂၀၁၃)ခုနှစ်အတွက် မယ်ကမ္ဘာ ဆုပေးပွဲ အခမ်းအနားတွင် ဖိလစ်ပိုင် ကိုယ်စားပြု မီဂန်ယန်းက အလှ သရဖူ ဆုကို ဆွတ်ခူးရရှိသွားကြောင်း သိရသည်။ အမေရိကန်ဖွား မီဂန်သည် ပြိုင်ဘက် (၁၂၆)ဦးကို ကျော်ဖြတ် ကာ အင်ဒိုနီးရှားတွင် ကျင်းပသည့် ပြိုင်ပွဲ၌ မယ်ကမ္ဘာအဖြစ် အောင်ပွဲခံခဲ့ခြင်း ဖြစ်သည်။ ဘာ သာရေး အဖွဲ့အစည်းများ၏ ကန့်ကွက်မှုကြောင့် ဘီကနီဖြင့် ကိုယ်ဟန်ပြသည့် အစီအစဉ်ကို ဖယ်ရှား ခဲ့ရသလို ဂျကာတာတွင် ကျင်းပရန် ရည်ရွယ်ချက်အား ပယ်ဖျက်ကာ ဘာလီတွင် ကျင်းပခဲ့ရသည့် မယ် ကမ္ဘာပြိုင်ပွဲ နောက်ဆုံးအဆင့်သည် အောင်မြင်ချောမွေ့စွာပင် ပြီးစီးခဲ့သည်။ အသက်(၂၃)နှစ်ရှိ မီဂန်သည် မော်ဒယ်လ်နှင့် မင်းသမီး တစ်ဦးအနေဖြင့်ပါ ရပ်တည်နေသူ ဖြစ်သည်။

စနေနေ့က လုံခြုံရေး တင်းကျပ်စွာ ချထားပြီး ပြုလုပ်ခဲ့ရသော ပြိုင်ပွဲတွင် ဗိုလ်စွဲပြီးနောက် မီဂန်က "ကျွန်မ အနေနဲ့ အများ အကျိုးအတွက် လုပ်နိုင်စွမ်း ရှိသလောက် လုပ်ဆောင်ပါမယ်။ ကျွန်မ သင်ယူထားသမျှ၊ ကျွန်မ သိရှိ ထားသမျှကို လူသားတွေ အသိအမြင် ပိုပွင့်လင်းလာအောင် ဝေမျှချင်ပါတယ်"ဟု ပြောကြားခဲ့သည်။ သူမနောက်တွင် ပြင်သစ်အလှမယ် မာရီနီ လော်ဖီလင်က ဒုတိယရခဲ့ပြီး ဂါနာကိုယ်စားပြု အလှမယ် ကာရန်ဇာနားအိုကိုင်လီက တတိယ ချိတ်ခဲ့သည်။ မီဂန်သည် အသက်(၁၀)နှစ် အရွယ်ကတည်းက ဖိလစ်ပိုင်သို့ ပြောင်းရွှေ့ နေထိုင်ခဲ့သူဖြစ်ပြီး (၂၀၁၂)ခုနှစ်၊ မယ်ကမ္ဘာဆုရ တရုတ်အလှမယ် ဝမ်ဇီယာယူက သူမကို ဆုချီးမြှင့်ခဲ့သည်။ မယ်ကမ္ဘာ နောက်ဆုံးအဆင့် ရွေးချယ်မှု ပြိုင်ပွဲကို နိုင်ငံပေါင်း (၁၈၀)ကျော်တွင် ထုတ်လွှင့် ပြသခဲ့သည်။ အဆိုပါ ပြိုင်ပွဲ မကျင်းပမီ ဆန္ဒပြမှုများ ဖြစ်ပေါ်လာပါက တားဆီးနှိမ်နင်းရန် လုံခြုံရေး တင်းကျပ်စွာ ချထားပြီး သံချပ်ကာယာဉ်များပေါ်တွင် ရေအမြောက်များတင်ကာ ရဲတပ်ဖွဲ့ဝန်များက အသင့်အနေအထား ပြင်ဆင်ထားခဲ့ကြောင်းလည်း သိရှိရသည်။

From: Planet Myanmar Network

အိုဘားမားနှင့် သမိုင်းဝင်ပြောဆိုပြီး ရိုဟာနီ ဖိနပ်ဖြင့် ပေါက်ခံရ

Posted by drmyochit Monday, September 30, 2013, under | No comments


အမေရိကန်သမ္မတဘား ရက်အိုဘားမားနှင့် သမိုင်းဝင် ဆက်သွယ်မှုပြုလုပ်ပြီးနောက် အီရန်တွင်ရောက် ရှိစဉ် သမ္မတ ရိုဟာနီ၏ယာဉ်တန်းမှာ ရှူးဖိနစ် တစ်ဖက်ဖြင့် အပစ်ခံရသည်။ရိုဟာနီ၏ အိမ်ပြန်ခရီးကို ကြိုဆိုသူများရော၊ ကန့်ကွက်သူ များရော ရှိခဲ့သည်။ ကာလရှည် တားမြစ်ထားမှု၏ အဆုံးသတ် အဖြစ် ဆယ်စုနှစ်သုံးနှစ်ကျော် အတွင်း အမေရိကန်သမ္မတတစ်ဦး နှင့်ပထမဆုံးဆက်ဆံမှုကို အီရန် သတင်းစာများက ချီးကျူးကြို ဆိုခဲ့ကြသည်။

မာရ်နတ်ကြီးဟု ကာလရှည် ပြက်ရယ်ပြုလှောင်ပြောင်ခဲ့သော နိုင်ငံတစ်ခု၏ ခေါင်းဆောင်နှင့် ရို ဟာနီတို့ ၁၅မိနစ်ကြာ ပြောဆို ဆွေးနွေးမှုသည် သဘောထား တင်းမာသူတချို့အတွက် မခံရပ် နိုင်စရာကိစ္စဖြစ်သည်။ စနေနေ့ က ရိုဟာနီ၏ယာဉ်တန်း ဖြတ် သန်းစဉ် မီဟရာဘက်လေဆိပ် အပြင်မှ ကန့်ကွက်သူ ၆ဝခန့်က Dealth to America, Dealth to Israel ဟု ကြွေးကြော်ကြသည်။သို့သော် ထောက်ခံသူ ၂၀ဝမှ ၃၀ဝနီးပါးက Thank you Rouhani
ဟု အော်ဟစ်ခဲ့သည်။

ရဲတပ်ဖွဲ့က ကန့်ကွက်သူနှင့် ထောက် ခံသူတို့ကို ခွဲခြားပေးခဲ့သည်။လူအုပ်ကို အသိအမှတ်ပြု သည့်အနေဖြင့် ကားအတွင်းမှ ရိုဟာနီ မတ်တတ်ရပ်စဉ် ရှူးဖိနပ် ဖြင့် အပစ်ခံခဲ့ရခြင်းဖြစ်သည်။ သို့သော် ပစ်မှတ်က လွဲချော်ခဲ့ သည်။၁၉၇၉ တော်လှန်ရေးအပြီး တွင် အစွန်းရောက်အီရန်ကျောင်း သားများက အမေရိကန်သံရုံး မှ ဓားစာခံများကို ဖမ်းဆီးထား ပြီးနောက်ပိုင်း တီဟီရန်နှင့် အ မေရိကန်ကြား သံတမန်ဆက် သွယ်ရေး ပြတ်တောက်ခဲ့သည်။ ဆက်သွယ်ပြောဆိုရန် အိုဘား မားဘက်က စတင်ကမ်းလှမ်းခြင်း ဖြစ်ကြောင်း ရိုဟာနီက သတင်း ထောက်များကို လေဆိပ်တွင် ပြောကြားခဲ့သည်။

''ကျွန်တော် နဲ့ မိနစ်အနည်းငယ်လောက် အို ဘားမားက စကားပြောချင်တယ် လို့ ကျွန်တော့်ဆီကို အကြောင်း ကြားလာပါတယ်''ဟု ရိုဟာနီ၏ ပြောကြားချက်ကို ကိုးကား၍ ၎င်း၏ရုံးက ထုတ်ပြန်ခဲ့သည်။ရိုဟာနီသည် နှစ်ပေါင်း ၂၇၀ဝသက်တမ်းရှိ ပါရှန်းခေတ် ရှေးဟောင်းပစ္စည်းတစ်ခုကို အီ ရန်သို့ ယူဆောင်လာခဲ့သည်။ ၎င်းပစ္စည်းမှာ ခြင်္သေ့ကိုယ် လင်း ယုန်ငှက်ခေါင်းသဏ္ဌာန် စပျစ်ရည် ထည့်သည့် ငွေဖလားတစ်ခုဖြစ် သည်။

အီရန်ပြည်သူများအတွက် အထူးလက်ဆောင်တစ်ခုအဖြစ် ရိုဟာနီကို ပေးခဲ့ခြင်းဖြစ်ကြောင်း အီရန်မီဒီယာများက နောက်ပိုင်း တွင် ဖော်ပြခဲ့သည်။၎င်းပစ္စည်းမှာ ဒေါ်လာ တစ်သန်းတန်သည်ဟု ခန့်မှန်း ကြပြီး ၂၀၀၃ခုနှစ်က ခိုးထုတ်သူ တစ်ဦးထံမှ အမေရိကန်အကောက် ခွန်အရာရှိများက သိမ်းဆည်းခဲ့ သည်။ အိုဘားမားနှင့် ရိုဟာနီ ဆက်သွယ်ပြောဆိုမှုကို အီရန် ဦးစီးခေါင်းဆောင်က သဘောတူခဲ့ သည်ဟု သိရသည်။

[ အလက်ပို ၊ စက်တင်ဘာ ၂၉ ၊ Ref-AFP ]
Yangon Media Group

အမျိုးကောင်းသမီးများသို့ အင်တာနက် မင်းသမီး မဖြစ်ရအောင် ကာကွယ်ဆေး

Posted by drmyochit Monday, September 30, 2013, under | No comments


အခုခေတ်မှာ လူတိုင်းနဲ့ ရင်းနှီးကျွမ်းဝင်နေပြီဖြစ်တဲ့ အင်တာနက်ရဲ့ ကောင်းကျိုးတွေ ကတော့ ဖော်ပြလို့ မကုန်နှိုင်အောင်များတာကို တွေ့ရပါတယ်။ အင်တာနက်နည်းပညာ တိုးတက်လာတာနဲ့ အမျှ ဘေးထွက်
ဆိုးကျိုးတွေလဲ မခွဲမခွာတွဲပါ လာတာကိုလဲမြင်နေရ ပြန်ပါတယ်။

ကျွန်တော်နဲ့ အဆင့် အလှမ်းကွာနေတဲ့ spyware, mailware, virus စတာတွေကို မပြောလိုပါဘူး။
ကျွန်တော့ မျက်စိထဲ ကန့်လန့်ဝင်နေတဲ့ အကြောင်းအရာက အမျိုးကောင်းသမီး တွေရဲ့ ဘာညာကိစ္စ
ဓါတ်ပုံ/ဗီဒီယို များစွာကို ကာယကံရှင် မသိပဲ အင်တာနက်ပေါ်မှာ စေတနာ ကြီးမားစွာနဲ့ ဝေငှ (share)
အလုပ်ခံနေရတဲ့ ကိစ္စပါ။ ဒါကို ဒီအတိုင်း ထိုင်ကြည့် နေ လို့တော့ မဖြစ်တော့ ဘူးထင်ပါတယ်။


နာမည်ကြီးချင်လို့၊ လူသိများချင်လို့ (ဒါမှမဟုတ်) ၀ါသနာအရ ကိုယ့်ပုံကိုယ်တင် တာဆိုရင်တော့ လုပ်ပါ။ ကျွန်တော်တို့လဲ ကြည့်ရှု အားပေးပါ့မယ်။ ဒါပေမယ့် တချို့ဆို ရိုးရိုးသားသား နေတာကို ချောင်းရိုက်ခံရတာတို့၊ ကိုယ့်ချစ်ချစ်နဲ့ လွပ်လွပ် လပ်လပ် နေတာကို မှတ်တမ်းတင် ခံရတာတို့ကတော့ မဖြစ်သင့်ပါ။

အဆိုးဝါးဆုံး ကတော့ ကိုယ့်ချစ်သူကို ယုံမှတ်လို့ ပုံ အပ်မိကာမှပဲ ကျောချမှ ဓါးပြမှန်း သိရတဲ့ကိစ္စပါ။ ကိုယ့်ချစ်သူကကို ဖော်ကောင်လုပ်ပြီး အင်တာနက်ပေါ် တင်ပေးတာပါ။ ဒီကိစ္စကို အမျိုးသမီးများ ကျပ်ကျပ် သတိထား စေချင်တယ်။ တချို့ ဆို ဒီကိစ္စကြောင့် အလုပ် အကိုင်ထိခိုက်၊ ပတ်ဝန်းကျင်မှာ မျက်နှာ မပြရဲအောင် ဖြစ်ရပါတယ်။

ဒါတွေရဲ့ အရင်းခံကတော့ မသိနားမလည်မှု၊ နည်းပညာ မကျွမ်းကျင်မှု ကြောင့်ဆိုတာ တွေ့နေရပါတယ်။ အမျိုးကောင်း သမီးများ အနေနဲ့ ဒီလို အဖြစ်မျိုးတွေက ရှောင်လွဲနှိုင်အောင် နည်းလမ်းကောင်းလေးတွေ ပေးချင်တယ်။ ကျွန်တော်က ကွန်ပျူတာ သင်တန်းဆရာ တစ်ယောက်ပါ။
ပြီးတော့ ပညာရှင်အဆင့် ဓါတ်ပုံ၊ ဗီဒီယို ၇ိုက်ကူးသူ တစ်ယောက်ပါ။ ဒါကြောင့် ကျွန်တော်ပေးတဲ့ နည်းလမ်းတွေက အမတို့ ညီမတို့ အရှက်နဲ့ သိက္ခာကို တတ်နိုင်သလောက် ကာကွယ်ပေး နှိုင်မယ်လို့လဲ ထင်ပါတယ်။

* ၁။ ဘယ်သူ့ကိုမျှ မယုံပါနဲ့ ဘယ်လောက်ပဲ ချစ်ချစ် ၊ ဘယ်လောက်ပဲ ရင်းနှီးနှီး လွပ်လွပ် လပ်လပ် နေတာကို မှတ် တမ်းတင် မခံပါနဲ့ ။ သူကိုယ်တိုင်က စိတ်ချရသော်လဲ သူ့ကိုယ်တိုင် မသိလိုက်ပဲ သူဆီကကိုယ့် ဓါတ်ပုံကို သူများခိုး သွားတာမျိုး ခံရတတ်ပါတယ်။

* ၂။ ကိုယ်ကိုယ်တိုင်လဲ မှတ်တမ်း မတင်ပါနဲ့ကိုယ့် ကိုယ်လုံး ဘယ်လောက် လှသလဲ သိချင်ရင် မှန်ထဲမှာပဲ စိတ်တိုင်းကျ ကြည့်ပါခင်ဗျာ။ ဓါတ်ပုံရိုက် မကြည့်ပါနဲ့။ အဲဒါလဲ အွန်လိုင်း မင်းသမီးဖြစ်ဖို့ လမ်းစပါ။

* ၃။ကင်မရာထဲမှာ၊ ကွန်ပျူတာထဲမှာ ဖျက်ပစ်လိုက်ပြီ (delete) ဆိုတိုင်းလဲ စိတ်မချပါနဲ့ ကင်မရာထဲမှာ၊ ကွန်ပျူတာထဲမှာ ဖျက်လိုက်ပြီ ဆိုတိုင်းလဲ စိတ်ချရတာ မဟုတ်ပါ။ အစွမ်းထက်သော recovery software မြောက်များစွာ ရှိနေပါတယ်။

