Sunday, June 24, 2012

၂၄-၆-၂၀၁၂ ( နံနက်ပိုင်း )

Posted by drmyochit Sunday, June 24, 2012, under | No comments


-ရခိုင်ပြည်ကိစ္စ နိုင်ငံရေးပါတီတွေနဲ့ သတင်းသမားတွေ သတိပေးခံရ ဖတ်ရန်
-ဒေါ်အောင်ဆန်းစုကြည် ယူကေ မြန်မာများနဲ့တွေ့ဆုံ ဖတ်ရန်
-ဒါရိုက်တာ ၀ိုင်း ရဲ့ အဖွဲ့ ကိုဒေသခံအာဏာပိုင်တွေက ခံဝံလက်မှတ်ထိုးခိုင်း ဖတ်ရန်
-အတိုက်အခံလည်း အစိုးရဖြစ်နိုင်တယ်ဆိုတာကို လက်ခံရမယ် ဖတ်ရန်
-ထားဝယ်စီမံကိန်း လုပ်အားခ ညီမျှရန် ဒေသခံများ တောင်းဆိုမည် ဖတ်ရန်
-တရားမ၀င်ပြည့် တန်ဆာ အိမ်များ ရပ်ကွက်နေ အမျိုးကောင်း သမီးများ အခက်ကြုံ ဖတ်ရန်
-ဒေါ်အောင်ဆန်းစုကြည် နေအိမ်ကို တ၀က်စီ ခွဲယူဖို့ တရားရုံး က အမိန့် ချမှတ် ဖတ်ရန်
-ရခိုင် ၁ဝဦးသတ်သူ အကြမ်းဖက်သမားတစ်ရာကျော် စစ်တွေထောင်သို့ပို့ ဖတ်ရန်
-ဖာမိုဆို (Famoso) အထည်ချုပ်စက်ရုံ အလုပ်သမားများ ဆက်လက် ဆန္ဒပြ ဖတ်ရန်
-လယ်သမားများ၏ လယ်ယာအတွက် ဝါဝါဝင်းကုမ္ပဏီ လျော်ကြေး မတန်တဆ လျှော့ပေး ဖတ်ရန်
-အင်းစိန်မြို့ နယ်တွင် စောင်ရေပွား၍ ထီလိမ်လည်ရောင်းချသူများအား တိုင်းရဲတပ်ဖွဲ့က ဖမ်းဆီး ဖတ်ရန်
-ဒီလှိုင်းဂျာနယ်ရဲ့ သမိုင်းပြန်ပေးဆွဲမှု ဖတ်ရန်
-ဘင်္ဂါလီ လှေစီးဒုက္ခသည်တွေ ပစ်ခတ်ခံရတဲ့သတင်း ပြည်နယ် ဥပဒေချုပ် ငြင်းဆို ဖတ်ရန်
-လစ်လျူမရှုသင့်ပါ  ဖတ်ရန်
-Facebook မှာဖတ်ရှုရတဲ့ကာတွန်းများ ဖတ်ရန်
-ပါကစတန်ဝန်ကြီးချုပ်ခန့်အပ်ခြင်း ဖတ်ရန်
-ရခိုင်ပြည်နယ် တောင်ပိုင်း ဂွမြို့နယ်ဂွကျွန်းသို့ ဘင်္ဂလီများ ကျူးကျော် ရောက်ရှိနေသဖြင့် အာဏာပိုင်များ -လုံခြုံရေးယူပေးရန် ဒေသခံများ လိုလားလျှက်ရှိ..ဖတ်ရန်
-စာပေစိစစ်ရေးက ခွင့်မပြုတဲ့"အနောက်ဖက်ပင်လယ်မှ မီးတောက်များ"ဖတ်ရန်
-အတ္တတွေဖြုတ်ကြ! ဖတ်ရန်
-ဒေါ်စု၏ ပုဂ္ဂလိက ခရီးစဉ်အတွက် နိုင်ငံတော်မှ သတင်းထုတ်ပြန်ရန် မလိုအပ်ဟု ဦးရဲထွဋ်ဆို ဖတ်ရန်
-အပစ်အခတ် ရပ်စဲသော်လည်း တိုက်ပွဲပြသနာ ဖြေရှင်းနေရ ဖတ်ရန်
-ဦးအောင်ဆန်းဦး  စွဲဆိုမှု ကို အမိန့်ချမှတ် ဖတ်ရန်
-မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်ထံသို့နစ်နာသူ အမျိုးသမီးတပ်ဖွဲ့ဝင်များမှ ပေးစာ ဖတ်ရန်
-ပြည်သူ့သမီး ၆၇ နှစ် ဖတ်ရန်
-အင်တာနက်သုံးသူယောက်ကျားလေးများသတိထားစရာ ဖတ်ရန်
-နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန် ဗြိတိန်နိုင်ငံသို့ သွားရောက်လည်ပတ်မည်  ဖတ်ရန်


