Monday, September 30, 2013

သံတွဲမြို့မှာ သာမန် အငြင်းပွားရာကနေ ရုတ်ရုတ်သဲသဲ ဖြစ်

Posted by drmyochit Monday, September 30, 2013, under | No comments

ရခိုင်ဒေသမှာ သာမန် အငြင်းပွားမှုတွေ
ကနေ အကြမ်းဖက် ဆူပူမှုတွေ
အထိ ဖြစ်ခဲ့
ရခိုင်ပြည်နယ် သံတွဲမြို့မှာ စနေနေ့က ကမန် အမျိုးသား ပါတီက ဦးကျော်စံလှရဲ့ အိမ်ရှေ့ အဝင်အထွက်မှာ ဆိုင်ကယ်မလွတ်လို့ အချင်းများ ရာ ကနေ လူအုပ်နဲ့ ရဲစခန်းကို သွားဝိုင်းတဲ့အထိ ဖြစ်ခဲ့ ပါတယ်။

ဆိုင်ကယ်သမား လူငယ်လေးကလည်း လူရည် မွန်လေး တဦး ဖြစ်သလို ဦးကျော်စံလှကလည်း မြို့မိမြို့ဖ တဦး ဖြစ်ကြောင်း၊ ဒါပေမယ့် အချင်းချင်း နားလည်မှု လွဲရာကနေ အချင်းများခဲ့တာ ဖြစ်ကြောင်း၊ ဒီသာမန် အငြင်းပွားမှုကို အခွင့်ကောင်း ယူပြီး လှုံ့ဆော်သူတွေ ရှိခဲ့တာကြောင့် အခုလို လူစုလူဝေးနဲ့ ရုတ်ရုတ်သဲသဲ အဆင့်ထိ ရောက်သွားတာလို့ သံတွဲခရိုင် NLD ဥက္ကဌ ဦးဝင်းနိုင်က ဘီဘီစီကို ပြောပြပါတယ်။

ဦးကျော်စံလှကို ဆဲရေး တိုင်းထွာမှု အပါအဝင် ပုဒ်မနှစ်ခုနဲ့ ရဲက ဖမ်းဆီးခဲ့ရာမှာ လူ၅၀လောက်က ရဲစခန်းကို ဝိုင်းထားပြီး ဦးကျော်စံလှကို လွှဲပေးဖို့ တောင်းဆိုခဲ့ ကြပါတယ်။

ညနေပိုင်းလောက်မှာ သံဃာတော်တွေရဲ့ ဖျောင်းဖျမှုနဲ့ လူစု ကွဲသွားခဲ့ပြီး ဦးကျော်စံလှ ကိုလည်း ရဲက အာမခံနဲ့ ပြန်လွှတ်ပေးခဲ့ပါတယ်။

ဒါကို မကျေနပ်တဲ့ လူ၂၀လောက် က တနင်္ဂနွေနေ့မှာ ရဲစခန်းကို တခါ ထပ် ဝိုင်းခဲ့ကြတယ်လို့ သိရပါတယ်။

အဲဒီလူတွေဟာ မျက်နှာဖုံးတွေ စွပ်ထားကြပေမယ့် မြို့ခံတွေဖြစ်တယ်လို့ ဆိုပါတယ်။

အဲဒီလူတွေ ဘယ်သူ ဘယ်ဝါ ဖြစ်တယ် ဆိုတာကို သက်ဆိုင်ရာ အာဏာပိုင်တွေက သိနေပေမယ့် အဖမ်းအဆီး ခုချိန်ထိ မရှိသေးဘူးလို့ ဦးဝင်းနိုင်က ပြောပါတယ်။

သံတွဲမြို့မှာ အခုလို ရုတ်ရုတ်သဲသဲ ဆူပူမှုတွေ ဖြစ်အောင် လှုံ့ဆော်မှုတွေ ရှိနေတယ်လို့ သူက ပြောပါတယ်။

ဘာသာခြား ဆိုင်တွေမှာ ဈေးမဝယ်ကြဖို့၊ ဝယ်သူတွေကို ဓါတ်ပုံ ရိုက်ထားပြီး လူ့လောကကြီးကနေ ဝိုင်းပယ်ထားကြဖို့ လှုံ့ဆော်မှုမျိုးတွေ တွေ့ရတယ်လို့လည်း ဆိုပါတယ်။

ည ၈နာရီလောက်မှာ သံတွဲမြို့ ၃ရပ်ကွက် တာဝင်္တိသာ လမ်းမှာ အိမ်တလုံး မီးရှို့ ခံခဲ့ရပါတယ်။

စနေနဲ့ တနင်္ဂနွေနေ့က ဖြစ်ခဲ့တဲ့ ကိစ္စတွေနဲ့ ဒီမီးလောင်မှု ဆက်စပ်နေသလား ဆိုတာကိုတော့ အသေအချာ မသိရသေးပါဘူး။

ပြီးခဲ့တဲ့ ဇွန်လတုန်းကလည်း သံတွဲမြို့မှာ ရှိတဲ့ တောင်ကုတ်မြို့သူ တဦး ဆွဲလား ရမ်းလား အလုပ်ခံရတယ် ဆိုတဲ့ သတင်းတွေကြောင့် ပဋိပက္ခတွေ ဖြစ်ပွားခဲ့ပြီး ညမထွက်ရ အမိန့် ထုတ်ပြန်ခဲ့ရပါတယ်။

From: BBC

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်