အဲဒီ့ဆော့ဝဲ တွေဟာ လွန်ခဲ့တဲ့ တစ်နှစ် နှစ်နှစ် လောက်က ဖျက်ထားတဲ့ ဓါတ်ပုံ ဗီဒီယို တွေကို အလွယ်တကူ ပြန်လည် ရှာပေး နိုင်ပါတယ်။

ကွန်ပျူတာပြင် ဆရာတိုင်း လိုလို လုပ်တတ်ပါတယ်။ ကို့ကင်မရာနဲ့ စိတ်ကြိုက် ရိုက်ကြည့်တယ်။ ပြီးတော့ ဖျက်ပစ် လိုက် တယ် ဆိုပေမယ့် သာမန် ကျွမ်းကျင်သူ တစ်ယောက်ဟာ ဒါတွေကို အလွယ်တကူ ပြန်လည် ရယူ နိုင်တာကို လုံးဝ မမေ့ ပါနဲ့။

* ၄။ အင်တာနက်ဆိုင်မှာ ကိုယ့်ကွန်ပျူတာနဲ့ သုံးရင်လဲ သတိထားပါ။ အင်တာနက်ဆိုင်မှာ ကိုယ့် လက်ပ်တော့ပ် နဲ့သုံးရင် ကိုယ့်လက်ပ်တော့ပ်ထဲက အချက်အလက်ကို အင်တာနက်ဆိုင်က အလွယ်တကူ ၀င်ရောက်ကြည့်ရှု ကော်ပီကူး ထားနိုင် တယ် ဆိုတာ သိထားပါ။

အင်တာနက် ဆိုင်တွေမှာ ဆိုင်မှာ ရှိတဲ့ ကွန်ပျူတာတွေကို ကောင်တာက အလွယ်တကူ ထိမ်းချုပ် နိုင်အောင် network စနစ် တစ်မျိုး ချိတ်ဆက် ထားတတ်ပါတယ်။ ကိုယ်က အဲဒီဆိုင်မှာ အင်တာနက် သုံးတယ်ဆိုရင် ကိုယ်ကလဲ အဲဒီစနစ်ထဲ ကို အလိုလို ရောက်သွားပါတယ်။ ဒါဆိုရင် အင်တာနက် ဆိုင်ကောင်တာကနေ ကိုယ့်ကွန်ပျူတာကို နက်ဝါ့ခ် ကနေ ၀င် ရောက် ကြည့်ရှု နိုင်ပါတယ်။ ဒါကြောင့် အင်တာနက် ဆိုင်မှာသုံးမယ့် ကိုယ့်လက်ပ်တော့ပ်မှာ အရေးကြီးတဲ့ ကိုယ့်ပုံတွေ ထည့် မထားပါနဲ့။

* ၅။ နည်းပညာကို အထင်မသေးပါနဲ့ ကိုယ့်လက်ပ်တော့ပ်ထဲမှာ ပုံတွေထည့် မထားပါနဲ့၊ မလုံခြုံပါဘူး ဆိုတော့ နည်းနည်း နားလည်တဲ့ ကိုကို၊ မမတွေက share ပေးမထားရင် ရပါတယ်လို့ ဆိုကြတယ်၊ ဟုတ်ကဲ့ နည်းပညာ ကို အထင်မသေး ပါနဲ့ ခင်ဗျား ၊ ကိုယ့်ထက် ပိုတော်တဲ့ ဆရာကြီးတွေ ရှိနေသေးတယ် ဆိုတာလဲ မေ့မထားပါနဲ့။

cracker တို့ hacker တို့ဆိုတာ အလကား ပေးထားတဲ့ နာမည်တွေ မဟုတ်ပါဘူး။ သူတို့ရဲ့ စွမ်းဆောင်ရည် ကပြောမယုံ ကြုံဖူးမှ သိလောက်အောင် မြင့်တတ်ပါတယ်။ ဒါကြောင့် ကိုယ့်ဘက်က စိတ်ချရအောင် သတိရှိတာ အကောင်းဆုံးပါ။

* ၆။ အင်တာနက်မှာ တွေ့တဲ့သူကို မယုံပါနဲ့ အင်တာနက်က တော်ကီ ကိုကိုတို့ကပဲ အပြောကောင်း သလား၊ အွန်လိုင်း မမ တွေကပဲ အညှာလွယ်သလားမသိပါ။

vzo chat လို ဟာမျိုးနဲ့ ချွတ်ပြ၊ လှန်ပြတဲ့ မမတွေ ၊ ညီမတွေ ရဲ့ပုံများ အင်တာနက် ပေါ်မှာ တွေ့နေရပါတယ်။ (ကျွန်တော် အသုံး ရိုင်းသွားရင် ခွင့်လွှတ်ပါ) ၀မ်းနည်း စရာကောင်း တာက ပါးကွက်ကျားနဲ့ ထမီနဲ့ ဗမာမလို့ ထင်းခနဲ သိသာတဲ့ ပုံ တွေပါ အများကြီး ပါလာတာပါ။
ကြေးစား တွေပါလို့ ပြောရအောင်လဲ အိမ်မှာ ကိုယ်ပိုင် အင်တာနက် လိုင်းနဲ့ ကိုယ်ပိုင် ကွန်ပျူတာနဲ့ သုံးနိုင်တဲ့ အဆင့်က ကြေးစား မဟုတ်နိုင်ပါ။ ဖြစ်နိုင်ခြေ ရှိတာက အွန်လိုင်း ကိုကိုကလဲ အပြောကောင်း၊ ညီမလေး တို့ကလဲ သဒ္ဒါလွန် တယ် ထင် ပါတယ်။

မယုံကြပါနဲ့ ညီမလေးတို့ရယ်။ ကိုယ့်ကို တကယ်ချစ်တဲ့ သူဆိုတာ နှစ်ယောက်ချင်း ဆိတ်ကွယ်ရာမှာ မှားချင် မှားမယ်၊ အဲဒီလို ဗြောင်ကြီးတော့ မတောင်းဆိုပါဘူး။ အဲ ….. ကိုယ့်သိက္ခာကို ရင်းရဲတယ် ဆိုရင်တော့ လုပ်ပေါ့။ (VZO က အရုပ် တွေ အသံတွေ မှတ်ထားလို့ ရတယ် ဆိုတာလဲ သတိရပါ။)
၇။ခိုးအရိုက် ခံရခြင်းမှ ကာကွယ်ဖို့ဆိုရင် ကိုယ်မရင်းနှီး မကျွမ်းဝင်တဲ့ နေရာမှာ (ဟော်တယ်၊ တည်းခိုခန်း၊ ပန်းခြံ) စတဲ့ နေရာတွေမှာ လွပ်လွပ် လပ်လပ် မနေပါနဲ့။ သတိရှိပါ။ ကင်မရာတွေ အကြောက်ဆုံး၊ အားနည်း ချက် တစ်ခုကတော့ အမှောင်ပါ။ ဘယ်လောက် ကောင်းတဲ့ ကင်မရာမဆို အလင်းရောင် အားနည်းသော နေ ရာမှာ အဆင် မပြေနိုင်ပါ။

ဒါကြောင့် စိတ်မချရသော နေရာများတွင် လွပ်လွပ် လပ်လပ် ( ဥပမာ အ၀တ်အစား လဲတာ) နေရတော့ မယ် ဆိုရင် လုံးဝ မှောင်သွား အောင်လုပ်ပါ။ ဒါဆို ကင်မရာတွေ မတတ်နိုင်တော့ပါ။ အမှောင်ထဲမှာ ရိုက်နိုင် တယ် ဆိုတဲ့ (Night Shot) ဆို တဲ့ ကင်မရာ တွေတောင် အနဲဆုံး အနီရောင် ရောင်စဉ်လေး လင်းမှ အလုပ် ဖြစ် တာပါ။

* ၈။ spy camera တွေကို တတ်နိုင်သမျှ ရှာပါ အခုခေတ်မှာ သုံးသောင်း လောက်ဆို spy camera တစ်လုံး ရနိုင်ပါတယ်။ ဒါကြောင့် စိတ်မချရတဲ့ နေရာတွေမှာဆို spy camera တတ်ထားမထား တတ်နိုင် သလောက် ရှာပါ။ ဒါ ကိုကိုတွေ၊ ဦးဦး တွေ အတွက်လဲ အရေးကြီးပါတယ်။
တော်ကြာ ကိုယ်တောင် မသိပဲ နာမည်ကြီး အွန်လိုင်း မင်းသား ဖြစ်သွား နိုင်ပါတယ်။ များသော အားဖြင့် ကင်မရာတွေကို မြင်ကွင်း ကျယ်ကျယ် ရအောင် ဒေါင့်တွေမှာ တတ်ထား တတ်ပါတယ်။ သေသေ ချာချာ ရှာပါ။ အခန်း အပြင်မှာ တတ် ထားပြီး မတ်စေ့ လောက်အခန်းကို ဖောက်ထား တာမျိုးလဲ လုပ်တတ် ကြပါတယ်။ မသင်္ကာဖွယ်ရာ အပေါက်တွေကို ဒေါင့် တွေ မျက်နှာ ကျက်တွေမှာ သေချာရှာပါ။

ဘာမှမတွေ့ဘူးဆိုပြီးလဲ စိတ်ချမနေပါနဲ့၊ လိုအပ်ရင် အမှောင်ကို အကာ အကွယ် ယူပါ။ အဲ super market တွေက အ၀တ် လဲခန်းတွေမှာလဲ ရှိတတ်တယ်နော်၊ လုံခြုံရေး အတွက် တတ်ရတာပါ ဆိုပဲ။

* ၉။ ဘာကြောင့်ပဲ ဖြစ်ဖြစ် အွန်လိုင်း မင်းသား မင်းသမီး ဖြစ်သွားပြီ ဆိုရင် ရောရှက်ပြီး ငြိမ်မနေပါနဲ့၊ သိပ်မပျံ့သေးမှီ တားဆီးပါ။ Sex ၀က်ဆိုက် တော်တော် များများ ဟာ User က တောင်းဆိုလို့ ရှိရင် အချက် အလက်တွေ ဖျက်ပေး ပါ တယ်။ ကိုယ့် ပုံ ပါနေတာ သေချာရင် အဲဒီ ၀က်ဆိုက်ကို အကြောင်း ကြားပြီး ဖျက်ခိုင်းပါ။ အဲဒီလို အကြောင်း ကြားလို့ ဖျက်ပေးတာ သုံးခါ လေးခါတွေ့ ဖူးပါတယ်။

* ၁၀။ ကိုယ်ချင်းစာပါ။ တွေ့ဖူးပါတယ်။ အမျိုးသားနဲ့ အမျိုးသမီး တွဲရိုက်ထားတဲ့ ပုံတွေမှာ အမျိုးသား ကိုယ်တိုင်က တင် တာ ဆိုတော့ သူုမျက်နှာတော့ သူဖျက်ထား တာတွေ့ဖူးတယ်။ ဒါ ကိုယ်ချင်း မစာတာပါ။
မလုပ်ပါနဲ့ဗျာ သူတို့က ကျွန်တော်တို့ ထက်ပိုရှက် တတ်တာပေါ့။ ကိုတောင် ရှက်တတ် သေးရင် သူများ အရှက်ကွဲ အကျိုး နည်း ဖြစ်အောင် မလုပ်သင့်ပါဘူး။

ဒါ စေတနာ ဗလဗွနဲ့ မျှဝေတတ်တဲ့ ကိုယ်ချင်း မစာတဲ့ အမျိုးသားတွေ အတွက်ပါ။ ခိုးလဲ မရိုက် ကြပါနဲ့။ ကိုယ့်ကို ချစ်လို့ အလိုလိုက်ထားတဲ့ သူကိုလဲ မျက်နှာလွဲ ခဲပစ် မလုပ်သင့်ပါ။ ဇာတ်လမ်း အသစ်တင်ချင် တယ်ဆိုရင် လဲ ကြေးစား အဆင့် ထဲ မှာ အရိုက်ခံတဲ့ သူတွေ ရှိပါတယ်။ သူတို့နဲ့ လှုပ်ရှားပေါ့။ နောက်ဆုံးအဆင့် မျက်နှာလေး ဖျက်ပေးတာပဲ ဖြစ်ဖြစ်တော့ မဖြစ်မနေ လုပ်ပေးကြပါ။

အင်တာနက်ဆိုတာဟာ လူ့ အကျိုးသယ်ပိုးဖို့ ပေါ်ပေါက်လာတာပါ။ ဒါကို အကျိုးမရှိတဲ့ နေရာမှာ သူများ အကျိုး ထိခိုက် အောင် မလုပ်ကြပါနဲ့။ (ဒါက Sex Website တွေကို မကြည့်ပါနဲ့လို့ ပြောတာ မဟုတ်ပါ။ တော်ကြာ ကိုကိုတို့က စိတ်ဆိုး နေဦးမယ်။ နာမည်ကြီး ချင်လို့တို့၊ ၀ါသနာအရတို့ ဆိုတဲ့ ရုပ်ပုံ တွေ ဗီဒီယိုတွေ ဆိုရင်တော့ ရောင်းသူ ၀ယ်သူ အသံတူရင် ပြီးတာပါပဲဗျာ။) အမျိုးကောင်း သမီးများကို ညှာတာဖို့ ပြောတာပါ။

ပါကစ္စတန်သည် အကြမ်းဖက်သမားများ မွေးဖွားရာ ဗဟိုချက်ဖြစ်နေကြောင်း အိန္ဒိယ၀န်ကြီးချုပ်ပြော

Posted by drmyochit Monday, September 30, 2013, under | No comments


ပါကစ္စတန်နိုင်ငံအနေဖြင့် “အကြမ်းဖက်သမားများအား မွေးဖွားရာ ဗဟိုချက်ဖြစ်ခြင်းမှ ရပ်တန့် သင့်ကြောင်း” အိန္ဒိယ၀န်ကြီးချုပ် မိုဟာမန်ဆင်းက ပါကစ္စတန်ဝန်ကြီးချုပ် န၀ပ်ရှရစ်အား ၎င်းနှင့် မတွေ့ ဆုံမီ ပြောကြားလိုက်ကြောင်း စက်တင်ဘာ ၂၉ ရက်က အေအက်ဖ်ပီသတင်းဌာနမှ ဖော်ပြထားသည်။

ထို့အပြင် ဒေသတွင်းပြိုင်ဘက်များ ဖြစ်ကြသော အိနိ္ဒယ-ပါကစ္စတန် နှစ်နိုင်ငံဆက်ဆံရေးအား ပိုမိုကောင်း လိုသည့် ပါကစ္စတန်နိုင်ငံ၏ ဆန္ဒနှင့် မိမိ၏ ဆန္ဒမှာလည်း တစ်ထပ်တည်းဖြစ်သည်ဟု မစ္စတာဆင်းက ပြောကြား လိုက်သည်။

ပါကစ္စတန်ဝန်ကြီးချုပ် ရှရစ်ကလည်း ဒေလီအစိုးရနှင့် “ဆက်ဆံရေးအသစ် ထူထောင်ရန်” နယူးယောက်မြို့ တွင် တွေ့ဆုံခြင်း မပြုမီ ဆော်သြထားသည်။ အိနိ္ဒယ-ပါကစ္စတန် နှစ်နိုင်ငံဆက်ဆံရေးမှာ ကက်ရှ်မီးယား နယ်စပ် အငြင်း ပွားရာမှ တစ်ဆင့် ပေါ်ပေါက်လာသော သွေးထွက်သံယို တိုက်ခိုက်မှုများကြောင့် အေးစက် လျက်ရှိ သည်။