ထိုင်း-ဗီယက်နမ် ပူးပေါင်းဆောင်ရွက်ရေး

Posted by drmyochit Sunday, June 24, 2012, under | No comments


ဗီယက်နမ်နှင့် ထိုင်းနိုင်ငံတို့သည် အပြန်အလှန်ဆန်တင်ပို့ခြင်း၊ လုပ်သား များပူးပေါင်းဆောင်ရွက်ခြင်းနှင့်၊ လူမှောင်ခိုကူးမှုတို့အား တိုက်ဖျက်ရာ၌ ပိုမို ရင်းနှီးစွာဆောင်ရွက်ရန် သဘောတူညီခဲ့ကြပါသည်။ အဆိုပါသဘောတူညီမှု အား  အလည်အပတ်ရောက်ရှိနေသော ဗီယက်နမ်ဒုတိယသမ္မတ Nguyen Thi Doan နှင့် ထိုင်းဝန်ကြီးချုပ် ရင်လက်တို့ ဇွန်လ ၂၂ ရက်နေ့က တွေ့ဆုံစဉ် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပါသည်။

ကမ္ဘောဒီးယားမြေမြှုပ်မိုင်းများအန္တရာယ်

Posted by drmyochit Sunday, June 24, 2012, under | No comments


ကမ္ဘောဒီးယားနိုင်ငံ၏ စစ်ပွဲအကြွင်းအကျန်မိုင်းနှင့် ဖောက်ခွဲရေးဆိုင်ရာ အဖွဲ့၏ အစီရင်ခံစာအရ ၂၀၁၂ ခုနှစ် ပထမ ၅ လအတွင်း မြေမြှုပ်မိုင်းများ ကြောင့်  လူ ၂၀ ဦးသေဆုံးခဲ့ပြီး ၇၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရပါသည်။ ဖနွမ်းပင်မြို့၏အနောက်မြောက်ဘက် ကီလိုမီတာ ၄၀၀ အကွာ Banteay Meanchey ပြည်နယ်၌ ဖေဖော်ဝါရီလတွင် တင့်ဖျက်မိုင်းတစ်လုံးပေါက်ကွဲခဲ့ရာ လူ ၈ ဦး သေဆုံးခဲ့ပါသည်။ ၁၉၇၉ ခုနှစ်မှ ၂၀၁၂ ခုနှစ် မေလအတွင်း မြေမြှုပ်မိုင်းများကြောင့် လူပေါင်း၁၉,၆၃၉ ဦး သေဆုံးခဲ့ပြီး ၄၄, ၄၇၄ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း အထက်ပါအစီရင်ခံစာအရ သိရှိရပါသည်။

