Sunday, June 24, 2012

အမေရိကန်နှင့်ဂျပန်ကာကွယ်ရေးဆိုင်ရာတာဝန်ရှိသူများသည် Osprey လေယာဉ်ပျက်ကျမှုများနှင့်ပတ်သက်၍ ဆွေးနွေးသွားမည်ဟုဆို

Posted by drmyochit Sunday, June 24, 2012, under | No comments


အမေရိကန်ကာကွယ်ရေးဆိုင်ရာထိပ်တန်းတာဝန်ရှိသူများသည် MV-22 နှင့်CV-22 Osprey  လေယာဉ်မူကွဲများ၏ လတ်တလောပျက်ကျမှုများနှင့်ပတ်သက်၍ ဇွန်လ ၂၂ ရက်နေ့တွင် ပင်တဂွန်၌ ဂျပန်ကိုယ်စားလှယ် အဖွဲ့တစ်ဖွဲ့အား
အသေးစိတ်ရှင်းလင်းပေးသွားမည်ဖြစ်ကြောင်း ဇွန်လ ၂၂ ရက်နေ့ Xinhua သတင်းတစ်ရပ် အရသိရှိရပါသည်။ အဆိုပါလေယာဉ်အမျိုးအစားများ တပ်ဖြန့်ချထားရေးနှင့်ပတ်သက်၍  အိုကီနာဝါစီရင်စု တာဝန်ရှိသူများ၏ စိုးရိမ်ပူပန်မှုများကိုလျော့ပါးသက်သာစေရန် အမေရိကန်နိုင်ငံ အာရှ- ပစိဖိတ်လုံခြုံရေးဆိုင်ရာ လက်ထောက်ကာကွယ်ရေးဝန်ကြီး Mark Lippert သည် အသေးစိတ်ရှင်းလင်းမှုများ ပြုလုပ်ပေးသွားမည်ဖြစ်ပါသည်။ အမေရိကန်နိုင်ငံသည် အာရှ-ပစိဖိတ်ဒေသတွင် MV-22 လေယာဉ်များ တပ်ဖြန့်ချထားရန် အစီအစဉ်ရေးဆွဲလျက်ရှိပြီး ၄င်းလေယာဉ်သည် တာဘိုဂျက်အင်ဂျင်၏မြန်နှုန်းဖြင့်မောင်းနှင် နိုင်ခြင်း၊ ရဟတ်ယာဉ်ကဲ့သို့ စစ်ကစားနိုင်ခြင်းနှင့်မရိန်းတပ်ဖွဲ့ဝင် ၂၄ ဦးသယ်ဆောင်နိုင်ခြင်း စသည့်စွမ်းရည်များ ရှိပါသည်။ CV-22 Osprey သည် လေယာဉ်ကဲ့သို့ပျံသန်းနိုင်ပြီး ရဟတ်ယာဉ် တစ်စင်းကဲ့သို့ဆင်းသက်နိုင်ပါသည်။ MV-22 လေယာဉ်တစ်စင်းသည် African Lion အမည်ရှိ နှစ်နိုင်ငံစစ်ရေးလေ့ကျင့်ခန်းတွင်ပါဝင်လေ့ကျင့်နေစဉ် မော်ရိုကိုနိုင်ငံ အနောက်တောင်ပြိုင်းတွင် ဧပြီလ ၂၂ ရက်နေ့က ပျက်ကျခဲ့ခြင်းဖြစ်ပြီး CV-22 လေယာဉ် တစ်စင်းသည် လေ့ကျင့်ပျံသန်းမှု တစ်ရပ်ပြုလုပ်နေစဉ် အမေရိကန်နိုင်ငံ၊ ဖလော်ရီဒါပြည်နယ်တွင် ဇွန်လ ၁၃ ရက်နေ့က ပျက်ကျခဲ့ခြင်းဖြစ်ပါသည်။ ဧပြီလအတွင်းကဖြစ်ပွားခဲ့သည့် MV-22 လေယာဉ်ပျက်ကျမှုမှာ စက်ချွတ်ယွင်းမှုကြောင့် မဟုတ်ကြောင်း အထောက်အထားပြနိုင်သည့် ကနဦးစုံစမ်းစစ်ဆေးမှုရလဒ်များကို အကျဉ်းချုပ်ဖော်ပြသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်