အိနိ္ဒယတို့ ထိန်းချုပ်ထားသည့် ကက်ရှ်မီးယားဒေသအတွင်းရှိ ရဲစခန်းတစ်ခုနှင့် စစ်စခန်းတစ်ခုအား လွန် ခဲ့သော ကြာသပတေးနေ့တွင် စစ်သွေးကြွများမှ ၀င်ရောက်တိုက်ခိုက်ရာ အနည်းဆုံး လူ ၁၀ ဦးခန့်သေဆုံး သွားခဲ့ ရသည်။

၂၀၀၈ ခုနှစ်တွင် မွန်ဘိုင်းမြို့တွင် ဖြစ်ပွားခဲ့သော သွေးထွက်သံယို တိုက်ခိုက်မှုများမှာ ပါကစ္စတန် အခြေစိုက် စစ်သွေးကြွများ၏ လက်ချက်ဖြစ်သည်ဟု အိနိ္ဒယနိုင်ငံမှ ကြေညာထားပြီး ပါကစ္စတန် အစိုးရ အနေဖြင့် အကြမ်းဖက်မှု ကျူးလွန်သူများအား အပြစ်ပေးရန် တောင်းဆိုထားသည်။

မစ္စတာဆင်းက မိမိအနေဖြင့် ပါကစ္စတန် ၀န်ကြီးချုပ် ရှရစ်၏ နှစ်နိုင်ငံဆက်ဆံရေး တိုးတက်လိုသည့် မျှော်လင့် ချက်နှင့် တစ်သဘောထားတည်းရှိသော်လည်း ကက်ရှ်မီးယားမှာ “အိန်္ဒိယနိုင်ငံ၏ နယ်မြေဒေသ တစ်ခု ဖြစ်သည်” ဟု အလေးအနက် ပြောကြားသွားသည်။

AFP/ Mizzima Burmese

တရုတ် ကလေးငယ် ၉၀ ကိုလူကုန်ကူးရန် ကြံစည်သူ လူကုန်ကူး လုပ်ကိုင်သူ ၃၀၀ ကိုဖမ်းဆီး

Posted by drmyochit Monday, September 30, 2013, under | No comments


တရုတ်နိုင်ငံမှာ ​လူကုန်ကူးမှုခံရတဲ့ ​ကလေးငယ်အယောက်ပေါင်း ​၉၀ ​ကျော်ကို ​ရဲတွေက ​ကယ်တင်နိုင်ခဲ့ပြီး ​လူကုန်ကူးမှု ​လုပ်ငန်းလုပ်ကိုင်သူလို့ ​ယူဆရသူ ​လူပေါင်း ​၃၀၀ ​ကျော်ကိုလည်း ​ဖမ်းဆီးနိုင်ခဲ့ပါတယ်။ 

ပြည်နယ်ပေါင်း ​၁၁ ​ပြည်နယ်က ​ရဲတွေ ​စုပေါင်းပြီး ​လူကုန်ကူးမှု ​ဂိုဏ်းကို ​နှိမ်နင်းခဲ့ရာက ​ခုလို ​ဖမ်းဆီးတာတွေ၊ ​ကယ်တင်တာတွေ ​လုပ်နိုင်ခဲ့တာ ​ဖြစ်ပါတယ်။

အဲဒီလူကုန်ကူးဂိုဏ်းတွေထဲက ​တချို့လူတွေက ​ယူနန်ပြည်နယ်နဲ့ ​Sichuan ​ပြည်နယ်မှာ ​ကလေးတွေ ​ဝယ်ယူတဲ့ ​အလုပ်လုပ်ကိုင်ပြီး ​တချို့လူတွေက ​ကလေးကို ​ကုန်ကူးတဲ့ ​အလုပ်လုပ်တဲ့အကြောင်း၊ ​တချို့ကလည်း ​ကလေးရောင်းစားတဲ့ ​လုပ်ငန်းမှာလုပ်ကိုင်နေကြတဲ့ ​လူဆိုးဂိုဏ်းကြီး ​ဖြစ်တယ်လို့ ​တရုတ်ရဲအရာရှိက ​ရှင်းပြခဲ့ပါတယ်။

လူကုန်ကူးသူတွေက ​ကလေးငယ်တချို့ကိုလည်း ​အိပ်ဆေးတွေ ​တိုက်ထားတယ်လို့ ​ဆိုပါတယ်။

တရုတ်နိုင်ငံမှာ ​အိမ်ထောင်စုတစ်စုမှာ ​ကလေးတစ်ယောက်နှုန်းသာ ​ယူခွင့်ပေးတဲ့ ​ပေါ်လစီရဲ့ ​နောက်ဆက် တွဲပြဿ နာနဲ့ ​သားယောကျာင်္းလေးတွေကို ​သမီးမိန်းကလေးတွေထက် ​ပိုမြတ်နိုးတဲ့ ​ဓလေ့တွေကြောင့် ​ခုလို ​လူကုန် ကူးမှု ​ပြဿနာ ​ဖြစ်ပွားနေတာလို့ ​သုံးသပ်နေကြပါတယ်။

ကလေးငယ်တွေသာ ​ကုန်ကူးခံနေရတာမဟုတ်ပဲ ​တရုတ်နိုင်ငံမှာ ​အမျိုးသမီး ​ရှားပါးလွန်းတဲ့အတွက် ​အမျိုးသမီးတွေလည်း ​သတို့သမီးအဖြစ် ​လူကုန်ကူးခံနေရပြီး ​ပြီးခဲ့တဲ့ ​၂၀၁၁ ​ခုနှစ်အတွင်း ​ကုန်ကူးခံရတဲ့ ​အမျိုးသမီး ​၂၃၀၀၀ ​ကို ​ကယ်တင်နိုင်ခဲ့ပြီး ​ကလေးငယ် ​၁၃၀၀၀ ​ကို ​ကယ်တင်နိုင်ခဲ့ကြောင်းလည်း ​သိရပါတယ်။

အခုကယ်တင်ခဲ့တဲ့ ​ကလေးတွေကို ​ကလေးစောင့်ရှောက်ရေးဂေဟာမှာ ​စောင့်ရှောက်ထားပြီး ​မိဘရင်းတွေ ​ပြန်တွေ့တဲ့အခါ ​မိဘတွေရဲ့ ​လက်ထဲ ​ပြန်လည်အပ်နှင်းမှာ ​ဖြစ်ကြောင်းလည်း ​သိရပါတယ်။

From: ABC Radio Australia

အီရန်၏ နျူကလီးယားလက်နက်များ လျှော့ချမည်ဆိုခြင်းသည် ဟန်ဆောင်ခြင်းဖြစ်ကြောင်း အစ္စရေးပြော

Posted by drmyochit Monday, September 30, 2013, under | No comments


အီရန်သမ္မတသစ်၏ လက်ထက်တွင် နျူကလီးယား ခြိမ်းခြောက်မှုများ ယခင်ကထက် လျော့နည်း သွားသည် ဆိုသော အမြင်များကို ပြန်လည်ဖြေရှင်းရန်အတွက် အစ္စရေးဝန်ကြီးချုပ် ဘန်ဂျမင်နေ တန်ယာ ဟု (Benjamin Netanyahu) သည် နယူးယောက်မြို့သို့ တနင်္ဂနွေနေ့က ထွက်ခွာသွားခဲ့ကြောင်း စက်တင် ဘာ ၂၉ ရက်က အေအက်ဖ်ပီ သတင်းဌာနမှ ဖော်ပြထားသည်။

“အီရန်ရဲ့ အပြောချိုချိုတွေနဲ့ ဆွဲဆောင်မှုရှိတဲ့ စကားတွေရဲ့နောက်ကွယ်က အမှန်တရားကိုပြောပြဖို့ ကျွန် တော်ရည်ရွယ်ပါတယ်” ဟု နေတန်ယာဟုက ပြောကြားခဲ့ကြောင်း အစ္စရေးရေဒီယိုက ထုတ်လွှင့်ခဲ့သည်။ နေတန်ယာဟု နယူးယောက်မြို့သို့ ထွက်ခွာရန်အတွက် အစ္စရေးနိုင်ငံ တဲလ်အဗစ်မြို့ရှိ #BenGurion လေဆိပ်တွင် ရောက်ရှိနေချိန်တွင် ထိုကဲ့သို့ ထုတ်လွှင့်ခဲ့ခြင်းဖြစ်သည်။

အီရန်သမ္မတရိုဟာနီ ကုလသမဂ္ဂ အထွေထွေညီလာခံသို့ ပြောကြားခဲ့သော ပြေလည်ရေးဆန်သည့်မိန့်ခွန်း မှာ သံသယ၀င်ဖွယ်ဖြစ်ကာ၊ ဟန်ဆောင်မှုများဖြင့် ပြည့်နှက်နေကြောင်း ယခုအပတ်အတွင်းတွင် နေတန် ယာဟုက ပြောကြားခဲ့သည်။

နေတန်ယာဟုသည် တနင်္လာနေ့တွင် အမေရိကန်သမ္မတ ဘားရက်အိုဘားမားနှင့် အိမ်ဖြူတော်တွင်တွေ့ ဆုံဆွေးနွေးမည် ဖြစ်ကာ၊ ထို့နောက်တွင် အင်္ဂါနေ့တွင် ကုလသမဂ္ဂအထွေထွေညီလာခံတွင် မိန့်ခွန်းပြော ကြားရန်အတွက် နယူးယောက်မြို့သို့ ပြန်မည်ဖြစ်သည်။

နျူကလီးယား လက်နက်ထုတ်လုပ်ရေး အီရန်၏လျှို့ဝှက်စီမံကိန်းဟု အစ္စရေးနှင့် အနောက်နိုင်ငံများက စွပ်စွဲထားကြသည့်၊ အီရန်၏ အစီအစဉ်နှင့် ပတ်သက်သည့် ကိစ္စရပ်အား အစ္စရေးနိုင်ငံ၏ လုံခြုံရေးတွင် အဓိက အရေးကြီးသော ကိစ္စရပ်တစ်ခုအဖြစ် နေတန်ယာဟုက သတ်မှတ်ထားသည်။

ထိုစွပ်စွဲချက်များကို အီရန်နိုင်ငံက ငြင်းဆိုထားခဲ့သည်။ ကုလသမဂ္ဂသို့ ပြောကြား ခဲ့သည့်မိန့်ခွန်းတွင် သမ္မတရိုဟာနီက “အီရန်ရဲ့ လုံခြုံရေးနဲ့ကာကွယ်ရေး အယူအဆမှာ နျူကလီးယားလက်နက်တွေအတွက် နေရာမရှိပါဘူး” ဟုဆိုခဲ့သည်။

“ဒီလိုအချိန်မှာ အမှန်တရားကို ပြောဆိုဖို့ဟာ ကမ္ဘာ့ငြိမ်းချမ်းရေး၊ ကမ္ဘာ့လုံခြုံရေးနဲ့၊ အထူးသဖြင့် အစ္စရေး ရဲ့လုံခြုံရေးအတွက် မရှိမဖြစ်လိုအပ်လှပါတယ်” ဟု သူကပြောခဲ့သည်။

အီရန် နျူကလီးယားကိစ္စနှင့်ပတ်သက်သည့် စိုးရိမ်ကြောင့်ကြမှုများကို ဖြေရှင်းရန်ကြိုးစားနေသည့်၊ ကိုယ် ပိုင်ပုံစံ အလယ်အလတ်ဝါဒီ သမ္မတသည် တယ်လီဖုန်းဖြင့် အမေရိကန်သမ္မတ ဘားရက်အိုဘားမားနှင့် သောကြာနေ့က ပြောဆိုဆွေးနွေးနိုင်ခဲ့ရာ သမိုင်းဝင်ဖြစ်ရပ်တစ်ခုပင်ဖြစ်သည်။ အီရန်နိုင်ငံတွင် ၁၉၇၉ ခု နှစ်က ဖြစ်ပွားခဲ့သည့် အစ္စလာမ်မစ် တော်လှန်ရေးကာလ နောက်ပိုင်း၌ နှစ်နိုင်ငံခေါင်းဆောင်များအကြား ပထမဆုံးအကြိမ် ဆက်သွယ်ပြောဆိုမှုတစ်ရပ်လည်း ဖြစ်သည်။

AFP/Mizzima burmese

တနင်္သာရီမြစ် ရေလွှမ်းမှုကြောင့် လယ်ဧက ၁၅၀၀ ကျော် ရေလွှမ်းခံခဲ့ရပြီး ချောင်းလမု ကျေးရွာတွင် ရေလွှမ်းမိုးမှုကြောင့် စက်တင်ဘာ ၂၈ ရက်က နေအိမ် ၃၉ လုံး ပြိုကျခဲ့

Posted by drmyochit Monday, September 30, 2013, under | No comments

တနင်္သာရီမြစ် ရေလွှမ်းမိုးမှုကို တွေ့ရစဉ်

တနင်္သာရီတွင် မြစ်ရေလွှမ်းမှုကြောင့် လယ်ဧက ၁၅၀၀ ကျော် ရေလွှမ်းခံခဲ့ရပြီး ချောင်းလမု ကျေးရွာတွင် ရေလွှမ်းမိုးမှုကြောင့် စက်တင်ဘာ ၂၈ ရက်က နေအိမ် ၃၉ လုံး ပြိုကျခဲ့ကြောင်း သိရသည်။

တနင်္သာရီမြစ် ရေလွှမ်းမှုကြောင့် ယခုနှစ်တွင် တနင်္သာရီမြို့နယ်၊ သိန်ခွန်းကျေးရွာ အုပ်စုအတွင်းရှိ ချောင်းလမုရွာမှာလည်း ရေလွှမ်းမိုး ခံခဲ့ရကြောင်း သိရသည်။ ယခုတစ်ကြိမ် တနင်္သာရီမြစ် ရေကြီးမှုတွင် ချောင်းဖျားရေများ သာမက ချောင်းနှစ်ပြန်မှ ရေများလည်း တနင်္သာရီ ချောင်းငယ်အတွင်း စီးဝင်ခဲ့ပြီး မိုးရွာသွန်းမှု များသောကြောင့် မောတောင်ဘက်မှ တောင်ကျရေများလည်း စီးဆင်းလာခဲ့ကြောင်း သိရသည်။
င၀န်ချောင်း ရေလျှံမှုကြောင့် ချောင်းလမု ကျေးရွာတွင် ထူးထူးခြားခြား ရေလွှမ်းမှု ခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

"ချောင်းလမုမှာ ရေကြီးလို့ အိမ်တွေပြိုခဲ့တယ်လို့ သိရတယ်။ ဖြစ်တာက ၂၈ ရက်မှာ ဖြစ်တယ်။ ညတွင်းချင်းပဲ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူတွေ သွားရောက်ပြီး ကယ်ဆယ်ရေး လုပ်တယ်။ ဒီနေ့ မနက်ပိုင်းမှာ တိုင်းဒေသကြီး ၀န်ကြီးချုပ်နှင့်အဖွဲ့ တနင်္သာရီမြို့နယ်ကို ရောက်လာပြီး ကယ်ဆယ်ရေး လုပ်ငန်းတွေ လာရောက်လုပ်ဆောင် ပေးနေတယ်။ အခုထိတော့ ဒဏ်ရာရသူ မရှိဘူး" ဟု ကယ်ဆယ်ရေးလုပ်ငန်း သွားရောက်လုပ်ဆောင်ပေးနေသည့် တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။ တနင်္သာရီမြစ် ရေလွှမ်းမှုကြောင့် နေအိမ်များအပြင် လယ်မြေများလည်း ရေနစ်မြုပ်ခံခဲ့ရပြီး နစ်မြုပ်လယ်ဧကမှာ ၁၅၀၀ ကျော်အထိ ရှိခဲ့ကြောင်း သိရသည်။