အီဂျစ်ရွေးကောက်ပွဲထုတ်ပြန်ခြင်း

Posted by drmyochit Sunday, June 24, 2012, under | No comments


အီဂျစ်သမ္မတရွေးကောက်ပွဲ တရားဝင်ရလဒ်များအား ဇွန်လ ၂၄ ရက်နေ့ ဒေသစံတော်ချိန် ၁၇၀၀ နာရီ(ဂရင်းနစ်စံတော်ချိန် ၁၃၀၀ နာရီ)တွင် ကြေညာမည်ဖြစ်ကြောင်း အီဂျစ်ရုပ်/သံက ဇွန်လ ၂၃ ရက်နေ့တွင် ဖော်ပြခဲ့ ပါသည်။ ဇွန်လ ၁၆-၁၇ ရက်နေ့များတွင် ပြုလုပ်ခဲ့သော ရွေးကောက်ပွဲရလဒ်များ အား ယခင်က ၁၉ ရက်နေ့တွင်ထုတ်ပြန်ရန် စီစဉ်ခဲ့သော်လည်း ရွေးကောက်ပွဲ ဆိုင်ရာ ချိုးဖောက်မှုသတင်း ပေးပို့ချက် ၄၀၀ ခန့်အား စိစစ်ရန် ပိုမိုလိုအပ် ကြောင်း ဗဟိုရွေးကောက်ပွဲကော်မရှင်က ဇွန်လ ၂၀ ရက်နေ့တွင် ထုတ်ပြန်ခဲ့ ပါသည်။ မွတ်စလင်ညီအစ်များအဖွဲ့မှ မိုဟာမက်မာဆီနှင့် မူဘာရက်လက်ထက် တွင် ၀န်ကြီးချုပ် တာဝန်ထမ်းဆောင်ခဲ့သူ အာမက်ရှာပစ်တို့ နှစ်ဦးစလုံးက အနိုင်ရရှိကြောင်း အခိုင်အမာပြောကြားလျက်ရှိပါသည်။

အစ္စရေးတို့လေကြောင်းတိုက်ခိုက်မှု ၁၇ ဦးသေဆုံး

Posted by drmyochit Sunday, June 24, 2012, under | No comments


အစ္စရေးတို့သည် ဇွန်လ၂၃ ရက်နေ့တွင် ဂါဇာကမ်းမြောင်ဒေသရှိ ဟားမတ်စ်တို့၏ လုံခြုံရေးနေရာ ၃ ခုအား လေကြောင်းထိုးစစ်ဆင်စတင်မှု ပြုလုပ်ရာ လူပေါင်း ၁၇ ဦးထက်မနည်း သေဆုံးခဲ့ပါသည်။ ဂါဇာကမ်းမြောင် ဒေသမှ စစ်သွေးကြွများက အစ္စရေးနိုင်ငံအတွင်းသို့ ရော့ကတ်များဖြင့် ပစ်ခတ်ခဲ့ သောကြောင့် အစ္စရေးတို့က လက်တုံ့ပြန်ဒဏ်ခတ်ခြင်းဖြစ်ပြီး လေကြောင်း တိုက်ခိုက်မှုနှင့်ပတ်သက်၍ အစ္စရေးတို့က မှတ်ချက်ပြုပြောကြားခြင်းမရှိပေ။ ဂါဇာမြို့ရှိ လုံခြုံရေးပစ်မှတ်များအပြင် မြောက်ဘက်နှင့်တောင်ဘက်ဒေသများသို့ လည်း တိုက်ခိုက်မှုများပြုလုပ်ခဲ့ကြောင်း ဂါဇာဒေသရှိအရာရှိများက ပြောကြားခဲ့ ပါသည်။

ပါကစ္စတန်ဝန်ကြီးချုပ်သစ် ခန့်အပ်ခြင်း

Posted by drmyochit Sunday, June 24, 2012, under | No comments


ပါကစ္စတန်တရားသူကြီး ၀န်ကြီးချုပ် ဂီလာနီအား ဖြုတ်ချခဲ့ခြင်းကြောင့် ဖြစ်ပေါ်ခဲ့သော ပဋိပက္ခများအား အဆုံးသတ်ရန်ကြိုးပမ်းမှုတစ်ရပ်အနေဖြင့် ဇွန်လ ၂၂ ရက်နေ့တွင် raja pervez ashraf အား ၀န်ကြီးချုပ်အသစ်အဖြစ် တာလီဘန်အမတ်များက ရွေးချယ်ခဲ့ပါသည်။ အာဏာရပါကစ္စတန်ပြည်သူ့ပါတီ (PPP) နှင့် ညွန့်ပေါင်းအဖွဲ့များပါဝင်သော အောက်လွှတ်တော်အမတ် ၃၄၂ ဦး အနက် ၂၁၁ ဦး၏ ထောက်ခံမှုဖြင့် Ashraf ၏ ခန့်အပ်မှုအား အမျိုးသား လွှတ်တော်က အတည်ပြုခဲ့ပါသည်။

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်