Sunday, June 24, 2012

ဖိလစ်ပြိုင်နှင့်ကနေဒါနိုင်ငံတို့သည် ပိုမိုနီးကပ်သည့်ဆက်ဆံရေးများ တည်ဆောက်သွားမည်ဟုဆို

Posted by drmyochit Sunday, June 24, 2012, under | No comments


ဖိလစ်ပြိုင်နိုင်ငံနှင့်ကနေဒါနိုင်ငံတို့သည် နှစ်နိုင်ငံညှိနှိုင်းဆောင်ရွက်ရေးဆိုင်ရာ ပူးတွဲကော်မရှင် (Joint Commission for Bilateral Consultation-JCBC) အား ဇွန်လ ၂၂ ရက်နေ့တွင်ဖွဲ့စည်းခဲ့ကြောင်းနှင့်နှစ်နိုင်ငံ
အကြားဆက်ဆံရေးများတိုးတက်ခိုင်မာစေရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်းစဉ်အတွက် အထောက်အကူ ဖြစ်စေမည်ဖြစ်ကြောင်း Xinhua သတင်းတစ်ရပ်အရသိရှိရပါသည်။ ဖိလစ်ပြိုင်နိုင်ငံခြားရေးဝန်ကြီး အယ်လ်ဘတ် အက်ဖ်ဒယ်ရော်ဆာရီရိုနှင့်ကနေဒါနိုင်ငံခြားရေးဝန်ကြီး ဂျွန်ဘတ်တို့သည် JCBC ဖွဲ့စည်းထူထောင်ရေးဆိုင်ရာ နားလည်မှု စာချွန်လွှာတစ်ရပ်အားလက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်ပါသည်။ JCBC သည် ၆၂ နှစ်ကျော်ကြာ ရှိပြီဖြစ်သော နှစ်နိုင်ငံအကြား သံတမန်ဆက်ဆံရေးများအတွက် အဓိကအကျဆုံးသော သဘောတူညီမှုတစ်ရပ် ဖြစ်ကြောင်း ရော်ဆာရီရိုက ပြောကြားခဲ့ ပါသည်။ ထို့အပြင် ဖိလစ်ပြိုင်နိုင်ငံအနေဖြင့် ကနေဒါနိုင်ငံ၏တိုးချဲ့ ဆောင်ရွက်မည့်စီးပွားရေးဆိုင်ရာ ကဏ္ဍရပ်များတွင် ပူးပေါင်းပါဝင်သွားရန်အသင့်ရှိကြောင်း 0x158င်းကထပ်လောင်း ပြောကြားခဲ့ပါသည်။ ကနေဒါစီးပွားရေးဆိုင်ရာ ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့သည် ရင်းနှီးမြှုပ်နှံမှုနှင့်စီးပွားရေးဆိုင်ရာ အခွင့်အလမ်းများနှင့် ပတ်သက်၍ စူးစမ်းလေ့လာ နိုင်ရေးအတွက် ဖိလစ်ပြိုင်နိုင်ငံသို့ သြဂုတ်လအတွင်း၌ လာရောက်လည်ပတ်မည်ဖြစ်ကြောင်း သိရှိရပါသည်။ ၂ဝ၁၁ ခုနှစ် အတွင်း ကနေဒါနိုင်ငံသည် ဖိလစ်ပြိုင်နိုင်ငံ၏ အဆင့် ၁၉ နေရာမြောက် ကုန်သွယ်ဘက်နိုင်ငံဖြစ်ကြောင်း၊ ကုန်သွယ်မှု တန်ဖိုး စုစုပေါင်းမှာ အမေရိကန် ဒေါ်လာ ၇၉၇.၇၈ သန်းရှိကြောင်းနှင့်ကနေဒါနိုင်ငံသို့ ဖိလစ်ပြိုင်နိုင်ငံ၏ပို့ကုန်တင်ပို့မှုမှာ အမေရိကန်ဒေါ်လာ ၄၁၇.၇၉ သန်းခန့်ရှိကြောင်း သိရှိရပါသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်