"ရေကြီးတာကြောင့် တနင်္သာရီမြို့နှင့် ပတ်ဝန်းကျင် ကျေးရွာတွေက လယ်ဧက ၁၅၃၉ ဧက နစ်မြုပ်ခဲ့ရပါတယ်။ အဲဒီအထဲက တစ်ဝက်လောက်ကတော့ ပျက်စီးသွားနိုင်တယ်လို့ ကျွမ်းကျင်သူတွေ ခန့်မှန်းထားပါတယ်။ တိုင်းဒေသကြီး ၀န်ကြီးချုပ်က ကယ်ဆယ်ရေး လုပ်ငန်းတွေအပြင် ပျက်စီးသွားတဲ့ လယ်တွေအတွက် တစ်ဧက မျိုးစပါး နှစ်တင်းစီ ပေးပါတယ်။ ချောင်းလမု ရွာမှာတော့ ရေဘေးသင့်တဲ့ အိမ်ခြေ ၂၂၀ လောက်မှာ ၉၆ လုံးက နစ်မြုပ်သွားပါတယ်။ ရေပြန်ကျတဲ့အခါ တိုင်တွေ၊ အမိုးတွေ၊ ထရံတွေ ကွာကျသွားပြီး အိမ် ၃၉ လုံးက ပြိုကျသွားတာပါ" ဟု တနင်္သာရီမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်သူမှ စက်တင်ဘာ ၂၉ ရက်တွင် ပြောကြားသည်။

တနင်္သာရီမြစ် ရေလွှမ်းမှု ခံခဲ့ရသော တနင်္သာရီမြို့နှင့် ကျေးရွာများသို့ ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးမြတ်ကိုနှင့် တာဝန်ရှိသူများမှာ တနင်္သာရီ မြို့နယ်သို့ စက်တင်ဘာ ၂၉ ရက်တွင် သွားရောက်ခဲ့ကြောင်း သတင်းရရှိသည်။

From: Eleven

အစ္စလာမ်မစ် ​စစ်သွေးကြွအဖွဲ့ ပစ်ခတ်မှုကြောင့် အိပ်နေတဲ့ ကျောင်းသား အယောက် ၄၀ သေဆုံး

Posted by drmyochit Monday, September 30, 2013, under | No comments


နိုင်ဂျီးရီးယားနိုင်ငံ ​အရှေ့မြောက်ပိုင်းက ​စိုက်ပျိုးရေးဆိုင်ရာ ​ကောလိပ်တခုမှာ ​လက်နက်ကိုင်အဖွဲ့တဖွဲ့က ​၀င်ရောက် ​ပစ်ခတ် ခဲ့တဲ့ အတွက် ​ကျောင်းသူကျောင်းသား ​အနည်းဆုံး ​အယောက် ​၄၀လောက် ​သေဆုံး ခဲ့တယ်လို့ ​နိုင်ဂျီးရီးယား ​စစ်တပ်ကပြောပါတယ်။

အဆိုပါ ​လက်နက်ကိုင်အဖွဲ့တွေဟာ ​အစ္စလာမ်မစ် ​စစ်သွေးကြွအဖွဲ့ဖြစ်တဲ့ ​Boko ​Haram ​အဖွဲ့ဖြစ်နိုင်တယ် လို့ ​ဆိုပါ တယ်။

နိုင်ဂျီးရီးယား ​စစ်တပ်ရဲ့ ​အဆိုအရ ​လက်နက်ကိုင်သမားတွေဟာ ​ညအချိန် ​အိပ်ပျော်နေတဲ့ ​ကျောင်း သားတွေ ကို ​၀င်ရောက်ပစ်ခတ်ခဲ့တာဖြစ်ပြီး ​ကျောင်းစာသင်ခန်းတွေကိုလည်း ​မီးရှို့ခဲ့တယ်လို့ ​ပြောပါ တယ်။

လက်ရှိအခြေအနေအရ ​ပစ်ခတ်မှုဖြစ်ပွားခဲ့တဲ့ ​နိုင်ငံဂျီးရီးယားနိုင်ငံ ​အရှေ့မြောက်ပိုင်းပြည်နယ်ကို ​အရေးပေါ် အခြေ အနေ ​ကြေညာ ထား တယ်လို့ ​သိရပါတယ်။

တဆက်တည်းမှာပဲ ​အီရန်နိုင်ငံ ​Baghdad ​မြို့မှာလည်း ​အသေခံဗုံးခွဲမှုတစ်ခုကြောင့် ​လူပေါင်း ​၂၄ဦးသေ ဆုံးခဲ့ပြီး ​၂၇ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ​သိရပါတယ်။ ​အခု ​အသေခံ ​ဗုံးခွဲတိုက်ခိုက် ​မှုနဲ့ဆိုရင် ​စက်တင် ဘာလ အတွင်းမှာပဲ ​ပဋိပက္ခကြောင့် ​သေဆုံးသူအယောက်ပေါင်း ​၇၉၀ ​ရှိသွားပြီး ​ဒီတနှစ်အတွင်းဆိုရင် ​သေဆုံးသူ ​အယောက်ပေါင်း ​၄၆၀၀ ​ကျော်သွားပြီးလို့သိရပါတယ်။

                                                                                             ABC Radio Australi

ယခုလောလောဆယ် ကမ္ဘာ့အလိုရှိဆုံး အမျိုးသမီးဗြိတိန် မုဆိုးမ

Posted by drmyochit Monday, September 30, 2013, under | No comments

ဖြစ်စဉ်ကတော့ စက်တင်ဘာ ၂၁ ရက်နေ့လယ်၊ဈေးဝယ် သူများနဲ့စည် ကားနေချိန်မှာ မျက်နှာဖုံးစွပ် သေနတ်ကိုင် လူဆိုးလူ ကြမ်း ၁၅ ယောက်ခန့် ဟာ အုပ် စု ၂ စုခွဲပြီး ကုန်တိုက်ထဲ အတင်း ၀င်ကာ ““မူဆလင်တွေဘေး ဖယ်”” ဆိုပြီး ဈေးဝယ် သူတွေကိုအရမ်း ကာရော ပစ်ခတ်ကြပါပေါ့လား ဆိုပြီးဈေး ၀ယ်သူ ကိုယ်တွေ့ကြုံ သူတွေကပြောပါတယ်။ အချို့ ကို ဖမ်းဆီးပြီး၊ မူဆလင်ဘာသာဝင် ဟုတ်၊မဟုတ်စစ်မေးတယ်။

သူ တို့မေးတာတွေက တမန်တော် မိုဟာမက်ရဲ့မိခင်က ဘယ်သူ လဲ၊ ကိုရမ်း ကျမ်းစာကို ရွတ်ပြစမ်းစသည်ဖြင့်ပေါ့၊ မပြောနိုင် ရင် မရွတ်တတ်ရင် ပစ်သတ်တယ်၊ပြောနိုင်တဲ့သူကို လွှတ်ပေး တယ် လို့ထွက်ပြေးလွတ်မြောက် လာသူများက ပြောကြ တယ်။

ဒီအဖွဲ့ဟာမူလက ဘယ်သူ ဘယ်ဝါဆိုတာမသိရပေမယ့်နောက် တော့ သူတို့ဟာ ဆိုမာလီအခြေ စိုက်အစ္စလာမ္မစ် စစ်သွေးကြွ အုပ်စုဖြစ်တဲ့ အယ်လ်ရှာဘတ် (al-Shabbab) အဖွဲ့က ဖြစ်တယ် လို့ဆိုတယ်။ဆိုမာလီကို ကင်ညာတပ်ဖွဲ့တွေဝင်ရောက် တိုက်ခိုက်နေတာကို မကျေနပ်လို့ အခုလို လက်စားချေ တိုက်ခိုက်ခြင်းဖြစ်တယ်လို့ ၀င်ရောက်စီး နင်းတိုက်ခိုက်ခဲ့တဲ့ အစ္စလာမ္မစ် အစွန်းရောက်များက ပြောပါ တယ်။

ဒီစီးနင်းတိုက်ခိုက်မှုကို ကွပ်ကဲခဲ့သူဟာအနက်ရောင်ခေါင်းမြီး ခြုံထားသူ အမျိုးသမီးတစ်ယောက် ဖြစ်တယ်လို့မျက်မြင်များကပြော ကြတယ်။အခု အခါအဲဒီအမျိုး သမီးဟာ ဘယ်သူလဲဆိုတာသိရ ပြီဖြစ်ကြောင်း““White Widow”” လို့ဆိုတဲ့လူဖြူအမျိုးသမီးမုဆိုးမ တစ်ယောက်ဖြစ်ကြောင်း စက် တင်ဘာ ၂၆ ရက် နိုင်ငံတကာသတင်းဌာနများမှာ Breaking News တစ်ရပ်အနေနဲ့ တင်ပြခဲ့ ကြတာတွေကိုတွေ့ရတယ်။ သူက တော့ လင် ၂ယောက် ဆုံးပြီး ကလေး ၄ ယောက်မိခင် ဗြိတိန် သူဖြစ်တယ်လို့ဆိုတယ်။

သူ့နာမည်ဆမ်သာလူးဝစ်လူ သာဝိတ်(Samantha Louise Lewth waite) ဖြစ်တယ်။ သူ့ကို ၁၉၈၃ ခုနှစ်ဒီဇင်ဘာ ၅ ရက်နေ့ မှာ ဖခင် တာဝန်ထမ်းဆောင်ခဲ့ရာ မြောက်အိုင်ယာလန်မှာ မွေးဖွားခဲ့ လို့ အသက် ၂၉နှစ်ရှိပါပြီ။ ဖခင် ဟာ ခရစ်ယာန်ဘာသာဝင်တစ် ယောက်ဖြစ်တယ်။ ဗြိတိန်ဘုရင့် တပ်မတော်(အမှတ် ၉/၁၂)အမြောက်တပ်မှာ တာဝန် ထမ်း ဆောင်ခဲ့တဲ့ စစ်သည်တော်တစ်ဦး ဖြစ်ပြီး၊ ၁၉၇၄ ခုနှစ်မှာ သက်ပြည့် ပင်စင်ဖြင့်အငြိမ်းစားယူပြီး အခု တော့ လော်ရီကားမောင်းနေ တယ်လို့သိရတယ်။

ဆမ်သာလူး ၀စ်ဟာ ၂၀၀၂ ခုနှစ်မှာ ဂျာမိန်း လင်ဆေး(Germaine Landsay) ဆိုတဲ့ မူဆလင် အစွန်းရောက် တစ်ဦးနဲ့ လက်ထပ်ခဲ့ပြီး၊ ခရစ် ယာန်ဘာသာဝင် ကနေ မူဆလင် ဘာသာဝင် အဖြစ် ကူးပြောင်းလာတဲ့ဗြိတိန်သူဖြစ်တယ်။ မိဘတွေ ကတော့ ထိုအချိန်ကစပြီး သူ့ကို အဆက်ဖြတ်ခဲ့တယ်။ သူ့ ယော က်ျားဂျာမိန်းလင်ဆေးဟာ ၂၀၀၅ ခုနှစ် ဇူလိုင်လ ၇ ရက် (၇/၇)ရက်နေ့က ဗြိတိန်နိုင်ငံ ကင်းခရောစ့်နဲ့ရပ်ဆဲစကွဲယား ဘူတာအကြားမီးရထားကို အသေ ခံဗုံးခွဲတိုက်ခိုက်လို့သေဆုံး ခဲ့သူဖြစ်တယ်။

အဲဒီတိုက်ခိုက်မှုမှာခရီးသည်၂၅ဦးထက်မနည်းသေဆုံးခဲ့ရပါတယ်။သူဟာရှာဘတ်အစ္စလာမ္မစ်အစွန်းရောက်အဖွဲ့ဝင်တစ်ဦးဖြစ်သလိုရှာဘတ်အစွန်းရောက်အဖွဲ့တွေကိုလည်းငွေရေးကြေးရေးအရထောက်ပံ့နေသူဖြစ်ပြီး၂၀၁၂ခုနှစ်မွမ်ဘာဆာမှာပြုလုပ်တဲ့ယူရို-၂၀၁၂ဘောလုံးပွဲကိုအသေခံဗုံးခွဲတိုက်ခိုက်မှုကိုလည်းနောက် ကွယ်ကကြိုးကိုင်ခဲ့သူအဖြစ်စွပ်စွဲခံထားရသူဖြစ်တယ်။

သူဟာ နိုင်ရိုဘီရှော့ပင်း မောလ်ကိုအကြမ်းဖက်တိုက်ခိုက် မှုမပြုခင် ဒီကုန် တိုက်နဲ့ကိုက် ၁၀၀လောက်သာ ဝေးတဲ့နေရာ တစ်ခုမှာ တိုက်ခန်းငှားပြီး နေခဲ့ တယ်။ ကုန်တိုက်ရဲ့ဝင်လမ်း၊ ထွက်လမ်းတွေကိုအသေးစိတ် လေ့လာပြီး အကျင့်ပျက်လုံခြုံ ရေးဝန်ထမ်းအချို့ကို စည်းရုံးပြီး လာဘ်ထိုး ကာ ဈေးဝယ် သူအမျိုး သမီးအဖြစ်အသွင်ယူကာ လက် နက်ခဲယမ်းတွေတဖြည်းဖြည်းသွင်း ယူခဲ့တယ်လို့ဆိုတယ်။

အခင်းဖြစ် ပွားပြီးချိန်မှာလည်း သူဟာဈေး ၀ယ်သူအသွင်နဲ့ ထွက်ပြေး လွတ်မြောက်သွား ခဲ့ကြောင်းနဲ့လောလောဆယ်သူ့ကိုအပြည်ပြည်ဆိုင် ရာ ရဲတပ်ဖွဲ့(အင်တာပို)က အလိုအပ်ဆုံးတရားခံ (The most Wanted )အဖြစ်သတ်မှတ် ကာ နိုင်ငံတကာက၀ိုင်းဝန်းဖမ်း ဆီး ရမိရေးကူညီကြဖို့ အမြင့်ဆုံး တပ်လှန့်သတိပေး(Red No-tice)ထားကြောင်း သိရှိရပါ တယ်။

နေပြည်တော်ရှိ ဆည်တမံများ ကြံ့ခိုင်ရေး ဆောင်ရွက်ပြီးဖြစ်၊ မိုးများစွာရွာသွန်းသော်လည်း ရေပြည့်ခြင်း မရှိ

