ဖုန်းသုံးစွဲသူကိုယ်တိုင်
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသို့ သွားရောက်ပေးဆောင် နေရသော ဖုန်းဘီလ် စနစ် (Post
Paid)မှ ကြိုတင်ငွေဖြည့်ကတ်စနစ် (Pre Paid) စနစ်သို့ ၈၆ နှင့်စသော ကမ်းရိုးတမ်းဖုန်းများကို
ဇွန် ၁ ရက်နေ့မှစတင်၍ ပြောင်းလဲ ပေးနေကြောင်း သိရသည်။
ယခင်ဈေးနှုန်းမြင့် မိုဘိုင်းလ်ဖုန်းများကို
တဖြည်းဖြည်းကြိုတင်ငွေဖြည့်ကတ်စနစ် သို့ ပြောင်းလဲ ပေးနေ ရာ နံပတ် ၈၆ နှင့်စသောကမ်းရိုးတမ်းဖုန်းများအား
ကြိုတင်ငွေ ဖြည့် ကတ်စ နစ်သို့ ပြောင်းလဲပေးဆောင်ရန် မြန် မာ့ဆက်သွယ်ရေးလုပ်ငန်းမှ စီစဉ်ဆောင်ရွက်ပေးေ နပြီ
ဖြစ် သည်။ ယင်းအပြင် ၈၀၀ မဂ္ဂါဝပ် စီဒီအမ်အေဖုန်း များကို အင်တာနက်ချိတ်ဆက်ရန် ဇွန်ပထမပတ်အတွင်းေ လျှာက်ထားနိုင်ပြီ
ဖြစ်သည်။ လျှောက်ထားရာတွင် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း(အလုံ)ရုံးချုပ်အပြင် E.Lite
Teach ဖုန်း အရောင်းဆိုင်များတွင်ပါ လျှောက် ထားနိုင်ပြီး နေ့ခြင်းပြီး ၀န်ဆောင်မှု ပေးမည်ဟုဆို
သည်။ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအနေဖြင့် ၂၀၁၁ခုနှစ်နှစ်ဆန်းပိုင်းမှစတင်၍
အင်တာနက် စနစ်ဝန် ဆောင်မှုပေးခဲ့ရာ ယခုအချိန်ထိလျှောက်ထားခွင့်နှစ်ကြိမ်တိုင်ရပ် ဆိုင်းရခြင်းမှာ
ဆာဗာအခက် အခဲ ကြောင့်ဖြစ်ကြောင်း၊ ယခုအခါမြန်မာနိုင်ငံ၏ ဆက်သွယ်ရေးဥပဒေ မူကြမ်းများ ကို
ပြင်ဆင်ရေး ဆွဲနေပြီဖြစ်ရာ ဥပဒေမူကြမ်းအတည်ပြု ပြီးသွားပါက နိုင်ငံတကာမှ ရင်းနှီးမြုတ်နှံမှုများ
ဆက်သွယ်ရေး ကဏ္ဍတွင် ၀င်ရောက် လာ မည်ဖြစ်ရာ နိုင်ငံတာစံနှုန်းနှင့်အညီဖြစ်စေရေး ယခုကဲ့သို့ပြုပြ င်ပြောင်းလဲပေး သွားမည်
ဖြစ်ကြောင်း သက် ဆိုင်ရာမှ သိရသည်။
Time in Rangoon

0 comments:
Post a Comment