Sunday, June 24, 2012

အီရန်နိုင်ငံက စစ်သင်္ဘောများကို ပိုမိုတည်ဆောက်သွားမည်ဟုဆို

Posted by drmyochit Sunday, June 24, 2012, under | No comments


အီရန်နိုင်ငံ၏ နျူကလီးယား အစီအစဉ်နှင့်ပတ်သက်၍ အရှေ့အလယ်ပြိုင်းဒေသတွင် တင်းမာမှုတိုးမြင့် လျက်ရှိနေချိန်တွင် အီရန်ရေတပ်အနေဖြင့် နိုင်ငံတကာရေပြင်၌ ၄င်း၏ လက်ရှိ ရှိနေသောရေတပ်အင်အားကို တိုးမြှင့်ရန်အတွက်
စစ်သင်္ဘောများကိုပိုမိုတည်ဆောက်သွားရန်စီစဉ်ထားကြောင်း ရေတပ်ဦးစီးချုပ် ရေတပ် ဗိုလ်ချုပ် Habibollah Sayyari က ပြောကြားခဲ့သည်ဟု ဇွန်လ ၂၁ ရက်နေ့ Newsnow သတင်းတစ်ရပ်အရ သိရှိရပါသည်။ တပ်ဖြန့်ချထားမည့် အီရန်စစ်သင်္ဘောများသည် ကမ္ဘာတစ်ဝန်း အထူးသဖြင့် ဧဒင်ပင်လယ်ကွေ့နှင့်အိန္ဒိယသမုဒ္ဒရာ မြောက်ပြိုင်းဒေသတို့တွင် သွားလာနေသော အီရန်ကုန်တင်သင်္ဘောများကိုကာကွယ်ပေး သွားမည်ဖြစ်ကြောင်း ရေတပ် ဗိုလ်ချုပ် Sayyari ကပြောကြားခဲ့ပါသည်။ ထို့အပြင် ရေတပ်သည် ဆိုမာလီပင်လယ် ဓားပြအန္တရာယ်မှ အီရန်သင်္ဘော များကိုကာကွယ်စောင့်ရှောက်သွားရန်လည်း ဆန္ဒရှိနေပါသည်။ ရေတပ်သည် ဖျက်သင်္ဘောများနှင့်ဒုံးပျံတင် ဖရီးဂိတ် စစ်သင်္ဘောများအပါအဝင် စစ်သင်္ဘော ၁ဝ စီးကို တည်ဆောက်သွားရန် စီစဉ်ထားကြောင်း ရေတပ်နည်းပညာဆိုင်ရာ ဒုတိယအကြီးအကဲ Abbas Zaminni  က ပြောကြားခဲ့ပါသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်