Posted by drmyochit Monday, September 30, 2013, under | No comments


နေပြည်တော် ကောင်စီနယ်မြေ အတွင်းရှိ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဦးစီးဌာန လက်အောက် တွင် ဆည်တမံ စုစုပေါင်း ၂၂ ခုရှိပြီး ဆည်တမံအားလုံးကို ကြံ့ခိုင်ရေး ဆောင်ရွက်ထားရှိပြီး ဖြစ်သည့် အပြင် ရေကင်း စစ်ဆေးရန် ဆည်ငယ်များအတွက် ဝန်ထမ်းငါးဦးနှင့် ဆည်လတ်များအတွက် ၁ဝ ဦး ချထားကာ စောင့်ကြပ်လျက်ရှိကြောင်း နေပြည်တော် ဆည်မြောင်းဦးစီးဌာနမှ ထိန်းသိမ်းရေး ညွှန်ကြားရေး မှူး ဦးစိုး တင့်က ပြောကြားသည်။ နေပြည်တော်၌ ဆည်တစ်ခု ကျိုးပေါက်သည်ဟူသော စက်တင်ဘာ ၂၆ ရက် 7 Day Daily နေ့စဉ်ထုတ် သတင်းနှင့်ပတ်သက်၍ အမှန်အားဖြင့် အဆိုပါကျေးရွာ၌ တောင်သူများ ဆောင်ရွက် ထားသော လျှိုပိတ်ဆည် ရှိခဲ့ပါက ကျိုးပေါက်နိုင်သည့်အတွက်  မြေပြင်စစ်ဆေး ဆောင်ရွက်နေကြောင်း ဖြေကြားခဲ့ခြင်း ဖြစ်ပြီး ဆည်မြောင်းဦးစီးဌာနမှ ကွင်းဆင်းစစ်ဆေးရာ၌ လျှိုပိတ်ဆည် မရှိကြောင်း၊ မိုးရေကြီးခြင်းကြောင့် သာလျှင် ရေကြီးရေလျှံ ဖြစ်ပွားရခြင်းဖြစ်ကြောင်း၊ မည်သည့်ဆည်တမံမှ ကျိုးပေါက်ခြင်းမရှိကြောင်း သိရသည်။ လက်ရှိ စက်တင်ဘာလ ၂၆ ရက်နေ့အထိ နေပြည်တော်ရှိ ဆည်တမံများအနက် ငလိုက်ဆည် တစ်ခုသာလျှင် ကန်ရေပြည့် အမှတ်ကို ရောက်ရှိနေ၍ ရေပိုလွှဲမှ ရေကျော်ခြင်းသာရှိကြောင်း၊ ပေါင်းလောင်းဆည်သည်လည်း ကန်ရေပြည့် အမှတ် (၅၃၅) ကိုမီရန် ၅ ပေခန့် လိုအပ်နေသေးပြီး ကျန်ဆည်အားလုံးမှာလည်း ကန်ရေပြည့် ရေဝင်ရောက်မှု မရှိသေးကြောင်း သိရသည်။ ထူးခြားဖြစ်စဉ်နှင့် ချိန်ခါမဟုတ် မိုးရွာသွန်းမှုများအတွက် ဖြစ်ပေါ်လာမည့် ဘေးအန္တရာယ်များ စီမံချက်များ ရေးဆွဲပြီး အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်နိုင်ရန် လူအင်အား၊ ပစ္စည်းအင်အား၊ စက်ယန္တရားများကို စုဖွဲ့ထားရှိပြီး ဖြစ်ပါ၍ လူထုမှ စိုးရိမ်ပူပန်ခြင်းမဖြစ်ရန် အသိပေးလိုကြောင်းနှင့် အချို့သော ကောလာဟလများကို အလွယ်တကူ မယုံကြည်ကြရန်နှင့် သိရှိလိုသည်များ ရှိပါက နေပြည်တော် ဆည်မြောင်းထိန်းသိမ်းရေးရုံး တာဝန်မှူး ဖုန်း-ဝ၆၇-၂၂ဝ၄၈ဝ သို့ ဆက်သွယ် စုံစမ်းနိုင်သကဲ့သို့ မိမိ၏ဖုန်း- ဝ၉-၈၃ဝဝ၈၁၈ ထံသို့လည်း ဆက်သွယ် မေးမြန်းနိုင်ပါကြောင်း ဆည်မြောင်းဌာန တာဝန်ရှိသူ ညွှန်ကြားရေးမှူး ဦးစိုးတင့်က ပြောကြားသည်။ အချို့သောသူများက ဖြစ်စဉ် အမှန်ကို တိကျစွာမသိဘဲ စာနယ်ဇင်းများထံသို့ မိမိတို့တစ်ဆင့် ကြားသိရ သည်များကို သတင်းပို့သောအခါ ရေးသူတို့က နားလည်မှု အလွဲအမှားများ ဖြစ်စေနိုင်သဖြင့် ဆည်မြောင်းဦးစီးဌာန ဝန်ထမ်းများသည် တောင်သူများနှင့် အမြဲထိတွေ့ ဆက်ဆံနေကြသည်ဖြစ်ရာ ဒေသခံလူထုများ၏ စိုးရိမ်ပူပန်မှုများကို ကူညီဖြေရှင်းပေးရန်အတွက် တောင်သူလယ်သမားများ၊ ရပ်မိရပ်ဖများအနေဖြင့် ဆည်တမံများနှင့် ပတ်သက်၍ တွေ့ရှိချက်များ၊ ထူးခြားဖြစ်စဉ် သတင်းပို့လိုသည်များကို ဆည်မြောင်းဦးစီးဌာနမှ တောင်သူလယ်သမား မိတ်ဆွေ (Farmer Friend) ဝန်ထမ်းများကို ဆည်တမံနှင့် ရေသောက်စနစ်ရှိသော ဒေသများတွင် ခန့်ထားပြီး ဖြစ်၍ တိုက်ရိုက်ဆက်သွယ် မေးမြန်းနိုင်ပါကြောင်း လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။


From : .. မြန်မာ့အလင်း

ဒေါ်စု အဆပေါင်းများစွာတော်ပြီး နိုဘယ်ဆုမရခဲ့သည့် Global Leader ဦးသန့်

Posted by drmyochit Monday, September 30, 2013, under | No comments


တနင်္ဂနွေနေ့ထုတ် The Voice Daily တွင် ထင်ရှားကျော်ကြား ပုဂ္ဂိုလ်များ အကြောင်း ရေးသည့်အခါ ပထမဆုံး ခေါင်းထဲ ရောက် လာသူမှာ ဦးသန့် ဖြစ်သည်။

ဗိုလ်ချုပ်ကို ခေါင်းဆောင်မှု ရှုထောင့်မှကြည့်အပြီး မြန်မာ့ခေါင်းဆောင်စစ်စစ် တစ်ယောက်၏ ခေါင်းဆောင်မှု အဖြစ် ‘ဗိုလ်ချုပ်၏ ခေါင်းဆောင်မှု ရှာပုံတော်’ စာတစ်အုပ် ထုတ်ဝေပြီးသောအခါ ဦးသန့်ဘက်သို့ ကျွန်တော်လှည့်သည်။ ဗိုလ်ချုပ် ခေါင်းဆောင်သည်က မြန်မာ့နိုင်ငံရေး၊ လွတ်လပ်ရေး ကြိုးပမ်းမှု၊ ပြည်တွင်း။ ဦးသန့်က နိုင်ငံတကာ စင်မြင့်တွင် ရပ်ဝေး မြေခြား တိုင်းတစ်ပါးသားများ၊ ထိပ်သီးများ၊ ကမ္ဘာကို ကိုင်လှုပ်နေသူ မတစ်ထောင်သားတို့ကို ဦးဆောင်သည်။ သမိုင်းတစ်ကွေ့တွင် သူတို့ ဆုံခဲ့ကြသော်လည်း သူတို့၏ ဘဝလမ်းက ကွာခြားသည်၊ စရိုက်ချင်းလည်း မတူ။ ဗိုလ်ချုပ်ထံမှ ခေါင်းဆောင်မှုကို ကျွန်တော်တို့ သင်ယူနိုင်လျှင် ဦးသန့်၏ ခေါင်းဆောင်မှုသည်လည်း မြန်မာတို့အတွက် အကျိုးရှိမည်ဟု ကျွန်တော် ယူဆသောကြောင့် ရေးလိုက်ရာ ဆောင်းပါးများ လေးငါးဆယ်ပုဒ်ခန့် ဖြစ်သွားသည်။ သူ့အကြောင်း၊ သူ့ခေါင်းဆောင်ရည်ကို အကဲဖြတ် မှတ်ကျောက်တင်ရန် သူကျင်လည်ခဲ့သည့် ကုလသမဂ္ဂ၊ ထိုစဉ်က ကမ္ဘာ့နိုင်ငံရေး စင်မြင့်တို့ကို ပြန်တူးဆွ၊ ခံစားယူရသောအခါမှ ဦးသန့်၏ ခေါင်းဆောင်မှု ရုပ်ပုံလွှာသည် ပီသလာသည်၊ ကြည်မြလာသည်၊ တစ်လွှာချင်း တစ်လွှာချင်း မြင်ကွင်းတို့ ပေါ်လာသည်။ ဦးသန့် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်အဖြစ် တာဝန်ယူရသည့် ကာလ ၁၉၆၁-၁၉၇၁ သည် ကမ္ဘာတွင် အမေရိကန် ဦးဆောင်သော အနောက်အုပ်စုနှင့် ဆိုဗီယက် ဦးဆောင်သော အရှေ့အုပ်စုတို့ သဲသဲမဲမဲ အားပြိုင်နေပြီး တစ်ချက်မှားလျှင် ကမ္ဘာကြီး တတိယကမ္ဘာစစ်သို့ ဦးတည်အောင် အတိမ်းအစောင်း မခံသည့် အခြေအနေ ဖြစ်သည်။ ထိုသို့ Two Polars အခြေအနေတွင် ကုလသမဂ္ဂသည် အရေးကြီးသည့် နေရာတွင်ရှိပြီး ဦးသန့်သည်လည်း VVIP Very Very Important Person ဖြစ်လာသည်။ ဦးသန့် စတင်တာဝန်ယူစက မလေးမခန့်သူများ ရှိခဲ့သော်လည်း အချိန်နှင့်အမျှ သူ့လုပ်ရည်ကိုင်ရည်နှင့် စေတနာကို သဘောပေါက်လာပြီး လေးစားလာကြသည်။

ဦးသန့် ထမ်းဆောင်ရသော ကြီးလေးသည့် တာဝန်နှင့် ပြသခဲ့သည့် လုပ်ရည်ကိုင်ရည်တို့ကို အံ့သြ ချီးကျူးပြီး ဦးသန့်၏ ကျောင်းပညာရေးကို ကြည့်လိုက်လျှင် ပိုပြီး အံ့အားသင့်သွားနိုင်သည်။ သူသည် ဒုတိယနှစ်နှင့် ကျောင်းပြီးခဲ့သည်။ ကုလသမဂ္ဂတွင် သူ၏ လက်ထောက်များသည် ပါရဂူဘွဲ့ရ ပါမောက္ခများ ဖြစ်သလို သူထိတွေ့ ကိုင်တွယ်ရသူများသည် နိုင်ငံများမှ ထိပ်သီးများ၊ ဇော်များ ဖြစ်ကြသည်။ ထိုသူတို့၏ လေးစားခြင်း၊ ယုံကြည်ခြင်းကို ဦးသန့် ရယူနိုင်ခြင်းက သူ၏ ပညာအရည်အချင်းသည် သူ့အတန်းပညာထက် သာလွန်ခြင်းကို ပြသည်။ ယနေ့ခေတ် ဘွဲ့လက်မှတ်များ၊ သင်တန်းအောင် လက်မှတ်များကို ဝါသနာသဖွယ် စုဆောင်းနေသည့် ဘွဲ့ရ ပညာမတတ်များ၊ လက်မှတ်စုသူများ (Certificate Collector) များသည် ဦးသန့်၏ နမူနာကို ယူသင့်သည်။ ပညာဆိုသည် တိုင်းတာရ လွယ်အောင် တက်ခဲ့သော ကျောင်းများ၊ ဖြေခဲ့သော စာမေးပွဲများနှင့် တိုင်းကြသော်လည်း တကယ့်ပညာဆိုသည် အတန်းပညာ၏ အလွန်တွင် ရှိသည်။

ကုလသမဂ္ဂသို့ မရောက်မီ ဦးသန့်သည် မြန်မာနိုင်ငံတွင် တာဝန်ကြီးကြီးများကို ယူခဲ့ရာတွင်လည်း ထိုတာဝန်များနှင့် မည်မျှစိမ်းစိမ်း ကျေပွန်အောင် ဆောင်ရွက်နိုင်သည်။ သူသည် စိတ်တံခါးကို ဖွင့်ထားပုံရသည်၊ စာအလွန်ဖတ်သည်၊ လေ့လာသည်။ ထိုသို့ စဉ်ဆက်မပြတ် ကိုယ့်ကိုယ်ကိုယ် သင်ယူခြင်းဖြင့် ယူရသော တာဝန်တို့ကို ဦးသန့် နားလည်ရုံမက ကျေညက်အောင် မြင်အောင် ဆောင်ရွက်နိုင်ခဲ့သည်။ ကိုယ်ကိုယ်တိုင်က ကျောင်းဆရာ ဖြစ်ခဲ့သော ဦးသန့်သည် သင်ဆရာထက် မြင်ဆရာနှင့် ကြားဆရာတို့ကို အားထားသည့် self-study သမား ဖြစ်သည်။

ပိစိကွေး နိုင်ငံလေးဖြစ်သည့် မြန်မာနိုင်ငံကို ကမ္ဘာက မသိ။ သို့သော် ဦးသန့်ကို ကမ္ဘာက သိသောအခါ မြန်မာကို ကမ္ဘာက သိလာသည်။ ဦးသန့်သည် မြန်မာကို ကမ္ဘာ့မြေပုံပေါ်သို့ ဗုံနှင့် မောင်းနှင့် ပထမဆုံး တင်ပေးခဲ့သူ။ ကမ္ဘာ့ထိပ်တန်း မြန်မာတစ်ယောက် ဖြစ်သည့် ဦးသန့်ကြောင့် မြန်မာကို ကမ္ဘာက သိသော်လည်း သူ့ကို မြန်မာတို့ ဂုဏ်သတင်း မွှေးပျံ့ရေးတွင် ကောင်းစွာ အသုံးမချလိုက်ရ။ ဦးသန့် ကျော်စောသည့် အချိန်တွင် မြန်မာနိုင်ငံသာ တံခါးဖွင့်ပြီး ကုန်ထုတ်လုပ် တင်ပို့ရန် ကြိုးစား၊ ကမ္ဘာလှည့် ခရီးသွား လုပ်ငန်းဖြင့် မီးခိုးမထွက်ဘဲ ဝင်ငွေရအောင် ကြိုးပမ်းနေလျှင် မြန်မာ့ထုတ်ကုန်များကို လူ ပိုစိတ်ဝင်စား၊ မြန်မာသို့ လာလည်ရန် ပိုအားသန်ကာ ဦးသန့်၏ ဂုဏ်သတင်းသည် မြန်မာနိုင်ငံကို ဒေါ်လာ ဘီလီယံချီ အကျိုးပြုပေလိမ့်မည်။ မြန်မာနိုင်ငံ သမိုင်းတွင် ‘အခွင့်အရေးပေါ်လျက်နှင့် လက်လွှတ်ခဲ့ရသည့် ဆယ်စုနှစ်များစွာ’ Lost Decades ထိုစဉ်က တံခါးပိတ် ထားခဲ့သည့်၊ ပို့ကုန်ပို့ရန် မကြိုးစားခဲ့သည့် မြန်မာနိုင်ငံတွင် ဦးသန့်နှင့်လည်း အလားတူပင်။ စင်ကာပူကဲ့သို့ Marketing ကျွမ်းကျင်သည့် နိုင်ငံမျိုးတွင်သာ ထိုသို့သော သူမျိုးရှိလျှင် စင်ကာပူ ဂုဏ်သတင်း ပျံ့မွှေးရေး Country Marketing အတွက် လှလှပပ ဆောင်ရွက်ပေလိမ့်မည်။

ဦးသန့်နှင့် ပတ်သက်လျှင် အံ့သြစရာမှာ သူ၏ စွန့်လွှတ်နိုင်စွမ်းပင်။ လူအများ တပ်မက်မောကြသည့် ရာထူးကြီးတွင် တတိယ သက်တမ်းကို ဆက်ယူပါရန် နိုင်ငံတကာ ခေါင်းဆောင်များက တောင်းတောင်းပန်ပန် တိုက်တွန်းနေသည့်ကြားမှပင် မယူဘဲ ပြတ်ပြတ်သားသား စွန့်ခွာခဲ့သည်။ နေရာကောင်းကောင်း ရလျက်သားနှင့် ထိုနေရာကို ခွာနိုင်ခြင်းသည် ထိုနေရာကို ရအောင် လုပ်နိုင်ခြင်းထက်ပင် ပိုခက်ခဲပြီး လူထက်လူ ပုဂ္ဂိုလ်တို့သာ စွမ်းနိုင်သည်။ ရယူခြင်းထက် စွန့်လွှတ်ခြင်းက ခက်ခဲသော်လည်း ဦးသန့်သည် စွန့်လွှတ်ခြင်းကိုပင် လွယ်သယောင် ပြုနိုင်သူ ဖြစ်သည်။ နောင်တက်သည့် ကုလအတွင်းရေးမှူးချုပ် အချို့၏ နောက်သက်တမ်း အရွေးခံရရေး ကြီးစွာသော လုံ့လပြုကြသည်နှင့် ယှဉ်ကြည့်လျှင် ဦးသန့်၏ စွန့်လွှတ်နိုင်ခြင်းသည် ပိုမိုပေါ်လွင်လာသည်။

ယနေ့အခါ ဗိုလ်ချုပ်အောင်ဆန်းအကြောင်း ပြောဆိုရေး သားခွင့် ပြန်ရလာသလို ဦးသန့်အကြောင်း ကိုလည်း ပြန်လည် ဖော်ထုတ်လာကြသည်။ ဦးသန့်၏မြေး သမိုင်းပညာရှင် ဒေါက်တာသန့်မြင့်ဦး မြန်မာနိုင်ငံသို့ ပြန်လာပြီး ပြုပြင်ပြောင်းလဲရေး ကာလတွင် အကြံဉာဏ်ပေး ပေါက်ရောက်ခြင်းသည်လည်း တိမ်မြုပ်နေသော အဘိုးဖြစ်သူ ဦးသန့် ပြန်လည် ရှင်သန်ရေး အားသစ်ပင် ဖြစ်သည်။ ဦးသန့် ပြတိုက်ကို ၂၀၁၄ ခုနှစ်တွင် ဖွင့်ရန် ကြိုးစားနေသည်။

တစ်ခေတ်တစ်ယောက်ပင် ပေါ်ရန် ခဲယဉ်းသည့် ဦးသန့်ကဲ့သို့ လူမျိုးအကြောင်း ကြားရသည်နှင့် မြန်မာ လူငယ်လူရွယ် လူလတ်တို့ အားကျရသည်၊ အားခွန်သစ်တို့ တိုးပွားရသည်။ ဦးသန့်၏ နည်းနာများအတိုင်း လုပ်နိုင်ကိုင်နိုင် အတုယူနိုင်လျှင် ကမ္ဘာ့စင်မြင့်သို့တိုင် ပေါက်ရောက်ပေလိမ့်မည်။ ဦးသန့်ကို ပြန်ဖော်ထုတ် နိုင်ခြင်းသည် မြန်မာနိုင်ငံတွင် ပူဇော်ထိုက်သူ ပူဇော်ဟူသော မင်္ဂလာ ပြန်လည် ခေါင်းထောင်ထလာခြင်းကိုလည်း ပြသည်။ ယခင်ကဆိုလျှင် ချွန်သူဆိုလျှင် အသာ မှတ်ထားပြီး ချောင်ထိုးသည့်ကာလမှ ယခုအခါ ချောင်ထိုးထားသူတို့ကိုပင် ဖုန်ခါကာ ရှေ့တန်းသို့ ပို့လာရပြီ။ ဘုရားကားအောက်၊ မျောက်ကားအထက် မဟုတ်တော့ဘဲ Meritocracy ခေါ် အရည်အချင်းအလိုက် ဝါဒ အညွန့်ပြန်လူလာသည့် ကာလဖြစ်သည့်အတွက် ယခင်က နေရာမရ ခဲ့သောသူတို့ နေရာပြန်ရလာသည်။

Globalization ခေါ် ကမ္ဘာပြုခြင်းဖြစ်စဉ် ခေတ်မစားခင် အချိန်ကတည်းက Global Leader ဖြစ်ခဲ့သည့် ဦးသန့်ထုံး နှလုံးမူကာ အားထုတ်လျှင် ကမ္ဘာ့ စင်မြင့်ထက်တွင် မြန်မာတို့ ပွဲလယ်တင့်လိမ့်မည် ဖြစ်သည်။

MyanmarExpress

Greenpeace လှုပ်ရှားသူ ၈ ဦး ရုရှားမှာ ထောင်ဒဏ် အပြစ်ပေး

Posted by drmyochit Monday, September 30, 2013, under | No comments

တရားရုံးအတွင်း ရဲအရာရှိအစောင့်နှင့် အချုပ်ခံနေရသော သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးသမား Ruslan Yakushev (စက်တင်ဘာ ၂၆၊ ၂၀၁၃)

ရုရှားနိုင်ငံရဲ့ Arctic ရေနံတူးဖော်ရေးလုပ်ငန်းရှိရာနေရာကို အတင်းဝင်ရောက်ဖို့ ကြိုးစားခဲ့တဲ့ Greenpeace သဘာဝပတ်ဝန်းကျင်စောင့်ရှောက်ရေး တက်ကြွလှုပ်ရှားသူ (၈) ဦးကို Murmansk မှာရှိတဲ့ ရုရှား တရားရုံး တရုံးကနေ ထောင်ဒဏ် နှစ်လစီ အမိန့်ချလိုက်ပါတယ်။

ပင်လယ်ရေကြောင်း ဆိုင်ရာ အကြမ်း ဖက်မှုနဲ့ စွပ်စွဲ ခံရပြီး အဲဒီ အမှုကို တာဝန် ရှိသူတွေ စုံစမ်းနေချိန် ပြီးခဲ့တဲ့ သီတင်းပတ် အတွင်းမှာ လှုပ်ရှားသူ ၂၂ ဦးလုံး ထိန်းသိမ်းခံခဲ့ရပါတယ်။ Greenpeace အဖွဲ့ရဲ့ Arctic Sunrise ဆိုတဲ့ သင်္ဘောမှာပါလာတဲ့ တက်ကြွ လှုပ်ရှား သူတွေ ဟာ ရုရှားနိုင်ငံပိုင် Gazprom ကုမ္ပဏီ လုပ်ငန်းနေ ရာပေါ်ကို လွန်ခဲ့တဲ့ သီတင်းနှစ်ပတ်က အတင်း ဝင်ရောက်ဖို့ ကြိုးစား ခဲ့ကြပါတယ်။

ဒီလူတွေဟာ ပင်လယ်ပြင်အကြမ်းဖက်မှုကျူးလွန်သူ ပင်လယ်ဓားပြတွေလို့ ယူဆပြီး စစ်တပ် လုံခြုံရေးတွေ က သူတို့ကို တားဆီးခဲ့ပါတယ်။ ဒီလူ ၃၀ ဟာ ပင်လယ်ဓားပြတွေမဟုတ်ပေမယ်လို့ နိုင်ငံတကာဥပဒေကို ချိုးဖောက်ပြီး ရေနံတွင်းတူးလုပ်သားတွေအတွက် အန္တရာယ်ဖြစ်အောင် ကျူးလွန်ခဲ့သူတွေဖြစ်တယ်လို့ ရုရှား သမ္မတ ဗလာဒီမီယာပူတင်က ပြောပါတယ်။

ဒီ ရေနံတွင်းတူးလုပ်ငန်းက ရေနံတွေယိုစိမ့်လာရင်  ရုရှားနိုင်ငံ Artic ကမ်းရိုးတန်းကို အန္တရာယ်ဖြစ်စေ လိမ့်မယ် လို့ Greenpeace က ပြောထားပါတယ်။

ဗွီအိုအေ (မြန်မာဌာန)

သံတွဲမြို့မှာ သာမန် အငြင်းပွားရာကနေ ရုတ်ရုတ်သဲသဲ ဖြစ်

Posted by drmyochit Monday, September 30, 2013, under | No comments

ရခိုင်ဒေသမှာ သာမန် အငြင်းပွားမှုတွေ
ကနေ အကြမ်းဖက် ဆူပူမှုတွေ
အထိ ဖြစ်ခဲ့
ရခိုင်ပြည်နယ် သံတွဲမြို့မှာ စနေနေ့က ကမန် အမျိုးသား ပါတီက ဦးကျော်စံလှရဲ့ အိမ်ရှေ့ အဝင်အထွက်မှာ ဆိုင်ကယ်မလွတ်လို့ အချင်းများ ရာ ကနေ လူအုပ်နဲ့ ရဲစခန်းကို သွားဝိုင်းတဲ့အထိ ဖြစ်ခဲ့ ပါတယ်။

ဆိုင်ကယ်သမား လူငယ်လေးကလည်း လူရည် မွန်လေး တဦး ဖြစ်သလို ဦးကျော်စံလှကလည်း မြို့မိမြို့ဖ တဦး ဖြစ်ကြောင်း၊ ဒါပေမယ့် အချင်းချင်း နားလည်မှု လွဲရာကနေ အချင်းများခဲ့တာ ဖြစ်ကြောင်း၊ ဒီသာမန် အငြင်းပွားမှုကို အခွင့်ကောင်း ယူပြီး လှုံ့ဆော်သူတွေ ရှိခဲ့တာကြောင့် အခုလို လူစုလူဝေးနဲ့ ရုတ်ရုတ်သဲသဲ အဆင့်ထိ ရောက်သွားတာလို့ သံတွဲခရိုင် NLD ဥက္ကဌ ဦးဝင်းနိုင်က ဘီဘီစီကို ပြောပြပါတယ်။

ဦးကျော်စံလှကို ဆဲရေး တိုင်းထွာမှု အပါအဝင် ပုဒ်မနှစ်ခုနဲ့ ရဲက ဖမ်းဆီးခဲ့ရာမှာ လူ၅၀လောက်က ရဲစခန်းကို ဝိုင်းထားပြီး ဦးကျော်စံလှကို လွှဲပေးဖို့ တောင်းဆိုခဲ့ ကြပါတယ်။

ညနေပိုင်းလောက်မှာ သံဃာတော်တွေရဲ့ ဖျောင်းဖျမှုနဲ့ လူစု ကွဲသွားခဲ့ပြီး ဦးကျော်စံလှ ကိုလည်း ရဲက အာမခံနဲ့ ပြန်လွှတ်ပေးခဲ့ပါတယ်။

ဒါကို မကျေနပ်တဲ့ လူ၂၀လောက် က တနင်္ဂနွေနေ့မှာ ရဲစခန်းကို တခါ ထပ် ဝိုင်းခဲ့ကြတယ်လို့ သိရပါတယ်။

အဲဒီလူတွေဟာ မျက်နှာဖုံးတွေ စွပ်ထားကြပေမယ့် မြို့ခံတွေဖြစ်တယ်လို့ ဆိုပါတယ်။

အဲဒီလူတွေ ဘယ်သူ ဘယ်ဝါ ဖြစ်တယ် ဆိုတာကို သက်ဆိုင်ရာ အာဏာပိုင်တွေက သိနေပေမယ့် အဖမ်းအဆီး ခုချိန်ထိ မရှိသေးဘူးလို့ ဦးဝင်းနိုင်က ပြောပါတယ်။

သံတွဲမြို့မှာ အခုလို ရုတ်ရုတ်သဲသဲ ဆူပူမှုတွေ ဖြစ်အောင် လှုံ့ဆော်မှုတွေ ရှိနေတယ်လို့ သူက ပြောပါတယ်။

ဘာသာခြား ဆိုင်တွေမှာ ဈေးမဝယ်ကြဖို့၊ ဝယ်သူတွေကို ဓါတ်ပုံ ရိုက်ထားပြီး လူ့လောကကြီးကနေ ဝိုင်းပယ်ထားကြဖို့ လှုံ့ဆော်မှုမျိုးတွေ တွေ့ရတယ်လို့လည်း ဆိုပါတယ်။

ည ၈နာရီလောက်မှာ သံတွဲမြို့ ၃ရပ်ကွက် တာဝင်္တိသာ လမ်းမှာ အိမ်တလုံး မီးရှို့ ခံခဲ့ရပါတယ်။

စနေနဲ့ တနင်္ဂနွေနေ့က ဖြစ်ခဲ့တဲ့ ကိစ္စတွေနဲ့ ဒီမီးလောင်မှု ဆက်စပ်နေသလား ဆိုတာကိုတော့ အသေအချာ မသိရသေးပါဘူး။

ပြီးခဲ့တဲ့ ဇွန်လတုန်းကလည်း သံတွဲမြို့မှာ ရှိတဲ့ တောင်ကုတ်မြို့သူ တဦး ဆွဲလား ရမ်းလား အလုပ်ခံရတယ် ဆိုတဲ့ သတင်းတွေကြောင့် ပဋိပက္ခတွေ ဖြစ်ပွားခဲ့ပြီး ညမထွက်ရ အမိန့် ထုတ်ပြန်ခဲ့ရပါတယ်။

From: BBC

တစ်ချိန်တွင် နိုင်ငံတော်အတွက် တစ်နိုင်ငံလုံး လွှမ်းခြုံစေမည့် Master Plan ဖြစ်နိုင်

Posted by drmyochit Monday, September 30, 2013, under | No comments



“ရခိုင်တိုင်းရင်းသားများသည် ရခိုင်ပြည်နယ်၏ထူးခြားသော ပထဝီနိုင်ငံရေးအရ အခြား တိုင်းရင်းသား များ ထက် ပြည်ထောင်စု၏အချုပ်အခြာအာဏာနှင့် နယ်မြေပိုင်ဆိုင်မှုအပြင် ယဉ်ကျေးမှုဓလေ့ထုံးစံများအတွက် ခက်ခက်ခဲခဲဖြင့် ထိန်း သိမ်းကာကွယ်တာဝန်ယူနေရကြောင်း၊ မိမိတို့အနေဖြင့် နှုတ်ဖြင့် ဂုဏ်ပြု ချီးမြှောက်နေ ရုံမျှသာမဟုတ် အားလုံးက ဝိုင်းဝန်း ကူညီဆောင်ရွက်ပေးကြရမှာ ဖြစ်ကြောင်း” ပြည်ထောင် စု လွှတ်တော်နာယက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ယနေ့နံနက် (၉)နာရီတွင် ရန်ကုန်မြို့ လှိုင်မြို့ နယ်ရှိ အပြည်ပြည်ဆိုင်ရာစီးပွားရေးဗဟိုဌာန (IBC) ခန်းမ၌ကျင်းပသည့် ရခိုင်ပြည်နယ် ဖွံ့ဖြိုး တိုးတက်ရေး မိသား စုတွေ့ဆုံဆွေးနွေးပွဲ၌ ပဏာမနှုတ်ခွန်းဆက်အမှာ စကားပြောကြားစဉ် ထည့်သွင်း ပြောကြားခဲ့သည်။

အဆိုပါတွေ့ဆုံပွဲအခမ်းအနားသို့ ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက ပြည်သူ့လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ ဦးနန္ဒ ကျော်စွာ၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်ကော်မတီဥက္ကဋ္ဌများ၊ ရန်ကုန်တိုင်းဒေ သကြီး ဝန်ကြီး များ၊ မြန်မာ နိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်နှင့် လူမှုရေးအဖွဲ့အစည်းအသီးသီးမှ ကိုယ်စား လှယ်များ၊ ရခိုင်ပြည်နယ် (၁၇) မြို့နယ် ကိုယ်စားပြု နာယကကြီးများနှင့် ကိုယ်စားလှယ်များ၊ ရခိုင်သဟာရ အသင်း၊ ရခိုင်စာပေနှင့် ယဉ်ကျေးမှု အဖွဲ့နှင့် ပြည်နယ်လူမှုရေးအသင်းအဖွဲ့များမှ ကိုယ်စား လှယ်များ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ ရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးမိသားစုတွေ့ဆုံဆွေးနွေးပွဲ ကျင်းပရခြင်း၏ရည်ရွယ်ချက်ကို ဗွီဒီယိုပြ ကွက်များ ဖြင့် တင်ပြသည်။ယင်းနောက် ပြည်ထောင်စုလွှတ်တော်နာယက ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပဏာမ နှုတ်ခွန်းဆက်အမှာစကားပြောကြားသည်။ ထို့နောက် ရန်ကုန်တိုင်းဒေ သကြီး ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေး မောင်က ရခိုင်ပြည်နယ် သမိုင်းအကျဉ်းနှင့် လက်ရှိ အခြေ အနေ များကို ဆွေးနွေးတင်ပြသည်။

ဆက်လက်၍ ဦးဘိုမင်းဖြူ (တရားလွှတ်တော်ရှေ့နေ)က “ရခိုင်ပြည်နယ်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး တို့နှင့်စပ် လျဉ်း၍ လည်းကောင်း”၊ ဥပဒေပညာရှင် ဦးသာပွင့်(စစ်တွေ)က “ရခိုင်ပြည်နယ်ဒေသ တည်ငြိမ်ရေးနှင့် ပထဝီနိုင်ငံရေး ဆိုင်ရာ အရေးပါပုံများနှင့်စပ်လျဉ်း၍လည်းကောင်း”၊ ရခိုင်တိုင်းရင်းသား ကိုယ်စားပြုပုဂ္ဂိုလ် ဦးသိန်းရွှေက “ရခိုင်ပြည်နယ်ဖွံ့ဖြိုး တိုးတက်ရေးအတွက် လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်မီးရရှိရေးနှင့် လူမှုစီးပွားရေးဆိုင်ရာ တို့နှင့်စပ်လျဉ်း၍ လည်းကောင်း၊ ရခိုင်သဟာယအသင်းဥက္ကဋ္ဌ ဦးလှမောင်သိန်းက “ရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် လူငယ်ဖွံ့ဖြိုးရေးအလုပ်အကိုင် အခွင့်အလမ်းရရှိရေးတို့နှင့် စပ်လျဉ်း၍လည်းကောင်း”၊ ရန်ကုန်ပညာရေး တက္ကသိုလ်မှ မောင်ဇော်မျိုးနိုင်က “ရခိုင်တက္ကသိုလ်ကျောင်းသား တစ်ဦးမှ လက်ရှိဖြစ်ပျက်နေသောအခြေအနေများကိုလည်းကောင်း”၊ ရခိုင်စာပေနှင့်ယဉ်ကျေးမှု အဖွဲ့(ရန်ကုန်) ဥက္ကဋ္ဌ ဒေါ်စောခင်တင့်က “ရခိုင်ပြည်နယ်ဖွံ့ဖြိုး တိုးတက်ရေး အတွက် လတ်တလောလိုအပ်ချက်များနှင့် စပ်လျဉ်း၍လည်းကောင်း တင်ပြကြသည်။ ထို့နောက် ပြည်ထောင်စုလွှတ်တော်နာယကထံသို့ ရခိုင်ပြည်နယ်(၁၇)မြို့နယ်၏ ဖွံ့ဖြိုးတိုးတက်ရေး တင်ပြချက်များကို သက်ဆိုင်ရာ ကိုယ်စားလှယ်များက အကျဉ်းချုပ်အားဖြင့် တင်ပြကြသည်။

ယင်းနောက် ပြည်ထောင်စုလွှတ်တော် နာယက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းအား ရန်ကုန် တိုင်းဒေသကြီး ရခိုင်တိုင်းရင်းသားရေးရာ ဝန်ကြီးက ရခိုင်အမျိုးသားရိုးရာခေါင်းပေါင်းနှင့် ရခိုင်အမျိုးသား အထိမ်းအမှတ် န၀ရူပ ဗျာလ ရုပ်ထုကို လက်ဆောင်အဖြစ်ပေးအပ်သည်။ ဆက်လက်၍ ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက ဦးနန္ဒကျော်စွာနှင့် လွှတ်တော်ရေးရာကော်မတီ ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ အခမ်းအနားသို့တက်ရောက်လာကြသော အထူး ဧည့်သည်တော် များအား ရခိုင် တိုင်းရင်းသားရေးရာဝန်ကြီးက ရိုးရာခေါင်းပေါင်းနှင့် အမှတ်တရလက်ဆောင်များကို ပေးအပ်သည်။

ယင်းနောက် ပြည်ထောင်စုလွှတ်တော်နာယက က တင်ပြချက်များနှင့် စပ်လျဉ်း၍ ပြန်လည်သုံးသပ် ဆွေးနွေးပြီး နိဂုံးချုပ် အမှာ စကားပြောကြားရာတွင် ယနေ့ရခိုင်ပြည်နယ်မှ တိုင်းရင်းသားများ၏ တင်ပြဆွေးနွေးမှုများမှာ ပြည့်စုံစနစ်ကျ ပါ ကြောင်း၊ ပြည်ထောင်စုအတွက်ပါ အကျိုးရှိကြောင်း၊ ပြည်နယ်ကိုယ်စားလှယ်များ၏ တင်ပြချက်များကို အနီးကပ်ဆုံး ပြည်ထောင်စုလွှတ်တော်တွင် တင်ပြသွားမည်ဖြစ်ကြောင်း၊ နိုင်ငံတော်သမ္မတကြီး ထံသို့လည်း တင်ပြချက်များကို ပူးတွဲ၍ တင်ပြပေးသွားမည်ဖြစ်ကြောင်း၊ တစ်ဖက်ကလည်း ရခိုင်ပြည်နယ်အစိုးရနှင့် ပြည်နယ်လွှတ်တော်တို့သို့လည်း တင်ပြပေးသွားမည်ဖြစ်ကြောင်း၊ ယခုတင်ပြချက်များသည် ရခိုင်ပြည်နယ်အတွက် သာမက ပြည်ထောင် စုကြီး တစ်ခုလုံးအတွက်ပါ အကျိုးရှိကြောင်း၊ တစ်ချိန်တွင် နိုင်ငံတော်အတွက် တစ်နိုင်ငံလုံး လွှမ်းခြုံစေမည့် Master Plan ဖြစ်နိုင်ကြောင်းဖြင့် ပြောကြား သည်။ တွေ့ဆုံပွဲအပြီးတွင် ပြည်ထောင်စု လွှတ်တော် နာယက ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် အခမ်းအနားသို့ တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့သည်။

သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း

Sunday, September 29, 2013

500px က ပိုက်ဆံပေးပြီးဝယ်ရတဲ့ Photo တွေကို Free Download လုပ်ချင်လား ??

Posted by drmyochit Sunday, September 29, 2013, under | No comments


Photography စိတ်ဝင်စားသူတွေနဲ့ Photo လန်းလန်းလေးတွေကိုနှစ်သက်သူများအတွက်ပါ... Photography ရဲ့တန်ဖိုးကိုနားလည်တဲ့သူတွေသိပါတယ် Photo တစ်ပုံရဲ့တန်ဖိုးဘယ်လောက်တန်ဖိုးကြီးတယ်ဆိုတာကိုပေါ့...
ကင်မလာမန်းကြီးတွေအတွက်လဲ အိုင်ဒီယာရတာပေါ့... ပုံတွေမှာလဲ အဲ့ပုံရဲ့ ISO တွေ Apature တွေ Shutter Speed တွေ ဘာ Lens နဲ့ ရိုက်တယ်ဆိုတာတွေပါရေးထားပါတယ်...
အရင်စိတ်ဝင်စားသွားအောင် 500px ကိုမသိသူတွေ www.500px.com ကိုအရင်ကြည့်လိုက်ပါ... (download လုံးဝမရပါ Right Click > Save Image As လဲမရပါ)
ပြီးရင်အဲ့က ပုံတွေလိုချင်ရင်တော့ အောက်မှာရေးထားတဲ့ နည်းလမ်းလေးကိုဆက်ဖတ်ပါ...

Step 1 : Firefox Browser ရှိရမည်

Step 2 : Firefox Plug-in ဖြစ်တဲ့ Greasemonkey ကိုသွင်းရပါမယ်... Download&Install: https://addons.mozilla.org/en-US/firefox/addon/greasemonkey/

Step 3 : Userscripts သွင်းလိုက်ရင် အိုကေ သွားပါပြီ... LINK : http://userscripts.org/scripts/show/174189 ကိုဖွင့်ပြီးပြီဆိုရင် ညာဘက်အပေါ်ဆုံးက အစိမ်းရောင် Install လေးကို နှိပ်ပြီးသွင်းလိုက်ပါ...

Step 4 : Brower ကို Restart (ပိတ်ပြီးပြန်ဖွင့်ပါ) လုပ်ပါ .... ပြီးရင် www.500px.com ကိုဖွင့်ပြီး ကြိုက်တဲ့ပုံတစ်ပုံကိုဖွင့်လိုက်ပါ... အဲ့ပုံပေါ်လာရင် ပုံပေါ်ကို Right Click နှိပ်ပြီး Save Image As နဲ့တ၀ကြီး Save နိုင်ပါပြီ... (Greasemonkey Enable ဖြစ်နေရန်တော့လိုသည်)

Miss Universe Myanmar ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် အလှမယ် အမရာငြိမ်းနှင့် တွေ့ဆုံခြင်း

Posted by drmyochit Sunday, September 29, 2013, under | No comments



Miss Universe Myanmar ပြိုင်ပွဲဝင် အလှမယ်တစ်ဦးဖြစ်သူ အမရာငြိမ်းနှင့် တွေ့ဆုံပြီး ပြိုင်ပွဲအတွက် လေ့ကျင့် ပြင်ဆင်နေမှုများ၊ ပရိသတ်များ ကြိုက်နှစ်သက်ကြသည့် သူမရိုက်ကူးသော ဓာတ်ပုံများ အကြောင်း၊ သူမနှင့် ပတ်သက်၍ ထွက်ပေါ်ခဲ့ဖူးသော ကောလာဟလအပေါ် သူမ၏ သဘောထားတို့ကို The Voice က မေးမြန်းထားခြင်း ဖြစ်သည်။

Voice ။ ။ Miss Universe Myanmar ပြိုင်ပွဲကို ဝင်ပြိုင်ဖြစ်သွားပုံလေး ပြောပြပေးပါဦး။

AMN ။ ။ ညီမငယ်ငယ်လေး ကတည်းက Miss Universe လို ပြိုင်ပွဲကြီးမှာ ဝင်ပြိုင်ချင်ခဲ့တာပါ။ ဒါပေမဲ့ တစ်ချိန်တုန်းကတော့ ညီမတို့မှာ ဒီလိုအခွင့်အရေးမျိုးက မျှော်မှန်းခွင့် မရှိခဲ့ဘူးပေါ့။ အခုလို အခွင့်အရေး ရလာတဲ့အခါမှာ ကိုယ့်ရဲ့ အိပ်မက်ကို အကောင်အထည် ဖော်ချင်တဲ့အတွက် ဝင်ပြိုင် ဖြစ်တာပါ။

Voice ။ ။ ဒီပြိုင်ပွဲအတွက် အမရာငြိမ်းရဲ့ ပြင်ဆင်နေမှု အပိုင်းကို ပြောပြပေးပါဦး။

AMN ။ ညီမ ဒီပြိုင်ပွဲအတွက် စာတွေအများကြီး ဖတ်ဖြစ်ပါတယ်။ ညီမက မော်ဒယ်လ်ဆိုတော့ အရင်ကတည်းက အလှအပကို ဂရုစိုက်ပေမယ့် အခုဒီပြိုင်ပွဲ မပြိုင်ခင်ကာလ မှာတော့ ပိုပြီးဂရုစိုက်ဖြစ် တယ်။ ညီမ ကိုယ်အလေးချိန်တက်တာ အရမ်းလွယ်တဲ့အတွက် ကိုယ့်ရဲ့ခန္ဓာ ကိုယ်အချိုးအစားကို သေချာထိန်းတယ်။ Cat Walk လျှောက်တာ လေ့ကျင့်တယ်။ Presentation Skill ကောင်းအောင် အင်္ဂလိပ်စာကိုလည်း ပြန်ပြီး လေ့လာနေပါတယ်။

Voice ။ ။ ပြိုင်ပွဲအတွက် ပြင်ဆင်မှု အပိုင်းမှာရော ဘယ်လိုအခက်အခဲတွေ တွေ့ရလဲ။

AMN ။ ။ ဒီပြိုင်ပွဲက ညီမတို့နိုင်ငံအတွက် နှစ်ပေါင်း ၅၀ ကျော်မှ ပြန်လည် ယှဉ်ပြိုင်ခွင့်ရတာ ဖြစ်တဲ့အတွက် ပြိုင်ပွဲအတွက် ပြင်ဆင်မှု အပိုင်းမှာရော၊ ညီမတို့ တစ်ဦးချင်းစီမှာပါ လိုအပ်ချက်တွေ ရှိမှာပါ။ ဒါပေမဲ့ ညီမယုံကြည်တာက မြန်မာလူမျိုးတွေက စိတ်ဓာတ် အရမ်းကြံ့ခိုင်ပါတယ်။ အဲဒီအတွက် ဟိုမှာသွားပြိုင်တဲ့ အခါမှာ ညီမမှ မဟုတ်ဘူး။ အရွေးခံရတဲ့သူ ဘယ်သူမဆို နိုင်ငံတကာနဲ့တန်းတူ ကိုယ့်နိုင်ငံနောက်ကျ မကျန်ရစ်အောင် အကောင်းဆုံး ယှဉ်ပြိုင်နိုင်မယ်လို့ ယုံကြည်ပါတယ်။

Voice ။ ။ ရုရှားမှာ ကျင်းပမယ့် Miss Universe ပြိုင်ပွဲကို သွားရောက် ယှဉ်ပြိုင်ဖို့အတွက် အမရာငြိမ်းတို့ Miss တွေရဲ့ အားနည်းချက်က ဘာဖြစ်မယ်ထင်လဲ။

AMN ။ ။ အဓိကကတော့ မြန်မာလူမျိုး ဖြစ်တဲ့အတွက် ညီမတို့ရဲ့ ခန္ဓာကိုယ် အချိုးအဆစ်က Swim Suit ဝတ်ဖို့ သိပ်အဆင်မပြေဘူး။ ကျန်တာကတော့ အားလုံးက အရည်အချင်း ကိုယ်စီရှိကြပါ တယ်။

"အမှန်အတိုင်း ပြောရရင် ညီမက ဒီလိုမျိုး ကောလာဟလ တစ်ခုနဲ့ နာမည်ကြီးခဲ့ရတာကို သဘောမကျပါဘူး..."

Voice ။ ။ အမရာငြိမ်းက ဒီပြိုင်ပွဲ အပါအဝင် ပြိုင်ပွဲ ဘယ်နှခုလောက် ပြိုင်ဖူးလဲ။

AMN ။ ။ ညီမက ပြိုင်ပွဲတွေ သိပ်မပြိုင်ဖူးပါဘူး။ မော်ဒယ်လ် စလုပ်တဲ့ ၂၀၁၂ ခုနှစ်လောက်တုန်းက Miss People တစ်ပွဲပဲ ပြိုင်ဖူးပါတယ်။ အဲဒီပြိုင်ပွဲမှာ Best Complexion ဆု ရခဲ့ပါတယ်။ နောက်ပိုင်း ပြိုင်ပွဲတွေ မပြိုင်ဖြစ်တာကတော့ ညီမက ပြိုင်ပွဲမှာ ကြုံရတဲ့ စိတ်ခံစားမှုတွေ၊ စိတ်ဖိစီးမှုတွေကို မခံနိုင်တဲ့အတွက် မပြိုင်ဖြစ်တာပါ။

Voice ။ ။ Miss Universe ပြိုင်ပွဲတွေကို ဘယ်အချိန်ကစပြီး ကြည့်ဖူးတာလဲ။ Miss တစ်ယောက်မှာရှိတဲ့ ဘယ်လိုအရည်အချင်း မျိုးတွေကို အားကျလဲ။

AMN ။ ။ Miss Universe ပြိုင်ပွဲတွေကို ညီမခြောက်တန်းနှစ်လောက် ကတည်းကစပြီး ကြည့်ဖူးပါတယ်။ ညီမ သတိထားမိတာကတော့ Miss Universe ပြိုင်ပွဲတိုင်းမှာ ဆုရသွားတဲ့ Miss တွေ အားလုံးက သူတို့ကိုယ်သူတို့ အရမ်းယုံကြည်မှု ရှိတဲ့ပုံပေါက်တယ်။ ကိုယ်မှန်တယ်ထင်တာ၊ ကိုယ့်စိတ်ထဲမှာ ရှိတာကို ရဲရဲရင့်ရင့်နဲ့ ပြောရဲကြတယ်။ ဒီအချက်တွေကို ညီမသဘောကျသလို၊ အားကျစိတ်လည်း ဖြစ်ပါတယ်။

Voice ။ ။ အခုဆို အမရာငြိမ်းကို မော်ဒယ်လ်အနေနဲ့ ပရိသတ် တော်တော်များများက သတိထားမိ လာကြပြီဆိုတော့ သရုပ်ဆောင်အဖြစ် ဇာတ်ကားတွေ ရိုက်သွားဖို့ရှိလား။

AMN ။ ။ အမှန်အတိုင်း ပြောရရင် ညီမက မော်ဒယ်လ်ကိုတောင် Professional လုပ်တဲ့အထဲမှာ မပါပါဘူး။ သရုပ်ဆောင် ဘက်ကိုတော့ ကူးဖြစ်မှာ မဟုတ်ပါဘူး။ ဒါပေမဲ့ ညီမ ဓာတ်ပုံရိုက်ရတာကိုတော့ အရမ်း ဝါသနာပါတဲ့အတွက် ဓာတ်ပုံမော်ဒယ်လ် အနေနဲ့တော့ ဆက်လုပ်သွားမှာပါ။

Voice ။ ။ အမရာငြိမ်းရဲ့ အပြင်ရုပ်ရည်နဲ့ ဓာတ်ပုံထဲက ရုပ်ရည်က တော်တော် ကွာတယ်နော်။ ဓာတ်ပုံရိုက်တဲ့ အခါမှာကျတော့ ဘယ်လို Mood သွင်းပြီး သရုပ်ဆောင် ဖြစ်လဲ။

AMN ။ ။ ညီမရဲ့မျက်နှာက မိတ်ကပ် လိမ်းပြီးတဲ့ရုပ်နဲ့၊ မလိမ်းရသေးတဲ့ရုပ် အရမ်းကွာတယ်။ ဓာတ်ပုံရိုက်ဖို့အတွက် မိတ်ကပ် လိမ်းလိုက် Mood သွင်းလိုက်ရင်ကို မျက်နှာက ချက်ချင်း ပြောင်းတယ်လို့ ညီမနဲ့ ရိုက်ဖူးတဲ့ ဓာတ်ပုံဆရာတိုင်းက ပြောကြပါတယ်။

Voice ။ ။ အမရာငြိမ်းရဲ့ ဓာတ်ပုံတွေက Sexy Pose တွေများတယ်နော်။ အဲဒါကျတော့ ဘယ်လိုစိတ်သွင်းပြီး သရုပ်ဆောင် ဖြစ်လဲ။

AMN ။ ။ ညီမရိုက်တဲ့ ဓာတ်ပုံတွေမှာ Pose တော်တော်များများက Sexy ဆန်တဲ့ ဘက်ကိုသွားပါတယ်။ Sexy ပုံစံရိုက်ပေမယ့်လည်း အရမ်းကြီးဖော်တာ၊ ချွတ်တာမျိုးတော့ ညီမ မရိုက်ပါဘူး။ ဒါကလည်း ဓာတ်ပုံ ရိုက်တော့မှသာ အဲဒီလိုပုံစံမျိုး ရိုက်ဖြစ်တာပါ။ အပြင်မှာ ဆိုရင်တော့ ညီမက သာမန်သူလို ကိုယ်လိုပုံစံပဲ နေပါတယ်။

Voice ။ ။ ကမ္ဘာကျော် မိုက်ကယ်လန်း အဖွဲ့က အဆိုတော်နဲ့ တွဲရိုက်ခဲ့တဲ့ ကြော်ငြာ ဓာတ်ပုံနဲ့ ပတ်သက်ပြီး ထွက်ပေါ်ခဲ့တဲ့ ကောလာဟလကြောင့် အမရာငြိမ်းကို ပရိသတ်တွေပိုပြီး သတိထားမိလာတယ်လို့ ပြောရင်ရမလား။

AMN ။ ။ အမှန်အတိုင်း ပြောရရင် ညီမက ဒီလိုမျိုး ကောလာဟလ တစ်ခုနဲ့ နာမည်ကြီးခဲ့ရတာကို သဘောမကျပါဘူး။ ညီမက ဒီအနုပညာ အလုပ်တွေကို မိဘ ခွင့်မပြုတဲ့ကြားက လုပ်ခဲ့ရတာ ဖြစ်တဲ့အတွက် အခုလို ပြဿနာ ပေါ်ပေါက်လာတဲ့အခါမှာ အိမ်နဲ့ထပ်ပြီး ဒုတိယအကြိမ် အတိုက်အခံ ဖြစ်ခဲ့ရတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး အခုအချိန်အထိ အမြင်လွဲနေသူ တချို့လည်း ရှိတဲ့အတွက် ဒီဖြစ်ရပ်ကို ညီမက သဘောမကျပါဘူး။ ဒီကိစ္စနဲ့ ဆက်နွှယ်ပြီး ကိုယ့်ကို အားပေးတဲ့ နှစ်သိမ့်တဲ့ ပရိသတ်တွေ၊ သူငယ်ချင်းတွေ အများကြီး ရလာတဲ့အတွက်တော့ ညီမကျေနပ်ပါတယ်။

Voice ။ ။ မော်ဒယ်လ် လုပ်တာအပြင် တခြားဘာတွေကိုရော စိတ်ဝင်စားလဲ။

AMN ။ ။ မော်ဒယ်လ် လုပ်တာအပြင် ညီမ သီချင်းနားထောင်ရတာ၊ သီချင်း ဆိုရတာကို ကြိုက်ပါတယ်။ ဒါပေမဲ့ ညီမက အသံတော့ မကောင်းပါဘူး။ သီချင်းကတော့ သီချင်းအမျိုးအစား တော်တော်များများကို ကြိုက်ပါတယ်။ အရမ်းဆူညံ ပေါက်ကွဲတဲ့ သီချင်းပုံစံမျိုးက လွဲရင်ပေါ့။

Voice ။ ။ ဖက်ရှင်ကျတော့ရော ဘယ်လိုဖက်ရှင်မျိုးကို စိတ်ဝင်စားလဲ။

AMN ။ ။ တကယ်တော့ ညီမက ဖက်ရှင်ကို စိတ်ဝင်စားတဲ့ လူထဲမှာ မပါပါဘူး။ ပုံမှန်ထသွားထလာ ဆိုရင်လည်း စကတ်ပွပွဖားဖား တစ်ထည်၊ တီရှပ် တစ်ထည်လောက်ဆို ညီမအတွက် လုံလောက်ပါတယ်။ သိပ်ပြီးတိုလွန်း၊ ပြတ်လွန်းတဲ့ ပုံစံမျိုးကိုတော့ ညီမဝတ်လေ့ ဝတ်ထ မရှိပါဘူး။ ဝတ်ရတာ ပေါ့ပေါ့ပါးပါး ရှိတဲ့ ဖက်ရှင်မျိုးကို ညီမသဘောကျပါတယ်။

Voice ။ ။ Miss Universe Myanmar ပြိုင်ပွဲ အပေါ်မှာရော ဘယ်လောက်အထိ မျှော်လင့်ထားလဲ။

AMN ။ ။ ညီမက ပြိုင်ပွဲမှာ ကြုံရတဲ့ Stress ကို မခံနိုင်ပေမယ့် ဒီပြိုင်ပွဲကတော့ ငယ်ငယ်ကတည်းက ရူးသွပ်ခဲ့ရတဲ့ အိပ်မက် ဖြစ်တဲ့အတွက် ဝင်ရောက် ယှဉ်ပြိုင် ဖြစ်တယ်။ အကောင်းဆုံး ဖြစ်အောင် ကြိုးစားသွားမယ် ဆိုတဲ့စိတ်ပဲ ရှိပါတယ်။ မျှော်လင့်ချက် ဆိုတာတော့ ဘာမှမထား ထားပါဘူး။ ဒီကရသမျှ အတွေ့အကြုံတွေကိုပဲ ညီမလိုချင်ပါတယ်။

Voice ။ ။ အမရာငြိမ်းကို ဖက်ရှင်ရှိုးတွေမှာ လျှောက်တာ သိပ်မတွေ့ရဘူးနော်။

AMN ။ ။ ညီမ ရှိုးလျှောက်ရတာ မကြိုက်ပါဘူး။ ညီမရဲ့ခန္ဓာကိုယ်နဲ့ ရှိုးလျှောက်တာနဲ့က သိပ်ပြီးတော့ အံဝင်ခွင်ကျ မဖြစ်ဘူးလို့ ထင်ပါတယ်။ အဲဒါကြောင့် ရှိုးတွေ သိပ်မလျှောက်ဖြစ်ပါဘူး။

Voice ။ ။ အမရာငြိမ်းကို အားပေးနေတဲ့ ပရိသတ်တွေအတွက် ပြောချင်တာတွေရှိရင် ပြောပေးပါဦး။

AMN ။ ။ ပရိသတ်တွေ အမရာကို ကြည့်ချင်နေသေးသရွေ့၊ Billboard တွေမှာ၊ ကြော်ငြာတွေမှာ မြင်ချင်နေသေးသရွေ့ ညီမ ဒီအလုပ်ကို ကြိုးစားပြီး လုပ်သွားမှာပါ။ ဆက်ပြီးတော့ အားပေးကြပါလို့ လည်း ပြောချင်ပါတယ်။

The Voice Weekly

အွန်လိုင်းပေါ်တွင် အန္တရာယ်အရှိဆုံး ဘောလိဝုဒ် သရုပ်ဆောင်အဖြစ် ပရီယန်ကာချိုပရာ သတ်မှတ်ခံရ

Posted by drmyochit Sunday, September 29, 2013, under | No comments

ဘောလိဝုဒ် အမျိုးသမီး သရုပ်ဆောင် ပရီယန်ကာချိုပရာဟာ ယခုနှစ်အတွက် အွန်လိုင်းပေါ်မှာ အန္တရာယ်အရှိဆုံး ဘောလိဝုဒ် သရုပ်ဆောင်အဖြစ် သတ်မှတ်ခံခဲ့ရတယ်လို့ timesofindia.com မှာ ဖော်ပြထားပါတယ်။

အင်တာနက် လုံခြုံရေးကုမ္ပဏီ တစ်ခုဖြစ်တဲ့ McAfee ကုမ္ပဏီက ပြုလုပ်တဲ့ လေ့လာမှု တစ်ရပ်အရ ယခုနှစ်အတွင်း အိန္ဒိယနိုင်ငံမှ အင်တာနက် သုံးစွဲသူတွေကို ပစ်မှတ်ထား လိမ်ညာမှုတွေထဲမှာ ပရီယန်ကာချိုပရာရဲ့ နာမည်ကို အသုံးချပြီး ပြုလုပ်တဲ့ လိမ်ညာမှုတွေဟာ အများဆုံး ဖြစ်တယ်လို့ တွေ့ရှိခဲ့ရတာ ဖြစ်ပါတယ်။

ပရီယန်ကာချိုပရာရဲ့နောက်မှာတော့ ရှရွတ်ခန်းနဲ့ ဆယ်လ်မန်ခန်းတို့က ဒုတိယနေရာနဲ့ တတိယနေရာမှာ ရပ်တည်နေပြီး ယမန်နှစ်က အွန်လိုင်းပေါ်မှာ အန္တရာယ်အရှိဆုံး ဘောလိဝုဒ် သရုပ်ဆောင်အဖြစ် သတ်မှတ်ခံခဲ့ရတဲ့ ဆန်နီလီယွန်ကတော့ နံပါတ် ၉ နေရာကို ရောက်ရှိ သွားတာ တွေ့ရပါတယ်။
“အနုပညာရှင်တွေကို သူရဲကောင်းအဖြစ် ကိုးကွယ်တတ်တဲ့ အိန္ဒိယလို နိုင်ငံမျိုးမှာ ဆိုက်ဘာ လိမ်လည်မှု ကျူးလွန်သူတွေဟာ နာမည်ကျော် အနုပညာရှင်တွေရဲ့ နာမည်နဲ့ ဖြားယောင်းပြီး အင်တာနက် အသုံးပြုသူတွေရဲ့ ပုဂ္ဂိုလ်ရေး အချက်အလက်တွေကို ခိုးယူတတ်ပါတယ်” လို့ McAfee အင်တာနက် လုံခြုံရေး ကုမ္ပဏီမှ တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

ယခုတစ်နှစ်တာအတွင်း အွန်လိုင်းပေါ်မှာ ချိုပရာရဲ့ နာမည်ကို အသုံးပြုပြီး လိမ်လည်မှု ပြုထားတဲ့ အင်တာနက် စာမျက်နှာပေါင်း ၇၉ ခုရှိခဲ့ပြီး ရှရွတ်ခန်းရဲ့ နာမည်နဲ့ လိမ်လည်ထားတာကတော့ ၇၅ ခုရှိကာ ဆယ်လ်မန်ခန်း နာမည်နဲ့ကတော့ ၆၈ ခု ရှိခဲ့ပါတယ်။

ယခုနှစ်အတွက် အွန်လိုင်းပေါ်မှာ အန္တရာယ်အရှိဆုံး ဘောလိဝုဒ် အနုပညာရှင် ၁၀ ဦးကတော့ ပရီယန်ကာချိုပရာ၊ ရှရွတ်ခန်း၊ ဆယ်လ်မန်ခန်း၊ ကရီနာကပူးရ်၊ အက်ခ်ရှေကူးမား၊ ရှိတ်ဖ်အလီခန်း၊ အမီတာဘတ်ချန်း၊ ဖာဟန်အက်ခ်တာ၊ ဆန်နီလီယွန်၊ ဟာရီသစ်ခ်ရိုရှန်တို့ပဲ ဖြစ်ပါတယ်။

The Voice Weekly

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်